ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိသျှခရီးသည်နှစ်ဦးကို သတ်ခဲ့သည်ဆိုပြီး စွဲချက် တင်ခံရသည့် မြန်မာလူမျိုးအလုပ်သမားနှစ
အဆိုပါအမှုတွင် တာဝန်ရှိသူအဖြစ်ကြီးမှုးဆော
သို့ ရာတွင် အစိုးရတရားရုံးက စာမျက်နှာ ၃၀၀ ကျော်ရှိသော ရဲအစီရင်ခံစာမှာ မည်သည့် လစ်ဟာချက်များ တွေ့ ရှိခဲ့ သည်ဆိုသည်ကိုမှု မစ္စတာ ထ၀ပ်ချိုင်း က ပြောကြားခြင်းမရှိပါ။ ရဲ၏ အစီရင်ခံစာသည် မပြည့်စုံဟုသာ သူက ဆိုသည်။
လိပ်ကျွန်းက ဗြိတိသျှခရီးသွား ၂ ဦးကို သတ်မှူဖြင့် ထိုင်းမှာ တရားမ၀င် လာရောက် အလုပ်လုပ်ကိုင်ကြသည့် ရခိုင်ပြည်နယ်က ဇော်လင်းနှင့် ၀င်းဇော်ထွန်း ကို ထိုင်းရဲများက ဖမ်းဆီးထားသည်။ ဗြိတိသျှစုံတွဲ၏ အလောင်း ကို လိပ်ကျွန်းကမ်းခြေတွင် စက်တင်ဘာလ ၁၅ရက်နေ့ က တွေ့ ခဲ့ရခြင်းဖြစ်ပြီး အဆိုပါ အမှု ဖော်ထုတ်ခြင်းနှင့် ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ မှာ ပြင်းပြင်း ထန်ထန် ဝေဖန်ခြင်းကို ခံနေရ၏။
ရဲ များ ပြုလုပ်နေသော ဒီအန်အေ စစ်ဆေးမှုများ၊ တရားခံဖြစ်နိုင်ချေရှိသူမျာ
ထိုင်းရဲတပ်ဖွဲ့ ၏ အဆိုပါအမှုကို ကိုင်တွယ်ပုံနှင့် ပတ်သတ်ပြီး ထိုင်းပြည်သူ အများနှင့် နိုင်ငံခြားသားများက တကယ့် လူသတ်သမားအစစ်သည် လွတ်မြောက်နေသည်ဟု ယုံကြည်ကြသည်။
နောက်ထပ် သက်သေအထောက်အထားများ မရှိစေကာမှု ထိုင်းတရားရုံးသည် တရားခံဟု စွပ်စွဲခံထားရသည့် မြန်မာလူမျိုးများကို နောက်ထပ် ၁၂ရက် သက်တမ်းတိုးကာ ထိန်းသိမ်းထားလိုက်ပါသည်။ လာမည့် ဗုဒ္ဒဟုးနေ့တွင် သူတို့ ၏ ပထမအချုပ်သက်တမ်း ရမန် တစ်ပတ် ကုန်ဆုံးပြီဖြစ်သည်။
“ တရားရုံးအနေနဲ့  ရဲမှတ်တမ်းပြည့်စုံရဲ့လား စဉ်းစားမယ်၊ ပြီးမှ စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ်မယ်” ဟု မစ္စတာ ထ၀ပ်ချိုင်းက ပြောပါသည်
ဖမ်းဆီးခံထားရသည့်  ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းက သူတို့ ကို အမှု စစ်ဆေးစဉ် အတွင်း ၀န်ခံလာအောင် ထိုင်းရဲများက နှိပ်စပ်ညှင်းပန်း ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထိုင်းရဲမှုး ပါရာချွန် ရုရမ်သွန်က တရားခံများက ထိုသိုေ့ပြာကြားသော် လည်း အောက်တိုဘာ ၂ ရက် သူတို့နှစ်ဦးကို မဖမ်းဆီးခင်အထိ တွေ့ ရသော အချက်အလက်များသည် ခိုင်လုံသည်ဟုဆိုသည်။
“သူတို့ ဘာသာ ၀န်ခံခံ ဒါမှမဟုတ် ငြင်းဘဲငြင်းငြင်း တရားရုံးကို ရဲက စုစောင်း ပို့ထားတဲ့ သက်သေတွေက ပြောင်းမှာမဟုတ်ဘူး” ဟု ပါရာချွန်က ပြောသည်။
တကယ်လို့ ၀န်ခံခဲ့မယ်ဆိုရင်တော့ တရားရုံးက ပြစ်ဒဏ်ချမှတ်သည့်အခါမှာ သက်သက်ညှာညှာ ချမှတ်ပေးနိုင်ကြောင်း ၄င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်ပြီး မြန်မာပြည်သို့ အလည်အပတ်ရောက်ခဲ့သည့် ထိုင်းနိုင်ငံ စစ်အာဏာသိမ်းအစိုး၇ ၀န်ကြီးချုပ် ပရာယွတ်နှင့် မြန်မာ သမ္မတ အကြား ပြောဆိုမှုရှိခဲ့ ပြီး မြန်မာသမ္မတက အမှုကို ရှင်းရှင်းလင်းလင်း မျှမျှတတ ဆုံးဖြတ်ရန် တောင်းဆိုခဲ့သည်ဟု ထိုင်းမီဒီယာများတွင် ဖော်ပြထားသည်။
ထိုင်းဝန်ကြီးချုပ်က သမ္မတ ဦးသိန်းစိန်ကို အဆိုပါ အမှုနှင့် ပတ်သကိပြီး ထိုင်း ဘက်မှ ကိုင်တွယ်နေပုံကို နားလည်ပေးပါရန်နှင့် ထိုင်းမီဒီယာများက အဆိုပါ လူနှစ်ဦးသည် ကြားချောင်ဖမ်းဆီးခံနေရသည်ဟ
လင်းလင်း
Ref - Bangkok Post
The Ladies News Journal

No comments:
Post a Comment