ကရင်အမျိုးသား လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော KNL ၊ KNDO ၊ DKBA ၊ KNU /
KNLA - PC အဖွဲ့လေးဖွဲ့တို့ တစ်ပေါင်းတည်းဖြစ်စေရေး ပြန်လည် ဖွဲ့စည်းရန်
သဘောတူလိုက်ကြပြီ ဖြစ်ကြောင်း သိရသည်။
ယင်းမှာ ကရင်ပြည်သူတို့၏
ဆန္ဒကြောင့်ဖြစ်ကြောင်း၊ပြန်လည် ဖွဲ့စည်းရန်သဘောတူကြ သည့်အဖွဲ့အစည်းမှာ
ကော်သူးလေတပ် မတော်(kawthoolei Armed Forces - KAF) ဖြစ်ကြောင်း
၊ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီး၏ မူ(၄)ချက်ပေါ်ရပ်တည်
၍ကရင်တစ်မျိုးသားလုံးနှင့် ပြည်သူလူထုအကျိုးစီးပွါးကို
ကာကွယ်သွားမည်ဖြစ်ကြောင်းသိရသည်။
ကော်သူးလေတပ်မတော်အဖြစ်ပေါင်းစည်းထားသော KNL ၊ KNDO ၊ DKBA ၊ KNU / KNLA -
PC တို့သည်ကရင်အမျိုးသားအလံတော်အောက်တွင် ရှိကြပြီးအဆိုပါအဖွဲ့တို့အနက်မှ
အဖွဲ့တစ်ခုခုအပေါ်ထိပါး၊ကျူးကျော်စော်ကား လာပါက တညီတညွတ်တည်း
ခုခံတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်လိုက်သည်။
ယင်းအပြင်၎င်းအဖွဲ့သည် ဒီမိုကရေစီအရေး အမျိုးသားတန်းတူရေး၊
ကိုယ်ပိုင်ပြဌါန်းခွင့် အပြည့်အ၀ရရှိသော စစ်မှတ်သည့်ဖက်ဒရယ်ပြည်ထောင်
စုစနစ်ပေါ်ပေါက်ရေးကို တိုင်းရင်းသားတပ်ပေါင်းစုနှင့် လက်တွဲတိုက်ပွဲဝင်
မည်ဖြစ်ကြောင်း၊မြန်မာပြည်တွင်း ရေရှည်တည်တံ့သောငြိမ်းချမ်းရေးရရှိရန်
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးကို
တိုင်းရင်းသားပြည်သူလူထုများ၊ပြည်တွင်း
ဒီမိုကရေစီအင်အားစုများနှင့်ပူးပေါင်း သွားရန်သဘောတူကြောင်း အဆိုပါ
ထုတ်ပြန်ချက်တွင် ပါရှိသည်။
မေငယ်
Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment