အပြီးသတ်အပစ်အခတ်ရပ်စဲရေးစာချုပ်အဆင့်ကို မရောက်ရှိသေး၍
ကရင်ပြည်နယ်၌ သေနတ်သံများပြန်ကြားရခြင်းဖြစ်ဟု MPC ဥက္ကဋ္ဌ ဦးအောင်မင်း ပြောကြား
=============================================
နေပြည်တော်၊ အောက်တိုဘာ ၁၃
အစိုးရနှင့် တိုင်းရင်းသားလက် ကိုင်နက်တပ်ဖွဲ့များ ပြည်တွင်းငြိမ်း ချမ်းရေးများ ဆောင်ရွက်နေသည့် ကြားမှ နှစ်ဖက်စစ်တပ်များ တိုက် ပွဲများဖြစ်ပွားနေခြင်းနှင့် ပတ်သက် ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးသဘောတူစာချုပ်အရ ကနဦးအပစ်အခတ်ရပ်စဲရေးနှင့် အပြီးသတ်အပစ်အခတ်ရပ်စဲရေးဆို သည့် အဆင့်နှစ်ဆင့်သတ်မှတ်ချက် များရှိသော်လည်း လက်ရှိငြိမ်းချမ်းရေး သဘောတူစာချုပ်တွင် အပြီး
သတ်အပစ်အခတ်ရပ်စဲရေးစာချုပ် အဆင့်ကို မရောက်ရှိသေးတာကြောင့် အခု ကရင်ပြည်နယ်မှာ သေနတ် သံများ ပြန်ကြားရတာဖြစ်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (Myanmar Peace Centre MPC) ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောသည်။
အောက်တိုဘာလ ၁၃ရက်က ကျင်းပသည့် ပထမအကြိမ် ပြည် ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက် နေ့တွင် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန ( Myanmar Peace Centre MPC ) ၏ နိုင်ငံတကာအထောက် အပံ့ရရှိသော ဘဏ္ဍာငွေအပါအဝင် လုပ်ငန်းတိုးတက်မှုအခြေအနေနှင့် ပတ်သက်၍ လွှတ်တော်မှ ရှင်း လင်းပြောကြားချက်အပေါ် ကရင် ပြည်နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်နန်းစေး ဝါက အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့များ ပြည်တွင်းငြိမ်း ချမ်းရေးများဆောင်ရွက်နေသည့် ကြားမှ နှစ်ဖက်စစ်တပ်များ တိုက် ပွဲများဖြစ်ပွားနေခြင်းကြောင့် မေး ခွန်းမေးမြန်းရာ ပြန်လည်ရှင်းလင်း ပြောကြားခြင်းဖြစ်သည်။
MPC ဥက္ကဋ္ဌ ဦးအောင်မင်းက ''ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တစ်ဆင့် ပြီးမှတစ်ဆင့် ဆောင်ရွက်ရတာကို သွားတွေ့ရမှာဖြစ်ပါတယ်။ အခု ကျွန်တော်တို့ လုပ်ထားတဲ့ ငြိမ်း ချမ်းရေးဖြစ်စဉ်မှာ အဆင့်နှစ်ဆင့် ရှိပါတယ်။ အဲဒီ အဆင့်နှစ်ဆင့်မှာ ကနဦး အပစ်အခတ်ရပ်စဲရေးနဲ့ အပြီးသတ် အပစ်အခတ်ရပ်စဲရေး ဆိုတဲ့အဆင့်တွေရှိပါတယ်။ အခု ကျွန်တော်တို့နဲ့ စာချုပ်ချုပ်ဆိုထား တဲ့အားလုံးဟာ ကနဦးအပစ်အခတ် ရပ်စဲရေးစာချုပ်ချုပ်ထားတာပဲ ဖြစ် ပါတယ်။ အဲဒီအချက်ထဲမှာ အချက် လေးချက်ပဲ ပါပါတယ်။ နံပါတ်တစ် အပစ်အခတ်ရပ်စဲမယ်၊ နံပါတ်နှစ် လက်နက်ကိုင်ပြီး တစ်နေရာနဲ့ တစ် နေရာ ကျော်ဖြတ်ပြီး သွားလာမှုမ ပြုရဘူး၊ နံပါတ်သုံး ဆက်ဆံရေးအ ဆင်ပြေအောင်ဆောင်ရွက်မယ်၊ နံပါတ်လေး နိုင်ငံရေးဆွေးနွေးပွဲဆက် လုပ်ဖို့ဆွေးနွေးမယ်ဆိုတဲ့ အချက် လေးချက်ပဲ ပါပါတယ်။ အပြီးသတ် အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ နှစ် ဖက်တပ်များလိုက်နာရမယ့် စည်းကမ်း ချက်တွေပါတယ်။ အဲဒီမှာ စည်းကမ်း မလိုက်နာဘူးဆိုရင် အဲဒီသူတွေကို စောင့်ကြပ်ကြည့်ရှုမယ့် ဘယ်သူ့မှာ အပြစ်ရှိတယ်ဆိုတာကို ဖော်ထုတ် ပေးမဲ့ စောင့်ကြပ်ကြည့်ရှုရေးကော် မတီကို ဖွဲ့ရပါတယ်။ အခုကျွန်တော် တို့လုပ်ထားတာက အပြီးသတ်အ ပစ်အခတ်ရပ်စဲရေးဆိုတဲ့ အဆင့်ကို မရောက်သေးတဲ့အတွက် အခု က ရင်ပြည်နယ်မှာ သေနတ်သံတွေပြန် ကြားရခြင်းဖြစ်ပါတယ်''ဟု လွှတ်တော် တွင် ထည့်သွင်းရှင်းလင်းပြောပြသည်။
MO
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group

No comments:
Post a Comment