ချစ်မင်းထွန်း
ရန်ကုန်၊ Flower News Journal အတွဲ(၁၀) အမှတ် (၄၀)
ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်၊ ကော့တောင်ကျွန်းပေါ်တွင်
ဗြိတိန် စုံတွဲနှစ်ဦး သေဆုံးမှုနှင့်ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့မှ
မြန်မာနိုင်ငံသားနှစ်ဦးအား လူသတ်မှု၊ အဓမ္မပြုကျင့် မှုများဖြင့်
ဖမ်းဆီးထိန်းသိမ်းထားခြင်းသည် ခိုင်လုံသော အထောက်အထားများမရှိဘဲ
မတရားဖမ်းဆီးထိန်း သိမ်းထားခြင်းကြောင့် ပြန်လွှတ်ပေးရန် အောက်တို ဘာ ၁ဝရက်က
မြို့တော်ခန်းမရှေ့တွင် မြန်မာ့လူမှုဘဝ တိုးတက်မြင့်မားရေးအသင်းမှ
ဗိုလ်ကြီးဟောင်း ဦးနေ မျိုးဇင်ဦးဆောင်ကာ ဆန္ဒပြတောင်းဆိုခဲ့သည်။
အဆိုပါဖြစ်စဉ်မှာ စက်တင်ဘာ ၁၅ရက်က ထိုင်းနိုင်ငံတောင်ပိုင်း
ဆူရတ်ဌာနီခရိုင်၊ ကော့တောင်
ကျွန်းပေါ်တွင် ဗြိတိန်စုံတွဲ အသတ်ခံရမှုဖြင့်
မြန်မာ အလုပ်သမားဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော် ထွန်းတို့အား
လူသတ်မှု၊ အဓ္ဓမပြုကျင့်မှုများဖြင့် ဖမ်း ဆီးခဲ့ပြီး လူသတ်မှုကျူးလွန်ကြောင်း
ဝန်ခံချက်ရထား သည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
''ထိုင်းရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်နဲ့ လုပ် ဆောင်မှုတွေကို
နိုင်ငံတကာကစောင့်ကြည့်နေတဲ့အချိန် မှာ ကျွန်တော်တို့နိုင်ငံသားနှစ်ဦးဟာ
မသိလိုက်ပါဘဲနဲ့ ဓားစာခံဖြစ်နေပါတယ်။ ပြီးခဲ့တဲ့တစ်ရက်ကျော်က ကျွန် တော်
မဲဆောက်မြို့ကိုသွားပြီး အဲဒီက အဖွဲ့အစည်း တွေနဲ့
တွေ့ဆုံမေးမြန်းတဲ့အခါမှာလဲ သူတို့အားလုံးက ဒီကလေးနှစ်ယောက်
လူသတ်မှုကျူးလွန်ကြောင်းမရှိ တာကို တညီတညွတ်တည်း ထွက်ဆိုခဲ့ပါတယ်။ ဒါ
ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံသားနှစ်ဦးကို အမြန် ဆုံး
ပြန်လွှတ်ပေးဖို့ တောင်းဆိုရခြင်းဖြစ်ပါတယ်''ဟု ဗိုလ်ကြီးဟောင်း
ဦးနေမျိုးဇင်ကပြောသည်။
ထိုင်းရဲတပ်ဖွဲ့မှဖမ်းဆီးထားသော မြန်မာ
နိုင်ငံသားနှစ်ဦးအား ပြန်လွှတ်ပေးရန် ထိုင်းသံရုံးရှေ့ တွင်
ဆန္ဒပြတောင်းဆိုရန်စီစဉ်ထားသော်လည်း ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က
ခွင့်ပြုခြင်းမရှိ၍ မြို့ တော်ခန်းမရှေ့တွင် ဆန္ဒပြတောင်းဆိုရခြင်းဖြစ်သည်။
ယင်းဆန္ဒပြတောင်းဆိုရာတွင် အချက်သုံး ချက်ကို အဓိကထားတောင်းဆိုခဲ့ပြီး
(၁)နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားများအတွက် တရားဥပဒေဖြင့်
မြန်မာအစိုးရအနေနှင့် ကာကွယ်ပေးရန်၊ (၂)ထိုင်းရဲ တပ်ဖွဲ့မှ
မြန်မာနိုင်ငံသားနှစ်ဦးအား လူသတ်မှုဖြင့်စွပ် စွဲမှုကို အမြန်ဆုံး
ပြန်လည်ဖော်ထုတ်ပေးရန်၊ (၃)ထိုင်း နိုင်ငံမှ တာဝန်ရှိသူများအနေနှင့်
ပြန်လည်သုံးသပ် ပေးရန် စသည့်အချက်များကို တောင်းဆိုခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံသားနှစ်ဦး ပြန်လည် လွတ်မြောက်ဖို့အတွက် ရည်ရွယ်ကာ
ဦးနေမျိုးဇင်သည် မြို့တော်ခန်းမရှေ့ကနေစတင်ကာ ပြည်လမ်းတစ်လျှောက် ရှိ
ပြည်သူများအနေနှင့်လည်း မြန်မာနိုင်ငံသားနှစ်ဦး
ပြန်လွှတ်ပေးရေးတောင်းဆိုမှုတွင် ပါဝင်လာအောင် တိုက်တွန်းသွားမည်ဖြစ်ပြီး
ရန်ကုန်မြို့သို့ရောက်ရှိလာ မည့် ထိုင်းဝန်ကြီးချုပ် ပရာယုသ်ချန်အိုချာ
သိရှိရန် အတွက် လေဆိပ်သို့သွားရောက်ကာ တောင်းဆိုသွား မည်ဖြစ်ကြောင်း
ဦးနေမျိုးဇင်ကပြောသည်။
ထိုင်းဝန်ကြီးချုပ် ပရာယုသ်ချန်အိုချာသည်
မြန်မာနိုင်ငံသို့ အောက်တိုဘာ ၉ရက်တွင် ရောက်ရှိခဲ့ပြီး ထိုင်းနိုင်ငံရောက်
မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး နှင့် နှစ်နိုင်ငံကိစ္စများကို
မြန်မာအစိုးရနှင့် နေပြည်တော် ၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အောက်တိုဘာ
၁ဝရက် တွင် မြန်မာနိုင်ငံရောက် ထိုင်းရင်းနှီးမြှုပ်နှံသူများနှင့်
ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် တွေ့ဆုံခဲ့သည်။
ယခုဖြစ်ပွားနေသော
ဖြစ်ရပ်နှင့်ပတ်သက် ပြီး ထိုင်းရဲတပ်ဖွဲ့၏စစ်ဆေးမှုနှင့် သတင်းထုတ်ပြန်မှု
များအား ထိုင်းနိုင်ငံရောက် မြန်မာကောင်စစ်ဝန်ဦး ဆောင်သော
စုံစမ်းရေးအဖွဲ့ဝင်တချို့ကလည်း အမှန် တကယ် ကျူးလွန်ခဲ့ခြင်းမဟုတ်ကြောင်း
သတင်းမီဒီယာ အချို့၏ ဖော်ပြထားချက်အရ သိရသည်။
Credit - Yangon Media Group
No comments:
Post a Comment