ယင်းကဲ့သို့ လူစုလူဝေးဖြစ်ပေါ်ရာ အမှတ်(၁) အထက်တန်းကျောင်းရှေ့သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင်DKBA ကလို့ထူးဘောတပ်ဖွဲ့မှ ဆက်ဆံရေးတာဝန်ခံ ဗိုလ်ကြီးစိုးမြင့်တို့ လာရောက်ပြီး မဟုတ်မမှန် ကောလာဟလများကြောင့် အစိုးရိမ်မလွန်ကြဖို့ ကျောင်းသားမိဘများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
“ကောလာဟလ စကားတွေကြောင့် ကျောင်းသားမိဘတွေက အစိုးရိမ်လွန်ပြီး အခုလို စုရုံးရာက်လာကြတာပါ။ မြဝတီမြို့မှာ ဘာမှမဖြစ်ပါဘူး။ ကျောင်းသားတွေကို ကျောင်းလွှတ်ချိန်ကျမှ တံခါးဖွင့်ပေးမှာပါ” ဟု အမှတ်(၁) အထက်တန်းကျောင်း အနီးတွင် စုရုံးရောက်ရှိလာသော ကျောင်းသားမိဘများအား တာဝန်ရှိသူများက ရှင်းပြခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကလို့ထူးဘော ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် မြဝတီဆက်ဆံရေးရုံးတာဝန်ခံက DKBA ကလို့ထူးဘောတပ်ဖွဲ့သည် ငြိမ်းချမ်းရေး အဖွဲ့အစည်းဖြစ်သည့်အတွက် ပဋိပက္ခများကို ငြိမ်းချမ်းရေး နည်းလမ်းဖြင့်သာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ယခုထွက်ပေါ်နေသည့် ကောလဟာလမျိုးကို ဘယ်တော့မှ ပြုလုပ်မည် မဟုတ်ကြောင်း ပြောကြားသည်။
မြဝတီမြို့တွင်းကို မွန်းလွဲ ၂ နာရီ တိုက်ခိုက်မည်ဆိုသည့် ကောလာဟလ သတင်းစကားများကြောင့် မိမိတို့၏သားသမီးများကို လာရောက်ခေါ်ယူကြခြင်းသာ ဖြစ်ကြောင်း အမှတ်(၁) အထက်တန်းကျောင်းသို့ ရောက်ရှိလာသည့် ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။
မြဝတီမြို့သည် နယ်စပ်မြို့ဖြစ်သည်နှင့်အညီ နှစ်ရက်ဆက်တိုက် မိုင်းတွေ့ရှိခြင်း၊ စက်တင်ဘာ ၁၉ ရက် နံနက် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးနောက် ပြည်သူလူထု အထိတ်တလန့် ဖြစ်ပေါ်နေသော်လည်း မြို့တွင်း၊ မြို့ပြင် တပ်မတော်၊ ရဲ၊ BGF၊ ပြည်သူ့စစ်၊ ရပ်ကွက်လူထု ပူးပေါင်းပါဝင်သည့်အဖွဲ့များက မြို့တော်လုံခြုံရေးအတွက် နေ့ညအချိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Credit - Eleven Media Group
No comments:
Post a Comment