မကွေးမီဒီယာ ၊ Flower News Journal အတွဲ(၁၀) အမှတ် (၃၇)
နိုင်ငံ တော် သမ္မတကြီးမှ ပေးအပ်သည့် ထောက်ပံ့ငွေ သုံးဆုအနက် တတိ ယဆု သိန်း
၂၁ဝဝ ရရှိပြီး ယင်းငွေ များ အမြန်ထုတ်ယူနိုင်ရေးအတွက် အခွန်ဆောင်ခအဖြစ် ၂၂
သိန်းကို ဘဏ်သို့ လွှဲပြောင်းပို့ရန် ညွှန်ကြား သဖြင့် လွှဲပြောင်းပေးပို့သည့်
၂၂ သိန်းကို လိမ်လည်ရယူသွားသူ ဝန် ကြီးအမည်ခံသုံးဦးအား အရေးယူ ပေးပါရန်
စက်တင်ဘာ ၁၈ ရက် က မမိုးမိုးမှ တရားလိုပြု တိုင်တန်း မှုတစ်ခုဖြစ်ပွားရာ
တောင်တွင်းကြီး မြို့မရဲစခန်းမှ (ပ)၂၃ဝ/၂ဝ၁၄ ပြစ် မှုကြီးဆိုင်ရာ ဥပဒေပုဒ်မ
၄၂ဝ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်
တိုက်ပွဲရွာနေ မမိုးမိုး ၃၅ နှစ် ဈေး ရောင်းထံသို့ စက်တင်ဘာ ၁၂ ရက် နံနက်
၁ဝနာရီက ရန်ကုန်မြို့ ဘဏ္ဍာ ရေးနှင့် အခွန်ဦးစီးဌာနမှ ဝန်ကြီး
ဦးစောဝင်းထွန်း အမည်ဖြင့်လည်း ကောင်း၊ နေပြည်တော် မြန်မာ့ဆက် သွယ်ရေးဌာနမှ
ဝန်ကြီးဦးကိုကိုဦး အမည်ဖြင့် လည်းကောင်း၊ ဦးသူရ အောင်အမည်ဖြင့်
လည်းကောင်း တရားလို၏ ဖုန်းအမှတ် ဝ၉----- အား ဆက်သွယ်လာပြီး တရားလို ဖုန်း
ဟုတ်၊ မဟုတ် မေးမြန်းဆက် သွယ်လာကြောင်း သိရသည်။
အဆိုပါသုံးဦးက သက်
ဆိုင်ရာဌာနများမှ ဝန်ကြီးများဖြစ် ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး
ဘဏ္ဍာရေးနှင့် ပြည်တွင်းအခွန်ဦး စီးဌာန၊ နိုင်ငံတော်သမ္မတကြီးမှ ထောက်ပံ့ဆု
သုံးဆုပေးကြောင်း၊ အဆိုပါ သုံးဆုအတွက် သိန်းပေါင်း ၆၃ဝဝ ဖြစ်ပြီး ပထမဆုမှာ
ရန်ကုန် တိုင်းဒေသကြီး အလုံမြို့နယ်မှ အ ငြိမ်းစားရဲမှူးကြီးမြင့်ဆွေ၊
ဒုတိယ ဆုမှာ မန္တလေးတိုင်းဒေသကြီး ချမ်း အေးသာဇံရပ်ကွက်မှ ဒေါ်လေးလေး
မြင့်နှင့် တတိယဆုမှာ မကွေးတိုင်း ဒေသကြီးမှ ဒေါ်မိုးမိုးဖြစ်ပြီး အထက်
ပါသုံးဦး၏ ဖုန်းနံပါတ်များဖြင့် ဆု သုံးဆုအနက်မှ တရားလို ဒေါ်မိုး မိုး၏
ဖုန်းနံပါတ်ဖြင့် သိန်း ၂၁ဝဝ ရရှိကြောင်း ဝ၉----- ဖြင့် ဆက်သွယ်
အကြောင်းကြားလာကြောင်း သိရ သည်။
အဆိုပါငွေများအား အမြန်
ထုတ်ယူရရှိနိုင်ရေးအတွက် ဝန်ကြီး ဦးစောဝင်းထွန်းဆိုသူက အခွန်အခ အဖြစ်
ငွေကျပ် ၂၂ သိန်းအား တောင် တွင်းကြီးမြို့ ရိုးမဘဏ်မှ ¤င်းငွေ ၂၂ သိန်းအား
တရားလို ဒေါ်မိုးမိုးအနေ ဖြင့် ဦးသူရအောင်ထံသို့ မှတ်ပုံတင် အမှတ်-----
နံပါတ်ဖြင့် ရန်ကုန် မြို့၊ မင်္ဂလာဈေးအနီးရှိ ရိုးမဘဏ် သို့ လွှဲပေးရန်
ဖုန်းဆက်အကြောင်း ကြားသဖြင့် အဆိုပါနေ့ မွန်းလွဲ ၁ နာရီ ၂၂ မိနစ်တွင်
ငွေကျပ် ၂၂ သိန်း အား ရိုးမဘဏ်မှတစ်ဆင့် ငွေလွှဲပို့ ပေးခဲ့ရာ
လက်ခံရရှိကြောင်းနှင့် တ ရားလို မမိုးမိုးရရှိမည့်ငွေအား အ ဆိုပါနေ့
မွန်းလွဲ ၃ နာရီခွဲတွင် လွှဲ ပြောင်းပေးမည်ဖြစ်ကြောင်း ပြော ဆိုသွားသည်ဟု
သိရသည်။
¤င်းတို့ပို့မည့်ငွေကို စောင့် ဆိုင်းခဲ့ရာမှ ယနေ့အချိန်အထိ
ငွေ လွှဲပေးပို့ခဲ့ခြင်းမရှိ၍ အဆိုပါငွေများ အား လိမ်လည်ရယူသွားသူ ဦးစော
ဝင်းထွန်း အမည်ခံနှင့် အပေါင်းပါ နှစ်ဦးအား အရေးယူပေးပါရန် အ
မှုဖွင့်ခဲ့ခြင်းဖြစ်သည်။
Credit - Yangon Media Group
No comments:
Post a Comment