အပြည်ပြည်ဆိုင်ရာငြိမ်း ချမ်းရေးနေ့လှုပ်ရှားမှုများကို စက် တင်ဘာ ၂၁
ရက်တွင် တိုင်းနှင့် ပြည်နယ်အသီးသီး၌ တစ်ပြိုင်
နက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိကို ပြည်ထောင်စုငြိမ်း ချမ်းရေးသီတင်းပတ်အဖြစ် သတ် မှတ်၍ ရန်ကုန်မြို့အပါအဝင် ဒေသအသီးသီး၌ ငြိမ်းချမ်းရေး လှုပ်ရှားမှုများ ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။ စက်တင်ဘာ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့တွင် ပုသိမ်နှင့် ဟင်္သာတမြို့တို့ ၌ ငြိမ်းချမ်းရေးအထိမ်းအမှတ် လမ်းလျှောက်ခြင်း၊ တေးသီချင်း၊ ကဗျာများရွတ်ဆိုခြင်းတို့ကိုပြု လုပ်သွားမည်ဖြစ်ကြောင်း ဧရာ ဝတီတိုင်းလူငယ်ကွန်ရက်မှ မမေ ကြည်ကျော်ကျော်က ပြောသည်။
‘‘အားလုံးပါဝင်စေချင်ပါ တယ်။ ဒါတွေလုပ်တာက လူငယ် တွေသာမကဘူး။ အားလုံးနဲ့ လည်းသက်ဆိုင်ပါတယ်’’ဟု မမေကြည်ကျော်ကျော်က ဆိုသည်။
မြိတ်မြို့တွင်လည်း ဘာသာ ပေါင်းစုံခေါင်းဆောင်များက ငြိမ်း ချမ်းရေးစကားများ ပြောကြား ခြင်း၊ ရွတ်ဆိုခြင်း၊ နံရံကပ်စာ စောင်များဖြန့်ဝေခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လူငယ်ကွန်ရက်မှ မသီတာစိုးက ပြောသည်။
ရန်ကုန်မြို့၌လည်း ကမာရွတ်မြို့နယ် လှည်းတန်းနှင့် သင်္ဃန်းကျွန်းမြို့နယ်တို့၌ စုရပ်အဖြစ်သတ်မှတ်ပြီး အောင်ဆန်းကွင်းသို့ လမ်းလျှောက် ချီတက်ကြမည်ဖြစ်ကြောင်း ရန်ကုန်လူငယ်ကွန်ရက်မှ Jasmine က ပြောသည်။
‘‘ပြီးရင် ဦးဇာဂနာတို့ အနု ပညာရှင်တွေလုပ်တဲ့ပွဲမှာပူးပေါင်းမယ်’’ဟု Jasmine က ဆိုသည်။
ထို့အပြင် မကွေးတိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်း၊ ကချင်ပြည်နယ်တို့အပါအဝင် ဒေသအသီးသီး၌လည်း ငြိမ်းချမ်းရေးလှုပ်ရှားမှုများကို တစ်ပြိုင်တည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လူမျိုးရေး၊ ဘာသာရေး အခြေခံသော ပဋိပက္ခများကို အစိုးရက တာဝန်ယူမှုရှိစွာ ဆောင်ရွက်ရန်၊ အင်အားစုအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန်အပါအဝင် အချက်ငါး ချက်ပါ ကြေညာချက်တစ်စောင် ကိုလည်း ငြိမ်းချမ်းရေးလိုလား သော ပြည်သူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများပူးပေါင်း၍ စက်တင်ဘာ ၂၁ ရက်တွင် ထုတ် ပြန်သွားမည်ဖြစ်သည်။

Credit - 7DAY DAILY
No comments:
Post a Comment