Sunday, September 21, 2014

ကယ်လ်မေဂီမုန်တိုင်းပြီးသွားသော်လည်း ဒေသအချို့တွင် မိုးဆက်လက်ကောင်းနိုင်

တောင်တရုတ်ပင်လယ် ၌ ဆက်တိုက်ဖြစ်နေသော မုန် တိုင်းများအရှိန်နှင့် ဘင်္ဂလားပင် လယ်အော်တွင် အားကောင်း နေသော လေဖိအားနည်းရပ်ဝန်း တို့ကြောင့် မိုးဆက်လက်အား ကောင်းနေနိုင်သေးကြောင်း ပညာရှင်များက သတိပေးထားသည်။
‘‘တောင်တရုတ်ပင်လယ် ဘက်မှာ မုန်တိုင်းတွေဆက်တိုက် ဖြစ်နေတော့ အဲဒီမုန်တိုင်းတွေက ဒီဘက်နည်းနည်းလေးရွေ့လာ တာနဲ့ မိုးအားကောင်းနေမှာ။ မိုး ခေါင်နေတဲ့ တချို့နေရာအတွက် အဆင်ပြေနိုင်ပေမယ့် နေရာ ကွက်ပြီး အားကောင်းတတ်တာ ကြောင့် သဘာဝဘေးအတွက် လည်း သတိပြုရမယ်’’ဟု မိုးလေ ဝသပညာရှင် ဒေါက်တာထွန်း လွင်က ပြောသည်။

ကယ်လ်မေဂီမုန်တိုင်းသည် ကုန်းတွင်းမုန်တိုင်းအဖြစ် ပျက် ပြယ်သွားပြီဖြစ်သော်လည်း ၎င်း နှင့် တစ်ချိန်တည်းဖြစ်ခဲ့သည့် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းသည် အားကောင်း နေဆဲဖြစ်ကြောင်း မိုး/ဇလဌာန က သတင်းထုတ်ပြန်ထားသည်။ မိုး/ဇလဌာန၏ စက်တင်ဘာ ၂၀ ရက် သတိပေးချက်တွင် လက်ရှိ ရေဘေးသင့်နေသည့် စစ်ကိုင်း နှင့် မန္တလေးတိုင်းဒေသကြီးအ ပြင် ချင်းနှင့် ကချင်ပြည်နယ်တို့၌ လည်း နေရာကွက်၍ မိုးသည်း ထန်စွာရွာနိုင်ကြောင်း သတိပေး သည်။ စက်တင်ဘာ ၂၀ ရက် တစ်ရက်တည်းတွင် အထက်ပိုင်းမြို့နယ်များဖြစ်သော ခန္တီး၊ ကသာ၊ ငါန်းဇွန်၊ ကန့်ဘလူနှင့် မာန်အောင် မြို့များတွင် ပုံမှန်မိုးရေချိန်ထက် ပိုခဲ့ကြောင်း မိုး/ဇလမှ သတင်း ရရှိသည်။
စက်တင်ဘာ ၁၈ ရက်က မြန်မာနိုင်ငံနှင့် အရှေ့ဘက်မှ မုန် တိုင်းငယ်အဖြစ်ဖြတ်သွားသော ကယ်လ်မေဂီ တိုင်ဖွန်းမုန်တိုင်း ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ် မြို့နယ်အချို့၌ လူနှင့် တိရစ္ဆာန်များသေဆုံးသည်အထိ သဘာဝဘေးကျရောက်ခဲ့သည်။ ကသာနှင့် စဥ့်ကူး၊ အင်းတော်မြို့ တို့တွင် အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ ပြီး အဆိုပါဒေသများတွင် တောင်ကျရေကြောင့် ဆည်ကျိုးခြင်း၊ နေ အိမ်နှင့် ချောင်းကူးတံတားများ ရေထဲမျောပါသွားခြင်းတို့ ဖြစ်ခဲ့ ပြီး လူနှင့် တိရစ္ဆာန်သေဆုံးမှုများ ရှိခဲ့သည်။ မိုးလေဝသပညာရှင် များက အဆိုပါဒေသများတွင် ရေဘေးအန္တရာယ်ကျရောက်နိုင် ကြောင်း ကြိုတင်သတိပေးခဲ့သော် လည်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် အစိုးရက ကြိုတင်သတိပေးမှုမလုပ်ခဲ့ချေ။
Credit - 7DAY DAILY

No comments:

Post a Comment