ဆောင်းပါးရှင် - ဖိုးသုဥာဏ်
------------
တိုက်ပုံအနက်ကို အလုပ်တာဝန်အရလည်း ကောင်း၊ အခမ်းအနားအလိုက် လည်းကောင်း၊ လူ
တန်းစားအလွှာစုံမှ ၀တ်ဆင်ကြပါသည်။ ဤဆောင်းပါးတွင် လုပ်ငန်းတာဝန်အရ
တိုက်ပုံအနက်ကိုအမြဲ လိုလို ၀တ်ဆင်ကြရသော တရား သူကြီးများ၊
ဥပဒေအရာရှိများ၊ ရှေ့နေ များ ကိုသာရည်ညွှန်းပါသည်။
မူလတန်းကျောင်းသားဘ၀တွင် ဆရာကြီး ကဘုရားအလောင်းတေမိမင်း ဇာတ် ကို ပြော
ပြဖူးပါသည်။ ဘုရားအလောင်းတေမိမင်းသား ငယ်တစ်လသား အရွယ်တွင်
ခမည်းတော်ကာသိကရာဇ်မင်းကြီး
သည်ခိုးသား ၄ ယောက် အားကြိမ်ဒဏ်၊ ထောင်ဒဏ်၊ သေဒဏ်စသည် ဖြင့် ထိတ်လန့်ဖွယ်
တရားစီရင်
သည်ကိုကြားသိရခြင်း၊ ရှေးဘ၀က မင်းဖြစ်ခဲ့ပြီး သေလွန် သည့်အခါငရဲ၌
အနှစ်ရှစ်သောင်းကျခံရသည် ကိုဇာတိဿရဉာဏ်ဖြင့် သိမြင်ခြင်းတို့ကြောင့်
အပါယ်ဘေးကိုမြင်ပြီး မင်းပြုရမည်ကို အလွန် ပင်ထိတ်လန့်လှသောကြောင့်
ဆွံ့အနားပင်း သူအသွင်ဖြင့် ဆင်းရဲဒုက္ခမျိုးစုံ တို့ကိုသီးခံ လျှက်နေခဲ့
ကြောင်း စွဲစွဲထင်ထင် မှတ်သား ဖူးပါသည်။
ကိစ္စများမြှောင်
လူတို့ဘောင်တွင် သူတစ် ပါးတို့၏ အရေးကိစ္စများကို စီရင် ဆုံးဖြတ်ရခြင်း သည်
အမှားကင်းရန်ခဲယဉ်း၍ အလွန်တရာအပါယ်ဘေးနီး လှသောအလုပ်ဖြစ်ပါသည်။မှားယွင်းသောတရား စီရင်မှု အမိန့် ဆုံးဖြတ်ချက် တစ်ခု သည် အမြဲလိုလိုပင် တစ်စုံတစ်ဦး အားထိခိုက်နာကျင်စေမှုဖြစ်စေ တတ် ပါသည်။
ပမာဆိုရလျှင်အပြစ်မရှိဘဲ မတရားဖြစ် စေ၊ မှားယွင်း၍ဖြစ်စေ စွပ်စွဲခံရသူကို
အပြစ် ပေးမိသော အမိန့်သည်ထိုသူအားအလွန်ပင် ထိခိုက်နစ်နာစေပါသည်။
ထို့အတူအမှန် တကယ်ပြစ်မှု ကျူးလွန် ကြောင်းထင်ရှားနေသူ ကို ပြစ်ဒဏ်
လွတ်စေသောအမိန့်သည် မတရား ကျူးလွန်ခံခဲ့ရသူတို့ အတွက် ကိုးကွယ်
ရာမဲ့ဖြစ်စေ၍အများပြည်သူတို့၏အေးချမ်းသာ ယာရေး၊နိုင်ငံတော်၏တရား ဥပဒေစိုးမိုးရေး တို့ကို များစွာထိခိုက်နစ်နာစေပါသည်။ အပြစ် ရှိသူကို မှားယွင်း လွှတ်မိခြင်းထက် အပြစ်မဲ့ဖြူ စင် သူကိုမှားယွင်းအပြစ်ပေးမိခြင်းကပို၍
လူ့ လောကအတွက် အန္တရာယ်ကြီးသည်၊ လူ ကောင်းသူကောင်းများအတွက် အလွန်အ
မင်းစိုးရိမ်ထိတ်လန့်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ် သည်ကိုလည်း သတိ
မမေ့အပ်ပါချေ။ တရား မမှုများတွင်လည်းအလားတူဖြစ်ပါသည်။
ထို့ကြောင့် တရားမှုခင်းများစီရင်ဆုံးဖြတ်
ရခြင်းသည် ပေါ့ပါးလွယ်ကူသော အလုပ် မဟုတ်ပါ။ အလွန်ပင်ထိတ်လန့်ဖွယ်
ဝန်လေးလှသော အလုပ်ဖြစ် ပါသည်။ မင်းကျင့်တရား နှင့်အညီ
ဟုတ်တိုင်းမှန်ရာစီရင်သူတို့ပင် အပါယ်ဘေး နီးလှသည်ဆိုလျှင် အဂတိလိုက်စား ၍မှောက်မှားစွာစီရင်ပါမူကား ဆိုဖွယ်ရာ မရှိ ဟုထင်ပါသည်။
ယနေ့တရားစီရင်ရေးလုပ်ငန်းစဉ်တွင် အဓိကအခန်းမှပါဝင်နေသူများမှာ
တရား သူ ကြီး၊ ဥပဒေအရာရှိ၊ ရှေ့နေနှင့်ရဲများဖြစ်ကြပါ သည်။ ၎င်းင်းတို့သည်
တရား စီရင်ရေးဆိုင်ရာအ မိန့်များ ဖြစ်ပေါ်စေသူများဖြစ်ပါသည်။ တရား
စီရင်ရေးမှန်မှု၊ မမှန်မှု၊ ကောင်းမှု၊မကောင်းမှု ၏ ပဓာနကျသောလက်သည် များဖြစ်ကြ
ပါသည်။ ၎င်းင်းတို့အသိပညာပြည့်ဝ၍ အကျင့် စာရိတ္တ၊ သီလ၊ သမာဓိများ မယိမ်းမယိုင်
ဖြောင့် မှန်ကြမှသာလျှင် ယုံကြည်ကိုးစားလောက် သော တရား စီရင်ရေး
ဖြစ်ထွန်းနိုင်ပါလိမ့်မည်။
တရားစီရင်ရာတွင်ဆိုခဲ့သူ ၄ ဦး
ပါဝင် သော်ငြားလည်း အမိန့်များကိုမူ တရား သူကြီး များက ချမှတ်ကြရပါသည်။
မှားယွင်းစွာ တ ရားစီရင်မှုကြောင့် အပြစ်တင် ခံရလျှင် တရား သူကြီးက
ထိပ်ကဖြစ်ပါသည်။ အပါယ်လားရမည် ဆိုလျှင် တရားသူကြီးများကရှေ့ဆုံးကသွားကြရမည်ထင်ပါသည်။ ငြိစွန်းသော ဥပဒေ အရာရှိ၊ရှေ့နေ၊ရဲများလည်းနောက်ကတန်းစီ လိုက်ကြရပါလိမ့်မည်။
တစ်ခေတ်တစ်ခါက မတော်မမှန်သော စီမံကွပ်ကဲ ထိန်းကျောင်း လမ်းညွှန်မှု များ
ကြောင့်အပါယ် ဘေးစိတ်မအေးဖွယ်အမိန့် မျိုးကို စိတ် မသက်မသာနှင့်
ချခဲ့ရခြင်းများ ရှိနိုင် ပါသည်။ထိုခေတ်ထိုအခါ ကရှောင်လွှဲရန်
ခဲယဉ်းခဲ့ခြင်း လည်းမှန်ပါသည်။ သို့သော်သူများ ကိုချည်းအပြစ်ပုံချ၍လည်းမရပါ။
မိမိ ကိုယ်တိုင် က မကြံ့ခိုင်၍လည်း ဖြစ်ပါသည်။ မိမိ ကိုယ်တိုင်
လော်မာဖောက်ပြန်ခြင်း လည်း ရှိ နိုင်ပါသည်။ သူတစ်ပါး သိသိ၊ မသိသိ ကိုယ်
တိုင်ကတော့ သိကြပါလိမ့်မည်။ ကိုယ့်ကိုယ် ကိုတော့ညာ၍ မရနိုင်ပါ။
တရားသူကြီးသည် အသိဉာဏ်ပညာ ဗဟုသုတမပြည့်စုံ၍လည်း မှားယွင်းနိုင် ပါသည်။ လာဘ် လာဘအဂတိတရားများကြောင့်လည်း
မှားယွင်းနိုင်ပါသည်။ တရားသူကြီးများလစာ၊ ရိက္ခာဖြင့်လူတန်းစေ့
တင့်တင့်တယ်တယ် မ နေနိုင်ခြင်း လည်း ဖြစ်နိုင်ပါသည်။ သို့သော်
သီလ၊သမာဓိ၊ပညာဖြင့် မှန်ရာကို စီရင်သည့် တရားသူကြီးအား
ချီးမြှောက်ပူဇော်သော အ လေ့အထလည်း မဟောသဓာခေတ် ကစ၍ ခေတ် အဆက်ဆက်ရှိခဲ့သည်ဟု
သိရပါသည်။ ထိုဖြစ်စဉ်မျိုးကိုမူ သူတော်ကောင်းများ အပြစ် မမြင်ထိုက်ဟု
ထင်ပါသည်။ တရားသူကြီးများ ကလည်းထိုမျှဖြင့် ရောင့်ရဲထိုက်ပါသည်။
တရားသူကြီးများသည် ငရဲကိုလမ်းကြုံလိုက်ကြမည့် တတ်ယောင်ကားများ ၏မတော်
မတရား စွက်ဖက်ချယ်လှယ်မှုနောက် ယိမ်း ယိုင်လိုက်ပါခြင်း၊ လာဘ် လာဘကိုမက်မော
လွန်းခြင်း၊ မှန်ရာကို ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ် ပညာမပြည့်ဝခြင်း၊
အဂတိလိုက် စားခြင်းများကြောင့် မှားယွင်း သောအမိန့်များ ကိုချမိပြီး
ငရဲစခန်းကိုတန်းကနဲရောက်သွားနိုင်သဖြင့် ဆင်ခြင်တုံတရားဖြင့် သတိထား သင့်လှပါကြောင်း မကြားမ၀ါ၊ ဆရာမလုပ်ဘဲ ဟုတ်မှန်ရာ အကြံပြုအပ်ပါသည်။
တရားသူကြီးနှင့် အနီးဆုံး ငရဲခရီးဖော်ဖြစ် နိုင်သူများမှာ ဥပဒေ အရာရှိ
များဖြစ်ကြပါသည်။ ဥပ ဒေအရာရှိများသည် တာဝန်ဝတ္တရား အရ ပြစ်မှုများ
ကိုတရားစွဲဆိုရန်ကိစ္စ၊ ပြစ်မှုကျူးလွန် သူအား ပြစ်မှု အလျောက် ပြစ်မှု ထင်ရှား
စီရင် နိုင်ရန်ကိစ္စ၊ ပြစ်မှုနှင့်လျော်ညီသောပြစ်ဒဏ်
ရရှိရေးကိစ္စများ ကို ဆောင် ရွက်ကြရပါသည်။ ထို့ကြောင့်
ဥပဒေအရာရှိများအနေဖြင့် တရား ခံအပေါ် စွဲချက်တင်ပေးရန်၊ ပြစ်ဒဏ်ချမှတ်
ပေးရန်၊ ပြစ်ဒဏ်တိုးမြှင့်ပေးရန် တင်ပြကြ သည်က များပါသည်။ တရားရုံးက
စွဲချက် တင်ထားခြင်းကို ပယ်ဖျက်ပေး ရန်၊ ပြစ်ဒဏ်မှ လွှတ်ပေးရန်၊
ပြစ်ဒဏ်ကိုလျှော့ပေါ့ပေးရန် ဥပ ဒေအရာရှိ တို့မှ စတင်တင်ပြသောအမှုဟူ၍ မတွေ့ဖူးသလောက်ဖြစ်ပါသည်။
၂၀၀၁-ခုနှစ် ရှေ့နေချုပ်ဥပဒေတွင် ရှေ့ နေချုပ်၏ တာဝန်များအခန်း၊
ပုဒ်မ-၃(ဈ) တွင် ““ပြည်သူများဥပဒေနှင့်အညီ ရပိုင်ခွင့်နှင့်အ
ခွင့်အရေးများ အပြည့်အ၀ ခံစားနိုင်ရေး အ တွက် ဥပဒေကြောင်းအရ ကာကွယ်စောင့်
ရှောက်ခြင်း”” ဟု ပြဋ္ဌာန်းချက် ပါရှိပါသည်။ ၂၀၁၀ ပြည့်နှစ်ရှေ့နေချုပ်
ဥပဒေတွင် ထိုပြဋ္ဌာန်း ချက် မပါ။ မည်သည့်အတွက် ချန်လှပ်ခဲ့ သည်ဟူ၍မသိပါ။
ဥပဒေအရာရှိ များ ပြည် သူ့အခွင့်အရေး ကိုကာကွယ်ရန် တာဝန်မရှိ တော့ပြီလား ဟု
တွေး ထင်ဖွယ်ဖြစ်ပါသည်။ တရားခံများသည်လည်း နိုင်ငံသားပြည်သူ များပင်ဖြစ်၍
၎င်းင်းတို့ဥပဒေနှင့်အညီခံစားခွင့် ရှိသမျှ ခံစားနိုင်အောင် ဥပဒေအရာရှိများက ကာကွယ်စောင့်ရှောက်၍ လုပ်ဆောင်ပေးသင့် ပါသည်။
ယခုအခါတရားစီရင်ရေးယန္တရားကိုအလွဲ သုံးစားပြုလိုသူ များလာပါသည်။ တရားမ ကြောင်းအရ စွဲဆိုဖြေရှင်းကြရမည့်အမှုများ
ကို ဖြတ်လမ်းလိုက်၍ လိမ်လည်မှု၊ အလွဲသုံးစား မှု၊ ကျော်နင်းမှု စသည်ဖြင့်
တစ်ဖက်စောင်း နင်း မတော်မတရား စွဲဆိုခြင်းမျိုး လုပ်ကြပါ သည်။ အချို့က
မလိုမုန်းထား စိတ်ဖြင့် လီဆယ် စွဲဆိုခြင်း၊ ပြစ်မှုကျူးလွန်ရာ၌မပါသူများ
ကိုသိမ်းကျုံးဆွဲထည့် တိုင်ကြားခြင်းပြု ကြပါ သည်။
မှားယွင်း၍စွပ်စွဲခြင်း၊ မှားယွင်းသော အမှု တည်ဆောက်ခြင်းကြောင့်
တရားခံဖြစ်ရ သူများ လည်းရှိနိုင်ပါသည်။ ဥပဒေ အရာရှိ တို့က
ထိန်းကွပ်ပေးသင့်ပါသည်။ ကျားကျား မီးယပ်မလုပ်သင့်ပါ။
အချို့မဟုတ်မမှန်တရားစွဲသူတို့ကတရား
ခံ အချုပ်အနှောင်ခံရအောင်၊ ပြစ်ဒဏ် ကျအောင်၊ ပြစ်ဒဏ်ကြီးအောင် တရားသူကြီး၊
ဥပဒေအ ရာရှိစသည်တို့ထံ လာဘ် လာဘဖြင့် ချည်း ကပ်ခြင်းမျိုးရှိ သကဲ့သို့
ငရဲခရီးကြုံလိုက်လို သော အခွင့် အာဏာရှိသူအချို့က ဖိအားပေး ခြင်းမျိုးလည်း
ရှိတတ်ပါသည်။ သီလ၊သမာဓိ၊ ပညာတို့ဖြင့်ရှောင်နိုင်မှလွတ်ပါလိမ့်မည်၊အဂ
တိကင်းပါလိမ့်မည်။ ဥပဒေ အရာရှိ၏ အမှား သည်လည်း အပြစ်မဲ့သူကို
အနှောင်အဖွဲ့ခံရ စေခြင်း၊ ကြီးလေးသောပြစ်ဒဏ် သင့်စေခြင်း တို့
ဖြစ်စေနိုင်သောကြောင့် အပါယ်ဘေး ရှိ မည်မှာသေချာလှသဖြင့်
သတိပြုရှောင်ရှားဖို့ လိုပါလိမ့်မည်။
ရှေ့နေ အလုပ်သည်မွန်မြတ်သောအသက် မွေးမှုဖြစ်ပါသည်။ သို့စင်လျှက် အချို့က အပါယ် ဘေးနီးလှသောမသမာမှုများလုပ်ကြပါသည်။
မသိနားမလည် သူ၊ ချို့တဲ့အားနည်းသူများ ဒုက္ခ တွင်းနက်၊ ဘ၀ပျက်စေနိုင်သော
မမှန်မကန် စာချုပ်များ ချုပ်ပေးခြင်း၊ သူတစ်ထူးမတရား သဖြင့်
အချုပ်အနှောင်ခံရအောင်၊ ကြီးလေး သော ပြစ်ဒဏ်များကျခံရအောင် မမှန်ကန် သော
နည်းလမ်းများဖြင့် တရားစွဲဆိုပေးခြင်း၊ မဟုတ်မမှန်သော
စာချုပ်စာတမ်းများဖြင့် တစ်ဖက်လူ စီးပွားပျက်၊ ဘ၀ပျက်ဖြစ်လောက် အောင်
တရားစွဲဆိုပေးပြီး သဲကြီးမဲကြီးလိုက် ပါဆောင်ရွက်ခြင်း၊ မိမိအမှု
အနိုင်ရအောင် အထက်လမ်း၊ အောက်လမ်းနည်း မျိုးစုံဖြင့်
ကြိုးစားအားထုတ်ခြင်းတို့ သိက္ခာမဲ့စွာ ပြုလုပ် သူများရှိနေပါသည်။
မိမိအမှုသည်/တရားခံတို့
ဥပဒေနှင့်အညီ ရသင့်သောအခွင့်အရေး အပြည့်အ၀ ရရှိ နိုင် အောင်
လုံ့လပြုခြင်းသည်မွန်မြတ်သော အ လုပ်ဖြစ်ပါသည်။ မတော် မတရားဆိုးသွမ်းစွာ
ပြစ်မှုကျူးလွန်ထား သူပြစ်ဒဏ်မှလွတ်ငြိမ်း သက်သာအောင် ၊
မမှန်မကန်တရားစွဲဆိုသူ အနိုင်ရအောင် မသမာသော နည်းဖြင့် ဆောင်
ရွက်ခြင်းမျိုးမှာမူနစ်နာသူနှင့်တစ်ဖက်အမှုသည်
များအပေါ် မတရားပြုရာ ရောက်ပါလိမ့်မည်။ ရပ်ရွာအေးချမ်းသာယာရေးကို ဖျက်ဆီး
ရာ ရောက်ပါလိမ့်မည်။ ရှေ့နေ၏ပြုလုပ်မှုကြောင့် တရားစီရင် ရေး တွင် မတရား
သည့်အမိန့်တစ် ရပ်ဖြစ်ပေါ်ခဲ့လျှင် ၎င်းင်းရှေ့နေအတွက် အပါယ် တံခါးပွင့်
ပါလိမ့်မည်။ တစ်ဘ၀ချမ်းသာဖို့ တစ် နပ်စားကြံပြီး အပါယ်ခရီးသွား သင့် သလား
စဉ်းစားသင့်ပါသည်။
ရပ်ရွာအေးချမ်းသာယာရေးအတွက်ပြစ်မှု
ကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီးခြင်း၊ တရားစွဲဆို
ခြင်းတာဝန်များကိုရဲများက အဓိ ကထမ်းရွက်ကြ ရပါသည်။ လေးစားမြတ်နိုး
ဖွယ်လုပ်ငန်း တာဝန်ဖြစ်ပါသည်။ သို့သော်၊ အမှောင့်ပယောဂ ပူးကပ်လာသောခါ
လေးစား မြတ်နိုးဖွယ် တာဝန် ထမ်းဆောင် ရင်း ငရဲခရီး သည်ဖြစ်သွားနိုင်ပါသည်။
အမှောင့်ပယောဂမျိုးစုံ ရှိနိုင်ပါသည်။ တစ် ခါတစ်ရံတစ်ချို့သော
ကိန်းဂဏန်းများ သည် ဒုက္ခပေးတတ်ပါသည်။ ဘယ်နှစ်နှစ်အတွင်း ချဲပြုတ်ရမည်၊
ချဲမပြုတ်လျှင် ရဲပြုတ် ရမည်၊ တစ် လကို ဘယ်အမှု မျိုးဘယ်လောက်တရားစွဲ
တင်ရမည် စသော ကိန်းဂဏန်းများကိုပြည့်မီ အောင် အားထုတ်ရင်း
ဖမ်းသင့်သူကိုမဖမ်း ဘဲ မဖမ်းသင့်သူကို ဖမ်းမိခြင်း၊ ရိုးရိုးပြည့်တန်
ဆာမှုကို လူကုန်ကူးမှုဟူ၍ လည်းကောင်း၊ အ လှပြင်ဆိုင်၊ ကာရာအိုကေ၊
အနှိပ်ခန်းတို့ကို ပြည့်တန်ဆာ ခန်း ဟုလည်းကောင်း စသည် ဖြင့် ငယ်သောအမှုကို
ကြီးစေခြင်းတို့ဖြစ် တတ်ပါသည်။ ပြစ်မှုကြီးကြီးကျူးလွန်သူတို့ လူပုံအလယ်ဝင့်ထယ် နေစဉ် ပြစ်မှု အသေး အမွှားကျူးလွန်မိသူများ အ၀ီစီပွက်သလိုဖြစ် တတ်ပါသည်။
မှားယွင်းသော အမှုစုံထောက်ခြင်း၊ အမှု တည်ဆောက်ခြင်းကြောင့် အပြစ်မဲ့ သူများ ဖမ်း ဆီးချုပ်နှောင်အပြစ်ပေးခံရခြင်း၊
အပြစ်ရှိသူ ကို ထိုက်သင့်စွာ အပြစ် မပေးနိုင်ခြင်းတို့ဖြစ် တတ်ပါသည်။
နာမည်ကောင်းရလို၍ အမှုကို လိုသလို ပုံသွင်းခြင်း၊ မသက်ဆိုင်သည်တို့ကို
သက်သေခံပစ္စည်းဆိုပြီး မတရား သိမ်း ယူခြင်း တို့ကြောင့်လည်း၊
နစ်နာမှုများဖြစ်ပေါ်တတ်ပါ သည်။ တူသော အကျိုးပေး လျှင်အပါယ် စခန်း
ကိုမြန်းကြရပါလိမ့်မည်။
အပါယ်တံခါးဝမှာလမ်းလျှောက်နေကြရ
သော တရားသူကြီး၊ ဥပဒေ အရာရှိ၊ ရှေ့နေ၊ ရဲများ သီလ၊ သမာဓိ၊ ပညာ၊ ကောင်းသော
စေတနာတို့ဖြင့် အပါယ်လမ်းကို သတိပြု ရှောင်ကွင်း
နိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါသည်။
ဖိုးသုဥာဏ်
Credit - The Ladies News Journal
No comments:
Post a Comment