အတွင်းရေးမှူးကားကို အချိန်ပြည့်မောင်းပေးခဲ့ရပြီး ကိုယ့်တပည့်လက်သား ဘယ်လို အဆင်ပြေအောင် ဆောင် ရွက်ပေးမည် မရှိ၊ ချေး ထားသောငွေ ပြန်ဆပ်ခိုင်းရာမှ အိမ်ရောင်း ပြီးပြန်ဆပ်ခဲ့ရသူ စိတ်ဓာတ်များ ကျဆင်းကာ ယခုတော့သူတို့တစ်တွေ ၀ဋ်ကြွေးများဆပ်၍ လွတ်လပ်စွာ ဘ၀တစ်ပါးသို့ ပြောင်းသွားခဲ့ပြီဖြစ်သည် . . .၁၉၉၃ ခုနှစ်မှစတင်၍ ပြည်ခိုင်ဖြိုး အသင်းကြီးမှသည် ပါတီပြောင်းချိန်အထိ ပါဝင်လှုပ်ရှားခဲ့ရသော အချိန် ကာလတစ်ခုကြောင့် အဖွဲ့အစည်းအပေါ် စေတနာစိတ်ကြောင့် ပုဂိ္ဂုလ်ရေး တိုက်ခိုက်မှုမပါ၊ မည်သူ့ကိုမှ ထိခိုက်နစ်နာစေလိုသည့် သဘောဆန္ဒမပါ အများပြည်သူ အကျိုးရှေးရှု၍ ထုတ်ဖော်ရေးသားနေရခြင်း ဖြစ်
သည်။ မိမိတို့ နိုင်ငံရေး အလှည့်အပြောင်းတစ်ခု၊ အချိန်ကာလတစ်ခုမှာ လျင်မြန်ဖျတ်လတ် နေရာယူတတ် သူများ၊ ကိုယ်ကျိုးရှာဖွေတတ်ပြီး အခွင့်အရေးကိုရယူအသုံးချ ကြီးပွားချမ်းသာနေကြသူများ အတွက်တော့ ဒီလိုရေးသားေ ဖ်ာပြနေတာတွေကို နှစ်မြို့လိမ့်မယ်လို့မထင်၊ တွေ့ရာသင်္ချိုင်း ဓားမဆိုင်း၊ အရေခွံစုတ် ချင်နေကြ လိမ့်မည်ဖြစ်သည်။ ရိုးသားကြိုးစား အမှန်ကိုလိုလားသူ အဖွဲ့အစည်းပါတီအပေါ် စေတနာ ထား ဆောင် ရွက် နေကြသူတွေကတော့ အားပေးလက်ခုပ်တီးနေကြမှာ အမှန်ပင်ဖြစ်သည်။ ကျွန်တော့် သူငယ်ချင်းမိတ်ဆွေ တစ်ဦးပြောသည့်စကား အမြဲအမှတ်ရစေ သည် “ရိုးသားဖြောင့်မတ်သောသူသည် တစ်ခါတစ်ရံ ရှုံးနိမ့်တတ်၏။ သို့သော်… တစ်သက်လုံး လိပ်ပြာသန့်၏” တဲ့။ မှန်ပါသည်။ မိမိကိုယ်ကိုယ် အမှားကိုတွေ့လျှင် အမှန်ပြင်၊ ဖြစ် စဉ် ဖြစ်ရပ်မှန်များကို ရိုးသားဖြောင့်မတ်စွာ၊ ပွင့်လင်းစွာတင်ပြခြင်းကလည်း မင်္ဂလာတစ်ပါးဟု မှတ်ယူလိုရမယ် ထင်ပါသည်။ ရှုံးနိမ့်ခြင်းဆိုတာကလည်း ကောင်းသောရှုံးနိမ့်ခြင်းဟု ထင်မိသည်။ ကိုယ်ကျိုးရှာသည့်သူများ ကျင်လည်ကျက်စား ရာ အဖွဲ့အစည်းအတွင်းမှ မိမိတို့ကို ကောင်းစေတဲ့နေရာ သို့ရောက်အောင် ပြု မူပေးနေ သလိုဖြစ်နေ၍ ရှုံးနိမ့်ရသည်ဟုမထင်၊ အမှန် တရားကို လက်ကိုင်ထားပြီး ရိုးသားစွာ ဘ၀တစ်လျှောက် လုံး သေဆုံးသည့်အချိန်ထိ လိပ်ပြာသန့်သန့်နှင့် နေထိုင်သွားရသည် ကို ကျေနပ်နေလိမ့် မည် ဖြစ်သည်။အသင်းကြီးတွင် ကျွန်တော်တွေ့ကြုံ ခဲ့ရသော အတွင်းရေးမှူး တစ်ဦးဆိုလျှင် သူ့အတွက်လိုလျှင် တစ်မျိုး၊ မလိုတော့လျှင် တစ်မျိုး၊ လူမွေး၊ တပည့်မွေးခံရပြီး မလိုတော့လျှင် ပြဿနာ အကြောင်းအမျိုးမျိုးပြ၊ ၎င်း၏ လုပ်ပိုင်ခွင့်ကို အသုံးချကာ ၎င်း၏အတွင်းရေး မသမာမှုများကို ကကြီးမှ အ,အထိ သေချာ စွာ သိထားသဖြင့် စိုးရိမ်စိတ်များ ဖြစ်ပေါ်လျက် အဖွဲ့အစည်း၏ အပြင်သို့မရောက်အောင် နည်းမျိုးစုံသုံး ဆောင်ရွက်ခဲ့ကြတာ ကို ကြုံတွေ့ခဲ့ရလေသည်။ သူလိုအပ်သည့်အချိန် ကာလ ဆို ခေါင်းကိုက်လို့ နေမကောင်းဖြစ်ပြီး ရုံးမတက်နိုင် လျှင် တောင် အိမ်အရောက်လိုက်လာ၍ ဒါအချင်း ချင်း အောက် လမ်းနဲ့ လုပ်ထားတာ၊ ငါက နင့်ကိုမြှောက်စားလို့ မနာ လိုလို့လုပ်တာ၊ ရိုးရာတွေကို တိုင်တည်ရမယ်၊ လက်ဖက် ပွဲပြင်၊ ဆေးပေါ့လိပ်သွား ၀ယ်၊ ဆေးလိပ်မီးတွေဖွာ၊ ဖယောင်း တိုင်ထွန်း၊ ထိုင်ကနားသဘော အိမ်သို့လိုက်လာ၍ နတ်ကတော်ပင် လုပ်ပေးလိုက်သေးသည်။ နင်ဘာ မှမပူနဲ့ ငါလာပြီဟု အိမ်ရှေ့ လမ်းမရောက်ကတည်းက အော်၍ အိမ် ပေါ်၃ထပ်သို့ တက်လာ ခဲ့သည်ကို မြင် ယောင် အမှတ်ရနေမိသည်။ မလိုတော့သည့် အခါများတွင်ရုံးကိုမလာချင်အောင် ပြဿနာ အမျိုးမျိုးရှာ၊ တာဝန် မပေး၊ အခြားမြို့နယ် EC များကို တာဝန်ပေး၊ တစ်ဦးနှင့် တစ်ဦး အထင်မှား အမြင် မှားဖြစ် အောင်၊ အထင်မြင် လွဲအောင် ပြုလုပ်ပြီး နောက်ဆုံး လုပ်မရသည့်အဆုံး ကိုယ့်သိက္ခာမှ ကိုယ်မထောက်၊ ကိုယ်ကျင့်တရားမဲ့စွာ စွပ်စွဲချက်တွေနဲ့ မတရားပြောဆို ဂုဏ်သိက္ခာမဲ့စွာ အိမ်ထောင်ရေး စွပ်စွဲချက်တွေနဲ့ ပြုမူပြော ဆိုလေတော့ သည်။ တရားကျစရာကောင်း လှပေသည်။ ကိုယ့်ပိုက်ဆံ ကိုယ့်စီးပွားရေးလည်း ထိခိုက်တာလည်း မဟုတ်၊ အသင်းကြီး၏ ပိုက်ဆံနဲ့ ထူးချွန်သူတွေကို ချီးမြှောက်လိုစိတ် မရှိ။ မှတ်မိနေသေးသည်။ တစ်မြို့နယ်လုံး ထူးချွန်ဆု ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆင်းပွဲတွေမှာ ဆုတံဆိပ်များပေးရန် ပထမဆု၊ ဒုတိယဆု၊ တတိယ ဆု ဆုသုံးဆု အောင်ဆန်းကွင်းဘေးဆိုင်၊ နာမည်တော့ မပြောတော့ပါ။ မြို့နယ်လူမှု တာဝန်ခံကြီးနှင့် မိမိအတူ ဆုတံဆိပ်များ သွားဝယ်ခဲ့ကြသည်။ အဲဒီဆုသုံးဆု တစ်သောင်းခွဲ မကျော်စေနဲ့တဲ့။ ဆိုင်ရောက်တော့ ပထမဆု ခြောက်ထောင့်ငါးရာ၊ ဒုတိယဆု ငါးထောင့်ငါးရာ၊ တတိယဆု လေးထောင့် ငါးရာဆုတံဆိပ်များကို ကြည့်လိုက် တော့ မြို့နယ်အဆင့်ပေးမှာဖြစ်တဲ့အတွက် ဆုတွေကနုပ်ပြီးသေးနေတော့ အမြင်ကမတင့် တယ်၊ အားလုံး တစ်သောင်း ခွဲမကျော်စေနဲ့ လို့မှာလိုက်တော့ အဆူခံရမှာကလည်း စိုးသေး၊ ဒီတော့ကျွန်တော်တို့ ခံ့ခံ့ညား ညား ဆုတံဆိပ်တွေ ပေးချင်တော့ မိမိတို့ အိတ်ထဲမှ စိုက်ထုတ်ကာ ဘောက်ချာဖြတ် တော့ပထမဆု တစ်သောင်း တန်ကို ခြောက်ထောင့်ငါးရာ လျှော့ရေးခိုင်း၍ ဆိုင်ရှင်ဖြစ်တဲ့ သူကတခြားမြို့နယ်တွေ၊ တခြားသူ တွေ ဒီဆိုင်မှာ လာဝယ်ရင် ဘောက်ချာမှာ ငွေပိုဖြတ်ခိုင်း၊ ပိုတင်တာပဲရှိတယ်။ ခင်ဗျားတို့နဲ့ ကျမှတန်ရာတန်ကြေး ထက် လျှော့ ရေး ခိုင်းရတယ်လို့ဗျာဟု ရယ်မော၍ ဒါမျိုး တစ်ခါပဲ ကြုံဖူးတယ်လို့ ပြောဆိုခဲ့သည်။ တချို့ကျတော့ လည်း ပြော ကြပေလိမ့်မည်။ အဲဒါဆိုဘာကြောင့် ခင်ဗျားတို့ ဒီအသင်းအဖွဲ့အစည်းထဲမှာ ဘာတို့လုပ်နေကြသလဲ၊ ဘာလို့ လုပ်ခဲ့ကြသလဲလို့ မေးစရာဖြစ်လိမ့်မည်၊ ဟုတ်ပါသည်။ ကျွန်တော်တို့ရဲ့ ကိုယ်၌က လူမှုရေးလုပ်ငန်းများကို တိုက်ပုံလေးတကားကားနဲ့ မြောက်ကြွမြောက်ကြွနဲ့ စေတနာမပါသူ လုပ်ပိုင်ခွင့်ရှိသူတွေ အတွက် ကိုယ့်သဘော နဲ့ ကိုယ်လုပ်ခဲ့တဲ့၊ ကိုယ့်အပြစ်နဲ့ ကိုယ်ဘယ်သူမပြု မိမိမှုလို့ သာဆိုရပေတော့မည်။ အသင်းကြီး၏ တကယ့် လုပ်ငန်းများ တာဝန်များကို ကျေပွန်စွာလုပ်ဆောင်ခဲ့သည့် EC များစွာရှိခဲ့ သည်။ (ဦးဘိုဘိုလတ် တာမွေကြံ့ခိုင် ရေး အသင်းပထမဦးဆုံး အတွင်းရေးမှူး)၊ ဦးစန်းမောင်၊ ဦးကိုကိုကြီး၊ ဦးဝင်းမော် (ယခင်တွဲဖက်အတွင်းရေးမှူး)၊ ဦးစံရှိန် (မြန်မာနိုင်ငံ စေတနာ့ဝန်ထမ်း မူးယစ်တားဆီးရေးအဖွဲ့ဥက္ကဋ္ဌ) ဦးလှဝင်း၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းတာမွေ မြို့နယ်၊ MANA ၊ ကိုကျော်ဇေယျာလင်း၊ ကိုနေလင်းရှိန်၊ ကိုသန့်ဇင်အောင်၊ ကိုလှ ကြည်၊ ကိုမျိုးကျော်အောင်၊ ဦးစိုးဝင်း၊ ဦးတင်ထွဋ် (MANA ဗဟို)၊ ဦးမင်းလွင်၊ ကိုမျိုးသက်နိုင်တို့သည် အချိန်ပေး လုပ်ခဲ့ ကြသူများ ဖြစ်ကြပြီး ဘာကိုယ်ကျိုးမှမရှာ ရိုးသားစွာစေတနာထား ဆောင်ရွက်ခဲ့ကြ၊ တကယ်ရိုးသားလှ သည့် ရပ်ကွက်စည်းရုံးရေးမှူး တစ်ဦးဆိုလျှင် ငွေ (၅)သောင်း ခိုးသည်ဟုဆိုကာ စွပ်စွဲပြောဆိုခံရဖူးသည်။ ၎င်း ရပ်စည်းမှာ အသင်းစတင်ခဲ့စဉ်က ယနေ့ပါတီပြောင်းပြီးချိန်အထိ ရိုးသားစွာဖြင့် တာဝန်များကျေပွန်စွာ ထမ်း ဆောင်ခဲ့ သူတစ်ဦးဖြစ်ခဲ့သည်။ ၎င်း၏ငွေကြေး ပစ္စည်းပျောက်ခဲ့မှုအပေါ် စွပ်စွဲပြောဆိုခံခဲ့ရသည်မှာ ကာယကံ ရှင်ဖြစ်သူအတွက် များစွာ နစ်နာလှပေသည်။
ကြံ့ခိုင်ရေးအသင်းကြီးတွင် ထူးချွန်လူငယ်များ များစွာပေါ်ထွက်ခဲ့ပြီး ကျပန်းဗဟိုပြိုင်ပွဲများတွင် တာမွေမှ ကိုကျော်ဇေယျာလင်း ဆို လျှင် နိုင်ငံေ တာ် အကြီးအကဲများက အလေးထားေ စာင့်ကြည့် မွေးထား သည့်ပညာ တတ် လူငယ်တစ်ဦးဖြစ်ခဲ့သည်။ ကျပန်းပြိုင်ပွဲ မြန်မာတစ်နိုင်ငံလုံး ဗဟိုအဆင့်တွင် အကြိမ်ကြိမ် ပထမရရှိခဲ့သူ တစ်ဦးဖြစ်သည်။ မြို့နယ်အသင်းရုံးတွင် ရုံးအိပ်ရုံးစား နေထိုင်၍လည်းကောင်း၊ မြို့နယ် အလုပ်အမှုဆောင် ဦးစံရှိန် ၏နေအိမ်တွင် သွားရောက်နေထိုင်ခဲ့၍တစ်မျိုး၊ အိမ်ပစ်ယာပစ် မိဝေး ဘဝေးဘ၀ကို စွန့်ကာ အသင်းကြီး၏ လုပ်ငန်းများတက်ကြွစွာ လုပ်ကိုင် ခဲ့သူဖြစ်သည်။ လိုလျှင်တစ်မျိုး မလိုတော့လျှင် တစ်မျိုး၊ မိမိထက်သာ သွားမှာ စိုးရိမ်တတ်သည့် တာဝန်ရှိသူက ကိုကျော်ဇေယျာလင်းအား မဟုတ်မမှန် စွပ်စွဲပုတ်ခတ်လူမှုရေး ဖောက်ပြန်နေသူ ဟုစွပ်စွဲ၍ အသင်းကြီးနှ င့် ဝေးရာအပြင် လောကသို့ရောက်ရှိအောင် လုပ်ဆောင်စေ ခဲ့တာ တွေလည်း ရှိခဲ့သည်။ အသင်းကြီး အတွက် အလေးထားရမည့် ပညာတတ် လူငယ်တစ်ဦးဖြစ်သူ နိုင်ငံတော် အကြီးအကဲများ အားထားမျှော်လင့်ခဲ့သည့် ထက်မြက်သည့် လူငယ်တစ်ဦးအပြင်လောကသို့ ရောက်ရှိသွား သည်မှာ နိုင်ငံတော် အတွက်ရော ကြံ့ခိုင်ရေးအသင်းကြီးအတွက်ပါ လွန်စွာမှ နစ်နာခဲ့ရပေသည်။ အမှန်မှာ အသင်းကြီး၏ လုပ်ငန်းများလုပ်ကိုင်ရင်း ၎င်း၏ ၀ါသနာပါရာ ၀ိုင်းကျူရှင်သင်ကြားပေးသည့် အလုပ်ကိုလည်း လုပ်ကိုင်ခဲ့ရာ ကျူရှင်သင်ကြားသည့် နေအိမ်မှ မိသားစု များနှင့်ခင်မင်ရင်းနှီးသည်ကို မလိုတမာစွပ် စွဲ၍ အသင်းမှ ထွက်ခွာအောင် လုပ်ကြံခဲ့ခြင်းဖြစ်သည်။ မိမိတို့အသင်းကြီးတွင်ဒီလို ပြုလုပ်ခဲ့တာတွေဟာ ကိုယ်ပြု သည့်ကံ ကိုယ်သာ ပြန်ခံရစမြဲမို့ တရားသဘောနှင့် ကြည့်လျှင် တွေ့မြင်သိမြင် လိမ့် မည် ဖြစ်သည်။
အခြားအဖွဲ့အစည်းများ သိရှိသွားရင်လည်း အသင်းကြီးသိက္ခာကျဆင်းစေနိုင် ပါသည်။ ပုဂိ္ဂုလ်ရေး အာဃာတ တရားဖြင့် အမြဲရှုမြင်တတ်သည့် လုပ်ရပ်များစွာရှိခဲ့သည်။ ဒါကြောင့်ပင် တစ်ဦးတစ်ယောက် ကြောင့် တကယ့် အသင်းကြီးအပေါ် စေတနာပါပါ လုပ်ဆောင်ခဲ့တာဝန်ကျေခဲ့ ကြသည်။ လူငယ်၊ လူရွယ်၊လူကြီးများ စိတ်အနာ ကြီးနာကာ အသင်းကြီးနှင့်ဝေးရာ သို့ ရောက်ရှိသွား ကြလေခြင်းမှာ အလွန်နစ်နာလှပေသည်။ တက်ကြွစွာ တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ခဲ့သည့် အမျိုးသမီးများလည်း အပြင်လောကသို့ ရောက်သွားကြသူတွေ ကလည်း များစွာရှိခဲ့သည်။ ဒေါ်စန်းစန်း၊ ဒေါ်မော်၊ ဒေါ်စန်းစန်း ပုသိမ်ညွန့်ရပ်ကွက် ကတော့ စန်းစန်းဆိုတဲ့ ရပ်စည်းနဲ့ နာမည် တွေ အတော်ထွက် သည်။ ဒေါ်ထွေးထွေး အောင် အဖွဲ့အစည်းအတွက် တက်ကြွစွာ လှုပ်ရှား ခဲ့ကြသူတွေ ဖြစ်သည်။ ဦးကျော်သိန်းမောင် (နေကာမျက်မှန်လေး သီချင်းရေးသူ)၊ ကိုအောင်နိုင်မြင့်(ခ) ကိုပါကြီး အတွင်းရေးမှူးကားကို အချိန်ပြည့်မောင်းပေးခဲ့ရပြီး ကိုယ့်တပည့်လက်သား ဘယ်လို အဆင်ပြေ အောင် ဆောင် ရွက်ပေးမည် မရှိ၊ ချေးထားသောငွေ ပြန် ဆပ်ခိုင်းရာမှ အိမ်ရောင်းပြီးပြန်ဆပ်ခဲ့ရသူ စိတ်ဓာတ် များကျဆင်းကာ ယခုတော့သူတို့ တစ်တွေ ၀ဋ်ကြွေးများဆပ်၍ လွတ်လပ်စွာဘ၀တစ် ပါးသို့ ပြောင်းသွား ခဲ့ပြီ ဖြစ်သည်။ မိမိတို့ အနေဖြင့် စေတနာမှန်ကန်စွာ အသင်းကြီး တွင် ကိုယ်ကျိုးမဖက်ဘဲ ပါတီပြောင်းပြီး အချိန် အထိတာဝန်ကို ကျေပွန်စွာ အတူ တကွဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုလို၍ ယခုလို အမည်နာမများ စာရေးသူ အနေဖြင့် ဖော်ပြရခြင်းဖြစ် သည်။ ဘ၀သစ်သို့ ပြောင်းရွှေ့သွားကြသော မအူကုန်းရပ်ကွက်မှ ဒေါ်နီနီသိန်း (နေပြည်တော်တွင် မူးယစ်ဆန့်ကျင်ရေး တာဝန်ထမ်းဆောင်ရင်း ယာဉ်မတော်တဆ ဖြစ်၍ ကွယ်လွန်ခဲ့သူ)၊ ဦးအောင်နိုင်မြင့် (ခ) ကိုပါကြီး၊ နေကာမျက်မှန်လေး သီချင်းရေးဆရာ ဦးကျော်သိန်းမောင်)တို့ သည်လည်း စေတနာမှန်ကန်စွာ ရိုးသားစွာ အသင်းကြီးအပေါ် ကျေပွန် စွာဆောင်ရွက်ခဲ့ကြသူတွေ ဖြစ်ကြ သဖြင့် ဘ၀အဆက်ဆက် ဒီလို ဘ၀ဟောင်းမှာ ကြံ့ခိုင်ရေးအသင်းကြီးတွင် ပါဝင်ခဲ့စဉ်က တွေ့ဆုံခဲ့ရသည့် မိမိ ကိုယ်ကျိုးသာ ကြည့်တတ်သူ၊ စာနာမှုကင်းမဲ့သူ၊ သွေးခွဲသပ်လျှို အုပ်ချုပ်သူများ လူစားမျိုးတွေနဲ့ မတွေ့ပါစေ လို့ ဆုတောင်းမေတ္တာ ပို့ပေး နေရင်းဖြင့် သူတို့တစ်တွေ ၀မ်းသာကြည် နူးနှစ်သက်ကြ လိမ့်မည်ဖြစ်သည်။ ငွေ ကြေး ပြည့်စုံသည့် လုပ်ငန်းရှင်ကြီးများထဲမှ ကြံ့ ခိုင်ရေးအသင်းနှင့် ပါတီပြောင်းပြီးချိန်အထိ ပါဝင်ခဲ့ကြသည့် ရပ်ကွက်စည်းမှူးများလည်း ရှိခဲ့သည်။ ရွှေဆိုင်ပိုင်ရှင်ကို သန့်စင်ဦး (ယခုသာသနနုဂ္ဂဟ) ကိုအေးချို (ကား ၀ယ်/ရောင်း) သူတို့လည်း မရှိကြတော့ပြီ ဖြစ်သည်။
သူတို့ကပြောသေးသည် ခင်ဗျားတောင် နှစ် ၂၀လုံးလုံး အသုံးချခံခဲ့ရတာ ကျွန်တော်တို့လိုသူတွေအတွက်ရှိတဲ့ စည်းစိမ်တွေ ကုန်သွားလိမ့်မယ် ဟု ပြောခဲ့သည်ကို အမှတ်ရနေမိသည်။ သူတို့တစ်တွေလည်း ကိုယ့်အိတ်ထဲက ပိုက်ဆံစိုက်ထုတ် သုံးစွဲ၊ ကိုယ့်အိမ်က ကိုယ်ပိုင်ကားများဖြင့် အသင်းကြီးတွင်ဆီကုန်ခံ ပါဝင်လှုပ်ရှားကြ သူများ ကြာလာတော့ ကိုယ်ကျိုးရှာတတ်သည့် သူများကြောင့် ဝေးရာသို့ ရှောင်ရှား ကြလေကုန်တော့သည်။
၂၀၀၁ ခုနှစ်တွင် ဂွင်ကျကွက်ဖြည့် လုပ်ငန်းစီမံချက်ဗဟိုမှ ချမှတ်တာဝန်ပေးအပ် ဆောင်ရွက်ခဲ့ကြရာတွင် မြို့နယ် အလုပ်အမှုဆောင်များမှ မိမိမြို့နယ်အတွင်းရှိ ရပ်ကွက်များကို နယ်မြေအလိုက် ခွဲ၍ တာဝန်ယူ ဆောင် ရွက်ခဲ့ကြသည်။ မြို့နယ် EC များမှ မိမိတို့တာဝန်ယူရသည့် ရပ်ကွက်များသို့ နေ့လယ်ပိုင်း ညပိုင်းအဆင်ပြေ မည့် အချိန်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြရာတွင် အောက်ခြေရပ်ကွက် စည်းရုံးရေး မှူးအဖွဲ့များအနေဖြင့် ဧည့်ခံ စရိတ်များ၊ လုပ်ငန်းသုံး ကုန်ကျစရိတ်များစွာ ကုန်ကျသုံးစွဲခဲ့ရသည့် ဗဟိုမှစီမံချက်အတွက် ချပေးမချပေး တော့။ မသိ တကယ်လက်တွေ့တွက် ရပ်စည်းများဘ၀က သနားစရာကောင်းနေသည်။ မိမိကိုယ်ပိုင် ငွေစိုက် ထုတ်၍လည်းကောင်း၊ ရပ်ကွက်ထဲရှိ လုပ်ငန်းရှင်၊ ခင်မင်ရင်းနှီးသည့် မိတ်ဆွေ များထံ အကူအညီတောင်း အလှူခံ၍လည်းကောင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ရာ ကြံဖန်၍ ရှာဖွေလုပ် ဆောင်ခဲ့ကြရသည်။အောက်ခြေ ရပ်ကွက်များတွင် ဒီလိုဖြစ်ပေါ်ခဲ့သည့် ကိစ္စများဗဟိုမှလူကြီးများ သိမှသိပါ့ မလားဟု ထင်မြင်မိသည်။ ဗဟိုက တော့ ချမှတ်ပေးလိုက်သည့် ခွင်ပြည့် ကွက်ပြည့် ရည်ရွယ်ချက်က ကွင်းဆင်းဆောင်ရွက် ခြင်းဖြင့် စည်းရုံးရေး လုပ်ငန်းများ လျင်မြန် သွက်လက်စေရန်နှင့် စည်းရုံးရေးအား ပိုမို တည်ဆောက်နိုင်ရန် ရည်ရွယ်ချက်များ ထားခဲ့ သော်လည်း တကယ့်လက်တွေ့တွင် မူအောက်ခြေ၌ ဆံထုံးလည်းဆိုက် ဆီလည်းဆိုက်၊ လုပ်ငန်းစီမံချက် အောင်မြင် ဖို့ရာ ငွေကြေးရှာဖွေစိုက်ထုတ် သုံးစွဲခဲ့ကြရသည်က အောက်ခြေရပ်ကွက် စည်းရုံးရေး မှူးအမှုဆောင် အဖွဲ့တို့ပင်ဖြစ်သည်။ ဗဟိုမှ လုပ်ငန်းစီမံချက် အတွက် ရန်ပုံငွေများချပေး မချပေးသည်တော့ မသိ။ အောက်ခြေ သို့ ရောက်မလာသည်ကတော့ အမှန်ပင်ဖြစ်သည်။ စီမံချက်ဒဏ် အလူးအလဲခံခဲ့ရသည်က ရပ်ကွက် အောက်ခြေ စည်းမှူးများပင် ဖြစ်တော့သည်။
ယခုလိုရေးသား လိုက်ရတော့ ရင်ထဲနည်းနည်းတော့ ပေါ့သွားသည် ထင်မိသည်။ ဒါပေမဲ့ အထက်မှာ ရေးသား ခဲ့သလို ရေးလို့ ကုန်လိမ့်မည် မထင်၊ မိမိအား ကိုသန့်စင်ဦး (ရွှေဆိုင်လုပ်ငန်းရှင်) ပြောခဲ့ သည့် စကားပြန်လည် အမှတ်ရနေမိသည်။ ရိုးသားဖြောင့်မတ်သောသူများသည် တစ်ခါတစ်ရံ ရှုံးနိမ့်တတ်လေ၏။ သို့သော် ဘ၀ တစ် သက်လုံး လိပ်ပြာသန့်၏တဲ့။ မှန်ပေသည်။ သူကပြောသေးသည် ခင်ဗျားအခု လိုခံစားခဲ့ရတာတွေ၊ ကိုယ် တွေ့ ကြုံခဲ့ရတာတွေ၊ အသင်းကြီးကို အမှီပြုကိုယ်ကျိုး ရှာနေသူတွေအကြောင်းရေးသား ဖော်ပြတာတွေဟာ အဖွဲ့ အစည်းတွေအတွက် ကော၊ ပြည်သူလူထုအတွက်ပါ ဆောင်ရန် ရှောင်ရန်အမှန်ကိုမြင် အမှားကိုပြင် ကျွန် တော် တို့အားလုံး အကျိုးကျေးဇူးများစွာကို ရရှိစေခဲ့တယ်။ခင်ဗျားကိုကြည့်ရတာ အခုလို ကိုယ်တွေ့ ခံစားချက်တွေ ရေးနေတော့ ကိုရီးယားဇာတ်ကား အမည်တစ်ခုကို အမှတ်ရမိတယ်။ ဇာတ်ကားအမည်က“ရေမြေ ဆုံးစေ တော့” ဇာတ်ကားလေဟု ကျွန်တော်အား ပြောခဲ့လေတော့သည်။
မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald



No comments:
Post a Comment