Saturday, October 4, 2014

မိုးထိမြင့်မား စည်ပင်အခွန်အခများ

– ဦးဝင်းကြည် (အထပြ-ငြိမ်း)
သမ္မတကြီးခင်ဗျား ကိုယ့်လူတွေ ဘာဖြစ်နေကြတာ တုန်းဆိုတာ နောက်ပြန်ကြည့် ပါဦး။ကြွေးယူဖို့ပဲ စဉ်းစားမနေ ပါနဲ့၊ ကြွေးနဲ့ရပ်တည်နေရတဲ့ တိုင်းပြည်လည်း မကောင်းပါဘူး တိုင်းတစ်ပါးက ကြွေးယူ ပြည်သူကိုချေး၊ မဲဆွယ် နေကြတာလား . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၁၁-၈-၁၄နေ့က စည်ပင်ရေတိုင်အတွက် ငွေကောက်လာကြပါတယ်။ ဧပြီလ အတွက် ကောက်ရမှာကို သြဂုတ် လမှ လာကြတာပါ။ တစ်လ တစ်ခါ ကောက်ခံရ မှာပါ။ ၀န်ထမ်းနည်းလို့တဲ့။ ကျွန်တော်က လည်း ပင်စင်စားဖြစ် လို့ ငါးလအတွက် မပေးနိုင်ပါ။ ဧပြီ၊ မေနှစ်လအတွက် ၁၅၀၀ နှုန်းနဲ့ ၃၀၀၀ ပေးတော့ ဈေး
၁၅၀၀မှ ၃၀၀၀တက် သွားပြီတဲ့။ ဒါနဲ့ ၆၀၀၀ ပေးလိုက်ရပါတယ်။ တချို့ကျ တော့ ၁၅၀၀နှုန်းနဲ့လေးလတွက် ၆၀၀၀၊ လာကောက်တဲ့ သြဂုတ်လအတွက် နှုန်း သစ် ၃၀၀၀ကျပ် ပေါင်း ၉၀၀၀ ပေးလိုက် တယ်။ လက်ခံသွားတယ်။ အစိုးရဌာန တစ်ယောက် တစ်မျိုးကောက်နေတာကိုး။
နှစ်ဆတက်တယ်။
နောက်ကြောင်းပြန်ကောက်တယ်။
ရက်စက်လိုက်ကြတာ။
ဒီအစိုးရပြည်သူတွေ ငတ်ပြတ်နေတာ ကို ညှာရကောင်းမှန်းမသိဘူး။ သူတို့အ ပြောက ဒါတောင် ၀န်ကြီးချုပ်က ၄၅၀၀ ကောက်ခိုင်းတာတဲ့။ မီတာခ ၅ိ/ကလေး တက်တာတောင် တစ်ပြည်လုံးပွက်ပွက်ဆူ လို့ ယခုလည်း တစ်မြို့လုံး ပြောကုန်ကြ ပြီ။ မေတ္တာပို့နေကြပြီ၊ ပြည်သူ့မေတ္တာစူး ကြမနော်၊ တစ်ပြည်လုံးသိစေချင်လို့ရေး လိုက် တာ၊ အစိုးရရေတိုင်ရှိတဲ့မြို့တိုင်း တက်တော့မှာ ခံကြရတော့မှာ။…
မေးချင်ပါတယ်။
ဌာနတွေက တက်ချင်တိုင်းတက်လို့ရ ပါသလား။ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်သိပါသလား။ အစိုးရကော သိပါသ လား။ ဗဟိုကောသိပါသလား။
သူတို့ပါးစပ်ထဲက တက်ချင်တိုင်း တက်နေရင် ပြည်သူသေရောပေါ့။ ပြည်သူ ဗဟိုပြုအစိုးရကော ဖြစ်နိုင်ပါဦး မလား။
အကုန်လုံး သူတို့ဆီရောက်ကုန်ပြီ။ ပြည်သူတွေငတ်ကုန်ကြပြီ။ သူတို့ဆိုတာ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေ၊ ဘောင်းဘီချွတ်တွေရောပဲ။ ခရိုနီ၊ ခရိုစိမ်းတွေရောပဲ။
ပြည်သူနဲ့ဆိုင်တဲ့ ကိစ္စကို ပြည်သူ့ ကိုယ်စားလှယ်တွေပါတဲ့ လွှတ်တော်မှာ စဉ်းစားဆုံးဖြတ်ရမှာမဟုတ်လား။ လွှတ်တော်ကြီးက ဘာလုပ်ဖို့တုန်း။ သ၀ဏ်လွှာ အပေးခံရဖို့လား၊ အစိုးရဆိုတာ ပြည်သူ ကို နှိပ်စက်ဖို့မဟုတ် ဘူး။ အကာအကွယ်ပေးဖို့၊ လုံခြုံအောင်လုပ်ပေးဖို့ပါ။ အခု သူ့ ကြောင့် မလုံမခြုံဖြစ်နေတာ။ ရေတိုင် ““ခ””က အစ ၃၀ိ၊ ယခု ၃၀၀၀၊ အဆ ““၁၀၀””ရှိနေပြီ။ သူတို့ ““မကိုက်””တိုင်း တက်နေကြတာ၊ အဆီးအတားမရှိ၊ ပြည် သူဘက်က ပြောပေးမယ့်သူမရှိ။ ပြည်သူတွေ မှာ ပြောစရာတွေ အများကြီးရှိကြတယ်။ ပြည်သူ့ကိုယ်စားလှယ် ကြံ့ခိုင်ရေး အမတ်မင်းများလည်း မဲဆန္ဒရှင်ပြည်သူများ နဲ့ တစ်ခါမှ မတွေ့ဘူး။ ၂၀၁၅ ရွေးကောက် ပွဲအတွက် တော့ မမျှော်လင့်ကြပါနဲ့။
ကျွန်တော်တို့ ရေတိုင်က ကိုယ်ထူ ကိုယ်ထ (၁၅)အိမ်စုလုပ်ထားတာ။ ““လူ ကြီး””ကို တစ်အိမ်ထောင် ၇၀၀ နှုန်းပေးရတယ်။ ဌာနတိုင်းရှိတယ်။ အမြစ်တွယ်နေပြီ။ ဆိုင်ကယ်လိုင်စင်သက်တမ်းတိုး လျှောက်လွှာထဲ ၁၀၀၀ ညှပ်ပေးလိုက်ရ တယ်။ လမ်းကကိုယ်ထူကိုယ်ထ၊ ကတ္တရာရဖို့ ဆန်တစ်အိတ် ဆီတစ်ပုံးပေး ရတယ်။ မီးတိုင်က လည်း ကိုယ်ထူကိုယ်ထ၊ တစ်အိမ်ထောင် သုံးသောင်းကျတယ်။ ပြည်သူ အတွက် အစိုးရလုပ်ပေးတာ ““ဘာ”” ရှိတုန်း။ ဘာမှ လုပ်မပေးရင် ဘာအခွန်မှ မကောက်နဲ့ပေါ့။
မြို့ပေါ်က လမ်းတွေအားလုံးလိုလို ကိုယ်ထူကိုယ်ထ၊ အထုပ်ကြီးတွေနဲ့လမ်း ဖွင့်ပွဲက လုပ်ပေးရသေးတယ်။ လူကြီးက ဖွင့်ပေးမှ ဂုဏ်ရှိတယ်လို့ ထင်နေကြလား တော့မသိပါဘူး။ တချို့ကတော့““အထက် မှ””ဖွင့်ခိုင်းတာ၊ တစ်ခါတည်း အထုပ်ဘယ် နှထုပ်ဆိုတာ ပြောသွားတယ်။
ဆိုင်ကယ်ဘီးခွန် ၅၀၀မှ စကောက် တာ ယခု ၃၀၀၀ရောက်နေပြီ။ ကောက် သူ ၂၀၀၊ ရုံး ၂၈၀၀။ ကောက်သူ များဟာ လည်းဝန်ထမ်းများမဟုတ်ကြဘူး။ လုပ်ချင် သလိုလုပ်၊ ဖြစ်ချင်သလိုဖြစ်နေတာ။ ဘာ အတွက်ကောက် တာတုန်း လမ်းပြင်ဖို့လား၊ လမ်းတွေအားလုံးလိုလို ကိုယ်ထူကိုယ်ထ ဖြစ်နေပြီ။ ကောက်ချင်ရင်လည်း ကိုယ်ထူ ကိုယ်ထလမ်းတွေပေါ် မကောက်ပါနဲ့။ ဒါမှ မဟုတ် ကိုယ်ထူကိုယ်ထမခိုင်းပါနဲ့။ ကောက် သူ ပြင်ပေါ့။ လမ်းပေါ် မှာ ဆိုင်ကယ်တွေ ဖမ်းကောက်တယ်။ မတန်တဆဆိုတော့ မပေးချင်ကြဘူး။ ပြေးကြရော အန္တရာယ် များပါ တယ်။ တစ်ခါကမြို့ဝင် ခွန်ကောက်တယ်။ ဆိုင်ကယ်နဲ့အတက်ကြီး တက်လာတာ ကုန်းထိပ်မှာရပ်ခိုင်းတယ်။ ရပ်ရင် လျှောကျတော့မှာ၊ နလပိန်းတုံးတွေ။
အခွန်ပေးရမယ်ဆိုတာ ပြည်သူတွေက သိပါတယ်။ မျှတတဲ့အခွန်ဆိုရင် ““က””ပြီး ““ရုံး””လာဆောင်မှာ။ တစ်ခါ တုန်း က ““ပဲ””သွင်းဖို့ လယ်သမားတွေလှည်း တွေနဲ့ တန်းစီလို့ အလကားယူမယ့် လူက မရောက်သေးဘူး။ တရား လက်လွတ် ကောက်ချင်တိုင်းကောက်၊ ပြည်သူအတွက် ဘာမှလုပ်မပေးဘူးဆိုရင် မပေးချင်ကြဘူး။ ဈေး ထဲ ခဏ၀င်တယ်။ ကားလေးဝင်းထဲ ခဏ၀င်တယ်။ ၂၀၀ ပေးရတယ်။ ၁၀၀ဆိုရင် မသင့်ဘူးလား။ အခွန်ဆောင် ရတာများတော့ ကောက်ရတာလည်း များပြီပေါ့။
၆ လတစ်ကြိမ်ကောက်တဲ့ စည်ပင် ခွန်အကြောင်းပြောမယ်။
(က)အိမ်နှင့်မြေယာခွန်။ (တိုးကောက် ချင်သလို ကောက်တယ်။ တန်ဖိုးကိုသူတို့ ဆုံးဖြတ်ချင်သလို ဆုံးဖြတ်၊ ကောက်ချင်သလို ကောက်ကြတော့တာပဲ)
(ခ) ရေခွန်။ (မြို့ထဲမှာ လမ်းဘေးရေတိုင် မရှိသလောက်ပဲ၊ ကျွန်တော်တို့ ရပ်ကွက်မှာတော့ လုံးဝမရှိဘူး။ ကောက်မြဲ ကောက်တာပဲ)
(ဂ) လမ်းမီးခွန်။ (လမ်းမီးကိုယ်ထူ ကိုယ်ထတပ်ထားရတယ်) ကျွမ်းသွားရင် လျှပ်စစ်ခေါ်ပြီး အသစ်လဲရတယ်။ ပါးစပ်နဲ့ ခေါ်ရုံနဲ့မရဘူး။ ဒါစည်ပင်လုပ်ရမှာ မဟုတ်လား)
(ဃ) အမှိုက်ခွန်၊ (အမှိုက်နိုင်အောင် မသိမ်းနိုင်ဘူး။ နံစော်လို့ ကျွန်တော်တို့ လမ်းအမှိုက်မသိမ်းဘူး)
စည်ပင်က ပြည်သူတွေအတွက် ဘာလုပ်ပေးတုန်းကြည့်ရအောင်။ ရေစီးရေ လာကောင်းဖို့ မြောင်းတွေ ဖောက် ပေးနိုင်သလား။ ကိုယ့်အိမ်ရှေ့ ကိုယ်ဖောက်ထားတဲ့ မြောင်းလေးတွေတော့ ရှိပါရဲ့။ တချို့ ကျတော့ စည်ပင်က တူးပေးတယ်။ ပြီးတော့ ပိုက်ဆံတောင်းတယ်။ မုံရွာမြို့ပတ်လည်မှာ ရေကြီး၊ မိုးကြီးရင် ရေတွေထည့် ထားဖို့ သဘာဝက ပေးထားတဲ့ လက်ဆောင် အင်းကြီးတွေရှိခဲ့တယ်။ ခုအိမ်တွေ ဖြစ်ကုန်ပြီ။ မုံရွာတောင်မှာရှိတဲ့ အင်းရဲ့ တစ်ပိုင်းကို ““ရွှေနဂါးမင်း””ကိုပေးထားတယ်။ မြောက်ရှိတဲ့ အင်းတစ်ဝက် ““၀င်းယူ နတီဟိုတယ်”” ဖြစ်နေပြီ။ သူတို့ ဘိုးဘွားပိုင်ကျလို့ ““ရော့အင့်””လို့ ပေးလိုက်ကြတာ။ ဒီလိုပေးလည်းဖြစ်သကိုး၊ တရားဝင်သကိုး၊ ဘယ် သူတွေဘယ်လောက်ရလို့ လုပ်လိုက် ကြတာတုန်း၊ အခုတော့နည်းနည်းကျန် သေးတယ်။ သူတို့ ဆက် အုပ်ချုပ် ကြည့် ““ကုန်””မှာ။ မြို့လယ်ကောင်က အင်းကြီး တောင် ရောင်းစားပစ်လိုက်ကြပြီ။ တိုက် တွေ၊ အိမ်တွေဖြစ် ကုန်ပြီ သူတို့ ခေတ် သူတို့လုပ်ချင်သလိုလုပ်ပစ်ကြတော့ တိုင်းမှူးရဲ့ တစ်သွေးတစ်သံတစ်မိန့်နဲ့ လုပ်လိုက် တာ။ ““ရ””တဲ့သူတွေကတော့ ““ရ””သွား ကြပါပြီ။ ခံရတာက မြို့ခံတွေ၊ ရပ်ကွက် တွေ ရေနစ်ကုန်ပြီ။ အင်းကြီးတွေ မရှိတော့ ရေသွားဖို့ နေရာမရှိတော့ဘူး။ လမ်းဘေး မြောင်းတွေတူးရတော့တယ်။ ရေကမစီး၊ ခြင်မွေးမြူ ရေး လေ၊ မိုးများရွာပြီဆိုရင် တစ် မြို့လုံးရေတွေ ဖွေးလို့။ တချို့ရပ်ကွက် စက်မောင်းပြီး မြစ်ထဲထုတ်ရတယ်။ အဆိုး ဆုံးကြေးရုပ်နဲ့နာရီစင်တစ်ဝိုက်ကို စည်ပင်က ကားတွေနဲ့ စုပ်ယူရတယ်။ ရေ၀ပ်တော့ ခနော်ခနဲ့လမ်းတွေလည်း ပျက်ပြီပေါ့။
ပြည်သူတွေ အပန်းဖြေဖို့ ပန်းခြံတွေ စိုက်ပေးနိုင်သလား၊ မရှိပါ။ ရာပြည့်ကပ် ကျော်စေတီတည်ရှိရာ ကန်သာ ယာမှာ တောင် အရက်ဆိုင်တွေနဲ့ ““သူတို့””က ဘုရားထက် တန်ခိုးကြီးပေတာကိုး။
ကလေးကစားကွင်းတွေ ဆောက်ပေး နိုင်ရဲ့လား၊ ပိုက်ဆံယူငှားထားတဲ့ ကလေး တွေ ပိုက်ဆံပေးကစားရတဲ့ ကစားကွင်းတော့ ကန်သာယာမှာရှိပါရဲ့။ လှပသာ ယာရေးအတွက် မြို့လယ်ဗိုလ်ချုပ်အောင် ဆန်းလမ်း တစ် လျှောက် ပန်းပင်များရှိပါ တယ်။ အခြားဘယ်နေရာမှ မရှိပါ။ ကန် သာယာမှာရှိတဲ့ ခရေပင်တန်းလေးတောင် မရှိတော့ဘူး။ ဈေးများသန့်ရှင်းသာယာအောင် လုပ်ပေးနိုင်ရဲ့လား။ မီးဘေးကင်း အောင်လုပ်ပေးနိုင်ရဲ့လား၊ ကြားရတာ မကောင်းဖူးနော်။ သော့ကိုင်ကဈေးမှာ မရှိဘူးတဲ့။ မလောင်ခင်ညတိုင်းရှိတဲ့ ဈေးမီး သတ်ကားက လောင်တဲ့ ညမရှိဘူးတဲ့။ ဈေး နဲ့ပတ်သက်ပြီး ဆက်ပြောမယ်။
အသားခွဲတမ်းရကြတယ်။
ဖမ်းလာတဲ့ အသီးအရွက်တွေက ခြေထောက်ပေါက်ပြီး သူတို့မီးဖိုချောင်ထဲ အသော့ကလေး ပြေးဝင်သွားကြ တယ်။ ဖမ်းတဲ့နေရာလည်း ဆွဲလားရမ်းလားအ ကြမ်းပတမ်း၊ ဆဲတာကပါသေး။ ခြေ ထောက်နဲ့ ကန်လိုက်သေး။
မဆိုင်ဘူးနော် ပြောချင်လို့ကိုထည့် ပြောတာ။ လယ်သမားတွေ စိုက်ထားတဲ့ အပင်ပေါက်ကလေးတွေ သေကြ ပါစေ တော့ဆိုတဲ့ စေတနာတွေနဲ့ ပျိုးပင်ကလေး တွေပေါ် တွားသွားပြီး စစ်ရေးလေ့ကျင့်နေ ကြတဲ့ စစ်သားကြီး တွေ ကြည့်ကောင်း လွန်းလို့ပါ။ ပြင်ပရန်သူမရှိ အချင်းချင်း တိုက်ကြဖို့ပါ။ ဘယ်သူသေသေ ပြည်သူ တွေပါပဲ။ သိကြဖို့ ကောင်းပါပြီ။ နာကျင် အောင်လုပ်တာတောင် မကောင်းဘူးဆိုရင် သေအောင်လုပ်တာကျတော့ ပိုမ ကောင်း တာပေါ့။ ရပ်ကြပါတော့။ ပြည်သူတွေ၊ ကလေးတွေခံနေကြရတာ““လူကြီး”” တွေက မခံရဘူးနော်။
““အရည်အချင်းရှိသူ ယဉ်ကျေးတယ်””
““လူရမ်းကားဟာ ငမိုက်သားပဲ””
ရေတိုင်အတွက် ၁၅၀၀မှ ၃၀၀၀ နှစ်ဆတိုးကောက်တယ်။ ရေမီတာနဲ့ကောက် လိုက်၊ လပေးကောက်လိုက် ခဏ ခဏ ပြောင်းတယ်။ ခုတချို့ ရေမီတာနဲ့ တချို့ လပေးကောက်တယ်။ အစိုးရဌာန ကြီးက ဖြစ်သလို လုပ် နေတာတွေ၊ မြို့ထဲရေတိုင် တွေ တချို့ရေမလာဘူး။ ကျွန်တော်တို့ ရပ်ကွက်ရေကောင်းကောင်း မလာတာ ၁၅ရက် ကျော်ပြီ။ မလာဘူးတော့ မဟုတ်ဘူး။ မနေ့ကတစ်စက်နှစ်စက် ဒီနေ့နှစ်စက် တစ်စက်လာတယ်။ မန္တလေး လျှပ်စစ်က ပြောတာဖတ်လိုက် ရတယ်။ ထရန်စဖော် မာပျက်ရင် ၃နာရီနဲ့ အပြီးပြင်နိုင်တယ်တဲ့။ မုံရွာ မှာစက်တွေ ပျက်နေလို့တဲ့ ပြည်သူ အပေါ်စေတနာထားဖို့တော့ လိုတာပေါ့။ ပြည်သူ့လခယူထားတဲ့ ၀န်ထမ်း တွေပဲ။
စည်းပျက်၊ ကမ်းပျက်တွေကပါ သေး တယ်။ ““ပေး””ထားတဲ့သူတွေနဲ့ စည်ပင် ၀န်ထမ်းတွေပဲ။ အောက်အိမ် တွေက မော် တာနဲ့စုပ်တော့ တစ်စက်နှစ်စက်တောင် မလာတော့ပါဘူး။ မူလပိုက်ကြီးရဲ့အပေါ် ပိုင်းက ဖောက် သွယ်ရမယ့်အစား အောက် ကဖောက်တယ်။
ဒီစာရေးနေတာ ၁၅ ရက်မကဘူး။ ဂရုစိုက်ပြင်နေလို့ပါ။ ရေကောင်းကောင်း မလာတာလည်း ၁၅ရက်လောက် ရှိပြီ။ ပြည်သူတွေ သောက်ရေ၊ သုံးရေ၊ ချိုးရေ ပြတ်နေကြပြီ။ ၁၅၀၀ကနေ ၃၀၀၀တိုး ကောက်တဲ့လမှာ ဖြစ်နေ တာ။ နိုင်ငံ့ခေါင်း ဆောင်ကြီးတစ်ယောက်ပြောတာ ကြားလိုက်ဖူးတယ်။ ““Wealther မကောင်းရင် အသစ်လဲ လိုက်တဲ့”” ခုလည်း အသစ်လဲရင် ဒီလောက်မကြာနိုင်ပါဘူး။ ၀န်ထမ်းတွေ မပြောဘူးနော်။ သူတို့ရေစိုကြီးနဲ့ ကြိုး စား လုပ်ကိုင်နေကြတာ မျက်မြင်ပဲ။ ၀န်ထမ်းဆိုတာ အထက်က အမိန့်ရမှ လုပ်နိုင်တာ၊ အမိန့်ပေးနိုင်တဲ့သူက ပြည်သူကို ထောက်ထားညှာတာတတ်ဖို့ လိုပါတယ်။ ““ပြည်သူ့ ကိစ္စ၊ ကိုယ့်ကိစ္စ””လို သဘောထားတတ် ဖို့လို ပါတယ်။
မီးရထားလည်း ရှုံးတယ်။ ရေကြောင်း လည်းရှုံးတယ်။ မွေးမြူရေးနဲ့ရေ လုပ်ငန်း တော့ မပြောနဲ့ သူအဆိုးဆုံးပဲ။ ဌာနတိုင်း ရှုံးနေကြတယ်။ ပညာရေးဌာနတောင်ပါသေး။ ဘာတွေရှုံးနေတာပါလိမ့်။ အခုမှ သိကြတာလား။ အံ့သြစရာပါ။ ဌာနတိုင်း သိန်းထောင်ချီ အကြွေးတင်နေကြတယ်။ မဆပ်နိုင်ကြဘူး။ ဘယ်လိုလုပ်ကြမှာ တုန်း။ ပြည်သူ့ငွေတွေနော်၊ ဌာနသာရှုံးတာ သူတို့တော့ဝဖီးလို့။ သမ္မတကြီးခင်ဗျား ကိုယ့်လူတွေ ဘာဖြစ်နေကြတာ တုန်းဆို တာ နောက်ပြန်ကြည့်ပါဦး။ ကြွေးယူဖို့ပဲ စဉ်းစားမနေပါနဲ့၊ ကြွေးနဲ့ ရပ်တည်နေရတဲ့ တိုင်းပြည်လည်း မကောင်းပါဘူး။
ကျွန်တော်တို့ တိုင်းပြည် ဒီလိုဖြစ်စရာအကြောင်းမရှိပါဘူး။ တိုင်းတစ်ပါးက ကြွေးယူ – ပြည်သူကိုချေး၊ မဲဆွယ် နေ ကြတာလား ““ထိုင်း””က ““သက်ဆင်””လိုပဲ ပြည်သူ့ငွေတွေနဲ့ ပြည်သူကို အကြိုက်လုပ်ပေး၊ မဲဆွယ်၊ အာဏာရ၊ အာဏာရတော့ ကိုယ့်အတွက် လုပ်ချင်သလိုလုပ် ဒီအချိုးပဲ။
ကျွန်တော်တို့ တိုင်းပြည်မှာ သယံဇာ တတွေထွက်ခဲ့တယ်။ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ရေနံ၊ ဓာတ်ငွေ့ တွေထွက်ခဲ့တယ်။ န၀တပတ္တမြားကြီး တောင်ပါသေး။ ရှိသေးလား၊ ဘယ်ရောက် သွားပြီလဲ။ ကျွန်း၊ အင်ကြင်း၊ သစ်ရာ၊ ပျဉ်းကတိုး၊ ပိတောက်၊ ရေတမာ၊ အသားမျိုးစုံထွက်ခဲ့တယ်။ ရှိသေးလား။ ဘယ်ရောက်ကုန်ပြီလဲ။ ဘယ်သူတွေဘာလုပ် လိုက်ကြတာလဲ။ ဘယ် ဗိုလ်ချုပ်ကြီး (အဟောင်းရော၊ အသစ်ပါ) ဗိုလ်ချုပ်တွေ ““ပါ””ကြတုန်း။ ဘယ်လောက် ရလိုက်ရှာတုန်း။
တိုင်းပြည်ကတော့ ကြွေးတွေနဲ့ မွဲမြဲ မွဲလျက်၊ တစ်ကမ္ဘာလုံး(တရုတ်မပါ) အကူအညီတွေပေးနေကြတယ်။ ချေးငွေ လျှော်တယ်။ ငွေသား အကူအညီပေးတယ်။ အမေရိကန်၊ EU ၊ အင်္ဂလန်၊ နော်ဝေ၊ ဒိန်းမတ်၊ သြစတြေး လျ၊ ဂျပန်၊ အစ္စရေးတို့က အလီလီအကူအညီပေးကြတယ်။ တချို့က နည်းပညာအကူအညီ ပေးတယ်။ အောက် ခြေ အထိဆင်းပြီး အကူအညီပေးကြတယ်။ အများကြီးပဲ။ တိုင်းပြည်လေးနဲ့တောင် မမျှဘူး။ တက္ကသိုလ်တွေ လူချင်းတူဖို့ ကူညီတယ်။ ဓာတ်ငွေ့ရောင်းရငွေတွေ ရှိတယ်။ ပိုက်လိုင်းဖြတ်ခရတဲ့ ငွေတွေရှိမယ်။ သယံဇာတ တူးဖော်ခွင့်မှ ရတဲ့ငွေတွေရှိမယ်။ သီးစားခြစားလို့ရတဲ့ ငွေတွေရှိမယ်။
ပြည်တွင်းပြည်ပ အားလုံးပေါင်းလိုက် ရင် ပြည်တွင်းအခွန်တွေ တိုးကောက်ဖို့ လိုပါ့မလား။ ကျွန်တော်တို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတောင် ငွေလိုအပ်တာတွေရှိတယ်။ လုပ်အားပေးတို့၊ ချီတက်ပွဲတို့မှာ တစ်ယောက် ““တစ်ခွက်တစ်ခု”” ကျွေးရတယ်။ ဘုန်းကြီး စာပြန်ပွဲအတွက် ငွေလိုတယ်။ ပြည်သူ့ဆီက မကောက်ဘူး သူ ဘာသာ ကြည့်လုပ်သွားတာ။
ပြည်သူကို မနှိပ်စက်ဘူး။
မုသားဖြစ်မှာစိုးလို့ လိုတာထပ်ဖြည့်မယ်။
တရုတ်က မြင်းမိုရ်တောင်လောက်ရ ပြီးမှ ဆီးစေ့လောက် ““ဟိုတို့တိ၊ ဒီတို့တိ”” ““အိပ်ချင်မူးတူး”” ကူနေတယ်။ သယံဇာတ တူးဖော်တဲ့နေရာမှာကျွန်မွေးရမှာ။ ““ဒင်း”” တို့က သခင်မွေးတယ်။ တရုတ်ကြောင့် ပြည်သူတွေ ခံနေရတာအများကြီးတော်ပြီ။
တစ်ခုတော့ ထပ်ပြောမယ်။ ပြည်သူတွေ မွဲနေကြပြီ။ ငတ်နေကြပြီ။ ဒီအထဲ အစိုးရ အခွန်တွေ အဆမတန်တိုး ကောက် တိုင်းကလေးများစားရမယ့်ထဲက၊ ဆေးကု ရမယ့်ထဲက ပညာသင်ရမယ့်ထဲက ဖဲ့ပေး နေရတာနော်။ ဒီလိုသာ တိုးကောက်နေရင် နတ်များလို အငွေ့ပဲစားရတော့မှာ။ ဆေးလည်းမကုနိုင်၊ ပညာလည်းမသင်နိုင် ဖြစ်ကြရတော့မှာပါ။
အခွန်တိုင်း တိုးတယ်၊ တိုင်းပြည်တိုး တက်ရဲ့လား။ မတိုးတက်ရင် လုပ်ပုံမဟုတ် လို့ဘဲ။ ပြည်သူအတွက် မလုပ် ဘဲ ကိုယ့်အတွက် လုပ်နေကြလို့ပဲ အခုအခြေအနေမှာ တိုင်းပြည်တိုးတက်တယ်လို့ မပြောနဲ့ မယုံရေးချ မယုံ၊ ““ဒင်း””တို့တိုးတက်နေ တာ။
တိုးတက်အောင်လုပ်နိုင်ရင် အစိုးရ ““ကောင်း””၊မလုပ်နိုင်ရင်အစိုးရ““မကောင်း””။
““ပြည်သူကိုချစ်တဲ့၊ ပြည်သူက ချစ်တဲ့ အစိုးရမျိုး လိုချင်တယ်””

မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald

No comments:

Post a Comment