“မြန်မာလူမျိုးများရဲ့ နိုင်ငံရေးအသိအမြင် ဗဟုသုတ နိမ့်ကျနေသေးတော့ ဒီမိုကရေစီစနစ် အောင်မြင်ပါ့မလား”
အသက် ၂ဝ၊ ၂၅ နှစ်ဝန်းကျင် လူငယ်လေးတွေရောက်လာ၊ စကားပြောကြတိုင်း ဒီမေးခွန်းတစ်ခုကို မေးမြဲဖြစ်ပါတယ်။ သူတို့စိတ်ထဲမှာ အနောက်နိုင်ငံကြီးတွေလို ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီးတွေမှ ဒီမိုကရေစီ အောင်မြင်နိုင်တယ်လို့ ထင်မှတ်နေကြဟန် ရှိပါတယ်။ တချို့ကတော့လည်း နိုင်ငံရေးဆိုတာ နှာခေါင်းရှုံ့စရာလို့ယူဆပြီ
အပေါ်ယံမှာ ဝေ့ကာဝဲကာ
ရေပေါ်ဆီ လူတန်းစားဆိုတာက အများအားဖြင့် ခေတ်တိုင်းခေတ်တိုင်းမှာ ရေပေါ်ဆီလို အပေါ်ယံမှာချည်း ဝေ့နေလေ့ရှိလို့ ရေပေါ်ဆီ လူတန်းစားလို့ ခေါ်တာဖြစ်တယ်။ သူတို့က မြို့ကြီးသားတွေဖြစ်တော့ လည်လည်ပတ်ပတ် ရှိကြတယ်။ ဘယ်သူတန်ခိုး ရှိသလဲဆိုတာ ကောင်းကောင်းသိပြီး တန်ခိုးရှိသူတိုင်းနဲ့ တည့်အောင်ပေါင်း၊ အမြတ်ထုတ်တတ်ကြတယ်။ ပေါင်းနေတဲ့သူ တန်ခိုးအရောင်မှိန်သွားရင် ချက်ချင်းစွန့်ခွာပြီး အရောင်တောက်သူကို ပြေးကပ်လေ့ရှိတယ်။ ရာသီဥတုကို လိုက်ပြီး အရောင်ပြောင်းတတ်တဲ့ ပုတ်သင်ညိုလို လူစားမျိုးတွေဖြစ်ကြတယ်။ ခေတ်တိုင်း ခေတ်တိုင်း အပေါ်ယံလွှာမှာချည်း ဝေ့ကာဝဲကာ နေကြလေတော့ လူတွေကို အမြဲတမ်း ငုံ့ကြည့်လေ့ရှိတယ်။ တန်ခိုးရောင် ပြိုးပြိုးပြက်ပြက် လက်တဲ့လူမဟုတ်ရင် ဘယ်သူ့ကိုမှ အထင်ကြီးတာမဟုတ်ဘူး။ ဒီတော့ လူတွေကြား ဘယ်တော့မှမနေဘူး။ လူတွေအကြောင်းလည်း ဘာမှမသိဘူး။ လူတွေအကြောင်း မသိတော့ တိုင်းပြည်နိုင်ငံ အကြောင်းလည်း ဘာမှမသိပါဘူး။ စင်ကာပူနိုင်ငံကြီး တိုးတက်ပုံတွေ၊ နယူးယောက်မြို့တော်ကြီး စည်ကားပုံတွေအကြောင်း အများကြီး ပြောနိုင်ပေမယ့် လယ်ဆိုတာဘာလဲ၊ ယာဆိုတာဘာလဲ၊ ကိုင်းဆိုတာဘာလဲလို့ မေးရင်တောင် မှန်အောင်ဖြေနိုင်တာ မဟုတ်ပါဘူး။
ဆယ်ဆသာတယ်
ဒီလို “လူပုတ်သင်ညို” တွေက တိုင်းရေး ပြည်ရေး၊ နိုင်ငံရေးဆိုတာ သူတို့လို ရေပေါ်ဆီတွေနဲ့ပဲ ဆိုင်တယ်၊ လက်လုပ်လက်စားလူ သာမန်တွေနဲ့ လားလားမှ ထိုက်တန်တာ မဟုတ်ဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရဆိုတာ ပညာတတ် ရေပေါ်ဆီတွေသာ သဘောပေါက် နားလည်နိုင်တာမျိုးဖြစ်တယ်။
လိမ်မှန်းညာမှန်းသိတဲ့ လူမျိုး
မြန်မာလူမျိုးဟာ တခြားနေရာများမှာ ညံ့ချင်ညံ့မယ်။ နိုင်ငံရေးအသိမှာတော့ ထိပ်တန်းကရှိနေတဲ့ လူမျိုးဖြစ်တယ်။ နယ်ချဲ့အစိုးရက ၉၁ ဌာနအုပ်ချုပ်ရေးတို့၊ ဒိုမီနီယံ အဆင့်ပေးမယ်တို့နဲ့ လှည့်စားခဲ့ပေမယ့် လိမ်တာကိုလိမ်မှန်းသိ၊ ညာတာကို ညာမှန်းသိလို့ လုံးဝလွတ်လပ်ရေးမှတစ်ပါး ဘာမှမလိုချင်ဘူးလို့ အပြတ်ပြောခဲ့တာပါ။ ပါးစပ်ပြောသာ မဟုတ်ဘူး။ လက်တွေ့မှာလည်း မရရတဲ့နည်းနဲ့ ယူမယ်ဆိုတာ အထင်အရှား ပြခဲ့တာပါ။ ဂျပန်ခေတ်မှာလည်း ဂျပန်ပေးတဲ့ လွတ်လပ်ရေးနဲ့တင် ကျေနပ်ရောင့်ရဲ မနေခဲ့ပါဘူး။ လိမ်တာကို လိမ်မှန်းသိလို့ တော်လှန်ရေးဆင်နွှဲ အောင်ပွဲခံခဲ့တာ ဖြစ်တယ်။ ရှေးလူကြီးတွေကသာ ပေးတာလေးယူပြီး ရောင့်ရဲနေလိုက်ကြရင် ဒီနေ့လွတ်လပ်တဲ့ မြန်မာလူမျိုးရယ်လို့ ရှိလာမှာ မဟုတ်ပါဘူး။
ရန်/ငါ ပြတ်လို့
လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ဘိုးဘွားများကို ကျေးဇူးတင်စရာ ကောင်းလှပါတယ်။ သူတို့တစ်တွေ ရည်မှန်းချက် တိကျခိုင်မာပြီး ရန်/ငါ ပြတ်သားခဲ့ကြလို့သာ လုံးဝတ်လွတ်လပ်ရေး ရခဲ့တာပါ။ ဒီကနေ့ အာဆီယံနိုင်ငံတွေထဲမှာ ဝင့်ဝင့်ကြွားကြွား ဖြစ်နေတဲ့ မလေးရှားနိုင်ငံဆိုရင် ၁၉၅၇ ခုနှစ်ကျမှ လုံးဝလွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရောက်ရှိလာခဲ့တာပါ။ အဲဒါကြောင့် မြန်မာလူမျိုးများကို နိုင်ငံရေးအသိ နိမ့်ကျတယ်ဆိုတဲ့ စကားကို လုံးဝလက်မခံပါဘူး။ မြန်မာပြည်က ရေပေါ်ဆီ “လူပုတ်သင်ညို” တွေလောက်က ပြောတာသာ မဟုတ်ပါဘူး။ အနောက်နိုင်ငံကြီးတွေက မြန်မာ့အရေး ကျွမ်းကျင်သူလို့ ကိုယ့်ဘာသာကိုယ် ကင်ပွန်းတပ်ထားတဲ့ “နိုင်ငံရေးဂုရု” ဆိုသူတွေ ပြောတာလည်း လက်မခံပါဘူး။ မြန်မာပြည်မှာနေပြီး နယ်ချဲ့ဒဏ်၊ ဖက်ဆစ်ဒဏ်၊ ပြည်တွင်းစစ်ဒဏ်တွေကို ကျောကော့အောင်ခံခဲ့ရတဲ့ မြန်မာလူမျိုးတွေလောက် နိုင်ငံရေးကို နားလည်တဲ့လူ ဘယ်မှာမှ မရှိနိုင်ပါဘူး။
မျက်နှာပြောင်သူတွေ
မျက်ကန်းမျိုးချစ်စိတ်နဲ့ ဒီလိုပြောတာ မဟုတ်ပါဘူး။ အဲဒီ ကိုယ့်ဘာသာကိုယ်ခန့်တဲ့ “ဂုရု” တွေရေးတဲ့ စာအုပ်တွေအများကြီး ဖတ်ထားဖူးလို့ ပြောတာပါ။ ဆင်စွယ်ရဲတိုက်ကြီးတွေထဲက စာအုပ်တွေထဲ လှန်လှောရှာဖွေပြီး သူများတကာ ရေးထားတဲ့ သီအိုရီတွေနဲ့ ချိန်ညှိပြီး ရေးသားထားတာမျိုးတွေသာ များပါတယ်။ နိုင်ငံရေးဆိုတာ သိပ္ပံပညာရပ်တစ်ခု ဖြစ်ပေမယ့် ဂဲဩမေတြီတွက်သလို၊ သင်္ချာတွက်သလို တွက်လို့ဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံရေးဆိုတာ လူတွေနဲ့ တိုက်ရိုက်ပတ်သက် နေတာဖြစ်လို့ လူတွေရဲ့ ဘဝ၊ လူတွေရဲ့ခံစားချက်ကို အလေးထားပြီး စဉ်းစားဖို့ လိုအပ်ပါတယ်။ လူတွေကြား မဝင်ဖူးတဲ့ရေပေါ်ဆီ “အီလစ်” တွေနဲ့ နိုင်ငံခြားသား “ဂုရု” တွေက မြန်မာလူမျိုးတွေရဲ့ ဘဝ၊ မြန်မာလူမျိုးတွေရဲ့ ခံစားချက်ကို မြန်မာတွေထက် ပိုသိတယ်လို့ ပြောရင်တော့ တော်တော်မျက်နှာပြောင်တိုက်
(ဆရာလူထုစိန်ဝင်း မကွယ်လွန်မီ ၂၀၀၉ ခုနှစ် အောက်တိုဘာ ၅ ရက်ထုတ် Favourite သတင်းဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါးကို ဆရာလူထုစိန်ဝင်း မိသားစု၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)
- အယ်ဒီတာအဖွဲ့
Credit - Eleven Media Group

(ဓာတ်ပုံ - Ludu U Sein Win Facebook မှ)
No comments:
Post a Comment