မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျားဘိုကျေးရွာမှ ကျောင်းပိုင်မြေအား
အလွဲသုံးစားရောင်းချ ခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်သူ
များအား ကျောင်း အကျိုးတော်ဆောင် မှ ကျောင်းမြေ ပြန်လည်အစားထိုး ရရှိရေးကို
တရားရုံးသို့ ဦးတိုက် လျှောက်ထားသည်ဟု သိရသည်။
မွန်ပြည်နယ်
ပညာရေးဌာနနှင့် ပေါင်မြို့နယ် မြေစာရင်းဦးစီးဌာန၏ တရားဝင်မှတ်တမ်းများအရ
အလယ်တန်းကျောင်းပိုင်မြေ ဧရိယာမှာ ၂ ဧက၊ မူလတန်းကျောင်းမြေမှာ ၀ .၆၉
ဧကရှိရာမှ ယခုအချိန်၌ အလယ် တန်း ကျောင်းမြေဧရိယာမှာ ၁ .၇၄ ဧကသာရှိသည့်အတွက်
ဝ .၂၄ ဧက လျော့နည်းနေခြင်းဖြစ်ကြောင်း ပေါင် မြို့နယ်
မြေစာရင်းဦးစီးဌာနမှ သိရှိရ သည်။
“အခုကျောင်းက အထက်တန်း
ကျောင်းခွဲအဖြစ် တိုးမြှင့်လိုက်ပြီဆိုတော့ ကျောင်းဆောင် သစ်ဆောက်ဖို့
မြေလိုလာတယ်။ ကျွန်တော်တို့မြေ အစားပြန် လိုချင်တယ်ပြောတယ်။ သူတို့ က
ရောင်းခဲ့ပြီးသွားပြီး ပြန်မပေးနိုင်ဘူးတဲ့၊ ကျေးရွာကလူကြီး
တစ်ယောက်ဖြစ်ပြီး အခုလို အလွဲသုံးစားပြုနေတဲ့အတွက် သူတို့ကျူး လွန်တဲ့
အပြစ်အတွက် ပြစ်ဒဏ်ကျ စေချင် တယ်” ဟု ကျောင်း အကျိုးတော် ဆောင်
နာယကဦးမြင့်စိန်က ပြော သည်။
အဆိုပါ အလယ်တန်းကျောင်း မြေဧရိယာအား
အတိအကျသိရှိရန် အတွက် ကျောင်း အကျိုးတော်ဆောင်များနှင့် ရပ်မိရပ်ဖများမှ
မြေစာရင်းဌာန နှင့် ပညာရေးဌာနသို့ စုံစမ်းခဲ့ရာ ၅ .၄ .၁၉၉၉ ရက်စွဲဖြင့်
ပေါင်မြို့နယ် မြေစာရင်းဦးစီမှူးမှ ကျောင်းဆောက် လုပ်ရန် အတွက် ရေးဆွဲ
သည့်ပုံစံ ၁၀၅ မြေပုံအရ ဒေါ်ကျင်မြိုင်အမည် ပေါက် လယ်မြေ ၂ ဧကအား ဒေါ်ညွန့်ရီ
ဆိုသူမှ ကျေင်းဆောက်ရန် လျှောက်ထားလာသဖြင့် ထုတ်ပေးသော မြေပုံဖြစ်သည်။
အဆိုပါလယ်မြေအား လယ်ယာ မြေကင်းလွတ်ခွင့်လျှောက်ခဲ့သဖြင့် လ/န ၃၉ မြေအဖြစ်
၁၉ .၁၀ . ၂၀၁၁ ရက်နေ့စွဲပါစာအရ မွန်ပြည် နယ် အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုး ရေးကောင်စီမှ အတွင်းရေးမှူး အောင်မော်မော်က လက်မှတ်ရေးထိုး၍
ကျောင်းမြေအဖြစ် တရားဝင်ပေါ်ပေါက် ခဲ့ခြင်းဖြစ်သည်။
“လျော့နည်းနေတဲ့
မြေတွေကို ဦးသောင်းရှင်၊ ဦးယဉ်ထွေနဲ့ ဦးဆန်း ဦးတို့ရောင်းချပြီး
ကိုယ်ကျိုး အတွက် သုံးခဲ့ကြတယ်။ ဒီလိုလုပ်တဲ့အတွက် ဥပဒေအရ အရေးယူပေးဖို့
ကျောင်း အကျိုးတော်ဆောင် ဦးမြင့်စိန်က ပေါင်မြို့နယ် တရားရုံးကို ဒီနှစ် ၉
လပိုင်း ၂၂ ရက်နေ့က ဦးတိုက်လျှောက်ခဲ့တာပါ“ဟု ကျောင်းအကျိုးတော် ဆောင်
ဒုဥက္ကဌ ဦးအောင်ငြိမ်းက ပြောသည်။
အဆိုပါ ကျောင်းပိုင်မြေအား ၂၀၁၄
ခုနှစ်တွင် ရယကဥက္ကဋ္ဌဖြစ်သူ ဦးသောင်းရှင်နှင့် ကျောင်း
အကျိုးတော်ဆောင်အဖွဲ့ဝင် ဦးယဉ်ထွေး တို့ ၂ ဦးသည် ကျေးရွာမူလတန်းကျောင်း
မြေဧရိယာ အချို့အား ငွေကျပ် ၁ သိန်းဖြင့် ရောင်းချခဲ့ကြောင်း ကျောင်း
အကျိုးတော်ဆောင် နာယက ဦးမြင့်စိန် က ပြောကြားခဲ့သည်။
ထို့နောက်
ကျားဘိုကျေးရွာ မူလတန်းကျောင်းအဆင့်မှ အလယ်တန်း ကျောင်းအဆင့်သို့
တိုးမြှင့်သည့်အချိန် ကျောင်အဆောက်အဦးများ အသစ်ဆောက်လုပ်ခြင်း၊ ကျောင်းခြံ
စည်းရိုးများ အသစ်ပြုပြင်သည့် အချိန်တွင် အလယ်တန်းကျောင်မြေ ၂ ဧကထဲမှ
အဆိုပါ ဦးသောင်းရှင်နှင့် ဦးယဉ်ထွေးတို့သည် ဒုတိယအကြိမ်
ကျောင်းပိုင်မြေပေ (၃၄x၃၄) ပေအား ဒေါ်ငြိမ်းတင် ဆိုသူအား ၁၃ .၁ . ၂၀၁၀
ရက်နေ့တွင် ငွေကျပ် ၈ သိန်း ဖြင့် ရောင်းချခဲ့ကြောင်းနှင့် တဖန် ၂၀၁၃
ခုနှစ်တွင် တဖန် တတိယအကြိမ်မြောက် ထပ်မံရောင်းချခဲ့ကြောင်း ၎င်းင်းက ဆက်လက်
ရှင်းပြခဲ့သည်။
အထက်ပါ ကျားဘိုကျေးရွာ အလယ်တန်းကျောင်မြေ ဧရိယာမှာ ၂
ဧကရှိကြောင်း ပေါ်ပေါက် လျှက်ရှိ သည်ကို သိရှိရသဖြင့် ကျောင်သား မိဘနှင့်
ကျောင်အကျိုးတော် အဖွဲ့မှ ပေါင်မြို့နယ် မြေ စာရင်းဦးစီးဌာနသို့
ကျောင်းမြေ အတိအကျသိရှိရန်အ တွက် မြေတိုင်းတာပေးရန် လျှောက် ထားခဲ့ရာ ၈ .၅
.၂၀၁၃ ရက် နေ့စွဲ ပါစာအရ မြေစာရင်းဦးစီးဌာနမှ ကျောင်း အကျိုးတော်ဆောင်
အဖွဲ့သို့ ပြန်ကြားစာတွင် ယခုလက်ရှိ အလယ် တန်းကျောင်းမြေသည် ၁ .၇၆ ဧက သာ
ရှိတော့သည်ဟု သိရှိရသည်။
သတင်း - MMK
The Ladies News Journal
No comments:
Post a Comment