– ဆောင်းဝင်းလတ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စက်တင်ဘာ ၂၈ရက်၊ ၂၀၁၄ခုနှစ် တနင်္ဂနွေနေ့ မနက်ခပ်စောစောမှာပဲ ရန်ကုန်မြစ်ရေပြင်ပေါ် ကျွန်တော် ရောက်နေ ခဲ့တယ်။ ဟိုမှာဘက်ကမ်းကို ကူးဖို့ ကူးတို့ သင်္ဘောကြီးပေါ်မှာပေါ့။ ခရီးသည်တွေ ကြားထဲ မှာပဲ အမျိုးသမီးလေးတစ်ယောက်က ပြုံးပြုံးရွှင်ရွှင်နဲ့ ““ဆရာဘယ်သွားမလို့ ပါလဲရှင့်”” ““သမီးကိုမှတ်မိ လား ဆရာ””လို့ နှုတ်ဆက်ပါတယ်။ ““စာရေးဆရာမကြီး မိုးမိုးအင်းလျားဆုံးတုန်းက
ဈာပနအခမ်း အနားမှာ ဆရာနဲ့ ဆုံခဲ့ဖူးတာပါ။ ဆရာက ဘာမှမကြောက်နဲ့သမီး၊ လုပ်ချင်တာလေးတွေ သွားလုပ်ပါလို့ အားပေးခဲ့တာလေ”” လို့ သူဆက်ပြောတော့မှ တဖြည်းဖြည်း သူ့ရဲ့ရုပ်ပုံလွှာကလေးကို မှတ်မိလာပါ တယ်။ ““သမီးက ဒီနေ့ဖျာပုံကို ခဏသွား မလို့ပါဆရာ၊ ဖျာပုံမှာ သမီးရဲ့အဒေါ်တစ် ယောက်ရှိလို့ပါ”” လို့လည်း သူကပြောပါ တယ်။ ““အဲဒီတုန်း က သမီးနဲ့အတူ တခြား စာပေ၀ါသနာရှင် ဆရာ၊ ဆရာမလေး တချို့လည်း ပါတယ်လေဆရာ””လို့ သူက ပြော နေ ပါတယ်။ အဲဒီတုန်းက ပုံရိပ်လွှာ ဟောင်းလေးတွေကို ဖျတ်ခနဲဆိုသလိုပဲ ကျွန်တော့်ရဲ့ စိတ်အာရုံထဲ မှာ မြင် ယောင် လာမိပါတယ်။ ဒီအမျိုးသမီးကလေးက ပညာရေးတက္ကသိုလ်က ဆရာမလေး တစ်ယောက်ပါ။…
ဆရာမ မိုးမိုး (အင်းလျား)ရဲ့ ဈာပနအခမ်းအနားကိုရောက်လာရင်း ကြံတောသုသာန်ထဲမှာရှိတဲ့ သတင်းစာ လောက၊ စာပေလောကထဲက တိမ်းပါးသွား ကြရှာပြီဖြစ်တဲ့ ဆရာ၊ ဆရာမတချို့ရဲ့ အုတ်ဂူတွေကို အမှတ်တရ ဓာတ်ပုံ သွား ရိုက်ချင်ကြတယ်။ ပြီးတော့ အုတ်ဂူတွေ ပေါ်မှာရှိတဲ့ ကွယ်လွန်သူတွေနဲ့ပတ်သက် တဲ့အောက်မေ့ဖွယ်ရာ စာတန်းလေးတွေ ကို မှတ်စုစာအုပ်ကိုယ်စီနဲ့ ရောက်တုန်း ရောက်ခိုက်မှာ လိုက်ပြီးတော့လည်း ကူး ချင်ကြ တယ်။ ဒါပေမဲ့ န၀တစစ်အစိုးရလက် ထက်ဆိုတော့ အဲဒီလို သင်္ချိုင်းဂူတွေထဲ ဓာတ်ပုံလိုက်ရိုက်၊ မှတ်စုစာ အုပ် တွေနဲ့ လိုက်မှတ်၊ ဗဟုသုတအမှတ်တရရှာဖွေ တာကိုပဲ အမြင်အထင်တွေ လွဲပြီးအရေး ယူဖမ်းဆီးဒုက္ခပေး မှာကို ကြောက်ကြလို့တဲ့။ အဲဒီလို လုပ်ရင်အရေးယူ ခံရဖို့ရှိလား ဆရာဆိုပြီး ကျွန်တော်နဲ့အတူ ဘေးမှာရပ် နေတဲ့ စာရေးဆရာကြီး သော်တာဆွေကို မေးတော့ ဆရာသော်တာဆွေက ““ဆရာ ရောက်ခဲ့ဖူးတဲ့နိုင်ငံခြား တိုင်းပြည် တွေမှာ ဆိုရင်လည်း စာရေးဆရာ၊ ကဗျာဆရာ ကြီး၊ ဆရာမကြီးတွေ၊ ပန်းချီပန်းပု ဆရာ ကြီး၊ ဆရာမကြီးတွေ နေခဲ့ဖူးတဲ့အိမ်အို အိမ်ဟောင်းတွေကို ပြတိုက်လုပ်ထားတာ ဒီလိုပဲ သွားလေ့လာနေကြတာပဲ။
ပြီးတော့ သူတို့ လုပ်ကိုင်သွားကြတဲ့ သူတို့ရဲ့ အနုပညာ လက်ရာဟောင်းတွေရယ်၊ သူတို့ရဲ့ သင်္ချိုင်းဂူဟောင်း တွေရယ် ကိုလည်း မှတ်မှတ်ရရလာပြီး ကြည့်ကြတယ်။ ဓာတ်ပုံ တွေရိုက်ကြ စာအုပ်တွေနဲ့ရေးကြကူးကြ တာတွေရှိတယ်။ ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေပဲ””လို့ အားပေးစကား ပြော လိုက်သလို ကျွန်တော်ကလည်း ““ဘာမှ ကြောက် စရာမလိုပါဘူး။ သွားပါ သွားကြပါ””လို့ အဲဒီဆရာမလေးနဲ့တခြား သူ့အဖော် အပေါင်းစာပေ ၀ါသနာရှင် လူငယ် လုံမငယ်တွေကို အားပေးစကားပြောခဲ့ဖူးပါတယ်။ ဒီလိုသုသာန်ဟောင်း၊ အုတ်ဂူဟောင်း တွေမှာ အား လုံးအတွက်ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတိုင်းအတွက် အောက်မေ့ဖွယ် သမိုင်းဖြစ်စဉ်တွေရှိနေ တယ်လေ။ တိုင်းတစ်ပါး နိုင်ငံတွေမှာဆိုရင် ဒီလိုပုဂ်္ဂိုလ်တွေရဲ့ ရုပ်တုကြီးတွေကိုလည်း တလေး တစား အမှတ်တရမြို့ ရွာတွေမှာ ထုလုပ်တည်ဖွဲ့ထားတာ တွေ့နေရပါတယ်။ လူပုဂ်္ဂိုလ်တွေရဲ့ အောက်မေ့ ဖွယ်ရာ တွေထဲမှာ သက်မဲ့ ရုပ်ဝတ္ထုပစ္စည်း အစိတ်အပိုင်း တချို့ကိုတောင် မှ နောင်လာ နောက်သားတွေ အမှတ်တရကြည့်ဖို့ လေ့လာဖို့ ဆိုပြီး ပြတိုက်ကြီးတွေမှာထားတာလည်း ရှိပါတယ်။ လတ်စ်ဗီးဂတ်စ်မြို့က “National Atomic Testing Museum” လို့ခေါ်တဲ့ အဏုမြူနဲ့ဆိုင်တဲ့ အမျိုးသားပြ တိုက်ကြီးကို ကျွန်တော်သွား လေ့လာခဲ့တုန်းကဆိုရင် ၂၀၀၁ခုနှစ်စက်တင်ဘာလ ၁၁ရက်နေ့ က အကြမ်းဖက် သမားတွေ ချေမှုန်းတိုက် ခိုက်ကြလို့ လူတွေ အများကြီး သေဆုံးပြီး ပြိုကျပျက်စီးဆုံးရှုံးခဲ့ရတဲ့ ““အမြွှာညီနောင် အဆောက်အအုံကြီးက သံသတ္တုအစိတ် အပိုင်းတချို့ကို မှန်ပေါင်ထဲမှာ ထည့်ပြီး အောက်မေ့ သတိရဖွယ်ရာ ပြသထားတာ ကြည့်ခဲ့ရဖူးပါတယ်။ ပြီးတော့ ကျွန်တော် ရောက်ခဲ့တဲ့ မြို့တချို့မှာဆိုရင် သင်္ချိုင်းဟောင်းတွေကို ဆက်လက်ပြီး အသုံးမပြုတော့ပေမယ့် သူ့မူရင်းမပျက် ခြံနဲ့ဝင်းနဲ့သစ်ပင် ပန်းမာလာတွေ၊ မြက်ခင်း ပသာဒအလှတွေနဲ့ ဆက်လက်ပြီးထိန်း သိမ်းစောင့် ရှောက်ထားတာ တွေ့ခဲ့ရပါတယ်။
““သမီးတို့ မှတ်တမ်းမှတ်ရာတွေ လိုက်ရှာဖွေကြပြီး ဓာတ်ပုံတွေရိုက်ကြ၊ စာတွေမှတ်စုတွေ ကူးခဲ့ကြဖူးတဲ့ ကြံ တော သင်္ချိုင်းကြီးလည်း စစ်အစိုးရတွေက မြေတူးမြေကော်စက်ကြီးတွေနဲ့ ဖျက်ဆီးပြီး မော်တော်ကား ပွဲစား တန်းလုပ်ပစ်လိုက်ပြီ နော်ဆရာ””လို့ ဘေးမှာထိုင်နေတဲ့ ပညာရေးတက္ကသိုလ်ဆရာမလေးက တဖွဖွပြော နေပြန် တယ်။
““လူ့ယဉ်ကျေးမှု အသိုင်းအ၀ိုင်းရဲ့ သမိုင်းတချို့ ရိုင်းစိုင်းသွားအောင် ဆင့်ကဲဆင့်ကဲအမိန့်ပေးစနစ်တွေနဲ့ စစ်အစိုးရက လူတွေကို မျက်စိပိတ်၊ နားပိတ်၊ ပါးစပ် ပိတ်တဲ့အထိ အမှောင်ထုထဲတွန်းပို့သွား ခဲ့ကြတာပေါ့ သမီးရယ်”“လို့ ကျွန်တော်က ပြောပြနေမိပါတယ်။
““သင်္ချိုင်းဂူတွေအပြင် အနုပညာရှင် ကြီးတွေရဲ့ ရုပ်တုတွေ အမှတ်တရထု အမှတ်တရထားခွင့်ကိုတောင် သူတို့က ပိတ်ပင်တားဆီးတာတွေ ရှိခဲ့သေးတယ် နော်ဆရာ””လို့ ဆရာမလေးက ဆွေးဆွေး လျလျနဲ့ပြောပြ နေရှာတယ်။ ဆရာမလေးရဲ့ စကားကြောင့် ကျွန်တော့်စိတ်အာရုံထဲမှာ ဖျတ်ခနဲပေါ်လာပြန်တာက တစ်နှစ်တာ ကာလထဲမှာ ကျွန်တော်အကြိမ်ပေါင်းများ စွာ ဖြတ်သွားဖြတ် လာရောက်ခဲ့ရဖူးတဲ့ စိန့်ပေါလ်မြို့ကလေးရဲ့ ဇာတိ ကမ္ဘာကျော် အမေရိကန်စာရေးဆရာကြီး င်္ F.Scott Fitzgerald ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ဇာတိ မြို့ရဲ့ လူထုက အမှတ်တရဖွဲ့တည်ထားတဲ့ သူ့ရဲ့ပုံတူ ရုပ်တုကြီးကိုလည်း မြင်ယောင် နေမိသလို သူရေးဖွဲ့သွားခဲ့တဲ့ ”The Great Gatsby” ကမ္ဘာကျော်ဝတ္ထုကြီးကိုလည်း သတိရလိုက်မိပါတယ်။ အဲဒါအပြင် ရှာကို ပီးမြို့နဲ့ စိန့်ပေါလ် မြို့ကြားမှာ တံတားပေါ်က တစ်ဆင့်ကျွန်တော်ဖြတ် သွားဖြတ်လာလုပ်ရင်း ငုံ့ကြည့်လိုက်တိုင်း လှမ်းမြင်နေရတဲ့ မစ္စစ္စပီမြစ်ကြီးရယ်၊ အဲဒီ ကမ်းခြေတစ်နေရာမှာလာရပ်ရင်း ကမ္ဘာကျော် ‘Life of Mississipi” ၀တ္ထုကြီးကို ရေးဖို့ အတွေးနယ်ချဲ့သွားခဲ့ဖူးတဲ့ အမေရိကန် စာရေးဆရာကြီး မတ်တွိန်းရဲ့ သမိုင်းဝင် အထင်ကရနေရာ ဟောင်း လေးကို ကမ္ဘာလှည့် ခရီးသွားတွေ၊ ကျောင်းသား ကျောင်းသူတွေ၊ စာပေသမိုင်းလေ့လာသူတွေ လာ ကြသွားကြ လှုပ်လှုပ်ရှားရှားဖြစ် နေကြတာကို လည်း ပြန်ပြီးမြင်ယောင်နေမိတယ်။ ဆရာမလေးနဲ့စကားပြောရင်း ရန်ကုန်မြစ် ကြီးကို သင်္ဘောပေါ်က ငေးကြည့်နေတုန်း မှာ ဖုန်းဝင်လာတယ်။ ကဗျာဆရာ ကိုခါး (ကွမ်းခြံကုန်း)ဆီက ဖုန်းဝင်လာတာပါ။
““ဆရာ့မိတ်ဆွေတွေလေ။ စာပေမိတ် ဆွေတွေပေါ့။ စာရေးဆရာကြီး ဆင်တဲဝ မြတ်ဖုန်းရယ်၊ ကဗျာဆရာ တောင်တွင်း မောင်သင်းကျော်ရယ်၊ ကဗျာဆရာကိုခါး (ကွမ်းခြံကုန်း)တို့ရယ်က ဒလဘက်ကမ်းမှာ ကားအဆင် သင့်ရောက်နေပြီတဲ့။ ဒီနေ့ ကော့မှူးမြို့မှာ နှစ်ငါးဆယ်ရွှေရတုအထိမ်း အမှတ်မဂ္ဂဇင်းစာအုပ် မိတ်ဆက်ပွဲရှိလို့ ဆရာတို့သွားကြတာလေ”” လို့ဆရာမလေး ကိုပြောပြတော့ သူက ““အဲဒီမြို့ကလေး တောင် မှ နှစ်ငါးဆယ် ပြည့်ပြီ ဟုတ်လား ဆရာ””လို့ အံ့အားတသင့်မေးရှာတယ်။
““ဟုတ်တယ်သမီးရဲ့၊ ဆရာတို့ ငယ်ငယ်တုန်းကတော့ ကော့မှူးဟာ ဟံသာဝတီခရိုင်ထဲမှာ ရှိတဲ့ရွာကလေးပေါ့။ ၁၉၆၄ ခုနှစ်ရောက်တော့မှ မြို့ဖြစ်လာခဲ့တယ်။ ခု ဆိုရင် နှစ်ငါးဆယ်ရှိခဲ့ပြီဆိုတော့ လာမယ့် နိုဝင်ဘာ ဒုတိယ ပတ်မှာသုံးရက်တိတိ ရွှေရတုပွဲကြီးကို လုပ်ကြတော့မှာ။ အခု ဆရာတို့သွားကြတာက မဂ္ဂဇင်းမိတ်ဆက် ပွဲဆို တော့ အဲဒီရွှေရတုမဂ္ဂဇင်းထဲမှာ ဖတ်စရာတွေအများကြီးတွေ့ရဖတ်ရမှာပဲလေ။ ကော့မှူးဟာ စာပေရော အနု ပညာဘက် ပေါင်းစုံမှာ အစဉ်အလာ ကြီးမားတာကိုး၊ စာတတ်ပေတတ်ကျမ်း ဂန်တတ် အထင်က ရဆရာတော် သမားတော်တွေရော၊ လူပုဂ်္ဂိုလ်ပိုင်းကရော တကယ့်ကို ထင်ရှားကျော်ကြားတဲ့ ပုဂ်္ဂိုလ်ကြီးတွေရဲ့ ဇာတိမြေ လို့လည်း ပြောလို့ရတဲ့ မြို့ကလေးပေါ့ သမီးရယ်။ သူ့ထက် သက်တမ်းပိုရှည်လာ တဲ့ မြို့တွေ အများကြီးပဲလေ။ နှစ်ငါးဆယ် ရွှေရတုပွဲလုပ်နိုင်တဲ့မြို့ဆိုတာက လက်ချိုး ရေတွက်လို့ ရ အောင်ကို တော်တော်လေး ရှား ပါတယ်။ အခု ကော့မှူးက မြို့မိမြို့ဖတွေ ရော၊ ဆရာတော်သမားတော်များကရော ပြီးတော့ မြို့သူမြို့သားအား လုံးပေါ့ လေ ပေါင်းစည်းပြီးခုလိုလုပ်နိုင်သွားတာ ဒါဟာ မြို့လေး တစ်မြို့ရဲ့သမိုင်းပဲသမီး။ ဒါ့အပြင် ဆရာတို့လို နယ်သူ နယ်သားတွေပေါ့လေ။ ဒေးဒရဲ၊ တွံတေး၊ ကျိုက်ထော်၊ ကွမ်းခြံ ကုန်းအားလုံး ဒီမှာလာပြီး ဒီပွဲမှာသိုင်းကြ ၀န်းကြ သွေးစည်းကြ ညီညွတ်ကြတာဆရာ့ စိတ်ထဲမှာ သိပ်ဝမ်းသာတာပဲ။ သိပ်လည်း ပီတိဖြစ် တယ်။ကြည်နူးတယ်။ အထူးသဖြင့် တော့ ကော့မှူးကစာပေနဲ့ ပတ်သက်လာ ရင် သိပ်အံ့သြဖို့ကောင်းတဲ့ မြို့ကလေးသမီး ရဲ့။ အခု ရွှေရတုမဂ္ဂဇင်း လုပ်မယ်လည်းဆိုရော ၀င်လာတဲ့စာမူတွေဆိုတာ အများကြီးပဲတဲ့။ ဘယ်လောက်ပီတိ ဖြစ်ဖို့ ကောင်းလဲ။ ဒီပွဲမှာကလေးတွေကလည်း စာစီစာကုံး တွေဝင်ရေးကြတော့သူတို့ထဲက ဆုရတဲ့သူ တွေကိုလည်း မြို့မိမြို့ဖတွေက ဆုတွေပေးပြီး မြေတောင် မြှောက်ကြဦး မှာလေ။ ဒေါ်ခင်ကြည်ေ ဖာင်ဒေးရှင်းရွေ့လျား စာကြည့်တိုက်ရှိလာတာကိုက ဒီဒေသတစ်ဝိုက်မှာ စာဖတ်အားတွေ စာရေးတဲ့ အင်အား တွေပိုပြီး တိုးလာဖို့ အတိတ် နိမိတ်ကောင်းတစ်ခုပဲ””လို့ ကျွန်တော်က ဆရာမလေးကို ပြောပြလိုက် မိပါတယ်။ ဒလဘက်ဆိပ်ကမ်း ကို ကူးတို့သင်္ဘောဆိုက်တော့မှ ဆရာမ လေးနဲ့ ကျွန်တော်နှုတ်ဆက်လမ်းခွဲ ခဲ့ကြ တယ်။ ဆရာဆင်တဲ ၀မြတ် ဖုန်း၊ ကိုသင်းကျော်၊ ကိုခါးတို့ တစ်တွေနဲ့အတူ ကျွန်တော် တို့ကားကလေး ဟာ လေးညှို့ကလွှတ် လိုက်တဲ့ မြားတစ်စင်းလိုပဲ ကော့မှူးဘက်ကို ဦးတည်လာခဲ့တယ်။ တစ်ခါတစ်ခါမှာ ကျွန်တော့်ရဲ့ စိတ်ကူးစိတ်သန်း ကလေးက လည်း ဆန်းကြယ်သလိုပါပဲ။ ခုလည်း ကားစီးလာရင်း ကျွန်တော် ချစ်ခင်လေးစား ရတဲ့ ကဗျာ ဆရာအစ်ကို မောင်သွေးသစ်နဲ့ အတူ ကျိုက်လတ်ကိုသွားခဲ့ကြတုန်းက ရုံးဒေါင့်ကျေးရွာ ကအပြန် ပဲ့ထောင်လှေ ပေါ်မှာ သူရေးဖွဲ့ခဲ့တဲ့ ဧရာဝတီရဲ့အနုပညာ အသည်းနှလုံးမြို့တော်ကဗျာကို ဖျတ်ခနဲပြန်လွမ်းလိုက်မိတယ်။ အစ်ကိုသွေးက ကျိုက်လတ်မြို့ကို ဖွဲ့ဆိုခဲ့တာပါ။ ခုတော့ ကျွန်တော်က အစ်ကို့ရဲ့ ကဗျာထဲမှာပဲ အနုပညာ အသည်းနှလုံးမြို့တော်တစ်မြို့ ဖြစ်တဲ့ ““ကော့မှူး””ဆိုတဲ့ စကားလုံးလေး ကို အစားထိုးရွတ်ဆိုခံစား ချင်နေ မိသေးတော့တယ်။
မြန်မာစာပေ
မြန်မာ့ဂီတ၊ မြန်မာ့ပြဇာတ်နဲ့ ရုပ်ရှင် သဘင်
ရာဇ၀င်အစဉ်အလာ၊ မဟာတောက် ပြောင်
ဂုဏ်ရောင်ဖော်ကျူး၊ ကော့မှူး မြို့တော်။
အနုပညာသမိုင်း ဇာတ်ခုံပေါ်မှာ
အစဉ်အလာဂုဏ်ရောင်ပြောင်တဲ့
ရိုးရာအဆောင်အယောင်တွေနဲ့
ပယောဂအမှောင်ဟူသမျှ ဖယ်ခွင်း
စာပေအနုပညာအလင်းတန်းနဲ့
ခွဲခြမ်းစိတ်ဖြာ ၀င့်မော်၊ မြို့တော် ကော့မှူး
ကော့မှူးသားတွေကွယ့်
ကော့မှူးသမီးတွေကွယ့်၊ ခေတဲ့သူ တွေဟုတ်ဘူးနော်။
ပေဖြစ်လည်းခံရဲသပ၊ စစ်ခေါ်စစ်ရဲ
တိုက်ပွဲအလီလီနွှဲခဲ့တဲ့၊ သူရဲကောင်းတို့ မွေးဖွားရာ
အများက အမွန်အမြတ်ပြု၊ ကော့မှူး ရာဇ၀င်ပြုစုခဲ့။
ရိုးဂုဏ်နဲ့ အမျိုးသားရေး
သွေးနီးရာ ပါစမြဲပေမို့၊ ကော့မှူး မြေဟာ
မြန်မာ့သမိုင်း စာမျက်နှာပေါ်မှာ၊ ဘယ်သူလာဖျက်လို့
ပျက်ပြယ်နိုင်ပါ့မလဲ။ သွေးစည်းညီ ညွတ်ကြ
ရင်ချင်းအပ် ကျောချင်းကပ်တဲ့၊ ကော့မှူးသားတွေကွယ့်နော်။
ကော့မှူးသမီးတွေ ကွယ့်နော်။
သမိုင်းခေတ်ကြီးတွေ အလီလီကွေ့ ပတ်မောင်း
အတိမ်းအစောင်းကြီးစွာဖြစ်ခဲ့၊ အရွဲ့ အစောင်းဖြစ်ခဲ့။
ဒို့ မမှုပေဘူး၊ ၀ဲယာဘေးဘယ်ညာ မှာ
သဘာဝပေါက်ပင်တွေ ရှင်သန်၊ က မောက်ကမလေဒဏ်ကို
အန်တုခံရဲကြ၊ ဘိုးဘွားမိဘလက် ထက်ကစ
ဘာသာသာသနာထွန်းကား၊ သမ္မာအာဇီဝနဲ့ စီးပွားရှာကြ
ပညာဓနကို သိုမှီးကြ၊ ရှေ့ကလူက နောက်ကလူကို လက်တွဲခေါ်
ခေတ်ပေါ်လှေနဲ့ ရေစုန်မမျှောခဲ့။
သည်လိုနဲ့ပဲ … ရဲရဲတောက်သတိ္တ ရှိရှိ
အထိမခံ၊ အငြိမခံ၊ အဖိမခံ
ဘယ်သူ့ကိုမှ အောက်ကျမခံကြေး
မနက်ဖြန်ဆိုတဲ့ အနာဂတ်မှာ၊ ကော့မှူးမြို့ကလေးဟာ
အနုပညာအသည်းနှလုံးမြို့တော်လို့၊ ကမ်္ပည်းမော်ကွန်းထိုးနိုင်ဖို့
ကျွန်တော်တို့၊ ကျွန်မတို့ ““အားလုံး တို့မှာ”” တာဝန်ရှိတယ်။
စီးလာကြတဲ့ ကားကလေးဟာ သိမ့် ခနဲ ငြိမ့်ခနဲပဲ၊ ကော့မှူးမြို့က မဂ္ဂဇင်း စာအုပ် မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ မယ့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း စာကြည့် တိုက်ရှေ့မှာ ရပ်လိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ရင်ထဲ မှာ လှုပ်ခါနေတဲ့ ဒီမြို့ ကလေးအတွက် ခံစားမှုတွေကတော့ မရပ်သေးဘူး။
မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald
No comments:
Post a Comment