ပန်းတောင်းမြို့နယ် ကြေးတိုင် နှင့်မြေစာရင်းဌာနသို့ ယခု စက်တင် ဘာလအတွင်း လယ်ယာမြေလုပ် ပိုင်ခွင့်လက်မှတ်များ ပြုလုပ်ရန် သွား ရောက်စုံစမ်းခဲ့ရာ အဆိုပါမြေယာ များမှာ မြေစာရင်းတွင် တောင်သူများ အမည်ဖြင့် မဟုတ်ဘဲ အခြားလုပ်ငန်း ရှင်များ အမည်ပေါက်ဖြစ်နေသောကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပြုလုပ်ခွင့် မရခဲ့ကြောင်း ဒေသခံတောင်သူများက ပြောသည်။
“အဲဒီမြေတွေက ကျွန်တော်တို့ ဘိုးစဉ်ဘောင်ဆက် ဓားမဦးချလုပ် ကိုင်လာတဲ့မြေတွေပါ။ အခု ပုံစံ-၇ (လယ်ယာမြေလုပ်ပိုင်ခွင့်လက်
အဆိုပါမြေယာများမှာ ယခင် အစိုးရလက်ထက်ကတည်းက မြေ လွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ တရားဝင် အမိန့်စာဖြင့် လုပ်းငန်းရှင်များနှင့် တပ်မတော်မှ ဗိုလ်ချုပ် တချို့တို့က စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် တရားဝင် အခွန်ဆောင်၍ လုပ်ကိုင်လျှက် ရှိသော မြေယာများဖြစ်ကြောင်း ပန်းတောင်းမြို့နယ် မြေစာရင်းရုံးမှ သိရသည်။
“အခုမှ တောင်သူတွေက ပိုင်ဆိုင်ခွင့်ရချင်တယ်ဆို
လက်ရှိအချိန်၌ ပန်းတောင်းမြို့ နယ်တစ်ခုလုံးတွင် စိုက်ပျိုးရေးအတွက် ချထားပေးသော မြေ လွတ်မြေရိုင်းမှာ ၅၄၇၇ ဧကနှင့် မွေးမြူရေးအတွက် ချထားပေးသော မြေလွတ် မြေရိုင်းမှာ ၁၀၃ ဧက ရှိကြောင်းနှင့် အဆိုပါမြေများပေါ်တွင် လုပ်ကိုင်ခွင့် ရရှိသူများက စိုက်ပျိုးသည့် အပင်ပေါ် တွင် မူတည်၍ တစ်ဧကလျှင် တစ်နှစ်စာ ၁၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ နိုင်ငံတော်သို့ အခွန်ပေးသွင်း ရကြောင်း သိရသည်။
သတင်း - MMK
The Ladies News Journal

No comments:
Post a Comment