==========================
- ရဲလင်းထက် - တွေ့ဆုံမေးမြန်းသည်
- ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၈)။
နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချ
နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖ
နိုင်ငံရေးမူဘောင်တော့ ကျွန်တော်တို့ မစဉ်းစားသေး ဘူးဗျ။ ငြိမ်းချမ်းရေးက အကုန်လုံးမှမရသေးတာကို။ ဒါက တစ်အချက်၊ နောက်တစ်ခုက ဘယ်တော့ရမလဲ မသေချာ သေးတော့ မသိသေးဘူးလေ။ အဲဒါကြောင့်ပါ။ ကျွန်တော့် အနေနဲ့ကတော့ လုပ်မယ်ဆိုရင် ကျွန်တော်တို့ ပြင်ဆင်မှု တော့ရှိထားပြီးသား။ မကြာပါဘူး တစ်ပတ်နဲ့ပဲ ပြီးသွားနိုင် ပါတယ်။
NCCT နဲ့ UPWC တို့ တွေ့ဆုံမှုအပြီး နိုင်ငံရေးပါတီတွေ နဲ့ သုံးပွင့်ဆိုင်တွေ့လာတာတွေလ
ကျွန်တော်တို့က UNFC နဲ့ မဟာမိတ်ရှိတာပဲ။ သူ တို့နဲ့ကွာပြီး ရေးလို့မရဘူးလား။ သူတို့မူ ကျွန်တော်တို့မူနဲ့ တစ်ထပ်တည်းမကျလေတောင် သူ့ရဲ့ ဆန့်ကျင်ဘက်မဖြစ် ဖို့ဘဲ အရေးကြီးတာပဲ။ UNFC ကလည်း ကျွန်တော်တို့နဲ့ ကွာစရာအကြောင်းတော့ မရှိပါဘူး။ မခက်ပါဘူး။ ကျွန် တော်တို့ဘက်ကတော့။
အခုလက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တချို့တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်တို့ကြားမှာ အပြန်အလှန် တိုက်ပွဲတွေဖြစ်လာတော့ အာမခံချက်ရှိတဲ့ လုပ်ငန်းစဉ်ဖြစ်အောင်၊ ခိုင်မာအောင် ဘယ်လိုတွေဆောင် ရွက်ဖို့သင့်ပါသလဲ။
တိုက်ခိုက်တာ ဘယ်အဆင့်ထိလဲဆိုတာ ရှိတာကို အထက်မှာသွားဖြစ်ရင် တစ်မျိုးပေါ့။ ခုတော့ အောက်ခြေ မှာဖြစ်နေတယ်ဆိုတော့ တိုက်ခိုက်မှုတော့ရှိပါတယ်။ ဒါ ပေမဲ့ ငြိမ်းချမ်းရေးတော့ မထိဘူးထင်တယ်။ ဒါပေမဲ့ ဒီလို အချိန်မှာတော့ တစ်ဖက်နဲ့တစ်ဖက် နှစ်ဦးနှစ်ဖက်က အ များကြီးစဉ်းစားရတော့မယ်လေ။
ဒါဆို ရေရှည်တည်တံ့ပြီး အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်ဖြစ်ထွန်းအောင် ဘယ်လိုတွေ လုပ်ဖို့ လိုအပ်ပါသလဲ။
အဓိကကတော့ သည်းခံဖို့ အရေးကြီးတယ်။ နား လည်မှုရှိဖို့ အရေးကြီးတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ လိုတယ်။ တိုက်ရင်းနဲ့ ဆွေးနွေးမယ်၊ ဆွေးနွေးရင်းနဲ့တိုက် မယ်ဆိုတာ ဘယ်အဖွဲ့မှာမှ မူမရှိသေးဘူး။ ရှိလာရင်လည်း မကောင်းတော့ဘူးပေါ့။ အဲဒါပါပဲ။ နှစ်ဖက်စလုံးကတော့ မတိုက်ဖို့ဘဲ အရေးကြီးတာပဲ။
တိုင်းရင်းသားတွေလိုချင် တာတွေက ယုံကြည်မှုနည်းနေတယ်။ အဲဒါကြောင့်ဖြစ်မယ်။
ရှမ်းနိုင်ငံရေးပါတီနှစ်ခု ပေါင်းစည်းရေးအခြေအနေကရော ဘယ်လိုတွေ ဆက်လုပ်နေတာရှိပါသလဲခင်ဗျ။
လက်ရှိအချိန်ကတော့ ဒီကိစ္စက အဲဒါတွေပြီးမှသာ ပြန်ပြီးတော့စဉ်းစားကြမှာပါ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မ
ထင်သာမြင်သာ မရှိတဲ့အတွက်ကြောင့် ကျွန်တော် တို့ဟာ ဒီဝဲအောက်ကနေ ထွက်လို့မရသေးပါဘူး။ ဘာကြီး ပဲဖြစ်နေဖြစ်နေ ဒီလွှတ်တော်ကြီးက တစ်နည်းပြောလို့ရှိ ရင် ထင်သာမြင်သာရှိအောင် ကျွန်တော်ထင်တယ် သူတို့ ရေးလိုက်တဲ့ အခြေခံဥပဒေဟာ ပြင်သင့်ပါပြီ။ ဒီအခြေခံ ဥပဒေပြင်မှလည်းရမယ့်ကိစ္စပါ။
တိုင်းရင်းသားလက်နက်ကိုင်အဖ
ဒီနေ့ဒီအခါ အရေးကြီးတာတော့ ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးကလည်း သိတဲ့အတိုင်းပါပဲ။ တချို့ကလည်း ပြောရရင် ဆန္ဒစောလွန်းတယ်။ တချို့ကလည်း အကောင်း မမြင်ဘူး။ ဘာကြီးပဲဖြစ်နေဖြစ်နေ ကျွန်တော်တို့ မြင်နေ တာကတော့ အချင်းချင်း လက်ခံစကားပြောမယ်။ မနေ့ တစ်နေ့က တိုက်နေတယ်။ အဲဒီအခြေအနေမျိုးတွေကလည်း မကောင်းပါဘူး။ တိုင်းပြည်အတွက်ပဲ မကောင်းတဲ့အစဉ် အလာတွေပါ။ တကယ်တမ်း ငြိမ်းချမ်းရေးကိုလိုလားတယ်
ခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
#TheYangonTimes

No comments:
Post a Comment