ရုပ်ရှင် ဗီဒီယိုပရိသတ်များ၏ ဝေဖန်မှုများ ကြောင့် ဒီဇင်ဘာ ၁ရက်မှစတင်ကာ ဆင်ဆာ ပြန်လည်ဖြတ်တောက်တော့ မည်ဖြစ်ြေ ကာင်း သိရသည်။
မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုဇာတ် ကားများအား ဆင်ဆာဖြတ်တောက် ခြင်းမရှိတော့သည်မှာ နှစ်နှစ်နီးပါး ခန့်ရှိနေပြီဖြစ်သော်လည်း တချို့သော ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများမှာ ဆင် ဆာဖြတ်တောက်ရန် လိုအပ်လာခြင်း ကြောင့် ယခုကဲ့သို့ဆင်ဆာပြန်လည် ဖြတ်တောက်ရန် စီစဉ်ရခြင်းဖြစ် ကြောင်း ဇာတ်ကားအဆင့်အတန်း သတ်မှတ်ရေး စိစစ်အကဲဖြတ်အဖွဲ့ မှ ဦးခင်မောင်ချင်းက ပြောသည်။
''ကျွန်တော်တို့ဘက်က အနု ပညာရှင်တွေရဲ့ တောင်းဆိုချက်အ တိုင်း ဇာတ်ကားတွေကို ဆင်ဆာ မဖြတ်တောက်တာ တော်တော်ကို ကြာနေပါပြီ။ တချို့ဇာတ်ကားတွေ ဆိုရင် အချောတောင် တည်းဖြတ် လာတာမဟုတ်ဘူး။ အကြမ်းအခွေ အတိုင်းပဲ တင်ပြလာတာတွေတောင် ရှိတယ်။ ဇာတ်ကားတစ်ကားဖြစ်လာ ဖို့ဆိုတာ ထုတ်လုပ်သူဘက်က ငွေ ကြေးစိုက်ထုတ်ရသလို အနုပညာ ရှင်တွေဘက်က စွမ်းအားစိုက်ထုတ် ရတယ်ဆိုတာကို အသိအမှတ်ပြုတဲ့ အနေနဲ့ ကျွန်တော်တို့ဘက်က ဆင် ဆာမဖြတ်ခဲ့ဘူး။ အနုပညာရှင်တွေ ပြောခဲ့သလိုမျိုး အကဲဖြတ်အဖွဲ့က ဆင်ဆာဖြတ်တောက်တာကို လက် မခံနိုင်ပါဘူး။ ပရိသတ်တွေရဲ့ဝေဖန် မှုကိုသာ လက်ခံပါ့မယ်ဆိုတဲ့စကား တွေကြောင့် ကျွန်တော်တို့ဆင်ဆာ အဖွဲ့ကနေပြီးတော့ အကြံပြုချက် သဘောမျိုးပဲပေးခဲ့တာပါ'' ဟု ဦးခင် မောင်ချင်းက ဆက်လက်ပြောသည်။
မြန်မာ့ဗီဒီယိုဇာတ်ကားများ အား ဆင်ဆာမကြည့်ရှုတော့သည့် နောက်ပိုင်းတွင် လွတ်လပ်စွာဖန်တီး ရိုက်ကူးမှုရရှိပြီးနောက်ပို
၁။မောင်နှင့် နှမ၊ သားနဲ့ အမိ ကြည့်ရှု ရန်မသင့်သည့် ပြကွင်းပြကွက်များ၊ အပြောများ၊
၂။ လူငယ်များအတုယူ မှားစေနိုင်သော ရုန့်ရင်းကြမ်းတမ်း သော ညစ်ညမ်းပြကွက်များ၊
၃။ ဘာ သာရေးအရ ရိုက်ကူးဖော်ပြရာ၌ သ ရုပ်လွန်အပြောအပြများကြောင်
၎။ မြန်မာ့ဝတ်စားဆင် ယင်မှုနှင့် မသင့်လျော်သော သရုပ် ပျက်၊ သရုပ်လွန်ဝတ်စားဆင်ယင် ခြင်း၊
၅။ ဇာတ်လမ်းဇာတ်အိမ်မရှိဘဲ ဇာတ်ကားတစ်ကားဖြစ်ရေးအတွက် သာ ရည်ရွယ်ရိုက်ကူးခြင်း အစရှိ သည့်အချက်အလက်များကြောင့် ဗီဒီယိုဇာတ်ကားများအား ဆင်ဆာ အဖွဲ့မှ ပြန်လည်ကြည့်ရှုစစ်ဆေး တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမြန်မာဗီဒီယို၊ ရုပ်ရှင် ဇာတ်ကားများအား ဆင်ဆာအဖွဲ့ ပြန်လည်ထိန်းသိမ်းရခြင်းမှာ
''မြန်မာ့ဗီဒီယိုကားတွေက အ ခုနောက်ပိုင်း တော်တော်ကိုရိုင်းလာ ကြတယ်။ တချို့စကားတွေဆိုရင် မကြားဝံ့ မနာသာတွေကို ပြောကြ တာ။ ဆဲတဲ့စကားတွေ အသုံးအနှုန်း တွေကိုလဲ ထမင်းစား ရေသောက် သဘောထားပြီး ပြောနေကြတယ်။ သရုပ်ဆောင်တွေရဲ့ ဝတ်စားဆင် ယင်မှုတွေကလဲ ပိုဆိုးလာတယ်'' ဟု မြန်မာဗီဒီယိုဇာတ်ကား ပရိသတ် တစ်ဦးဖြစ်သူ ဒေါ်နှင်းသက်ကပြော သည်။
ရုပ်ရှင်ဗီဒီယိုဇာတ်ကားများ
NN
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

No comments:
Post a Comment