Saturday, October 4, 2014

အလှူရှင်ကပြော၍ ရှင်းလင်းပွဲမလုပ်ဟု ဦးစံလင်းဆို

ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှုရပ်ဆိုင်းပြီးနောက် ဦးစံ လင်းအမည်ဖြင့် ကမ္ဘောဇဘဏ် တွင် အပ်နှံထားသော လက်ကျန်အလှူငွေ ကျပ်သိန်းငါးရာကျော်ကို ခေါင်းလောင်းဆက်လက်ရှာဖွေမည့်အဖွဲ့များရှိပါက လှူမည်ဟု ဦးစံလင်းက ပြောသည်။
‘‘အလှူရှင်က မလုပ်ဖို့တား မြစ်ထားလို့ ရှင်းလင်းပွဲမလုပ် တော့တာပါ။ ကိုယ့်ကိစ္စပဲ ကိုယ် လုပ်ဖို့ ဘယ်သူမှမတုံ့ပြန်ဖို့ ပြောထားလို့’’ဟု ဦးစံလင်းက သတင်း စာရှင်းလင်းပွဲမလုပ်ဖြစ်ခဲ့ရခြင်းနှင့်ပတ်သက်၍ ဆိုသည်။

 သတင်းစာရှင်းလင်းပွဲပြု လုပ်ရန်ရှိပြီး ပွဲစီစဉ်ရန် နေရာအ တိအကျသိရလျှင် ကြေညာပေး မည်ဟု ဦးစံလင်းက လွန်ခဲ့သော သီတင်းပတ်က ပြောကြားခဲ့သော် လည်း လက်တွေ့တွင် ရှင်းလင်းပွဲ ပြုလုပ်ပေးခြင်းမရှိသေးပေ။

ခေါင်းလောင်းအတွက် အ များပြည်သူလာရောက်လှူဒါန်း ထားသော ကျပ်သိန်း ၁၃၀ ကျော် ကို ဘဏ်တွင် ဆက်လက်အပ်နှံထားပြီး အလှူရှင်များပြန်တောင်းပါက ထုတ်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးအဖွဲ့မှ  ဦးကြည်ဝင်း က ပြောကြားထားသည်။
‘‘ကမ္ဘောဇက ဦးအောင်ကို ၀င်းလှူတယ်။ ရန်ကုန်တိုင်းက ဗိုလ်မှူးကြီး တင်ဝင်းကလည်း နာရမယ့်အစား ကာနေတယ်။ လွှတ် တော်ကိုယ်စားလှယ်တစ်ယောက် ကလည်း ရှာဖွေရေးအဖွဲ့ကို စာ ရင်းစစ်လို့မရဘူးလို့ ရေးတယ်။ ဦးစံလင်းကိုအပြစ်တင်မစောပါနဲ့ လို့ သူ့ဖေ့စ်ဘွတ်ခ်မှာ ရေးတယ်။လွှတ်တော်အမတ်နဲ့ ခရိုနီတွေပါနေလို့လား။ ပြည်သူလူထုဘက် ကနာရမှာကို အရေးယူလို့မရဘူး။လှည့်ဖြားမှုမဟုတ်ဘူးလို့  ပြော တယ်။ သြဂုတ် ၂၆ ရက်က တွေ့ တယ်လို့ ပြောတာ လိမ်ညာတာ ပေါ့။ တာဝန်ရှိသူတွေက လှည့် ဖြားခြင်းမဟုတ်လို့ အရေးယူလို့ မရဘူးလို့ ပြောတာလက်ခံလို့မရ ဘူး’’ဟု မွန်သမိုင်းသုတေသနအ သင်း တွဲဖက်အတွင်းရေးမှူး နိုင်ရဲ ဇော်က ဦးစံလင်း  ခေါင်း လောင်းရှာဖွေမှုနှင့် ပတ်သက်၍ ပွင့်လင်းမှုမရှိခြင်းအပေါ် သုံးသပ်ပြောသည်။
 ဦးစံလင်းသည် အလှူရှင်များ၏ ငွေကြေးကိုဖြုန်းတီးခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့သတင်းစာရှင်းလင်းပွဲ  မပြုလုပ်ခြင်းသည် မရိုးသားကြောင်း ၎င်းကဆိုသည်။
 ခေါင်းလောင်းတွေ့ရှိပြီဟု ဆိုကာ လူထုကို လိမ်လည်ခဲ့သော ဦးစံလင်းအဖွဲ့၏ ဓမ္မစေတီခေါင်း လောင်းဆယ်ယူရေးအတွက် ကျပ်သိန်း ၁,၅၀၀ လှူဒါန်းသော လုပ် ငန်းရှင် ခုနစ်ဦးစာရင်းတွင် ကမ္ဘောဇဘဏ်အပါအ၀င် ကုမ္ပဏီကြီး များ ပါဝင်နေကြောင်း သတင်းရရှိ သည်။
ကမ္ဘောဇဘဏ်နှင့် မြန်မာ့ စက်မှုဆိပ်ကမ်းကုမ္ပဏီ (Myan-mar Industrial Port) က ငွေကျပ်သိန်းငါးရာစီလှူဒါန်းခဲ့ပြီး အထည် ချုပ်လုပ်ငန်းတည်ထောင်ထား သည့်  ၀မင်းကုမ္ပဏီ၊ S trong Source ဆောက်လုပ်ရေးကုမ္ပဏီ၊ မင်းတုန်းပွဲရုံ၊ Long Life သတ္တု တွင်းကုမ္ပဏီနှင့် အခြားကုမ္ပဏီ ငယ်တစ်ခုတို့ စုပေါင်း၍ ကျပ် သိန်းငါးရာလှူဒါန်းထောက်ပံ့ခဲ့ ခြင်း ဖြစ်သည်။ အလှူရှင် ခုနစ် ဦးသည် စုစုပေါင်းငွေကျပ်သိန်း ၁,၅၀၀ လှူဒါန်းခဲ့သည်။
ဓမ္မစေတီခေါင်းလောင်းရှာ ဖွေရေး အဆုံးသတ်သွားမှုနှင့် ပတ်သက်၍  အဓိကမတည်အလှူရှင်  ဦးဝင်းမြင့်ကလည်း ဦးဆောင်ရှာ ဖွေသူ ဦးစံလင်းသည် ပြည်သူသန်း၅၀ ကျော်ကို လိမ်လည်ခဲ့သည်ဟု ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ဖော်ဝေဖန်ထားသည်။
 
Credit - 7DAY DAILY

No comments:

Post a Comment