နေပြည်တော်၊ အောက်တိုဘာ ၁
ရှမ်းပြည်နယ် မြောက်ပိုင်း၊
ကွတ်ခိုင်မြို့နယ် မုန်းစီးကျေးရွာအုပ်စုပိုင် နယ်မြေတွင် တပ်မတော်နှင့်
KIA/KIO အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း လားရှိုးအခြေစိုက်
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက The Voice သို့
ဆက်သွယ်ပြောကြားသည်။
၎င်း၏ အဆိုအရ စက်တင်ဘာလ ၃၀ ရက် ညပိုင်းတွင်
ကေအိုင်အေဘက်မှ အင်အား ၅၀ ကျော်နှင့် တပ်မတော်ဘက်မှ အင်အား ၃၀ ကျော်ရှိ
တပ်မ (၁၁) စစ်ကြောင်းတို့ ရင်ဆိုင်တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အခြေအနေက အနည်းငယ် ကြမ်းတဲ့သဘော ရှိတယ်” ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။
အဆိုပါ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုများကို အတိအကျ စာရင်းထုတ်ပြန်၍ မရသေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
အဆိုပါ တိုက်ပွဲသည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့ပြီး
အောက်တိုဘာလ ၁ ရက်နေ့အထိ ဆက်လက် ဖြစ်ပွားနေသေးကြောင်း
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးတီခွန်မြတ်က ဆိုသည်။
“ကွတ်ခိုင်ရဲ့ အရှေ့မြောက်ဘက်ပိုင်းမှာ
ဖြစ်တာပါ။ မိုင် ၂၀ ကျော်လောက် ဝေးမယ်လို့ ယူဆရတယ်၊ တရုတ်နယ်စပ်ဘက်
နီးသွားတာပေါ့” ဟု ကွတ်ခိုင်မြို့နေ ကျောင်းဆရာ (ငြိမ်း)
ဦးအောင်ကျော်မိုးက ပြောကြားသည်။
ယင်းတိုက်ပွဲ အခြေအနေကို
အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ရှိ ကွတ်ခိုင်မြို့နယ်
စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသန်းဦးထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း
တယ်လီဖုန်း လက်ခံပြောဆိုခြင်း မရှိခဲ့ပေ။
ပြည်တွင်းငြိမ်းချမ်းရေး
ရရှိရေး ဆွေးနွေးမှု ပြုလုပ်နေချိန်တွင် အပစ်အခတ်များ ရပ်ဆိုင်းထားရန်
လွှတ်တော်တွင် နှစ်ကြိမ်တိုင်တိုင် အတည်ပြုထားသော်လည်း ယခုအပတ်အတွင်
မြဝတီမြို့နယ်၌ တပ်မတော်နှင့် DKBA တို့ အပြန်အလှန် ပစ်ခတ်မှု
ဖြစ်ခဲ့ပွားခဲ့ပြီး လက်ရှိတွင် တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့တို့
ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Credit - The Voice Weekly
No comments:
Post a Comment