Wednesday, October 1, 2014

အခြေခံပညာ ၄တန်း နှင့် ၈တန်း တို့အား အစိုးရစစ်အဖြစ် ပြောင်းလဲခြင်း ကို ကျောင်းသားများ အခက်အခဲ မဖြစ်စေအောင် ဆောင်ရွက်ပေးမည်ဟုဆို

စတုတ္ထတန်းနှင့်အဋ္ဌမတန်းအားခရိုင်တိုင်းပြည်နယ်အဆင့်စာမေးပွဲစစ်ဆေးခြင်းအား စနစ်တကျ ဆောင်ရွက်နိုင်ရန် လုပ်ငန်းအဖွဲ့ (working group) ကာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်)မှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက ပြောသည်။
ဦးဇော်ဋ္ဌေးက `စတုတ္ထတန်းကို ခရိုင်အဆင့်၊ အဋ္ဌမတန်းကို တိုင်းအဆင့် စာမေးပွဲတွေ စစ်ဖို့ ကိစ္စက ညိုနှိုင်းဆွေးနွေးဆဲဖြစ်တယ်။ဘာလို့ဆိုရင် ဒီလိုလုပ်လိုက်လို့ တစ်ဖက်မှာ ကလေးတွေ ကို ၄ တန်းနဲ့ ၈ တန်းမှာ တစ်ခါတည်း စီးပြီးတော့ စာမေးပွဲစစ်လိုက်လို့ ဒုက္ခရောက်တာမျိုး တွေ မဖြစ်ဖို့ ကလေးတွေရဲ့ သင်ကြားတတ်မြောက် ဖော်ထုတ်တဲ့ မေးခွန်းထုတ်တဲ့ အတတ်ပညာ လိုသေးတယ်။

ဒီအတွက် မေးခွန်ထုတ်လေ့ကျင်သင်ကြားတာကို ဘယ်လိုနည်းနဲ့ သင်ကြားတာကို ဆောင် ရွက်မယ့် စဉ်းစားဆောင်ရွက် မယ် မေးခွန်းထုတ်တဲ့ပညာနဲ့ပါရဂူဘွဲ့ ရထားသူတွေ ပါတဲ့ working group အဖွဲ့ ဖွဲ့ဖို ရှိတယ်။သူတိုက နေပြီး ဆရာဆရာမတွေကို လေ့ကျင် သင်ကြားပေး ဖို့ စီစဉ်မှာဖြစ်တယ်။´
စာသင်သည့် စနစ်တစ်ခုသို့ ရုတ်တရက်ပြောင်းလဲလိုက်ပါက ကျောင်းသားများအား အရည် အသွေး စစ်တဲ့ အခါမှာ ဒုက္ခ္ခရောက် နိုင်ခြင်းများ ရှိသည့် အတွက် အလုပ်အဖွဲ့ ကို ကြိုတင် ပြင်ဆင် စာမေးပွဲ စစ်ဆေးခြင်း၊ မေးခွန်း ထုတ်ကျွမ်းကျင်သည့် ပါရဂူများပါဝင်သည့် လုပ်ငန်း အဖွဲ့မကြာမီ ရက်ပိုင်းအတွင်း တိုင်ပင်ဆွေးနွေးကာ ပြင်ဆင်သွား မည် ဖြစ်ကြောင်း နှင့် မေးခွန်းထုတ်မည် ဆရာဆရာမ အားလုံးကို လည်း လေကျင့်ခြင်း များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောသည်။
The Ladies News Journal
စက်တင်ဘာ ၃၀၊ ၂၀၁၄။

No comments:

Post a Comment