Thursday, October 2, 2014

ကလေးဝမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မစိန်ကျေးရွာတွင် အများပိုင်နေရာများတွင်ဆိုင်းဘုတ်တင်ခြင်း


ကလေးဝမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မစိန်ကျေးရွာတွင် အများပိုင်နေရာများတွင်ဆိုင်းဘုတ်တင်ခြင်း.ပညာရေးဌာန မစိန် (အ.ထ.က) ကျောင်းပိုင်အဆောက်အဦးတွင် ဟောပြောပွဲများသင်တန်းများ ပြုလုပ်ခြင်းအစသဖြင့် နိင်ငံရေးပါတီများလိုက်နာရမည့် ရွေးကောက်ပွဲကော်မရှင်စည်းမျဉ်းစည်းကမ်းများနှင့်မကိုက်ညီသော လုပ်ရပ်များ ရှိနေပါသဖြင့် ကလေးဝNLDမှ မြို့နယ်ပညာရေးမှုးထံ အသိပေးတိုင်ကြားခဲ့ပါတယ်. .
ပညာရေးမှုးကိုယ်တိုင် ၎င်းတို့အား နေရာပြောင်းရွှေ့ ပြုလုပ်ရန်ဖုန်းဖြင့် ပြတ်သားစွာ သတိပေးခဲ့ပါသော်လည်း ၎င်းတို့မှ လိုက်နာခြင်းမရှိသဖြင့် ကလေးဝNLDမှ မြို့နယ်ထွေ/အုပ်မှုးနှင့် ရွေးကောက်ပွဲကော်မရှင်သို့ စာဖြင့်ဆက်လက်တိုင်ကြားကန့်ကွက်ခဲ့ရာ ညနေ ၄ နာရီတွင် ၎င်းတို့၏ နိင်ငံရေးသင်တန်းအားရပ်တန့် ရွှေ့ပြောင်းပေးခဲ့ပါတယ်. . . . ထို့အပြင်အများပိုင် စာကြည့်တိုက်နှင့် ကျေးလက်ဖွံ့ဖြိုးရေးအခြေစိုက်စခန်း တွင့် ပြည်ခိုင်ဖြိုးရုံးဆိုင်းဘုတ် လာရောက်တင်ထားခြင်းကို ကလေးဝမြို့နယ် NLD မှ ဆက်လက်ကန့်ကွက်သွားမှာဖြစ်ပါတယ်.
(1.10.2014)
 
Credit - Sit Nyein Aung (Facebook)
 
 
 
 
 
 

No comments:

Post a Comment