Wednesday, October 1, 2014

ရွေးကောက်ပွဲစနစ်သုံးမျိုးသာ တင်ပြထားသောကြောင့် စနစ်ခုနစ်မျိုးကို ပြန်လည်တင်ပြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပြောကြား

ရွေးကောက်ပွဲစနစ်လေ့လာသုံးသပ်ရေးကော်မရှင်၏ အစီရင်ခံစာတွင်
ရွေးကောက်ပွဲစနစ်သုံးမျိုးသာ တင်ပြထားသောကြောင့်
စနစ်ခုနစ်မျိုးကို ပြန်လည်တင်ပြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပြောကြား
=================================================
ရန်ကုန်၊ စက်တင်ဘာ ၃ဝ။
ရွေး ကောက်ပွဲစနစ်လေ့လာသုံးသပ်ရေး ကော်မရှင်၏ အစီရင်ခံစာတွင်ရွေး ကောက်ပွဲစနစ် သုံးမျိုးသာတင်ပြ ထားသောကြောင့် စနစ်ခုနစ်မျိုးကို အောက်တိုဘာ ၁ဝရက်တွင် ပြန် လည်တင်ပြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ယနေ့လွှတ် တော်တွင် ပြောကြားလိုက်သည်။
စက်တင်ဘာ ၃ဝ ရက်က ကျင်း
ပသော ပြည်သူ့လွှတ်တော်(၁၁)ကြိမ် မြောက်ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှုရှိမည့် ရွေး ကောက်ပွဲစနစ်ပေါ်ပေါက်လာစေ ရန် လေ့လာသုံးသပ်ရေးကော်မရှင် ၏ လေ့လာသုံးသပ်ချက်အစီရင်ခံ စာအား လွှတ်တော်ဥက္ကဋ္ဌထံတင်ပြ ထားခြင်းနှင့်ပတ်သက်၍ အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းက အခြားလွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် မိမိကြိုက် နှစ်သက်သည့် ရွေးကောက်ပွဲစနစ် ရှိပါက လွှတ်တော်သို့တင်ပြနိုင်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ရွေးကောက်ပွဲလေ့လာသုံးသပ် ရေးကော်မတီဝင်ဦးအောင်ဇင်က''ကိုယ် စားလှယ်တွေအနေနဲ့ ကိုယ်ကြိုက်တဲ့ ရွေးကောက်ပွဲစနစ်ကို တင်ချင်တင် နိုင်တယ်လို့ ဥက္ကဋ္ဌကပြောတော့ အားလုံးကကြောင်နေကြတယ်။ ကျွန် တော်တို့လဲကြောင်သွားတယ်။ ဘာသ ဘောလဲပေါ့။ မျက်စိလည်နေကြ တယ်''ဟု ပြောသည်။
လွှတ်တော်တွင်း လုပ်ထုံးလုပ် နည်းအရ ကော်မရှင်၏ အစီရင် ခံစာကို လွှတ်တော်ဥက္ကဋ္ဌက ဖတ် ကြားပြကာ လွှတ်တော်ကိုယ်စား လှယ်များက အစီရင်ခံစာနှင့် ပတ် သက်၍ ဆွေးနွေးပြီးသော လွှတ်တော် တွင် မဲခွဲဆုံးဖြတ်အတည်ပြုရမည်ဖြစ် သော်လည်း ယခုအစီရင်ခံစာကို လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် ရရှိ ကြောင်းသာပြောဆိုခဲ့ပြီး အစီရင်ခံ စာနှင့်ပတ်သက်၍ ရှင်းလင်းဖတ် ကြားခြင်းမရှိခဲ့ကြောင်း၊ ရွေးကောက် ပွဲစနစ် ခုနစ်ခုကိုအောက်တိုဘာ ၁ဝ ရက်တွင် တင်ပြရန်ပြောကြားခဲ့ ကြောင်း သိရသည်။
ရွေးကောက်ပွဲလေ့လာသုံးသပ် ရေးကော်မတီဝင်ဦးစိုင်းမောင်တင် က''ဥက္ကဋ္ဌကအစီရင်ခံစာကိုဖတ်ပြ မသွားဘူး။ ပြောရမယ်ဆိုရင်ကော် မရှင်ဥက္ကဋ္ဌကရွေးထားတဲ့ နည်းသုံး နည်းကို လွှတ်တော်ဥက္ကဋ္ဌကအား မရ ဘူး။ ဒါကြောင့် စနစ်တွေအများကြီး ထဲက ခုနစ်မျိုးကိုတင်ပေးပါလို့ပြော တယ်''ဟု ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံနှင့်လိုက် လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲ စနစ်ပေါ်ပေါက်လာစေရန် လေ့လာ သုံးသပ်ရေးကော်မရှင်အနေဖြင့် အောက်တိုဘာ ၁ ရက်တွင် အစည်း အဝေးပြန်လည်ခေါ်ယူထားကြောင်း ကော်မတီဝင်များက ပြောသည်။
''မနက်ဖြန်အစည်းအဝေးမှာ တော့ထူးမယ်လို့ထင်တယ်''ဟု ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင် ဇင်က ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ၏ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းလှကျော် က ''ကျွန်တော်တို့ကတော့ လွှတ် တော်မှာ ရွေးကောက်ပွဲစနစ်တင်မယ် ဆိုရင် FPTP စနစ်ကိုပဲ တင်သွား မှာပါ''ဟုပြောသည်။
NLD ပါတီပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာမျိုးအောင် က ''မြန်မာ့နိုင်ငံရေးမှာ တောက် လျှောက် တစ်သက်လုံးသုံးလာတဲ့ FPTP စနစ်ကိုပဲ တင်သွားမှာပါ။ PR စနစ်ကို ကန့်ကွက်သွားမယ်''ဟု ပြောသည်။
ရသေ့တောင်မဲဆန္ဒနယ်က ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်စောဝေက ''အန်တီတို့ တိုင်းရင်း သားပါတီတွေက အစောကတည်းက ပြောပြီးသား FPTP ပဲ။ PR ကို လုံးဝ လက်မခံဘူး။ ကျန်တဲ့စနစ်တွေကရှုပ် ထွေးတဲ့သဘောရှိတယ်။ ဒီမိုကရေစီ သက်တမ်းနုသေးတဲ့အချိန်မှာ ပြည် သူတွေအနေနဲ့လဲ ပြောင်းလဲကျင့်သုံး လိုက်ရင် အခက်အခဲဖြစ်သွားနိုင် တယ်။ အန်တီတို့ကတော့ FPTP စနစ်ကိုပဲ အရတောင်းဆိုသွားမယ်''ဟု ယင်း၏သဘောကိုပြောသည်။
မြန်မာနိုင်ငံနှင့်သင့်တော်မည့် ရွေးကောက်ပွဲစနစ်တစ်ခု ပေါ်ပေါက် လာစေရန် လေ့လာသုံးသပ်ရေး ကော်မ ရှင်အနေဖြင့် အစီရင်ခံစာ၌နိုင်သူ အကုန်ယူစနစ် (FPTP )၊ အချိုးကျ ကိုယ်စားပြုစနစ်(PR)၊အရောအနှော စနစ်(PR-MMP)စသည့် ရွေးကောက် ပွဲစနစ်သုံးခု၏ အားနည်းချက်အား သာချက်များကိုထည့်သွင်းတင်ပြထား သည်ဟု သိရသည်။
ထို့ပြင် အစီရင်ခံစာတွင် ကိုယ် စားလှယ်များ၏သက်ဆိုင်ရာ ပါတီ များအလိုက်မှ အကြံပြုချက်များကို လည်း တင်ပြထားကြောင်း၊ ဦးအောင်ဇင် အနေဖြင့်တင်ပြထားသောစနစ်သည် လွယ်ကူရိုးရှင်းပြီး ပွင့်လင်းမြင်သာ သောစနစ်ဖြစ်စေရန်အတွက် အကြံ ပြုထားကြောင်း ယင်းကဆက်လက် ပြောသည်။
အဆိုပါ အစီရင်ခံစာကိုကော်မ ရှင်အဖွဲ့ဝင်များကရက်ပေါင်း ၆ဝ အတွင်းတင်သွင်းနိုင်ရန်ကြိုးစား ဆောင်ရွက်နေသည်ဟု သိရသည်။
သက်တမ်းနှစ်လအတွင်း ကော်မရှင်ဝင်များအတွက် လေ့လာ သည့် ကာလ ၂၁ ရက်ရရှိထားပြီး နိုင်ငံတကာရှိ ရွေးကောက်ပွဲစနစ် တစ်ရာကျော်ကိုလေ့လာသုံးသပ်ခဲ့ကာ ပြည်တွင်းပြည်ပရှိ ပညာရှင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် စသည်တို့နှင့်တွေ့ဆုံဆွေးနွေးပြီး အကြံပြုချက်များရယူထားပြီးဖြစ် သည်။
မြန်မာနိုင်ငံနှင့်လိုက်လျောညီ ထွေမှုရှိမည့် ရွေးကောက်ပွဲစနစ်တစ် ခုပေါ်ပေါက်လာစေရန်အတွက် လေ့လာသုံးသပ်ရေးကော်မရှင်ဖွဲ့ စည်းပေးရေးအတွက် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးအောင်ဇင်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဇူလိုင်၂၈ ရက် တွင်ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်၏အဆုံးအဖြတ်ရယူခဲ့ခြင်းဖြစ်သည်။
ယင်းလေ့လာသုံးသပ်ရေးကော် မရှင်တွင် ဦးတင်မောင်ဦး(ရွှေပြည် သာမဲဆန္ဒနယ်)က ဥက္ကဋ္ဌအဖြစ်ဦး ဆောင်၍ ဦးသန်းဝင်း၊ ဦးဆိုင်း ကျောက်၊ ဦးခင်မောင်ဝင်း၊ ဒေါက် တာဇော်မြင့်မောင်၊ ဦးဥာဏ်ဆွေဟိန်း၊ ဦးစိုးဝင်း၊ ဗိုလ်မှူးချုပ်တင်စိုး၊ ဒေါ်ဒွဲ ဘူ၊ ဒေါ်ဇာတလန်း၊ ဒေါ်မိမြင့်သိန်း၊ ဦးထွန်းအောင်ကျော်၊ ဦးစိုင်းမောင် တင်၊ ဦးအောင်သိန်း၊ ဦးခင်မောင် သောင်း၊ဦးစောသိန်းအောင်၊ ဦး အောင်ဇင်နှင့် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မ ရှင်အဖွဲ့မှ ဦးဝင်းသန်း၊ ဦးဝင်းမြင့်၊ ဦးခင်မောင်စိုး၊ဦးတင်ဝင်း၊ ဦးအောင် မြင့်ထွန်းတို့နှင့်အတွင်းရေးမှူးအဖြစ် ဦးသိန်းထွန်းဦး၊ တွဲဖက်အတွင်းရေး မှူး ဦးသန်းဝင်းတို့ဖြင့်ဖွဲ့စည်းထား ခြင်းဖြစ်သည်။
SYMZ
‪#‎Democracytoday‬
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

No comments:

Post a Comment