– မန်းအောင်ပြည်စိုး
ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ ဖြစ်ပွားပြီး ရခိုင်နှင့် တနင်္သာရီဒေသများကို အင်္ဂ လိပ်တို့ သိမ်းပိုက်ခဲ့သည်။ ၁၈၅၂ခုနှစ်တွင် ဒုတိယ အကြိမ်စစ်ဖြစ်ပွားပြီး ကရင်တိုင်းရင်းသား အများစု နေထိုင် ရာ အောက်မြန်မာနိုင်ငံတစ်ခုလုံးကို အင်္ဂလိပ်တို့ ထပ်မံသိမ်းပိုက် ပြန်သည်။ တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ် ပွားပြီးနောက် ၁၈၈၅ ခုနှစ်၊ ဒီဇင်ဘာ လ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ခုလုံး အင်္ဂလိပ်လက်အောက် ကျ ရောက်ခဲ့ပြီး မြန်မာတို့၏ နောက်ဆုံး
ဘုရင်သီပေါမင်းနှင့် မိဖုရား၊ စုဖုရားလတ်တို့ကို အိနိ္ဒယနိုင်ငံ ရတနာဂီရိမြို့ သို့ ခေါ်ဆောင်သွားခဲ့သည့် သမိုင်းကြောင်းရာများကို သိရှိထားကြပြီး ဖြစ်ပါသည်။ ၁၈၈၆ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့မှ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၃ ရက်နေ့အထိ နှစ်ပေါင်း ၆၂ နှစ်၊ ပထမ ကျူးကျော်စစ်စတင်သည့် ၁၈၂၄ ခုနှစ်မှ စတင်ရေတွက်လျှင်မူ နှစ်ပေါင်း ၁၂၄ နှစ် တိုင်ကြာအောင် မိမိတို့သည် အင်္ဂလိပ် လက်အောက် ကျွန်သ ပေါက်ဘ၀ဖြင့် နေထိုင်ခံစားခဲ့ရသည်။…
သို့ရာတွင် နယ်ချဲ့လက်အောက်တစ် လျှောက်လုံး မိမိတို့ တိုင်းရင်းသားများက အသလွတ် ခေါင်းငုံ့ခံ ခဲ့ခြင်း တော့ မဟုတ်ပါ။ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် အတူ နိုင်ငံရေးအရ နိုးကြားတက်ကြွမှုများ သန္ဓေတည် လာခဲ့ကြသည်။ နယ်ချဲ့ ဆန့်ကျင်ရေးလှုပ်ရှားမှုသမိုင်းတွင် ဗမာတိုင်းရင်းသားများသာမက အခြားတိုင်းရင်း သားများကလည်း မိမိနည်းမိမိဟန်ဖြင့် ဆန့်ကျင်တော်လှန်ခဲ့ကြသည်။ ယင်းတို့ အနက် ကရင်တိုင်းရင်း သား တို့၏ နယ်ချဲ့ ဆန့်ကျင်ရေးလှုပ်ရှားမှုများကို သမိုင်းရေးရာ ရှုထောင့်မှ တစေ့တစောင်းတင်ပြသွား မည်ဖြစ် ပါသည်။
လေ့လာမိသရွေ့ ၁၈၂၅ ခု၊ မတ်လ ၇ ရက်တွင် ဓနုဖြူမြို့၌ ဗြိတိသျှနှင့်မြန်မာ တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ အင်္ဂ လိပ် အရာရှိနှစ်ဦးဖြစ်သည့် ကပ္ပတိန်ရို့စ်နှင့် ကပ္ပတိန်ကင်နွန်တို့ ကျဆုံးသွားသဖြင့် ၎င်းတို့၏တပ်မှူး ဗိုလ်ချုပ် ကိုးလ်တန်ထံ စစ်ကူတောင်းခဲ့ရသည်။ ဤတိုက်ပွဲတွင် ဓနုဖြူမြို့၏ အရှေ့နှင့် အနောက်ခြမ်းဒေသ ရှိ ကျေးရွာ များမှ ကရင်တိုင်းရင်းသားများ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ကရင်တပ်ဖွဲ့များကို ““ဗိုလ်လန်””ဆိုသူက ဦးစီးခဲ့ပါ သည်။ သို့သော် ဓနုဖြူခံတပ်သည် ၁၈၂၅ ခု၊ ဧပြီလ ၂ ရက်နေ့တွင် အင်္ဂလိပ်လက်သို့ ကျရောက်ခဲ့သည်။ ဓနုဖြူ ခံတပ်မှ ဆုတ် ခွာလိုက်ရသည့် ဗမာတပ်မှူး ““ရွှေလန် ဗိုလ်””နှင့် ကရင်တပ်မှူး““မန်းကြာ””တို့ ဦးစီးသော မြန်မာ-ကရင်တပ်များသည် ဓနုဖြူမြို့ကိုတစ်ကြိမ် ပြန်လည် တိုက်ခိုက် ခဲ့သော်လည်း အင်အားချင်းမမျှသဖြင့် ဆက်လက်ဆုတ်ခွာခဲ့ရသည်။ ဆုတ်ခွာ သွားသော မြန်မာကရင်တပ်များနောက်သို့ ဗြိတိသျှတပ်များ လိုက်လံ တိုက်ခိုက်ရာ ကျုံပျော်အရောက်တွင် ဗမာတပ်မှူး ““ရွှေလန်ဗိုလ်”” ကျဆုံးသွားသည်။ ထိုတပ်များ ကို ကရင် တပ်မှူး ““မန်းကြာ”” ဆက်လက် ဦးစီးပြီး ဆက်လက်ခုခံတိုက်ခိုက်ခဲ့သော် လည်း အထောင် သောင်ကြီး အရောက်တွင် ““မန်းကြာ””ကျဆုံးသွားပါသည်။ မြစ်ဝကျွန်းပေါ်၌ ဗြိတိသျှဆန့်ကျင်ရေးတိုက်ပွဲ ပေါ်ပေါက်စဉ် သာယာဝတီခရိုင်၌ ဗမာနှင့် ကရင်တိုင်းရင်းသားများ ဗြိတိသျှဆန့်ကျင် ရေးတိုက်ပွဲ လက်တွဲဆင်နွှဲခဲ့ကြကြောင်း လေ့လာသိရှိရပါသည်။
အောက်မြန်မာနိုင်ငံတစ်ခုလုံးကို သိမ်းပိုက်ရန် အကြံဖြင့် (၅-၄-၁၈၅၂) ခုနှစ်တွင် စတင်ခဲ့သော ဒုတိယအင်္ဂလိပ် ကျူးကျော်စစ် စတင်လျှင်စတင်ချင်း ကရင် မျိုးနွယ်စုဝင်တစ်မျိုးဖြစ်သော ““ကယ်ခို- ကယ်ဘား”” ကရင်တပ် များ၏ ခုခံမှုနှင့်ရင် ဆိုင်ခဲ့ရသည်။ ““ကယ်ခို-ကယ်ဘား”” ကရင်တို့ကို မင်းထင်-မင်းလှနှင့် ““အိုင်သာထောင်”” ဆိုသူများက ခေါင်းဆောင်ခဲ့ကြပြီး ကရင်ဒေသခေါင်းဆောင် ““အိုင်သာထောင်””က ပဲခူးရိုးမအရှေ့ခြမ်းရှိ ““ကယ်ခို-ကယ်ဘား”” ကရင်ရွာ ၂၅ ရွာ မှ ရွာသားများကို ကျူးကျော်သူ ဗြိတိသျှ တို့အား တော်လှန်တိုက် ခိုက်ရန် ဦးဆောင် စည်းရုံးခဲ့သည်။ ရွာသားများကို စစ်သင် တန်းပေးသည့်အပြင် ဓား၊ သန်လျက်၊ ၀ါး ချွန်တို့ဖြင့် တိုက်ခိုက်နည်း၊ လေး၊ မြား၊ လှံပစ်နည်းနှင့် ကိုယ်ကာယကြံ့ခိုင်မှုသင် တန်းများပေးခဲ့သည်။ ““အိုင်သာထောင်”” ၏ လက်ထောက်နှစ်ဦးဖြစ်သော ဗိုလ်လှိုင် နှင့်ဗိုလ်ဂွက်တို့နှစ်ဦးအား စစ်ရေးအခြေ အနေအရပ်ရပ်ကို ““အိုင် သာထောင်””နှင့် မြန်မာဘုရင်တို့ထံ သတင်းပို့စေခဲ့သည်။ မြေပြန့်ဒေသ များဖြစ်သည့် တောင်ငူ၊ ရေ တာရှည်၊ ဆွာ၊ သာဂရ၊ မြို့လှ၊ ရေနီတို့ကို သိမ်းပိုက်ပြီးနောက် ဗြိတိသျှတပ်တို့သည် အရှေ့ရိုးမကိုဖြတ်ကျော်၍ ၀န်းကျင် တစ် ၀ိုက်ရှိကရင်ရွာများကိုသိမ်းပိုက်ရန် စီစဉ် သည်။ ဗြိတိသျှ တို့သည် တောင်ငူအရှေ့ ဘက်၊ တောင်ငူမြောက် ဘက်နှင့် ရေတာ ရှည်တို့တွင် ရှေ့တန်းခံကတုတ် (Check Point) တပ်စခန်းများ တည်ဆောက်သည်။ ထိုဒေ သများရှိ မြတ်ထင်နှင့် ကရင်ချောင်း ရွာကို ဆက်သွယ်ထားသော အရှည် ၂၄ မိုင်၊ အနံ ၆ ပေကျယ် မော်တော် ကားလမ်း ဖောက်လုပ်ရာ၌ ကရင်ရွာသူရွာသားများကို အဓမ္မခိုင်းစေခဲ့သည်။ ““အိုင်သာထောင်””သည် ဗြိတိ သျှတို့အား နောက်ဆုတ်ရန် ရာဇသံပေးခဲ့သည့်ပြင် ကရင်များကိုလည်း ဗြိတိသျှတို့နှင့် ပူးပေါင်းဆောင်ရွက် ကူညီခြင်းမပြုရန် လှုံ့ဆော်တားမြစ်ခဲ့သည်။
ထို့နောက် မြို့လှ၊ ရေနီ၊ ရေကန် ဒေသတို့တွင် ဗြိတိသျှနှင့် မြန်မာတပ်များ အပြင်းအထန် ရင်ဆိုင် တိုက်ခိုက် နေကြ ကြောင်းကြားသိရသည့် ““အိုင်သာထောင်”” သည် မိမိ၏လက်ထောက်များနှင့်အတူ ပဲခူးရိုးမ အရှေ့ခြမ်းရှိ မြန်မာတပ်များနှင့် လာရောက်ပူးပေါင်းပြီး စစ်တောင်းမြစ် မှ လှေများဖြင့်ချီတက်လာသော ဗြိတိသျှ တပ်များကို ၀ိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ပါသည်။ ““ဗိုလ်ကျော်””ဦးစီးသော ကရင်တပ်များ က မြတ်ထင်ဒေသ၌ ချုံခို တိုက်ခိုက်ရာ ဗြိတိသျှတပ်များ တောင်ငူသို့ ပြန်လည် ဆုတ်ခွာရသည်။
ဗိုလ်သာဘုန်း၊ ဗိုလ်သာဒိုး၊ ဗိုလ် ကျော်လှ၊ ဗိုလ်မြတ်ထွန်းတို့သည် ရန်ကုန်၊ ဓနုဖြူ၊ ပဲခူး၊ ပုသိမ်၊ မော်လမြိုင်နှင့် မုတ္တမဒေသများ၌ ဗြိတိသျှတို့နှင့် ရင်ဆိုင် တိုက်ပွဲဆင်နွှဲခဲ့ရာတွင် ထင်ရှားကျော်ကြား သောေ ခါင်း ဆောင် များ ဖြစ် ပါသည်။ ၁၈၅၃ ခု၊ ဇန်န၀ါရီလ ၁၇ ရက်နေ့၌ ပထမဆုံးဖြစ်ပွားသော ဓနုဖြူတိုက်ပွဲတွင် ဗိုလ်မြတ်ထွန်း ဦးစီး သော တပ်များက ဗြိတိသျှ ၁၂ဦးကို သုတ်သင်နိုင်ခဲ့သည်။ ၁၈၅၃ ခုနှစ်တွင် တစ်ဖန် ရေတပ်၊ ကြည်းတပ်၊ လူငယ်တပ် ဖွဲ့များ ပါဝင်သော အင်အား ၅၂၀ ရှိ ဗြိတိသျှတပ်များက ဓနုဖြူခံတပ်ကို ထပ်မံ တိုက်ခိုက်ရာ တိုက် ပွဲပြင်းထန်ခဲ့ပြီး ဗြိတိသျှစစ်သည် ၆ ဦး ကျဆုံး၊ ၅၃ ဦးဒဏ်ရာ ရသောကြောင့် ဗြိတိသျှတို့ ဆုတ်ခွာခဲ့ရ သည်။ မြစ်ဝကျွန်းပေါ် ဘက်ဖြစ်ပွားသော တိုက်ပွဲများတွင်လည်း ဗြိတိသျှတို့ အသာ မရခဲ့ချေ။ ထို့ကြောင့် အိုင်ယာ လန်နှင့် အိနိ္ဒယစစ်သား ၄၀၀ နှင့် ဟော်ဝစ်စာ အမြောက်ကြီးများ၏အကူဖြင့် ၁၈၅၃ ခု၊ မတ်လ ၁၈ ရက်နေ့တွင် ထပ်မံတိုက်ခိုက်ရာ တိုက်ပွဲ မှာ ကြီးမားဆိုးရွား ပြင်းထန်လှ သည်။ ထိုတိုက်ပွဲတွင် ဗမာ၊ ကရင်၊ မွန်တိုင်းရင်းသား စစ်သားများ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသည်။ ၁၂ ရက်ကြာဖြစ် ပွားခဲ့သော ထိုတိုက်ပွဲတွင် ဗြိတိသျှတို့၏ ဟော်ဝစ်ဇာအမြောက်ကြီး များကြောင့် မြန်မာတပ်များ အထိနာခဲ့ကြသည်။ သို့သော် ဗိုလ်မြတ် ထွန်းမှာ တစ်စုံတစ်ရာ ဒဏ်ရာမရဘဲ လွတ်မြောက်ခဲ့ပါသည်။ ဗြိတိသျှ အရာရှိ ၁၂၀ ဦး၊ စစ်သည် ၅ ဦး ထိခိုက် ဒဏ်ရာရရှိပြီး အရာရှိကြီး ၃ ဦး၊ အရာရှိ ငယ် ၁၈ဦးနှင့် စစ်သည် ၂၅၀ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
တစ်ချိန်တည်းမှာပင် သာယာဝတီဘက်မှ ကရင်အမျိုးသား ဗိုလ်ကောင်ကြီး နှင့် ဗိုလ်ကောင်ကလေးတို့သည် ဗြိတိသျှ တို့ကို တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ ရွာသူကြီးတစ်ဦးဖြစ်သော ဗိုလ်ကောင်ကြီး သည် ကရင်တိုင်း ရင်းသားများနှင့်အတူ မိုးညို၊ ဟင်္သာတ၊ သာယာဝတီဒေသများ အနှံ့ ဗြိတိသျှတို့ကို တော်လှန်တိုက်ခိုက်ခဲ့ သည်။ ဓနုဖြူမှ ပြန်လည် ဆုတ်ခွာလာသော ဗိုလ်မြတ်ထွန်းသည် ဗိုလ်ကောင်ကလေး၏ ကရင်တပ်များဖြင့် ပူးပေါင်းပြီး ““ဒူးယား”” ရွာ၌ ဗြိတိသျှတို့ကို အသေအလဲ ခုခံတိုက် ခိုက်ခဲ့ကြသည်။ ထိုတိုက်ပွဲတွင် ၎င်းတို့ နှစ်ဦးလုံး အသက်ပေး စတေးခဲ့ကြရသည်။ ဗိုလ်ကောင်ကလေးနှင့် ဗိုလ်မြတ်ထွန်းတို့ ကို ရင်ဆိုင်တိုက် ခိုက်ရန်အတွက် ဗြိတိသျှတို့သည် စစ်သည် ၄၀၀၀ နှင့်အတူ ဗိုလ်ချုပ်ကြီးတစ်ဦးကို တာဝန်ပေးလျက် အဓိက စစ်ဆင်ရေး ၃ ခု ဆင်နွှဲခဲ့ရ ကြောင်း သမိုင်းမှတ်တမ်းရှိသည်။
၁၈၅၆ ခုနှစ်တွင် ဗြိတိသျှတို့သည် ကရင်နီကုန်းမြင့်များဆီသို့ ဆက်လက်ချီ တက် တိုက်ခိုက်ခဲ့ရာ၌ စစ်တောင်း နှင့် ပေါင်းလောင်းမြစ်ဝှမ်းတစ်လျှောက် ကရင် နီတို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ အလား တူ သံလွင်မြစ် ၀ှမ်း တစ် လျှောက်၌လည်း ကရင်နှင့် ကရင်နီတို့၏ ခုခံတိုက်ပွဲနှင့် ဆုံခဲ့ရပါသည်။ ၁၈၅၇ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ တွင် ကရင်နီပြည်နယ် (ယခု ကယားပြည်နယ်)ကို ဗြိတိသျှနှင့် မြန်မာ ဘုရင်တို့ အသိအမှတ်ပြုပေးခဲ့ရ သည်။ မြန်မာ ဘုရင်၏ ကိုယ်စား ကင်းဝန်မင်းကြီးနှင့် ဗြိတိသျှတို့ကိုယ်စား ဆာဒေါက်ကလပ် ဖော့စစ်တို့ လက်မှတ်ရေးထိုး အတည်ပြု ခဲ့ခြင်းဖြစ်သည်။ ၁၈၅၇ ခုနှစ်တွင်ပင် မုတ္တမဘက်၌ ကရင်မင်းလောင်းပေါ်သည် ဟူသည့် သတင်း များအပေါ် ကရင်တိုင်း ရင်းသားများ ဗြိတိသျှတို့ကို ဆန့်ကျင် တော်လှန်ခဲ့ကြရာ မြစ်ဝကျွန်းပေါ်နှင့် ပုသိမ်ဒေသ များသို့ ရောက်ရှိပျံ့နှံ့သွားပါသည်။ ထို့ပြင် ၁၈၇၁ ခုနှစ်တွင် ကရင် မျိုးနွယ်စုတစ်ခုဖြစ်သော ““ပရဲ့”” ကရင် အနွယ်ဝင်များက ဗြိတိသျှဆန့်ကျင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သကဲ့သို့ ၁၈၇၈ ခုနှစ်တွင်လည်း သာယာဝ တီနှင့် တောင်ငူတို့၌ ကရင်အမျိုးသား ဗိုလ်ဖော ဒင်၊ ဗိုလ်အောင်တို့၏ ဦးဆောင်မှုဖြင့် နယ်ချဲ့ ကိုလိုနီဆန့် ကျင် ရေး လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ပါသည်။ ဤသည်ကား ကိုလိုနီခေတ်တစ်လျှောက် အောက်မြန်မာနိုင်ငံဘက် တွင် ကရင်အမျိုးသားတို့၏ စစ်ရေးအရ ဆန့်ကျင်တော်လှန်မှုများကို အကျဉ်းမျှ မီးမောင်းထိုးပြခြင်း ဖြစ်ပါသည်။
၁၈၆၀ပြည့်နှစ်တွင် ကရင်အမျိုးသား ၉ ဦးတို့သည် ၎င်းတို့အနက် ဒေါက်တာ တီသံပြာ (Dr.Thesdine Than Bya) မှာ ကရင်အမျိုးသားများထဲမှ ပထမဦးဆုံး ဒေါက်တာဘွဲ့ (Honorary Doctorate.D.D) ရရှိခဲ့သူတစ်ဦး ဖြစ်ပါသည်။ ထိုအချိန်မှစ၍ ကရင်တိုင်းရင်းသားတို့၏ အမျိုးသားရေးနှင့် နိုင်ငံရေးနိုးကြားတက်ကြွမှု စတင် လာခဲ့သည်ဟု ဆိုနိုင်ပေသည်။ ၁၈၈၁ ခုနှစ်တွင် အောက်မြန်မာနိုင်ငံရှိ ကရင်များ က အမျိုးသားရေးနှင့် ဆက် နွှယ်သော အဖွဲ့အစည်းများကို ထူထောင်ရန် စတင် လှုပ်ရှားခဲ့ကြရာ၌ ရှေးဦးစွာ““ဒေါကလု”” ခေါ် ကရင်အမျိုး သားအသင်း (Karen National Association KNA) ကို ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ ““ဒေါကလု””ဟူ သည်မှာ ကရင်မျိုးနွယ်စုကြီးတစ်ခုဖြစ်သည့် ““စကော””ကရင်တို့၏ စကားဖြစ်ပြီး ““တစ်မျိုးသားလုံး”” ဟူသည့် အဓိပ္ပာယ် သက်ရောက်ပါသည်။ ထိုစဉ်က ““ဒေါကလု”” ဂျာနယ်ကိုလည်း ထုတ်ဝေဖြစ်ခဲ့ကြပါသည်။ ပထမဆုံး ““ဒေါကလု”” အသင်းကြီး၏ အမှု ဆောင်များမှာ အောက်ပါတို့ဖြစ်သည်-
ဒေါက်တာတီသံပြာ- ဥက္ကဋ္ဌ
ဒေါက်တာမြတ်စံ- ဒုတိယဥက္ကဋ္ဌ
ဦးလူနီ- အတွင်းရေးမှူး
ဦးစံလုံး- တွဲဖက်အတွင်းရေးမှူး
ဦးရွှေမောင်အုန်း-အမှုဆောင်အဖွဲ့ဝင်
သရာစောစေး- အမှုဆောင်အဖွဲ့ဝင်
၎င်းနောက် ၁၉၀၅ ခုနှစ်မှ ၁၉၂၀ ခုနှစ်အထိ ဒေါက်တာမြတ်စံက ““ဒေါကလု”” အသင်း၏ ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖော်ပြပါမည်
မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald
No comments:
Post a Comment