Wednesday, October 1, 2014

ကမ္ဘာ့ဘာသာပေါင်းစုံ မဟာမိတ်များ၏ ငြိမ်းချမ်းရေးအစည်းအဝေးကြီး ၁၆-၁၉ စက်တင်ဘာလ၊ ၂၀၁၄ ဆိုးလ်မြို့၊ တောင်ကိုရီးယားနိုင်ငံ

မိန့်ခွန်းအပြည့်စုံ၊ မြန်မာ-အင်္ဂလိပ်

World Alliance of Religions Peace Summit
ကမ္ဘာ့ဘာသာပေါင်းစုံ မဟာမိတ်များ၏ ငြိမ်းချမ်းရေးအစည်းအဝေးကြီ
၁၆-၁၉ စက်တင်ဘာလ၊ ၂၀၁၄ ဆိုးလ်မြို့၊ တောင်ကိုရီးယားနိုင်ငံ
---------------------------------------------------

ဤအစည်းအဝေးကြီးကို- ကိုရီးယားရိုမန်ကက်သလစ်ဘာသာရေးခေါင်းဆောင် သူဋ္ဌေးကြီး- Man Hee Lee က ခေါင်းဆောင်၍ ကျင်းပခြင်းဖြစ်သည်။ သူတည်ထောင် ထားသော အဖွဲ့အစည်းကို - The Orgnization of Heavenly Culture, World Peace, Restoration of Light ဟုခေါ်သည်။ ယဉ်ကျေးမှု၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ပညာအလင်းရောင်ထွန်းတောက်ရေး အသင်းဟု အဓိပ်္ပါယ်ရသော အသင်းကြီးဖြစ်သည်။


ဤအစည်းအဝေးကြီးကို- တောင်ကိုရီးယားမှာအခြေစိုက်သော အမျိုးသမီးများ ငြိမ်းချမ်းရေးအဖွဲ့ လူငယ်များငြိမ်းချမ်းရေးအဖွဲ့ ဘာသာရေးနှင့် ယဉ်ကျေးမှု ပူပေါင်းဆက် သွယ်ရေးဌာနများက စုပေါင်းအားပေးထောက်ပံ့ကြခြင်းဖြစ်သည်။

အစီအစဉ်အတိုချုပ်
၁။ (က) စက်တင်ဘာလ ၁၆ ရက်နေ့တွင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရေဒီယို၊
တယ်လီဗွီးရှင်းများနှင့် တွေ့ဆုံခြင်း။
( ခ ) အသင်းဝင် ၂၀၀ ကျော် ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း။
( ဂ ) စစ်ပွဲများရပ်ဆိုင်းရေးနှင့် ငြိမ်းချမ်းရေးအတွက် ကမ္ဘာ့ဘာသာရေး
ခေါင်းဆောင်များနှင့် ကိုရီးယားနိုင်ငံခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေးခြင်း။
(ဃ) အခမ်းအနားအစီအစဉ် အသေးစိတ်ရေးဆွဲခြင်းများ ပြုလုပ်ကြသည်။
၂။ စက်တင်ဘာလ (၁၇)ရက်နေ့တွင် ဟိုတယ်လေးခု၌ တည်းခိုနေကြသော ဘာသာရေးနှင့် ငြိမ်းချမ်းရေးခေါင်းဆောင်များအားလုံး နေ့လည် (၂)နာရီတွင် အိုလံပစ် အားကစားကွင်းကြီး၌ စုရုံးကြသည်။ အခမ်းအနားကို နေ့လည် (၃)နာရီတွင် ဖွင့်လှစ်ခဲ့သည်။ ကွင်းကြီးပြည့်လျှံနေသော လူအုပ်ကြီးမှာ (၂)သိန်းခွဲရှိသည်ဟု ကြေညာသည်။ နိုင်ငံပေါင်း (၂၀၀)ကျော်မှ ဘာသာရေးယ လူမှုရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေး (အငြိမ်းစား) ခေါင်းဆောင်ပေါင်း (၆)သောင်းကျော်တက်ရောက်သည်ဟုကြေညာသည်။ ကိုရီးယား ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီးမျိုးစုံတို့ဖြင့် ဖြေဖျော်သည်။ အဖွင့်နှုတ်ဆက် စကားကို Mr.Man Hee Lee က ပြောသည်။ ထို့နောက် ရူမေးနီးယားယ ရုရှား၊ အိုင်ယာလန်၊ ခရိုအေးရှား၊ ပီးရူး နိုင်ငံများမှ အငြိမ်းစား သမ္မတ၊ အငြိမ်းစားဝန်ကြီးချုပ်များက စကားပြောကြသည်။ ထို့နောက် ကိုးရီးယား၊ ဖိလစ်ပိုင်၊ အီဂျစ်၊ ပန်ဂျပ်၊ အမေရိကန်၊ အစ္စရေး၊ ကင်ညာ၊ တောင်အာဖရိက၊ အိန်္ဒိယ နိုင်ငံများမှ ဘာသာရေး ခေါင်းဆောင်များ မိန့်ခွန်းပြောကြသည်။ မီးရှူးမီးပန်းများရောင်မျိုးစုံ ပစ်ဖေါက်၍ အကမျိုးစုံဖြင့် ည (၈)နာရီမှာပင် ဖွင့်ပွဲအခမ်းအနား ပြီးဆုံးသွားသည်။

ထူးခြားသည်မှာ တစ်နိုင်ငံမှ ခေါင်းဆောင်တစ်ယောက် စကားပြောတိုင်း နိုင်ငံအမည်၊ ခေါင်းဆောင်အမည်နှင့် ရုပ်ပုံတို့ကို မျက်နှာချင်းဆိုင် စင်မြင့်ပေါ်မှာပင် သောင်းဂဏာန်းလောက်ရှိမည့် လူတို့ကို အ၀တ်အရောင်၊ မီးအရောင်ပြောင်း၍ပြောင်း၍ စာတန်းထိုး ပုံဖေါ်သွားခြင်းပင်ဖြစ်သည်။

မှတ်ချက်။ ။ များလွန်းသောလူအုပ်ကြီးကို ငြီးငွေ့လှသဖြင့် Speaker အားလုံး၏ Speeches များပြီးဆုံးလျှင် မိမိအားပေးထားသော သီးခြားမော်တော်ယာဉ်ယ သီးခြားလမ်းညွှန်၊ သီးခြားလုံခြုံရေးတို့ကိုခေါ်၍ ဟိုတယ်သို့ ပြန်လာခဲ့သည်။ V.V.I.P များကို ဟိုတယ်၏ (၁၆)ထပ်တွင် သီးခြားထား၍ ဓါတ်လှေကားများ၊ အခန်းဝများတွင် လုံခြုံရေးများ ချထားပေးသည်။

၃။ စက်တင်ဘာလ(၁၈)ရက်နေ့တွင် Sheraton Grande ဟိုတယ်မှ နံနက် (၈)နာရီတွင် ထွက်ကြသည်။ V.V.I.P ဖြစ်၍ သီးခြားလမ်းညွှန် လုံခြုံရေးနှင့် သွားရသည်။ အစည်းအဝေးကို National Convention Centre တွင် ကျင်းပသည်။ နံနက် (၁၀)နာရီတွင် စတင်သည်။ Mr. Man Hee Lee က အဖွင့်စကားပြောသည်၊ Ms. Nan Hee Khimက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောသည်။

ရူမေးနီးယားယ အီဂျစ်၊ ဘယ်လ်ဆာဗေးဒိုး၊ နိုင်ငံခေါင်းဆောင်များနှင့် ဟိန်္ဒူ၊ ဂျူး၊ ဂျိမ်း၊ ခရစ်ယာန်၊ ဆစ်ခ်ယီမင်နှင့် ဗုဒ်္ဓဘာသာခေါင်းဆောင်များကို စကားပြောရန် ရွေးချယ်ထားသည်။ ဗုဒ္ဓဘာသာအတွက် မဟာယာန၊ ထေရ၀ါဒ၊ ၀ဇီရာယာန အားလုံး အတွက် (ရှားရှားပါးပါး) တစ်ယောက်တည်းကို နံပါတ်စဉ် (၉)မှာ ထည့်ထားလေသည်။ ဗုဒ္ဓဘာသာနောက်တွင် ဆစ်ခ်ယီမင်ဘာသာတစ်ယောက်သာ ရှိပါတော့သည်။ သို့သော် ညပိုင်းက ဧည့်ခံပွဲတွင် ကျောက်စိမ်းဆင်းတု လက်ဆောင်ပေးလိုက်သော ကျေးဇူးကြောင့် ထင်ပါသည်။ အမှတ်စဉ် (၉)မှ (၃)သို့ ပြောင်း၍ အခမ်းအနားမှူးက ဖိတ်ခေါ်ပါသည်။ ဆွမ်းချိန်မလွန်မှီ စာတမ်းဖတ်ယ စကားပြောခြင်းကိစ်္စပြီးသွားသဖြင့် လွန်စွာဝမ်းမြောက်မိ ပါသည်။ Tea Break(လက်ဖက်ရည်သောက်နားချိန်)မှာပင် နေ့လည် (၁)နာရီထိုးပါပြီ။ နေ့လယ်စာ စားချိန်ကို နေ့လည်(၃)နာရီမှာ ပေးသည့်အတွက် ထေရ၀ါဒသံဃာတော်များ အားလုံး ဆွမ်းအခက်ကြုံကြရလေသည်။ The World in One ဆိုပေမဲ့ Traditional and Culture မှာ One မဖြစ်နိုင်ပေ။ Non-Violence and Peace မှာတောင် One ဖြစ်အောင် အကြိတ်အနယ် ကြိုးစားကြရဦးမှာပါ။ နေ့လည် (၂)နာရီခွဲမှာတော့ The Agreement of United Religions ဟူသော ငြိမ်းချမ်းသဘောတူညီချက် ကြေညာ စာတမ်း (အချက်-၉ချက်အပါအ၀င်)ကို စင်မြင့်ပေါ်မှာ ဘာသာရေးခေါင်းဆောင် (၁၂)ယောက်စီ လက်မှတ်ရေးထိုးကြသည်။ စုပေါင်းဓါတ်ပုံရိုက်ကြသည်။ နေ့လယ်စာ စားပြီး စကားဆက်ပြောကြသည်။ အခမ်းအနားစီစဉ်သူကို အလေးအနက်တောင်းပန်၍ ဆီးနှင့်လေ ချုပ်တည်းရသည့် ရှည်လျားစွာသော အစည်းအဝေးကြီးမှ (၃)နာရီခွဲတွင် ထွက်ခွာ၍ ဟိုတယ်သို့ ပြန်ခဲ့သည်။

သံဝေဂယူစရာအများကြီးထဲက တစ်ခုမှာ ဂျူးဘာသာရေးခေါင်းဆောင်တစ်ဦးနှင့် အစ်္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦး (နိုဘယ်လ်ငြိမ်းချမ်းရေး)ဆုရအမျိုးသမီးတစ်ဦး တို့ စကားပြောနေစဉ်မှာပင် နားထောင်သူအချို့အော်ကြဟစ်ကြသည့်အတွက် Peace မဖြစ်ဘဲ Noise ဖြစ်သွားတာတစ်ခုရှိလေသည်။ National Convention ခန်းမဆောင်မှာ ပရိတ်သတ် (၆)သောင်းတို့ပြည့်ကြပ်နေပေသည်။

အစည်းအဝေးကြီး၏ The Peace Summit of World Alliance Religions ရည်ရွယ်ချက်နှင့် အနှစ်သာရမှာ-
(က) To be United the All Religions
(ဘာသာရေးအားလုံး ညီညွတ်ပေါင်းစည်းရန်)
( ခ ) To Stop Battle of All Wars
(စစ်ပွဲများအားလုံး ရပ်စဲရန်)
( ဂ ) To Make Peace of Whole World
(တစ်ကမ်္ဘာလုံး ငြိမ်းချမ်းမှု တည်ဆောက်ရန်) ဟူ၍ဖြစ်လေသည်။

လူတို့ကိုးကွယ်ရာဘာသာတရားများသည် လူသားတို့၏ လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် ကြောက်လန့်ခြင်းမှ ကင်းဝေးရေးအတွက်
အရှင်ဉဏိဿရ
(အဂ်္ဂမဟာပဏ္ဍိတယ Ph.D, D.Litt.)
မြန်မာ
--------------------------------------------------------------------

လေးစားအပ်ပါသော ဘာသာရေးခေါင်းဆောင်များ၊
စိတ်ဓါတ်ရေးခေါင်းဆောင်များ
လူမှုရေးခေါင်းဆောင်များ၊
နိုင်ငံရေးခေါင်းဆောင်များအားလုံး ငြိမ်းချမ်းကြပါစေ။ ချမ်းသာ ကြပါစေလို့ ရှေးဦးစွာ ဆုတောင်းပါတယ်။

ဤမျှကြီးကျယ်သော အစည်းအဝေးကြီးကို မမောနိုင် မပန်းနိုင်ဘဲ အင်တိုက် အားတိုက် ဆောင်ရွက်ကြကုန်သော လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမ၊ အသင်းအဖွဲ့ညီအစ်ကို မောင်နှမများအားလုံးကို ဒုတိယအကြိမ် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

ဤမျှကြီးကျယ်တဲ့ ထိပ်တန်းငြိမ်းချမ်းရေး အစည်းအဝေးက ကျွန်ုပ်တို့အား မွန်မြတ်သော၊ ကြီးကျယ်သော အတွေ့အကြုံနှင့် ခံစားမှုများကို ရရှိစေခဲ့ပါတယ်။ ကမ္ဘာကြီးမှာ စစ်ပွဲတွေရပ်ဆိုင်းရေး၊ ညီညွတ်မှုတည်ဆောက်ရေး၊ ငြိမ်းချမ်းမှု တည်ဆောက်ရေးတို့အတွက် ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ၊ စိတ်ဓါတ်ရေးရာ ခေါင်းဆောင်များ၊ လူမှုရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များအားလုံး မေတ္တာ၊ ကရုဏာ၊ ခန်္တီ၊ သစ္စာ၊ သီလနှင့် ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ ကိုယ်ကျိုးစွန့်လွှတ်ခြင်း၊ အယူမသည်းခြင်း၊ အစွန်းမရောက်ခြင်းတို့ဖြင့် တူညီသောဘုံလမ်းကြောင်း (Common High Way)ပေါ်မှာလက်တွဲလမ်းလျှောက်နိုင်ကြပါစေလို့လည်း ကျွန်ုပ်ဆုတောင်းပါတယ်။
ဒီကနေ့ ဒီအစည်းအဝေးကြီးသို့ တက်ရောက်လာကြတဲ့ ဘာသာရေး ခေါင်းဆောင်တွေမှာ အပြင်အပအသွင်အပြင်တွေ အမျိုးမျိုးရောင်စုံခြယ်ထားကြတာ တွေ့မြင်ရတော့ အလွန်လှပတဲ့ ပန်းရောင်စုံပွင့်နေတဲ့ ဥယျာဉ်ကြီးတစ်ခု ရောက်နေသလို ကျွန်ုပ်ခံစား မိပါတယ်။

ယနေ့ကျွန်ုပ်တို့တစ်တွေဟာ ဘာသာရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု စသည့် အမျိုးမျိုး ကွဲပြားနေတဲ့ ကမ္ဘာကြီးထဲမှာ နေနေကြရတာဖြစ်ပါတယ်။ ဤကဲ့သို့သောကမ္ဘာကြီးမှာ အယူအဆမတူမျှတဲ့ ကျွန်ုပ်တို့တစ်တွေဟာ အမျိုးမျိုးသော ပြဿနာတွေရဲ့ အပေါ်မှာ အမျိုးမျိုးသော အယူအဆထင်မြင်မှုတွေရှိကြပါတယ်။ သို့သော် ပြဿနာ ဆိုတာကတော့ အားလုံးအတွက် အတူတူပါပဲ။ ဒါ့ကြောင့် ကျွန်ုပ်တို့တစ်တွေဟာ တူညီသောပြဿနာ တို့ရဲ့အပေါ်မှာ တူညီသောအဖြေကို ကြိုးစား၍ ရှာဖွေနေကြခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ လူဘ၀ပြဿနာအားလုံးတို့အတွက် အပြီးသတ်အဖြေဆိုတာတော့ ရှိလိမ့်မယ်မဟုတ် ပါဘူး။ ဒါ့ကြောင့် ကွဲပြားခြင်းထဲမှာ ညီညွတ်ခြင်း (Unity in Diversity)ကို ရှာရမယ်ဆိုတဲ့ သဘောတရားကို လက်ခံရမှာ ဖြစ်ပါတယ်။ ဒီခံယူချက်ဟာ ကျွန်ုပ်တို့ ဘ၀ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ဘုံလမ်းကြောင်း (Common Platform) ဖြစ်ပါတယ်။ ဒီဘုံလမ်းကြောင်းကို ရှာတွေ့မှ ဒီလမ်းကြောင်းပေါ်မှာ လက်တွဲ၍ လျှောက်လှမ်းနိုင်ပြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို ထိန်းသိမ်းနိုင်ယ တည်ဆောက်နိုင် ကြမှာဖြစ်ပါတယ်။

ယနေ့ကမ်္ဘာမှာ အဓိကအားဖြင့် ကိုးကွယ်ဘာသာတရား (၇)ခုလောက်ရှိပါတယ်။ ခရစ်ယာန်၊ အစ်္စလာမ်၊ ဟိန္ဒူ၊ ဗုဒ္ဓ၊ ဂျိန်း၊ ဂျူးနှင့် ဆစ်ခ် ဘာသာများရယ်လို့ရှိပါတယ်။ အခြားနတ်ကိုးကွယ်မှုပေါင်းများစွာလည်း ရှိပါသေးတယ်။ ကမ္ဘာမြေကြီးပေါ်မှာ လူသားတွေ စတင်ပေါ်ပေါက်ခါစအချိန်က ကိုးကွယ်ရာမရှိတဲ့ လူသားတွေဟာ အမှောင်ကျတဲ့အခါ၊ မိုးချုန်းတဲ့အခါ၊ လေတိုက်တဲ့အခါ၊ ငလျင်လှုပ်တဲ့အခါ၊ ရောဂါဖြစ်တဲ့အခါ ကြောက်လန့် တုန်လှုပ်ကြတယ်။ အဲဒီအခါ သူတို့တစ်တွေဟာ ကိုးကွယ်ရာအမျိုးမျိုးရှာကြတယ်။ တော၊ တောင်၊ နေ၊ လ၊ သစ်ပင် စသည်တို့ဟာ သူတို့(ကမ်္ဘာဦးလူတို့)ရဲ့ ကိုးကွယ်မှုတွေ ဖြစ်လာကြပါတယ်။ ဒီအချက်ကို ကမ္ဘာ့သမိုင်းဆရာတို့က ကမ္ဘာ့သမိုင်းစာအုပ်တွေမှာ ဖော်ပြထားကြတယ်။ အိနိ္ဒယ၀န်ကြီးချုပ်နေရူးကတောင် သူရဲ့ “Glimpses of World History”စာအုပ်ကြီးမှာ ဖော်ပြထားပါတယ်။ မြတ်ဗုဒ္ဓကလည်း ဗဟုံ ဝေ သရဏံ ယန်္တိ- မနုဿာ ဘယတဇိ္ဇတာ - ကြောက်စိတ်ကြောင့် ကိုးကွယ်ရာများစွာ ပေါ်ပေါက်လာတာလို့ ဟောထားပါတယ်။ ကိုးကွယ်ရာအမျိုးမျိုးကို အသီးသီးရရှိကြတော့မှ ခေတ်ဦးလူတို့ ကြောက်လန့်စိတ်တွေ ပျောက်ကြပါတယ်။

ယနေ့ကမ္ဘာမှာ လူသားအများစုမှာ ထိတ်လန့်မှု၊ စိုးရိမ်မှုတွေ ဖြစ်နေကြပါတယ်။
အဲဒီလူသားတွေ စိုးရိမ်မှု၊ ကြောင့်ကြမှု၊ ကြောက်လန့်မှုတွေကို ဘာသာရေးခေါင်းဆောင် များအားလုံး ၀ိုင်းဝန်းဖြေဖျောက်ပေးဖို့ တာဝန်ရှိပါတယ်။ ဘာသာတရားကြောင့် ကမ္ဘာကြီး မှာ ထိတ်လန့်မှုဆိုတာ မဖြစ်သင့်ပါဘူး။ ထို့ပြင် အကယ်၍များ လူသားတွေမှာ အစွဲသန် ခြင်း၊ အစွန်းရောက်ခြင်းများရှိခဲ့လျှင် ၀ိုင်းဝန်းဖြေရှင်းကြပါ။ ဘာသာရေးကိုအခြေခံ၍ အစွန်းရောက်ခြင်း၊ နိုင်ငံရေး၊ လူမျိုးရေးအစွန်းရောက်ခြင်းတို့ဟာ ပဋိပက္ခဖြစ်ခြင်း၊ ဆူပူ သောင်းကျန်းခြင်းရဲ့ အစပဲဖြစ်ပါတယ်။ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ အစွဲမသန်ခြင်း၊ အစွန်းမရောက်ခြင်း၊ အလယ်လမ်းလိုက်ခြင်းတို့ဟာ ငြိမ်းချမ်းရေးရဲ့ လမ်းစပဲဖြစ်ပါတယ်။ ယနေ့ကမ္ဘာလောကကြီးမှာ အပြစ်အညစ်အကြေးတွေနဲ့ ပြည့်နေပါတယ်။ ဆူပူ သောင်းကျန်းခြင်းတွေ၊ အကြမ်းဖက်ခြင်းတွေ၊ ရက်စက်ကြမ်းကြုတ်ခြင်းတွေနဲ့ အပြည့် ဖြစ်နေပါတယ်။ ဗုဒ္ဓရှင်တော်ကလဲ ကမ္ဘာကြီးဟာ တုန်လှုပ်နေတယ်။ တည်ငြိမ်မှုမရဘူး။ အတွင်းအပြင်လောင်နေတယ်။ သောက ပရိဒေ၀တွေနဲ့ ပြည့်နေတယ်လို့ ဟောထား ပါတယ်။ ကမ္ဘာလောကကြီးမှာ အ၀ိဇ္ဇာအမှောင်ကျနေတယ်။ အမှန်တရားကို မမြင်လောက်အောင် ကန်းနေကြတယ်။ ဒါကြောင့် ဒီကနေ့ ကြွရောက်လာကြတဲ့ဘာသာရေး ခေါင်းဆောင်များအားလုံး ကမ်္ဘာ့လူသားအားလုံးရဲ့ အ၀ိဇ္ဇာအမှောင်ကို ဖယ်ရှားပေးကြပါ။ ၀ိဇ္ဇာ (ပညာ) အလင်းရောင်ပေးကြပါလို့ တောင်းပန်ပါတယ်။ ဒါဟာ ကျွန်ုပ်တို့အားလုံးရဲ့ တာဝန်ပါပဲ။

ချစ်ခင်လေးစားရပါသော ဘာသာရေးခေါင်းဆောင်များအားလုံးကို
ဆက်လက်၍ ပြောပြချင်တာက
----------------------------------------------------
ယနေ့ဘာသာတိုင်း၏ ဘာသာရေးနောက်လိုက် အားလုံးလိုလိုပါပဲ- သူတို့ကိုးကွယ်နေတဲ့၊ သူတို့ရဲ့သက်ဆိုင်ရာဘာသာတိုင်းရဲ့ အနှစ်သာရ၊ အနက်အဓိပ္ပါယ်ကို သူတို့ ထိထိမိမိတိတိကျကျ မသိနားမလည်ကြတော့ပါဘူး။ တိတိကျကျ လိုက်နာ ကျင့်သုံးခြင်း နည်းပါးသွားကြပါပြီ။ ဒါကြောင့် အဲဒီဘာသာရေး အ၀ိဇ္ဇာအမှောင်မှာ ကျရောက်နေတဲ့ လူတွေကို မပြတ်မပြတ်ဟောပြောဆုံးမခြင်းဖြင့် ပညာပေးဘို့ (Educate လုပ်ဖို့) အထူးပဲ လိုအပ်ပါတယ်လို့ပြောချင်ပါတယ်။

ယနေ့ကမ္ဘာလောကမှာ- ဤမျှပင် ကွဲပြားခြားနေကြသော်လည်း Common Bridge= အများလျှောက်ဖို့တံတားတစ်ခုများ ဆောက်ပေးလိုက်နိုင်လျှင် ကျွန်ုပ်တို့ ဘာသာတရားအားလုံး၏ ဘာသာဝင်အားလုံးအချင်းချင်း အပြန်အလှန်ရင်းနှီး ပွင့်လင်းသော နားလည်မှုတစ်ခု ရရှိလာကြလိမ့်မည်ဟု ကျွန်ုပ်ယုံကြည်ပါတယ်။ တင်းမာမှုနဲ့ ပဋိပက်္ခမှုတွေကို လျှော့ချနိုင်လိမ့်မည်ဟု ယုံကြည်ပါတယ်။ တံတားဆိုတာဟာ မြစ်ချောင်းဟူသော အတားအဆီးတွေကို ကျော်ဖြတ်ပြီး ဖြတ်လျှောက်သူလူအားလုံးတို့ကို မတူညီသော ဦးတည်ရာအမျိုးမျိုးကို ပို့ဆောင်ပေးတဲ့ အရာဝတ်္ထုဖြစ်ပါတယ်။ ကိုယ်ရည်ရွယ်ချက်နဲ့ကိုယ်၊ ကိုယ့်ဦးတည်ချက်နဲ့ကိုယ်၊ ကိုယ့်လမ်းကိုယ် လျှောက်နေသူတွေဟာ ဒီတံတားကို ရှောင်လွှဲလို့မရဘဲ ဒီတံတားပေါ်မှာ ဆုံမိကြမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့တည်ဆောက်ရမည့် ဘုံတံတား (Common Bridge) ကတော့ -သီလ၊ မေတ္တာ၊ ခန်္တီ၊ သစ္စာတို့ပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ဘုံပန်းတိုင် (Common Goal) ကတော့ - ငြိမ်းချမ်းရေး၊ လုံခြုံ ရေးနှင့် ညီညွတ်ရေး (Peace, Security and Unity)ပဲဖြစ်ပါတယ်။ သီလ၊ မေတ္တာ၊ ခန်္တီ၊ သစ္စာ လက်ကိုင်ထားနိုင်သူတိုင်း လူမျိုးနှင့် ဘာသာမခွဲခြားဘဲ တွေ့ဆုံနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ကျင်းပတဲ့ ဒီ Peace Summit ကြီးဟာ တန်ဖိုးမဖြတ်နိုင်အောင် အဖိုးတန်လှပါတယ်။ ဒါ့ကြောင့်ပဲ ဒီ Summitကို ကျွန်ုပ်တို့တံတားဆောက်ဖို့ ပစ်္စည်းစုဆောင်းခြင်းလို့ တင်စားခေါ်ဆိုပါရစေ။ ဤသို့များ ကျွန်ုပ်တို့တစ်တွေ အများလျှောက်ဖို့ တံတားဆောက်လိုက်နိုင်ကြလျှင် မငြိမ်းချမ်း၊ မလုံခြုံတဲ့ကမ်္ဘာကြီးကို ငြိမ်းချမ်းသော၊ လုံခြုံသောကမ္ဘာကြီးအသွင်သို့ ပြောင်းလဲပေးလိုက်နိုင်ကြမှာဖြစ်ပါတယ်။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့တစ်တွေဟာ သူတစ်ပါးတို့ကို လက်နက်တွေနဲ့ အနိုင်တိုက်နေ ကြမည့်အစား မိမိတို့ကိုယ်ကို မိမိတို့နိုင်အောင် တိုက်ကြဖို့လိုပါတယ်။
ဆင်းရဲမွဲတေခြင်းကို ပေးကမ်းခြင်းဖြင့် အနိုင်တိုက်ပါ။ မုန်းတီးခြင်းကို ချစ်ခြင်းဖြင့် အနိုင်တိုက်ပါ။ ရက်စက်ခြင်းကို ကရုဏာတရားဖြင့် အနိုင်ယူပါ။ အကျင့်ပျက်ခြင်းကို သီလဖြင့်အနိုင်ယူပါ။ ဒေါသသမားကို ခန်္တီဖြင့်အနိုင်ယူပါ။ အကြမ်းဖက်ခြင်းကို ငြိမ်းချမ်းစွာ နေခြင်းဖြင့် အနိုင်ယူပါ။ မာနထောင်ခြင်းကို နှိမ်ချခြင်းဖြင့် အနိုင်ယူပါ။ အစွန်းရောက်သူများကို အလယ်လမ်းကြောင်းကို လျှောက်လှမ်းခြင်းဖြင့် အနိုင်ယူပါ။ သူတစ်ပါးတို့ကို အနိုင်တိုက်ခြင်းထက် မိမိကိုယ်ကို အောင်နိုင်သူသည်သာ တကယ့်အောင်နိုင်သူအစစ် ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့လူသားအားလုံးရဲ့ ကျင့်စဉ်ဖြစ်ပါတယ်။ Common Bridge သို့မဟုတ် Universal Humanism ဖြစ်ပါတယ်။

သို့သော် ကျွန်ုပ်တို့လူသားအားလုံး ကျွန်ုပ်တို့ရဲ့ ညံ့ဖျင်းသော စိတ်ထား၊ ယုတ်မာ သောအပြော၊ ရိုင်းပြသောအပြုအမူတွေကို မဖယ်ရှား၊ မထိန်းချုပ်နိုင်သေးလျှင်တော့ ကျွန်ုပ်တို့တစ်တွေဟာ အလွန်ဝမ်းနည်းပူဆွေးစရာကောင်းတဲ့ ကမ္ဘာကြီးထဲမှာပဲ တစ်ဝဲ လယ်လယ် နေနေကြရဦးမှာဖြစ်ပါတယ်။

ချစ်ခင်လေးစားရပါသော ဘာသာရေး ခေါင်းဆောင်များယ ဘာသာရေးညီအစ်ကို မောင်နှမများခင်ဗျာ--
-------------------------------------------------
ဥပမာတစ်ခုပြောပြချင်ပါတယ်။ အမှောင်ရှိလျှင် အလင်းဆိုတာလည်း ရှိပါတယ်။ အမှောင်ကျတဲ့အခါ အလင်းရောင်ဟာ အထူးလိုအပ်ပါတယ်။ အမှောင်နဲ့အလင်းဟာ အတူယှဉ်တွဲနေလို့မရပါဘူး။ သူတို့နှစ်ခုဟာ ဆန့်ကျင်ဘက်ကြီးပါ။ အစွန်းရောက်ခြင်း၊ အကြမ်းဖက်ခြင်းစတဲ့ အမှောင်ဖုံးတဲ့ကမ္ဘာလောကကြီးကို ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဟူသော အလင်းရောင်ဝိုင်းဝန်းပေးကြပါလို့ တောင်းပန်တိုက်တွန်းလိုပါတယ်။
မီး-မီး-ဆိုလျှင် ရေဆိုတာဟာတကယ်မရှိမဖြစ်လိုအပ်တဲ့ အရာဝတ်္ထုဖြစ်ပါတယ်။ ရေလာလျှင် မီးငြိမ်းရိုးထုံးစံရှိပါတယ်။ ဒီကနေ့ကမ္ဘာမှာ စစ်မီးတွေ ဟုန်းဟုန်းတောက်နေပါတယ်။
ဒီအစည်းအဝေးကြီးကို တက်ရောက်လာကြသော ဘာသာရေးခေါင်းဆောင် အားလုံးတို့က သူတော်ကောင်းတရားတည်းဟူသော ရေစင်ဖြင့် စစ်မီးတောက်တွေကို ၀ိုင်းဝန်းသွန်းလောင်း ငြိမ်းသတ်ပေးကြပါလို့ တောင်းပန်လိုပါတယ်။

အာဏာမက်မောမှုကြောင့် စွန်းထင်းနေသော ကမ္ဘာကြီးရဲ့ အညစ်အကြေးတွေကိုလည်း စွန့်လွှတ်ခြင်း၊ လိုက်လျောခြင်းတို့ဖြင့် ဆေးကြောပေးကြဖို့ တောင်းပန်လိုပါတယ်။
အမှန်တရားမျက်နှာလွှဲမှုကြောင့် ဖြစ်ပေါ်နေသော ငြင်းခုံမှုတွေကိုလဲ သစ္စာတရား၊ သီလတရားတို့ဖြင့် ပြေငြိမ်းအောင် ၀ိုင်းဝန်းဆောင်ရွက်ပေးကြဖို့ တောင်းပန်တိုက်တွန်း လိုပါတယ်။
မွန်မြတ်လှသော သစ္စာတရားသည် ဘာသာတရားအားလုံး၏ အနှစ်သာရဖြစ်ပါတယ်။ သစ္စာမဲ့သော ဒီကမ္ဘာအတွက် ဒီကနေ့ သစ္စာတရားမှတစ်ပါး အခြားသင်ကြားပို့ချစရာ ဘာမျှမရှိပါဘူး။ သစ္စာတရားထွန်းကားရေးမှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင် အားလုံးတာဝန်ရှိပါတယ်။ လူသားတိုင်းရဲ့အတွင်းနှလုံးသားမှာ သစ္စာတရားဟာ ရှိနေပါတယ်။ ထုတ်ဖော်ကြပါ။

ဘာသာရေးခေါင်းဆောင်အပေါင်းတို့-
------------------------------------------------------
ဒီကနေ့ကမ္ဘာကြီးမှာ ညီညွတ်ရေး၊ အတူတကွလက်တွဲနေထိုင်ရေး၊ ငြိမ်းချမ်းရေးတို့ဟာ အရေးတစ်ကြီး လိုအပ်နေပါတယ်။ ဒီအချက်များဟာ ဘာသာရေးနှင့် နိုင်ငံရေး ခေါင်းဆောင်များကို အထူးစိန်ခေါ်နေသော အချက်များ ဖြစ်ကြပါတယ်။ ထိုစိန်ခေါ်မှုများနှင့် စိတ်ပူပန်မှု၊ ကြောက်လန့်မှု၊ စိုးရိမ်မှုများကိုလျော့ပါးအောင် ကျွန်ုပ်တို့ ဘယ်လို နည်းများဖြင့် လျော့ပါးသွားအောင် လုပ်ရမလဲဆိုတာ စဉ်းစားပြင်ဆင်ဖို့ လိုနေပါပြီ။ ကျွန်ုပ် တို့ ဘာသာရေးခေါင်းဆောင်အားလုံး ကျွန်ုပ်တို့ရဲ့ သက်ဆိုင်ရာဘာသာတရားများ သင်ကြားထားသော မွန်မြတ်သော ဘာသာရေးအဆုံးအမများဖြင့် လူသားတို့ရဲ့ စိုးရိမ် ပူပန်မှု၊ ထိတ်လန့်တုန်လှုပ်မှု၊ မလုံခြုံမှု၊ မငြိမ်းချမ်းမှုအားလုံး လျော့ပါးပျောက်ကွယ်သွားအောင် ၀ိုင်းဝန်းဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ ကျွန်ုပ်ယုံကြည် မျှော်လင့်ပါတယ်။

ဘာသာတရားတိုင်းမှာ အပြင်အကာနှင့် အတွင်းအနှစ်သာရဆိုတာရှိပါတယ်။ ပူဇော်ခြင်း၊ ပသခြင်း၊ ရွတ်ဖတ်ခြင်း၊ အခမ်းအနားကျင်းပခြင်းတို့ဟာ ဘာသာတရားတို့ရဲ့ ပြင်ပအကာမျှသာဖြစ်ပါတယ်။ အဲဒီပြင်ပအကာတွေက ကျွန်ုပ်တို့ရဲ့ ဘာသာတရား အချင်းချင်း ကွဲပြားခြင်းရဲ့ အကြောင်းရင်းတွေပါပဲ။ ဒါပေမဲ့ သီလ၊ သမာဓိ၊ ပညာ၊ ခန်္တီ၊ မေတ္တာ၊ ကရုဏာ ဆိုတဲ့ သန့်ရှင်းသောစိတ်၊ ဖြူစင်သောအကျင့်နှင့် ဆင်းရဲသူဆင်းရဲသား၊ ဘေးဒုက္ခရောက်သူများအား ပေးကမ်းဝေငှခြင်း ဒါန၊ စာဂ၊ သစ္စာ၊ သန်္တိတရားတွေဟာ ဘာသာတရားတို့ရဲ့ အနှစ်သာရတွေဖြစ်ပါတယ်။ Inner Core အတွင်းအနှစ်သာရကို ဘာသာရေးခေါင်းဆောင်များအားလုံးက သက်ဆိုင်ရာလူသားအားလုံးကို သင်ကြားပို့ချဖို့ အရေးတစ်ကြီး လိုအပ်ပါတယ်။ ဒီအနှစ်သာရဟာ ကျွန်ုပ်တို့အားလုံးရဲ့ Common Ground ဖြစ်ပါတယ်။ ဒီဘာသာရေးအနှစ်သာရတွေကို လူတိုင်းသိရှိယ လိုက်နာ နိုင်ကြလျှင် ပဋိပက်္ခနှင့် အကြမ်းဖက်ခြင်းတို့ဟာ လျော့ပါးသွားနိုင်တယ်လို့ ကျွန်ုပ်မျှော်လင့် ပါတယ်။ ဒါ့ကြောင့် လူသားထုတစ်ရပ်လုံး သက်ဆိုင်ရာဘာသာတရားများရဲ့ အပေါ်ယံ မျက်နှာပြင်ပေါ်မှာ ရပ်မနေပဲ အတွင်းအနှစ်သာရရောက်အောင်ယ ထိအောင်ယ သိအောင် သင်ယူကြဖို့နှင့် ကျင့်သုံးလိုက်နာကြရန် အလေးအနက် တိုက်တွန်းလိုပါတယ်။

မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း ညှိနှိုင်း၍မရနိုင်သော မတူကွဲပြားသော အချက်တွေပေါ်မှာ စူးစိုက်ဆွေးနွေးငြင်းခုံမနေဘဲ အားလုံးသဘောတူနိုင်သည့် အနှစ်သာရအပိုင်းကို ဘုံလျှောက်တံတားအဖြစ် တည်ဆောက်ကြကာ ငြိမ်းချမ်းရေးပန်းတိုင်သို့ လက်တွဲ လျှောက်လှမ်းကြပါစို့ဟု တိုက်တွန်းတောင်းဆိုလိုပါတယ်။

မြတ်ဗုဒ္ဓက မိန့်ကြားပါတယ်-
(က) ရန်ပြုသူကို ပြန်၍ရန်ပြုခြင်းဖြင့် ငြိမ်းချမ်းရေးမရနိုင်၊
( ခ ) ရန်ငြိုးဖွဲ့သူကို ပြန်၍ ရန်ငြိုးဖွဲ့ခြင်းဖြင့် ငြိမ်းချမ်းရေးမရနိုင်၊
( ဂ ) အကြမ်းဖက်သူကို ပြန်၍အကြမ်းဖက်ခြင်းဖြင့် ငြိမ်းချမ်းရေးမရနိုင်၊
(ဃ) မုန်းတီးသူကို ပြန်၍မုန်းတီးခြင်းဖြင့် အမုန်းဇာတ်အဆုံးမသတ်နိုင်၊
( င ) ဆဲရေးပုတ်ခတ်သူကို ဆဲရေးပုတ်ခတ်ကာ တုန့်ပြန်ခြင်းဖြင့် ငြိမ်းချမ်းရေး
မရနိုင်၊
( စ ) လိမ်လည်လှည့်ဖြားသူကို မုသာဝါဒနဲ့ တုန့်ပြန်ခြင်းဖြင့် သစ္စာတရား
မထွန်းကားနိုင်၊
ရန်ပြုလာသူ၊ ရန်ငြိုးဖွဲ့သူ၊ အကြမ်းဖက်သူ၊ မုန်းတီးသူ၊ ဆဲရေးသူ၊ ပုတ်ခတ်သူ၊ လိမ်လည်သူတို့ကို- မေတ္တာ၊ ခန်္တီ၊ သစ္စာ၊ သမာဓိ၊ ပညာတို့ဖြင့်သာ ငြိမ်းချမ်းစေရာ၏။

ဤသည်တို့ကား- သနန္တနဓမ္မ- ကမ္ဘာဦးတရား= Eternal Law ဖြစ်ပါတယ်။
ဤသည်တို့ကား- Buddhism မဟုတ်။ Hinduism လည်းမဟုတ်။ Jainism လည်းမဟုတ်။ Judaism လည်းမဟုတ်။ Islamism လည်းမဟုတ်။ Sikhism လည်း မဟုတ်။ Christianism လည်းမဟုတ်။ တကယ်တော့ ဒီကျင့်စဉ်တွေဟာ Universal Humanism တွေဖြစ်ပါတယ်။ ဒါကို “ဓမ္မ”လို့ဆိုရင်တော့- Dhamma is a Simple Truth ပါဘဲ။ Truth ဆိုတာ ဘာသာတရားအားလုံး၏ အနှစ်သာရပါပဲ။

(က) သစ္စာတရားကို သိမြင်နားလည်ခြင်းသည် ကျွန်ုပ်တို့၏
Common Core (ဘုံဆိုင် အနှစ်သာရ)
( ခ ) သစ္စာတရားကို သိမြင်နားလည်ခြင်းသည် ကျွန်ုပ်တို့၏
Common Goal (ဘုံဆိုင်ပန်းတိုင်)
( ဂ ) သစ္စာတရားကိုသိမြင်နားလည်ခြင်းသည် ကျွန်ုပ်တို့၏
Common Solution to Common Problems
(ဘုံဆိုင်ပြဿနာများအတွက် ဘုံဆိုင်အဖြေ)
(ဃ) အစွန်းမရောက်ခြင်းနှင့် အလယ်လမ်းကလျှောက်ခြင်းသည် ငါတို့၏
ဘုံလမ်းကြောင်း
“To avoid the extremism and aggressiveness and to follow the Middle Path are our Common Platform”

“သန္တိ၊ သစ္စာ ဤနှစ်ဖြာ၊ ဤကမ္ဘာမှာ ထွန်းတောက်ပါစေသား”

သီတဂူဆရာတော်
ဆိုလ်းမြို့၊ ကိုရီးယားနိုင်ငံ
ဘာသာတရားအားလုံးတို့၏ Peace Summit
၂၀၁၄ စက်တင်ဘာလ-၁၈ ရက်

မှတ်ချက်။ ။ အချိန်မပေးသဖြင့် ပြောခွင့်မရဘဲ ကျော်လွှားဖတ်ခဲ့ရသော စာပိုဒ်
များကိုပါ အားလုံးချန်မထားဘဲ မြန်မာဘာသာပြန်လိုက်ပါသည်။

Religion for Peace and Freedom from Fear
--------------------------------------------
Excellencies,
Distinguished Participants,
Ladies and Gentlemen,
Good Morning!

It is a great honour and privilege for me to be here at this august gathering. I am particularly grateful to all collaborators for their relentless efforts in organizing this grand gathering in this Peace of the Religious Summit, which give us the opportunity of meeting like-minded, pious and devoted people who are working together towards a common ground of peace, harmony, and co-existence for all Religions.

Today, we are living in the world of diversity in culture, faith and political and economical system. In this world, different people may have different opinions on different problems. Yet, there are problems common to all and we are interested in finding one solution to those problems. There will be no final solution to our human problems. Therefore, we must accept “Unity in diversity” concept in finding common platform for solving our problems while maintaining and promoting peace and security.
There are six major Religions in the world today. Since Human beings came on Earth, people worshipped the Sun, the Moon and various deities. They also sought refuge in them on the basis of fear. It was called a primitive religion. Most of scholars stated that horror initiated the religions of those days. The Buddha also clearly said that the idea and concept of religions originated from fear, worry, sorrow and suffering.
After the primitive religions there appeared Hinduism. And afterwards, Jainism also came out on the Land where Hinduism was being flourished. Forty years after the emergence of Jainism, there appeared Buddhism. Buddhism appeared on the birth place of Hinduism and Jainism. These religions peacefully coexisted with them for ages.

Six hundred years after the Buddha, Jesus Christ appeared in the World. In the ten commandments of Christianity we find many similarities with Buddhism in the field of Morality and Noble practice.
All most 600 years later than Jesus, Mohammad founded Islamism. In the Islamism also, we find morality, loving-kindness, compassion, patient, charity etc, as basic principle. In the religions of Hindu and Jain also, emphatically taught- Ahimsa= Non-cruelty. So, all of religions unanimously convinced the Non-violence and Non-conflict, Non-aggressive and Non-extremism.
Aggressiveness and Extremism are arising of conflict and violence. We all religious leaders have responsibilities to remove, to protect such Violence, Conflict and Terrorism.
Today, the world is full of chaos, full of violence, full of conflict, full of terrorisms. Our Lord Budd

Credit - သီတဂူစတား

 
 

No comments:

Post a Comment