အဲခိုး
ပြည်သူ့အလုပ်ကို ဘာတစ်ခု ပြီးစီးအောင် မလုပ်ပေးနိုင်တဲ့ နေပြည်တော်
အစိုးရဟာ အခုတလော လေသံတွေ က အိမ်မဲ့ယာမဲ့တဲ့သူတွေကို စီမံပေးမယ်ဆိုပြီးတော့
လိမ်ညာတဲ့ အသံတွေ ထွက်လာပြန်ပါတယ်။ လယ်ယာမြေ တွေကို ပြန်ပေးတဲ့
အစီအစဉ်တောင်မှ မပြီးစီးသေး ဘဲ ပြဿနာနောက်ထပ်တစ်ပါးတိုးလာဖို့ လုပ်ပြန်တယ်…
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
● စကားချီး
လူတစ်ယောက်ဟာ —
လူမှုရေးသိပ္ပံ [SOCIOLOGY]
မနုဿဗေဒ – [ANTHROPOLOGY]
စီးပွားရေးပညာ – [ECONOMICS]
နိုင်ငံရေးသဘောတရား – [POLITICS] နားလည်ရမယ်။
(တောင်ကလေးဆရာတော်)
● နိဒါန်း
လူအဖွဲ့အစည်းတစ်ရပ် ရပ်တည်မှုကို မလေ့လာဘဲ လူမှုရေးဆိုင်ရာ အယူ အဆတွေ၊
လူမှုဆိုင်ရာအပြောင်း အလဲတွေ နားလည်မှာ မဟုတ်၊ လူအဖွဲ့အစည်းကို
လေ့လာပါ။လူ့အကြောင်းအရာကိုလေ့လာပါ။ လူတွေရဲ့ စီးပွားရေးပညာရပ်ကို လေ့လာပါ။ လူတွေရပ်တည်တဲ့ နိုင်ငံရေးသဘောတရားကို လေ့လာပါ။
● ဆင်းရဲသူ လူတန်းစား
ဒီနေ့ မြန်မာ့လူအဖွဲ့အစည်းကို လေ့လာကြပါစို့။ မြန်မာလူမျိုးဟာ ဆင်းဆင်းရဲ
ရဲနဲ့ နေကြရပါသလား။ နွမ်းနွမ်း ပါးပါးနဲ့ နေကြရပါသလား။ ဒါမှမဟုတ်
လိုအပ်မှုကြောင့်လား၊ စွမ်းရည် အားနည်းနေကြတာလား၊ မှီခိုလိုတဲ့စိတ် တွေ
များပြားနေကြတာလား ဆိုတာကိုလေ့လာကြည့်ရင် အားလုံးနီးပါးမှန်နေသလိုပါပဲ။
အရှင်က မြန်မာ လူမျိုး တွေ ဆင်းရဲတဲ့အကြောင်းကို အနီးကပ်လေ့လာထားပါတယ်။
မြန်မာလူမျိုးတွေဟာ ဆင်းရဲတဲ့သူတွေ မရှိပါဘူး။ ဆင်းရဲတဲ့ လူတန်းစားတော့
တွေ့ရတယ်။ ဆင်းရဲတဲ့ လူတန်းစားဆိုတာ မှီခိုလိုတဲ့ စိတ်တွေများလို့
(ရှိလိုပ)ပါပဲ။ မိမိကိုယ်ကို အားမကိုးဘဲ သူတစ်ပါးကို အမှီအခိုထား တဲ့စိတ်ဟာ
ဆင်းရဲသူလူတန်းစားတစ်ရပ် ဖြစ်လာတတ် ပါတယ်။ မြန်မာတွေ ဘယ်အချိန်ကစပြီး
ဆင်းရဲသူလူတန်းစားတစ်ရပ် ဖြစ်လာခဲ့ရသလဲဆိုတာကိုပြန်ပြီးမလေ့ လာမိကြလို့ပါ။ တကယ်တော့အရှင်တို့ဟာ…
(၁) ဆင်းရဲခြင်းကို ဖော်ပြသည့် လက္ခဏာနဲ့
(၂) ဆင်းရဲရင်ဘာဖြစ်လာသလဲ-ဆိုတဲ့ လက္ခဏာ ၂ပါးကို သတိမထားမိကြလို့ပါပဲ။ ဆင်းရဲခြင်းဆိုတာ ငွေမရှိ တာကို ပြောတာမဟုတ်ပါ။ငွေတစ်ခုတည်းနဲ့
ဆင်းရဲခြင်းကို (ဆင်းရဲတာကို) ပပျောက်အောင် မလုပ်နိုင်ပါဘူး။ ဒါပေမဲ့
လူတိုင်းကတော့ ဆင်းရဲတယ်ဆိုတာ ငွေမရှိလို့ပါပဲ ဆိုတာကိုပဲ ပြောဆိုနေကြတယ်။
ဒါဆိုရင် အရှင် တို့ရဲ့ မြန်မာလူမျိုးတွေဟာ ဆင်းရဲသူလူ တန်းစားတစ်ရပ်ဖြစ်
သွားကြရတဲ့ဖြစ်စဉ်ကို ပြောမှ သိရတော့မှာဖြစ်လို့ ပြောပါရစေ ပြည်သူတို့ရယ်။
● ဘာမှအကျိုးမရှိ
အရှင်တို့ မြန်မာပြည်သူတွေဟာ ““ဆင်းရဲသူလူတန်းစားတစ်ရပ်””ဖြစ်သွား
ကြတာ ကြာပါပြီလားလို့မေးရင် ညီညွတ်တဲ့ စည်းလုံးခြင်းမရှိတဲ့ အချိန်ကပဲ
စတင်တယ်လို့ ပြောရမယ်။ သမိုင်းစာမျက်နှာနဲ့ ဖွင့်ပြီးပြောရင်
ဆုံးနိုင်မှာမဟုတ်ပါ။ အရှင်တို့ရဲ့ ရပ်တည်တဲ့ လူမှုဘ၀နိုင်ငံရေးဟာ
၁။ ပွင့်လင်းမြင်သာမှု (TRANS -PARENT) ရှိရဲ့လား။
၂။ အထောက်အကူပြုကြမှု (Facilitation) ရှိရဲ့လား။
၃။ အကြမ်းမဖက်ခြင်း (Non- Dictatorial) ရှိရဲ့လား။
၎။ ညှိနှိုင်းမှု (Participates) ရှိရဲ့လား ဆိုတာပြန်ဆန်းစစ်ပါ။ ကိုယ်တိုင်
လုပ်ကိုင်တိုင် ဦးဆောင်ရမယ့် သူတွေ ဖြစ်တာ ကြောင့်
အရှင်တို့ရဲ့စိတ်ခံစားချက် (စိတ်ဝေဒနာ)တွေဟာ အောင်မြင်မှုမဖြစ်ဘဲ
ဆုံးရှုံးမှုနဲ့ သင်ခန်းစာရ ခဲ့တာတွေကို ကြည့်ရင် မြန်မာပြည်ဟာ
စွမ်းရည်စက်ဝိုင်း ပြောင်းလဲနေတာ ကြာပါပြီ။ ကျွမ်းကျင် သူတွေက လက် တွဲမခေါ်၊
အဖော်မပြု၊ဆင့် ကမ်းမပေးခဲ့တာကြောင့် ““ဆင်းရဲသူ
လူတန်းစားတစ်ရပ်””ဖြစ်ခဲ့ရတာ။ ဒီလို ဖြစ်ရလို့ တရားခံက ဘယ်သူတွေလဲလို့ ပြောရင် တိုင်းပြည်ကိုအာဏာရှင်ဝါဒီဦးဆောင်
တဲ့သူတွေကပါပဲ။ ဒီလို လုပ်လို့ လူမျိုး၊ တိုင်းပြည်ပျက်စီးရတာပါပဲ။
တစ်ဦးတစ် ဖွဲ့၊ တစ်မိသားစုတစ်အုပ်စုနဲ့ ကြီးပွား ကောင်းစားနေ ကြတဲ့
စစ်ဝါဒီအာဏာရှင်တွေဟာ မှားရင်မှားခဲ့တယ်လို့ ၀န်မခံကြ ဘဲ
လူတိုင်းထိခိုက်နစ်နာအောင်လုပ်သွား
ခဲ့ကြလို့ အရှင်တို့ မြန်မာလူမျိုးတွေဟာ ဘ၀ကို အမျိုးမျိုးနဲ့
ပြန်စနေကြရတယ်။ တရားခံက သူတို့တွေပါပဲ။ မြန်မာပြည် တစ်ပြည်လုံးကို
အရပ်တကာကို လိုက် ကြည့်ပါ လူမျိုးစုံ ဆင်းရဲစုံနေတာပါပဲ။ ဒီလိုဆင်းရဲမှု
အစုံ အမျိုးမျိုးများပြား လာတာကိုကြည့်ရင် မပြည့်မစုံခဲ့တဲ့ လောက
အသိတရားကြောင့် တစ်မျိုးသားလုံး ဉာဏ်ရည် တုံးနေကြရတာ။အသိ တရားမရ
အောင်တားဆီး ပိတ်ပင်ခဲ့တာတွေဟာ ဘာမှ အကျိုးမရှိပါဘူး။
● ပြည်သူများသတိထား
အခုဆိုရင် အရှင်တို့ရဲ့ လူမှုရေးဆိုင်ရာ လူမှုဘ၀ဟာ အခြေအနေတွေပိုပြီးတော့
ဆိုးရွားလာနေတာကို တွေ့ရ တယ်။ စီးပွားရေးဆိုင်ရာ အခြေအနေ၊
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေဟာ ကိုယ်အားကိုယ် ကိုးနေတာတောင်မှ
လမ်းစမမြင်ဘဲ ဖြစ်နေကြတယ်။ လမ်းစမမြင်ရ တဲ့ကြားက လက်ရှိဦးဆောင်တဲ့ အစိုးရက
ဆင်းရဲသားအရင်းအနှီးရဖို့ဆိုပြီး နိုင်ငံခြား က ငွေတွေ(ဒေါ်လာငွေတွေ) ချေးယူနေ တာကိုတွေ့ရတော့ အံ့သြ လို့ပါပဲ။ ဒီ ချေး ငွေတွေဟာဆင်းရဲသားလူအများစုက
ပြန် ဆပ်ကြရမှာမို့ ချေးပေးသူကဘယ်တော့မှ ခ၀ါချမယ် မထင်မိပါနဲ့။ ပြောတော့
ဆင်းရဲသားတွေ အတွက်ရတော့ လုပ်ငန်းရှင်တွေရ၊ ငတ်တော့ ဆင်းရဲသားတွေပဲ။ ဒါလား
သမ၀ါယမ။ မြန်မာပြည်ဟာ လူဦးရေ သန်း ၆၀သာရှိပါတယ်။ လက်ရှိတိုင်းပြည် သယံဇာတ
အရင်း အမြစ်နဲ့ လူ့အရင်းအမြစ် အနေနဲ့ကြည့်ရင် မူရင်းတိုင်းရင်းသားတွေ ဘာမှ
ဆင်းရဲစရာအကြောင်းမရှိပါဘူး။
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလို့ သမ္မတကြီးပြောတဲ့ စကားကို ပြန်သတိရရင်
ဆင်းရဲသားတွေ မခံစားရတဲ့ သမ၀ါ ယမ လုပ်ငန်းဟာ တဖြည်းဖြည်းနဲ့ လူထုကို
ဒုက္ခထောက်ပြနေပါပြီ။ တောကျေးလက်နေ ပြည်သူတွေကို ဆင်းရဲ နွမ်းပါးမှု
လျှော့ချအောင် မလုပ်ပေးဘဲ ဆင်းရဲသား လူတန်းစားများပြားလာအောင်လုပ်တဲ့ ခုအစိုးရဟာ ဦးတည် အလွဲတွေ ပြည်သူတွေ ငရဲပေးတွေ့နေပါပြီ။ သတိထားပေါ့ ပြည်သူတို့ရယ်။
● လက်ရှိအစိုးရ
လက်ရှိအစိုးရဟာ နိုင်ငံရေးဦးတည်ချက်က ဘယ်လမ်းကိုသွားမလဲဆိုတာကို မပြောဘဲ
သွားချင်တဲ့လမ်းကို ပြ ပေးမယ့် သူရှိပေမယ့် လမ်းမယူတဲ့ အစိုးရဖြစ်တာ
ကြောင့် လမ်းပြပေးစရာမလိုတဲ့အစိုးရလို ဖြစ်နေ တယ်။ ပြော တော့ ပြည်သူ့အကျိုး လုပ်တော့ ကိုယ်ပိုင်အကျိုးများနေကြလို့
ခုဆိုရင် ဟိုတိုးဒီတိုးနဲ့ ဆင်ကန်းတော တိုးလို ဖြစ်နေ ကြပြီလေ။
ဆင်းရဲသားတွေဆီက ယူမယ့်ငွေအတိုးနဲ့ ချေးထားတဲ့သူ တွေ ဆီကို ပြန်ဆပ်ပေးရမယ့်
တိုင်း ရင်း ငွေတွေကို တွေးပြီး သွေးတိုးတက်နေတဲ့ အစိုးရဖြစ်နေတာကို
တွေ့ရတယ်။ ဟို လည်းမတိုးနိုင်၊ ဒီလည်း တိုးမရတာကြောင့် ရှိုးပြပွဲမှာ
လက်ခုပ်ထိုင်တီးတဲ့ အစိုးရလို မျိုးဖြစ်နေတယ်။ မြန်မာပြည်မှာ
၁။ တရားဟောတဲ့အစိုးရ၊ (ပါလီမန်ခေတ်)
၂။ စကားများတဲ့အစိုးရ၊ (မဆလခေတ်)
၃။ အမိန့်ပေးတဲ့အစိုးရ (နယကခေတ်) သုံးမျိုးသုံးစားတွေ့ရတယ်။ ယခုလက်ရှိ အစိုးရကိုတော့ ပြည်သူတွေက ““ပင့်ကော်မြှောက်ဖားအစိုးရ””ဆိုပြီး
ပြောနေဆိုနေ ကြားရတော့ အလွန်ကိုပဲ စိတ်မကောင်းမိ ပါ။ မတူကွဲပြား
ခြားနားနေတဲ့ လူမှုနိုင်ငံရေး လောကကို ပူးတွဲလေ့ကျင့်စပြုတဲ့ အစိုးရ
ဖြစ်တာကြောင့် သူများ (ဘယ်သူတွေ) ဘာပြောပြော ဆဲခံဆူခံသည်းခံနိုင်တဲ့
အစိုးရတစ်ရပ်အနေနဲ့ မဖြစ်ပေမယ့် စိတ် အေးလက်အေးနဲ့ အမိန့်ပေး တတ်တာကိုပဲ
(ဆက်ဆံရေးနိုင်တာကိုပဲ) တော်တည့်မှန် တဲ့ အစိုးရလို့ ပြောရမလားပဲ။
● ရေစုန်ဖြာထွက် လှိုင်းတွန့်လေး
ပြည်သူတွေကြည့်နေပါ။ လက်ရှိ နေပြည်တော်အစိုးရဟာ သက်တမ်းများများ
မကျန်တော့ပါဘူး။ ကျန်နေတော့ တဲ့ သက်တမ်းကာလမှာ နိုင်ငံရေး ကိုမြင်တတ်
လာအောင်၊ စဉ်းစားတတ်လာအောင် လူထု တွေကို ဘာတွေ သွေးထိုးလှုံ့ဆော်
ပေးနေဦးမလဲဆိုတာ စောင့်ကြည့်နေပါ။ PR လား၊ ဘီယာလားဆိုတာကြည့်နေပါ။ အခု ဆို
ရင် မြန်မာတစ်ပြည်လုံးမှာ အမိန့်ရအရက်ဆိုင်၊ ဘီယာဆိုင်တွေ
အကြီးအကျယ်တည်ခွင့်၊ ရောင်းခွင့်ပေး တာ ကြောင့် လူထုတွေလည်း ဘီယာအတွေး၊
အရက်ကျေးကျွန်တွေဖြစ်ကြ လို့ နွားနို့သောက်ဖို့ တောင် မေ့နေကြ ပြီလေ။
သူတို့ ကိုယ်တိုင်က အမိန့်ရအရက်၊ ဘီယာပေးပြီး ပြည်သူကို
နွားနို့သောက်ခိုင်းတာ ဘယ်နှုတ် စကား ကပါတဲ့ စေတနာပါလဲဆိုတာ
ပြည်သူတွေစဉ်းစားကြပေါ့။ ပါးရိုက်မယ့်ဝန်ကြီး၊ နားကိုက်မယ့်ဝန်ကြီး၊
နွားနို့ တိုက်မယ့် သမ္မတ စုံလင်စွာပါပဲ။ နေပြည်တော်အစိုးရဟာ မြိုင်ယံဖွား
တွတ်ပီလိုဖြစ်နေကြ ပါပြီလား။ အာဟာ ရသိဒိ္ဓ မမျှလို့ပဲလား။ မပြောတတ်ပါ။
မရိုးသားတာ၊ ဆက်ဆံရေး မကောင်းတာ၊ မမျှတတာ၊ မကြိုးစားတာ၊ စာရိတ္တမကောင်းတာ၊
အဂတိလိုက်စားတာ၊ မသည်းခံတာ၊ မပွင့်လင်းတာ စုံလင်စွာပါပဲ။ ဒီလို “တာ”
များတဲ့ အစိုးရမျိုး နောက်သက်တမ်း တာဝန်ယူကြဦးမယ် ဆိုတဲ့ သတင်းလွေ့လွေ့က
ကြားရ၊ သိရ တဲ့သူတိုင်း စိတ် တွေ ထိခိုက်ကြလို့ပါပဲ။ ဆင်းရဲရတဲ့အထဲ
(နွမ်းပါးကြရတဲ့အထဲ) ပိုပိုပြီးစိတ်ညစ်ကြရ တော့မယ်။ ဒါကြောင့်
ရေစုန်ကိုဖြာထွက်သွားတဲ့ လှိုင်းတွန့်လေး ဟာ ရေဆန်ဘက် ကို မတက်နိုင်တော့သလို
အရှင်တို့ပြည် သူတွေ ဟာ မျှတမှုမရှိတဲ့ သံသရာဝဋ်အထဲမှာပဲ ပျောက်ကွယ်သွား
ကြရတော့မလို ဖြစ်နေတယ်။
● ခွင့်ပြုပေးပါ
အခုဆိုရင် အရှင်တို့ဟာ
(၁) ၀မ်းစာဖူလုံမှု၊
(၂) ကျန်းမာရေးစောင့်ရှောက်မှု၊
(၃) ပညာရေးကျွမ်းကျင်မှု၊
(၄) သန့်ရှင်းမှု၊
(၅) သဘာဝထိန်းသိမ်းမှုတွေ ဘယ်လောက်အထိ ဖွံ့ဖြိုးလာကြပြီလဲ။ နေရာ တိုင်းကို
ကြည့်လိုက်ရင် ချို့ယွင်း (ယိုယွင်း) ချက်တွေ ပိုများလာနေတာကို တွေ့ရတယ်။
လူထုက စည်းကမ်းမဲ့စွာဖြစ်နေတာ လား၊ ဒါမှမဟုတ် ဦးဆောင်သူ အစိုးရက လူထုတွေ
ပေးထားတဲ့ တာဝန်တွေကို မလုပ်ချင်၊ မကိုင်ချင်လို့ စည်းကမ်းမဲ့လွန်းနေတာ
လားတော့ သုံးသပ်ပြီးစဉ်းစား ကြည့်လိုက် ရင် အမျိုးမျိုးမြင်ရမှာပါပဲ။
တကယ်တော့ အရှင်တို့ဟာ ချို့ယွင်းချက် များပြားတဲ့ ပြည်သူမဖြစ်ရပါ။ အစိုးရ
အဖွဲ့အစည်းတွေမှာလည်း တာဝန်မဲ့လွန်းတဲ့ အစိုးရမဖြစ်ရပါ။ ကျင့်စဉ်ရှိ လျက်
နည်းလမ်းမချမှတ်နိုင်တဲ့ အစိုးရဟာ ပြည်သူတွေနဲ့ ညီညွတ်ရေးမရ နိုင်ပါ။
ညီညွတ်ရေး ကို မဆောင်ရွက် နိုင်တဲ့ အစိုးရဟာ ပြည်သူ့အိမ်ထောင်စု အားလုံးရဲ့
လုပ်ငန်းနဲ့ ထောက်ပံ့ရေးတွေကို ပေးနိုင်မှာ မဟုတ်။ ဦး ဆောင်မှုနဲ့
ရည်ရွယ်မှု အမှားပြုတဲ့ အစိုးရဟာ ခက်ခဲတဲ့ ပြေလည်မှုတွေ လုပ်ပေး
နိုင်မှာမဟုတ်ပါ။ စီမံခန့်ခွဲ ရေးဆိုင်ရာ အတတ် ပညာတွေ ပြည်သူတွေမှာ
နားလည်ကြတာ မဟုတ်သေးပါ။ ကျွမ်း ကျင်မှု ဆိုင်ရာတွေ လည်း မရှိကြသေးပါ။
ဒီလိုပြည်သူတွေမှာ ရှိနေသေးတဲ့ အချိန်မှာ ပြည်သူရဲ့လုပ်ငန်း၊
တာဝန်တွေကိုထမ်း ဆောင်တဲ့ အစိုးရတွေဟာ အင်အားစိုက်ပြီး
တိုက်ရိုက်ဦးဆောင်ပေးနိုင်ရမယ်။ အထူးသဖြင့်
(၁) အမျိုးသမီးတွေ၊
(၂) လူငယ်တွေ၊
(၃) ဆင်းရဲသူတွေ၊
(၄) မျိုးနွယ်စုဝင်ငယ်တွေ၊
(၅) စီးပွားရေးချို့တဲ့သူတွေ၊
(၆) လူရာမသွင်းသူတွေကို သို့မဟုတ် အားငယ်ထိခိုက် လွယ်ကူတဲ့သူတွေကို
ထိပါးပုတ်ခတ်ခြင်း၊ အပြစ် ပေး ခြင်း၊ အရေးယူခြင်းမပြုဘဲ တူညီတဲ့ဦးတည်ချက်၊
သွေးစည်းတဲ့စည်းလုံးခြင်းတွေကို
တိုက် တွန်းနှိုးဆော် ပေးနိုင် ရမယ်။ အတွေ့အကြုံ ဖလှယ်တာတွေရှိတဲ့
ပြဿနာဖြေရှင်းတာ တွေ ဆွေးနွေးသင်ယူနိုင်အောင် ဖန်တီး ပေးရ မယ်။
နမူနာကောင်းဖြစ်တဲ့လူမှုရေး ပြောင်းလဲမှု၊ အားမလျှော့မှု၊ ဂရုမစိုက်မှု တွေကို
ကိုယ်ပိုင်စွမ်းရည်နဲ့ အမြင် ဖွင့်ပေးဖို့ တိုက်တွန်းနှိုးဆော်ပေးရမယ်။
● ပြဿနာနောက်ထပ်တစ်ပါး
မြန်မာပြည်ဟာ ရှင်းလင်းပြတ်သားတဲ့ ဦးတည်ချက်တွေ မတွေ့ရပါ။
ရှင်းလင်းပြတ်သားတဲ့ ဦးတည်ချက်မရှိတဲ့ တိုင်းပြည်လားလို့ ပြောပြန်ရင်လည်း
မဟုတ်ပါ။ ဦးတည်ချက်ထားတဲ့ အယူအ ဆကို လေ့လာကြည့်ရင် ဘယ် အကြောင်းအရာကို
ဦးတည်မှုအမှန်ပဲဆိုတာကို ပြတ် သားစွာ မဖော်ပြထားဘဲ စမ်းတ၀ါးဝါးလေး နဲ့
နိုင်ငံတော် ကို နိုင်ငံရေးဦးတည်ချက် လုပ်ထားတာကိုတွေ့ရတယ်။ ဒီဦးတည် ချက်
၃ပါးထားပါတယ်။ ဒီဦးတည်ချက် ၃ ပါးဟာ တစ်တိုင်းပြည်လုံးကို ကိုယ်စားပြုတဲ့
ဦးတည်ချက်ဖြစ် မဖြစ်ဆိုတာ မစဉ်းစားထားဘဲ နိုင်ငံတော်ရဲ့ အခြေခံမူ အရ
ဥပဒေပုဒ်မပေါင်း ၄၃ ချက်ထားရှိတာကို တွေ့ရပြန်တော့ ဖွဲ့စည်းပုံအခြေခံ
ဥပဒေတောင်မှ ပြတ်ပြတ်သားသား ဦး တည်ချက်မထားတာကို တွေ့ရတယ်။ ဒီလို
ဥပဒေမျိုးဖြစ်အောင် ရေးဆွဲနေတာလား၊ ဒါမှမဟုတ် ဒီလိုပဲ ရေးဆွဲတတ်သလားဆိုတာ
စဉ်းစားကြည့်ရင် အစဉ်တစိုက်နိုင်ငံရေးကို ဦးတည်ထားရမယ့် ဖွဲ့ စည်းပုံ
အခြေခံဥပဒေကို မရိုမသေမလေး မစားခြင်းနဲ့ဘဲ ရေးဆွဲထားသလိုဖြစ်နေတာကို
တွေ့ရတော့ ပြည်သူ တွေကသံသယ ဖြစ်မိကြတာ အမှန်ပါပဲ။ အခုဆိုရင် ဥပဒေကို
ပြင်ဆင်ဖို့ တောင်းဆိုသူတွေက နည်းပေါင်းစုံနဲ့ တောင်းဆိုနေကြပေမယ့် လက်ရှိ
ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရ ကတော့ ရေးဆွဲပြီးသား ဥပဒေပေါင်း ၂၀၀
ကျော်ကို နည်းဥပဒေတွေ မရေးဆွဲ နိုင်ဘဲ ““မိဘပြည်သူများခင်ဗျာ””ဆိုတာနဲ့
ပဲ အသံကြီးထွက်လာနိုင်တာကို တွေ့ရတော့ အားကျစရာပါပဲ။ သက်တမ်းကလည်း ၁၇
လလောက်သာ ကျန်နေတော့ တဲ့အစိုးရဟာ နောက် ပိတ်ဆုံး အပြီးကျုံး
(သိမ်းကျုံး)ယူဖို့ပဲ စဉ်းစားနေသလားမ ပြောတတ်ပါ။ ၂၀၁၄ခုနှစ်၊ ဧပြီလကစပြီး
နိုင်ငံတော် (ပြည်သူ) ကချီးမြှင့်တဲ့ လစာကတော့ သမ္မတကိုယ်တိုင်
အပြည့်အ၀ယူနေပြီး ဆိုတာကိုတော့ လူထုတွေသိပြီး သားပါပဲ။ လစာကို
အပြည့်အ၀ယူကြပြီး ပြည်သူ့အလုပ်ကို ဘာတစ်ခုပြီးစီးအောင် မလုပ်ပေးနိုင်တဲ့
နေပြည် တော်အစိုးရဟာ အခုတလော လေသံတွေက အိမ်မဲ့ယာမဲ့တဲ့ သူတွေကို
စီမံပေးမယ်ဆိုပြီးတော့ လိမ် ညာတဲ့ အသံတွေ ထွက်လာပြန်ပါတယ်။ လယ်ယာမြေတွေကို
ပြန်ပေးတဲ့ အစီအစဉ်တောင်မှ မပြီးစီးသေးဘဲ ပြဿနာ နောက်ထပ်တစ်ပါးတိုးလာဖို့
လုပ်ပြန်တယ်။ စောင့်ကြည့်ပေါ့ ပြည်သူတို့ရယ်။
● ဆင်းရဲသားလူတန်းစားများပြားလာ အောင်လား
အိမ်မဲ့ရာမဲ့ (အိမ်မရှိ၊ နေရာမရှိ)တဲ့ ပြည်သူတွေကို အိမ်ပေးမယ်၊ နေရာပေး
မယ်ဆိုတဲ့ ဒီအကြံဟာ အရင်က အိမ်ရာ စီမံကိန်းတွေ မဆောက်–မပြီးနိုင်တော့
တဲ့သူတွေ (ခရိုနီတွေ)အတွက်ကို ငွေကြေး ပံ့ပိုးပေးပြီး ပြန်
ဆောက်လုပ်ခိုင်းမလား၊ ဒါမှမဟုတ်မြေနေရာအသစ်ရွေးပြီးဆောက်
လုပ်ပေးမလား၊ လူထုတွေက နားထောင် ပြီး စောင့်ကြည့်နေကြတယ်။ အိမ်မဲ့ရာမဲ့
စီမံကိန်းမပေါ်မီ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကိစ္စတွေကော လုပ်ပေး
နိုင်ကြပါပြီလား။ တကယ်တော့ အစိုးရဟာ ကိုယ်မနိုင်တာကို အာချောင်နေတာ မကောင်း
(မသင့်)ပါဘူး။ မြို့ပြ တစ်ခုဟာ ကိစ္စတစ်ခုနဲ့ ပြီးတဲ့အကြောင်း မရှိတာကို
နားလည်ဖို့ လိုပါတယ်။ ဒီနေရာလေးမှာ အရှင်လည်းပဲ ““မိဘပြည်သူများခင်ဗျား””
ဆိုတဲ့ စကားနဲ့ နှုတ်ခွန်းဆက်ပြီး အရှင်ရဲ့စာ (စကား)ကို လေးနက်စွာ ဖတ်ကြည့်
စေချင်ပါတယ်။ ဖွံ့ဖြိုးလာတဲ့ မြို့ပြတစ်ခုဟာ နေထိုင်မယ့် ပြည်သူတွေရဲ့
စာရင်းကိုမသိရင် အဲဒီ မြို့ ပြဟာအရှုံး ပြတဲ့မြို့ပြပါတဲ့။(န၀တ၊ နယက
ခေတ်ကာလက ဆောင်ရွက်တဲ့ အိမ်ရာ စီမံကိန်းများကိုကြည့်ပါ) ယနေ့ ရန်ကုန်၊
မန္တလေးမြို့ကြီးပေါ်မှာ ကျေးလက်ဒေသ နေပြည်သူတွေက မြေရာ၊ အိမ်ရာ၊ ၀တ်္ထု
ပစ်္စည်းတွေ ရောင်းချ ကြပြီး မြို့ပြကို ပြောင်းလာကြတာကိုတွေ့ရမှာပါ။
တစ်လ အတွင်း (တစ်လကို) မိသားစု ၁၀၀ မက ပြောင်းလာ ကြတာကို တွေ့ရမှာပါ။ ကျေး
လက်ဒေသမှာ ပြောင်းလဲလာတဲ့ လူမှုဘ၀ ကြောင့် မြို့ပြထဲပြောင်း ရွှေ့ပြီး နေရာ
အငှား နဲ့ ကျပ်ပိတ်လာတာကို တွေ့မိကြမှာပါ။ အဲဒီပြဿနာဟာ ဖြေရှင်းနိုင်ဖို့
မှန်တဲ့ အဖြေသိဖို့လိုပါတယ်။
တကယ်တော့ အစိုးရဟာ ကျေးလက်
နေပြည်သူတွေကို စီးပွားရေး၊ ဖွံ့ဖြိုးရေး အစီအစဉ်တွေ (အကြီးအကျယ်) ကြီးကြီး
ကျယ်ကျယ် လုပ်ပေးရမှာ။ ကျေးလက်နေ ပြည်သူတွေဟာ ပိုပြီးတော့
နွမ်းပါးနေကြပါတယ်။ နေပြည် တော် အစိုးရအဖွဲ့ခေါင်းဆောင် ဦးသိန်းစိန်ဟာ
၂၀၁၁ခုနှစ်၊ ဇွန် လက ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်း စဉ်ကြီးကို
လုပ်ငန်းစဉ်ကြီးအဖြစ် (၈)ရပ် ဆောင်ရွက်လုပ်ကိုင်ပေးမယ်ဆိုပြီးတော့
အာပေါင်အာရင်း ကောင်း ကောင်းနဲ့ ပြောခဲ့တာတွေ ပြည်သူတွေမမေ့ကြပါနဲ့ဦး။
ယခု ၂၀၁၄ခုနှစ် ဇွန်လဆိုရင် လပေါင်း ၄၆ အကျော် လ ပေါင်း ၅၀ရှိနေပြီလေ။
ကျေးလက်ဒေသတွေမှာ နွမ်းပါးမှုမလျော့တဲ့ အပြင် မြို့ပြမှာ
နေထိုင်သူလူဦးရေတိုးပြီး ပိုမိုပြီးဆင်းရဲ နွမ်းပါးမှုတွေ
များပြားလာတာကိုတွေ့ရတော့ဆင်းရဲသားလူတန်းစား များပြားလာအောင် ဦးတည် တဲ့ စီမံကိန်း များလားဆိုတာကို တွေးကြည့်ပေါ့ ပြည်သူတို့ရဲ့။
● ဟာသအစိုးရ
မိဘပြည်သူများခင်ဗျား၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်အတွက်ဟာ
ဘယ်သူတွေကို ဦးတည်ပါသလဲ။ ဦးသိန်းစိန်မိန့်ခွန်းအရ IHLCA အစီရင်ခံကို
ထောက်ပြထားလို့ တောကျေးလက်နေ ပြည်သူတွေကို ဆင်းရဲနွမ်း ပါးလျှော့ချရေး
လုပ်ဖို့ အဓိက ဦးတည်ထားတာ မဟုတ်ပါလား။ ပညာရှင်တစ်ဦးက – ကျွန်တော် တို့
ဆင်းရဲနွမ်း ပါးမှု လျှော့ချရေး လုပ်ငန်းစဉ်အတွက် ဦးတည်ရမယ့်သူတွေက
ဘယ်သူတွေပါလဲ။ သမ္မတကြီးမိန့်ခွန်းတွင် ပါ သော IHLCA အစီရင်ခံစာ က ထောက်ပြ
သော တောကျေးလက်တွင်အများစု (၇၀) ရာခိုင်နှုန်းနေသော နိုင်ငံတော် လူဦးရေ၏ ၂၅
ရာခိုင်နှုန်းသော Poverty Line ခေါ် တစ်နှစ်လူကြီးတစ်ဦးလျှင်ကျပ်
(၃၇၆၁၅၁) သို့မဟုတ် တစ်လလျှင်ကျပ် (၃၁၃၄၅)ထက်နည်းသည့် ၀င်ငွေရှိသော
နိုင်ငံသား (၄)ဦးတွင်(၁)ဦး ပါဝင်သော ဆင်းရဲသား လူတန်းစားများကို
ဦးတည်ရမည်ဖြစ်ပါသည်။
(ဆင်းရဲကျပ်နွမ်းပါးမှုလျှော့ချရေး
လုပ်ငန်းစဉ်၊ ဦးကြီး (CDRT)လို့ ဝေဖန်ပြထားတာကို တွေ့ရပါတယ်။ ဒီ အတွက်
နေပြည်တော် အစိုးရအဖွဲ့က ဂရုစိုက်လေ့လာမယ် မထင်ပါဘူး။တစ်ဆက်တည်းပဲ ပညာရှင်က
““ယခု တော့ အဲဒီဆင်းရဲသားများကို ဦး တည်ခြင်းမဟုတ်။ ချေးငွေပြန်ရရန်
စိတ်ချ ရသော နွားဖိုး၊ ဆိတ်ဖိုးပြန် ရရန် စိတ်ချရသော အမှန်တကယ်
ဆင်းရဲသားမဟုတ် သောသူများကိုသာ ထောက်ပံ့နေခြင်းဖြစ် ပါသည်။ ဦးတည် ချက်က
ဘယ်လိုလုပ် မှန်ပါတော့မည်နည်း””ဆိုပြီးတော့
ဝေဖန် ထားပါသေးတယ်။ အရှင်တို့ ကရင်ပြည် နယ်သူ၊ ပြည်နယ် သားတွေကတော့““သိန်း
၅၀၊ လ ၂၀ အစိုးရလုပ်ပုံကတော့ တို့ကရင်တွေ မမွဲဘဲ ဘယ်နေပါ မလည်း ကွယ်၊
ခုကြည့်လေ မူးယစ်ကုန်ကူးရောင်းသန်းရတဲ့ ဘ၀မျိုးရောက်သွားရပြီ မဟုတ်လား။ တချို့တိုင်းရင်းသား တွေကတောင် ဘိန်းကို တရားဝင်စိုက်ပျိုးခွင့်တောင် တောင်းဆိုနေကြတဲ့အဆင့်ရောက်
ပြီဆိုကတည်း ကိုက တော့ ဖထီးတို့ ကရင်တွေ မြေကုန်ရာ ကုန်ပေါ့ဝေး””ဆိုပြီး
ဖိုးခွားတို့ရဲ့ အဘိုး ဝေဖန်ပြောဆိုခဲ့တဲ့ အသံလေးကို ကြား ရပြန်တော့
တကယ့်ဟာသ အစိုးရပါပဲလား ပြည်သူတို့ရဲ့။
● သိန်း ၅၀၊ လ ၂၀ အစိုးရ
မြန်မာပြည်မှာ ကျေးလက်နေ ပြည် သူတွေဟာ တောင်သူလယ်သမားတွေ များကြပါတယ်။ တောင်သူလယ် သမား အများစုဟာ နွမ်းပါးပြီးဆင်းရဲကြပါတယ်။
ကျေးလက်ဒေသမှာနေတဲ့ ဆင်းရဲသားနဲ့ မြို့မှာနေတဲ့ ဆင်းရဲ သားတွေဟာ
လက်လုပ်လက်စား အလုပ်တွေနဲ့ နေကြတဲ့ သူတွေ မဟုတ်ပါ။ အလုပ်လက်မဲ့ (မရှိ)နဲ့
ဆင်းရဲ နေကြတာပါ။ ၀င်ငွေမရှိ၊ အိုးအိမ်မရှိနှင့် အဆင်ပြေသလိုနဲ့
နေထိုင်သွားလာ စားသောက်နေကြရတာပါ။ IHLCA အစီရင်ခံစာအရ မြန်မာပြည်လူဦးရေ ၂၅
ရာခိုင်နှုန်းဟာ ဆင်းရဲတဲ့သူတွေလို့ ဆိုထားပါ တယ်။ သန်း ၆၀မှာ ၂၅
ရာခိုင်နှုန်း ဆင်းရဲတာကြောင့် ၁၅ သန်း၊ မြန်မာတွေ ဆင်းရဲနေကြတယ်။ ၁၅သန်း
ဆင်းရဲတဲ့ အထဲက တော ကျေး လက်ဒေသမှာ၂ဆ ဆင်းရဲတယ်လို့ ဆို ထားတာကြောင့် ၁၀
သန်းတိတိ(နီးပါး) (တောကျေးလက်ဒေသ ကလူတွေ) ဆင်းရဲနေကြပါတယ်။ ယခု အခါ
ဒီဆင်းရဲတဲ့သူတွေဟာ မလျော့ကျဘဲ ပိုပြီးဆင်းရဲလာတာ ကြောင့် မြို့ရော၊ တော
ရော ဆင်းရဲမှု နှုန်းတွေ များပြားလာပါတယ်။ ဒီလိုဆင်း ဆင်းရဲရဲနဲ့
နေရထိုင်ရလို့ (နေရ ထိုင်ရ တာကို) နေမနိုင်၊ ထိုင်မနိုင်တဲ့ သူ တွေက
ဒေသခြားအရပ်တွေကို ပြောင်းရွှေ့ ပြီးရရာ၊ ရှိရာတွေနဲ့ ရပ်တည် နေထိုင်
ကြရတယ်။ မြို့ပြ ဧရိယာထဲမှာ (ထဲကို)၀င် ရောက်ပြီး အဆင်ပြေသလို
နေထိုင်ကြလို့ မြို့နေ ဆင်းရဲ သားတွေလည်း ပိုပြီးတော့ များလာတယ်။
အဲဒီလို ဆင်းရဲသူ ဆင်းရဲသားတွေ များပြားလာတာကို မြင်တွေ့ကြတဲ့ အစိုးရ တွေက
တန်ဖိုးနည်း အိမ်ရာစီမံ ကိန်းတွေ၊ အိမ်မဲ့ရာမဲ့ မရှိအောင် စီစဉ်ပေးမယ်ဆို
ပြီး လူထုတွေကို မျှော်လင့်ချက် ကောင်း တဲ့အိပ်မက်တွေကို ပေးနေပြန်ပါပြီ။
ယနေ့ ပြည်သူတွေဟာ အလုပ်အကိုင်ရှားပါးမှု ပြဿနာကြောင့် လူမှုရေး ပြဿနာတွေ
အမျိုး မျိုး ဖြစ်ပေါ်နေပါတယ်။ မကြားချင် အဆုံးသတင်းအဆိုးတွေထွက်နေ ပါတယ်။
ပြည်ထောင်စု အစိုးရကတစ်မျိုး၊ ပြည်နယ်တိုင်း အစိုးရတွေကတစ်မျိုး
လုပ်နေဖြစ်နေ တာကြောင့်ပြည်သူတွေရဲ့အလုပ်ကို ဘယ် သူတွေက လုပ် ပေးနေသလဲဆိုတာကို အားကိုးအားထားရာမဲ့နေကြတယ်။
စားဝတ်နေရေးတွေက မသက်သာ၊ မချောင်ချိ တာ ကြောင့် မကောင်းမှုအလုပ်နဲ့
အသက်မွေးဝမ်းကြောင်း ပြုကြရတဲ့ ပြည်သူတွေလည်း အများကြီးပါပဲ။ ဒီအဖြစ်၊
ဒီစနစ်ကို နေပြည်တော် အစိုးရက လက်ပိုက်ကြည့် နေရက်တာကို ထောက်ရင်
““ငွေသိန်း ၅၀၊လ ၂၀အစိုးရ ကျဆုံးပါစေလို့ပဲ”” လူထုတွေက
ဖြစ်ချင်နေကြတော့တာပဲ။
● ကိုယ်ပိုင်ဉာဏ်
အခုဆိုရင်
ပြည်သူလူထုတွေဟာ ၀င်ငွေလည်း နည်းပါး။ အလုပ်အကိုင် လည်း မည်မည်ရရ
မရှိကြတော့ လှည့် ပြောင်း လုပ်ယူရတဲ့ အလောင်းအစား တွေနဲ့ အရပ်တကာမှာ
စုံနေလို့ပါပဲ။ မူး ယစ်ဆေးဝါး အဆမတန် အသုံးပြု နေကြလို့ လူမှုစည်းကမ်းတွေ
အမျိုးမျိုးကြိုး ပေါက်ပျက်စီးနေကြတယ်။ အကျင့်တရား ထိန်းသိမ်းမှု အားနည်း
လာတဲ့ခေတ်ကာလများ ရောက်နေလို့လား မပြောနိုင်ပါ။ နေရာတိုင်းကို
ကြည့်လိုက်ရင် အရက်ဆိုင်၊ ဘီယာ ဆိုင်တွေဟာ စည်းမဲ့ကမ်းမဲ့ အချိန်မဲ့စွာ
သောက်သုံးနိုင်အောင် ရောင်းဝယ်ခွင့် ပြုထားလို့ လမ်းဘေးမှာ အော် ဟစ်သီဆို
ကခုန်နေကြတဲ့ ကလေးတွေ၊ ညကလပ်တွေမှာ မမြင်အပ်တဲ့ ပျော်ရွှင်မှု တွေ၊
ရပ်ရွာတွေမှာလည်း မပျော်ရွှင်အပ် တဲ့ ပျော်ရွှင်မှုတွေ အကြောင်းမဲ့စွာ ဖြစ်
ပျက်နေကြတာကို အတားအဆီးမဲ့ လွတ် လပ်နေကြ တာကို တွေ့ရတယ်။ အရှင်တို့ရဲ့
မြန်မာပြည် လူမှုရေးစရိုက်ဟာ လောဘတိုးပွား ပေါက်ပွားတဲ့ ကာလများ လား
မပြောတတ်လောက် အောင်ပါပဲ။ မီဒီယာ (လူမှုဆက်သွယ်ရေး) သတင်းအမျိုးမျိုးကို
(အွန်လိုင်းပေါ် အင် တာနက်၊ ဖေ့စ်ဘုတ်) ကြည့်လိုက်ရင်ပဲ လူမှုကမ္ဘာဟာ
အကျင့်ပျက် ကမ္ဘာကြီးများလိုဖြစ်နေတာကို
တွေ့ရ တယ်။ စည်းစနစ်မဲ့ကြတဲ့ သူတွေ၊ ကျင့်ဝတ်သိက္ခာ အားနည်းကြတဲ့ သူတွေ၊
နာမ်ပိုင်းဆိုင်ရာ ပျက်စီး စေတဲ့ အပြုအမူတွေဟာ လူသားကမ္ဘာကိုထိခိုက်
နစ်နာစေတဲ့ အကြောင်းအရာတွေ များစွာ တွေ့မြင်လာခဲ့ကြရတယ်။ အထူးသဖြင့်
ကျင့်ဝတ်သိက္ခာ အားနည်းပြီး လိင်ပိုင်းဆိုင်ရာ ကိစ္စတွေ အလွန်အကျွံ ဖောက်
ပြန်၊ ပျက်စီးနေကြ တာကြောင့် ကိုယ်ကျင့် ထိန်းသိမ်းမှု
အပိုင်းတွေ(ဆိုင်ရာတွေ) ယုတ်လျော့ အားကုန်လာကြတာကို တွေ့ ရတယ်။
ဒီသဘောတရားကို သတိမမူ ကြတော့ လူသားတွေရဲ့ မျိုးစေ့ဟာ တ ဖြည်းဖြည်း
ပျက်စီးလာပါတယ်။ မျိုးစေ့ အဆင့်ဆင့် ပျက်စီးမှုကြုံလာရင် အရှင် တို့ရဲ့
လူနေကမ်္ဘာကြီးဟာ ရုပ်အဆင်းတွေ ပျက်စီးကြလိမ့်မယ်။ ရုပ်ပိုင်းဆိုင်ရာအမျိုး
မျိုး၊ နာမ်ပိုင်းဆိုင်ရာ အမျိုးမျိုး အားနည်း ပျက်စီးနေရင် လူနေကမ်္ဘာဟာ
စိတ်ပျက် ဖွယ်ရာ ပျက်ကွင်းတွေနဲ့ပဲ မြင်တွေ့ရတော့ မယ်။ ဒီလိုအဖြစ်မျိုး
အရှင်တို့ မြန်မာလူ မျိုးတွေကို မဖြစ်စေချင်ပါ။ လွတ် လပ်မှုကို
ကျင့်ဝတ်စည်းကမ်း (ကိုယ်ပိုင်အသိစိတ်) နဲ့ ထိန်းသိမ်းနိုင်ကြဖို့
တိုက်တွန်းပါတယ်။ ဘယ်အာဏာ၊ ဘယ်ဥပဒေမှ အတားအဆီး၊ အပိတ်အပင်မရှိဘဲ
ကိုယ်ပိုင်ဉာဏ် နဲ့ မိမိရဲ့ မိသားစု၊ မိမိရဲ့ စီးပွားရေး၊ မိမိ ရဲ့
တိုင်းပြည်အကျိုးကို သယ်ပိုး ရွက်ဆောင်ကြဖို့ သတိပေးပါတယ်။
● ကတိအကြွေး မမေ့ပါနှင့်
Credit - Myanmartandawsint Newspaper
No comments:
Post a Comment