Thursday, October 2, 2014

ငြိမ်းချမ်းရေး မအောင်မြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ မသေချာနိုင်ဟု ဦးသိန်းစိန် သတိပေး

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး နိုင်ငံရေး တည်ငြိမ်မှသာလျှင် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး ရေရာသေချာမည ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က သတိပေးပြောဆိုလိုက်သည်။
၂၀၁၄ ခုနှစ် အောက်တိုဘာလအတွက် ပြောကြားသည့် လစဉ် မိန့်ခွန်းတွင် သမ္မတဦးသိန်းစိန်က အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး မအောင်မြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ မသေချာ နိုင်သည့် သဘောကို ပထမဦးဆုံးအကြိမ်အဖြစ် သမ္မတဦးသိန်းစိန်က ထုတ်ဖော်ပြောဆို သတိပေး လိုက်ခြင်းဖြစ်သည်။

“နိုင်ငံရေးအင်အားစုများအားလုံးရဲ့ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုနဲ့ အလေးအနက်ထား ပါဝင်ကြိုးပမ်း အားထုတ် မှုတို့ အထူးလိုအပ်လျက်ရှိတဲ့ အချိန်အခါလည်း ဖြစ်သလို အခုလို အလွန်အရေးကြီးတဲ့ အဆင့်ဖြစ်တဲ့ တနိုင်ငံ လုံး အတိုင်း အတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေး ကိစ္စတွေကို အောင်မြင် စွာ ဆောင်ရွက် နိုင်မှသာလျှင် မိမိတို့ နိုင်ငံရဲ့ နိုင်ငံရေး အနာဂတ်ကို ပုံဖော်ထုဆစ်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင် နိုင်မှာဖြစ် ပါတယ်။ အဲဒီလို စတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု ၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင် စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုများကို ရေရာ သေချာစေမှာ ဖြစ်တဲ့ အကြောင်းကိုလည်း သတိပြု မိစေလိုပါတယ်” ဟု ဦးသိန်းစိန်က ထုတ်ဖော် ပြော ဆိုသည်။
သမ္မတဦးသိန်းစိန်က ယခုကဲ့သို့ သတိပေးချိန်သည် DKBA နှင့် အစိုးရစစ်တပ်တို့ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့တွင် တိုက်ပွဲ များ ဖြစ်ပွားချိနှ်နှင့် တိုက်ဆိုင်နေပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရ ငြိမ်းချမ်း ရေး ကိုယ်စား လှယ် အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး နောက်ဆုံးအဆင့် ဆွေးနွေးပွဲများတွင် တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်း မရသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။
 
Credit - ဧရာဝတီ ဘလော့ဂ်

ဦးသိန်းစိန်, ၂၀၁၅ အထွေထွေရွေးကောက်ပွဲ, ငြိမ်းချမ်းရေး , တိုင်းရင်းသား စည်းလုံး ညီညွတ် ရေး, အပစ်အခတ်ရပ်စဲရေး 
သမ္မတဦးသိန်းစိန် (ဓာတ်ပုံ- Tomohiro Ohsumi / Bloomberg)

No comments:

Post a Comment