ဦးဝီရသူသည် သီရိလကာင်္နိုင်ငံ ကိုလံဘိုမြို့  ဗုဒ္ဒဘာသာအမာခံတက်ကြွသူများ၏
ဦးဝီရသူက သီရိလကာင်္ဘုန်းကြီးများကို ကိုလံဘိုမြို့၌ အမှာစကားပြောကြား ရာတွင် သီရလကာင်္အစိုးရက ၄င်းအား ပြည်ဝင် ခွင့်ပေးခဲ့သည့်အတွက် သီရိလကာင်္သမ္မတ မဟီဒါ ရာဂျာပါကာစ ကို ကျေးဇူးတင် စကားပြောကြား ခဲ့သည်။
သီရိလကာင်္နိုင်ငံမှ ဗုဒ္ဓအင်အားတပ်ဖွဲ့ အမည်ရသည့် ဘိုဒုဘလာဆီနာ (Bodu Bala Sena - BBS) သည် သီရိလကာင်္နိုင်ငံတွင် ဘာသာခြားများကို တိုက်ခိုက် ရန်မူခြင်းများ ပြုလုပ်နေသည်ဟု သတ်မှတ်ခံထားရသည့် အဖွဲ့ ဖြစ်သည်။
ဘိုဒုဘလာဆီနာအဖွဲ့ အထွေထွေအတွင်းရေမှုး ဂလာဂိုဒါသီဂန္ဒာစာရ က ယခု အချိန်သည် ဗုဒ္ဒဘာသာများအတွက် နိုင်ငံတကာမှာ မဟာမိတ်ဖွဲ့ လုပ်ဆောင် ရမည့် အချိန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ညီလာခံမှာ ပြောကြားရာတွင် ဘိုဒူဘလာ ဆီနာအဖွဲ့ ခေါင်းဆောင်များက သီရိလင်္ကာ က ဗုဒ္ဒဘာသာ လူအများစုဖြစ်သည့် ဆင်းဟာလိစ် လူမျိုးများ ကို စောင့်ရှောက်ရန်အတွက် အခြေခံဥပဒေအသစ်ကို ရေးဆွဲပေးပါရန် သီရလင်္ကာအစိုးရအား ရာဇသံပေး တောင်းဆိုခဲ့ကြောင်း ကိုလံဘိုအခြေစိုက် သတင်းများတွင် ဖော်ပြပါရှိသည်။
လင်းလင်း
Ref - Colombo Gazzette
The Ladies News Journal

No comments:
Post a Comment