ဗဟိုအလုပ်မှုဆောင် ကော်မတီအဖြစ် ရွေးချယ်ခံထားရသူ ၃၉ ဦးထဲက ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးတာဝန် ယူမယ့် သူတွေဟာ ကိုယ်တိုင်အဆိုပြုပြီး အရွေးခံတဲ့ စနစ်ကို ကျင့်သုံးခဲ့တာလို့ သူက ဆက်ပြောပါတယ်။
ဥက္ကဋ္ဌအဖြစ် အရွေးခံဖို့ ဒေါက်တာ အေးမောင်က အဆိုပြုပါတယ်။ ဒုတိယဥက္ကဋ္ဌ နေရာ အတွက် ဦးဘိုမင်း(ခေါ်) ဦးဖိုးမင်းတို့က အဆိုပြုပါတယ်။ အတွင်းရေးမှူးအဖြစ် ဦးသာထွန်းလှ၊ ဦးထွန်းအောင်ကျော်၊ ဦးကျော်ဇောဦး၊ ဦးခင်မောင်၊ ဦးအောင်ဝင်းတို့ အဆိုပြုခဲ့ကြပါတယ်။
အဲဒီလို အဆိုပြုတဲ့ လူတွေကို ကန့်ကွက်သူ မရှိတဲ့အတွက် ညီလာခံက အတည်ပြုလိုက်တယ်လို့ ဦးဦးလှမြင့်က ပြောပါတယ်။ ဒုတိယဥက္ကဋ္ဌ သုံးဦးရွေးဖို့ မူဝါဒ ရှိပေမယ့် အရွေးခံဖို့ အဆိုပြုသူ နှစ်ဦးသာရှိခဲ့ပါတယ်။
ရခိုင်အမျိုးသားပါတီ ညီလာခံကို ငါးရက်ပဲ ကျင်းပဖို့ စီစဉ်ထားပေမယ့် မပြီးပြတ်တဲ့အတွက် တစ်ရက် တိုးမြှင့် ကျင်းပခဲ့ရပါတယ်။ ညီလာခံကို ငပလီမှာ ကျင်းပတာဖြစ်ပါတယ်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
Credit - The Voice Weekly

No comments:
Post a Comment