ရန်ကုန်၊ စက်တင်ဘာ ၃၀
အစိုးရမှ လုပ်ဆောင်လျက် ရှိသည့်
စီးပွားရေး ဖွံ့ဖြိုးမှု စီမံကိန်းများ အကောင်အထည်ဖော်မှု အစီအစဉ်နှင့်
စီမံကိန်း ခန့်မှန်းခြေ စာရင်းများ တွင် ငွေလုံးငွေရင်း အသုံးစရိတ်
ခွင့်ပြုငွေနှင့် သာမန်အသုံးစရိတ် ခွင့်ပြုငွေ များကို လုပ်ငန်း
တစ်ခုတည်းတွင် ရောနှောသုံးစွဲခြင်းနှင့် သာမန် အသုံးစရိတ်
ခေါင်းစဉ်အောက်ရှိ လုပ်ငန်း များကို ငွေလုံးငွေရင်း အသုံးစရိတ် တောင်းခံ
သုံးစွဲနေခြင်းများမှာ စာရင်းနည်းလမ်းတကျ မရှိကြောင်း အမျိုးသားလွှတ်တော်
စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါက်တာ ၀င်းမြင့်အောင်က
စက်တင်ဘာလ ၂၉ ရက်တွင် ပြုလုပ် သည့် အမျိုးသား လွှတ်တော် အစည်းအဝေး၌
ဆွေးနွေးခဲ့သည်။
မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ် (၆)မှ
ဦးမျိုးမြင့် တင်သွင်းသည့် ““စီးပွားရေး ဖွံ့ဖြိုးမှု စီမံကိန်းများ
အကောင်
အထည်ဖော်မှု စီမံကိန်း (Development Projetct Implementation Schedules)
နှင့် စီမံကိန်း ခန့်မှန်းခြေ စာရင်းများ (Project Estimates)
တည်ငြိမ်ရေးအတွက် တာဝန်ယူ စစ်ဆေးရသော အဖွဲ့အစည်း၏ စိစစ် ထောက်ခံချက်ဖြင့်
အစိုးရအဖွဲ့၏ ခွင့်ပြုချက် ရယူလိုက်နာ ဆောင်ရွက်စေရန် ပြည်ထောင်စု
အစိုးရအား တိုက်တွန်းကြောင်း””အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေး
ပြောကြားခဲ့ခြင်း ဖြစ်သည်။
၎င်းအဆိုနှင့် ပတ်သက်၍ ပဲခူးတိုင်း မဲဆန္ဒနယ်
အမှတ် (၁၁) မှ ဦးအောင်ချိုဦးကလည်း ““အချို့ စီမံကိန်း များသည် စီမံကိန်း
ပြီးစီးသည့်နောက် နှစ်အနည်းငယ် ကြာသည့်တိုင် စီမံကိန်း
ခန့်မှန်းခြေစာရင်းများ ပြုစုပြီးစီးမှု မရှိသေးပါကြောင်း၊ စီမံကိန်းနှင့်
သက်ဆိုင်သော အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ် တည်ငြိမ်မှု မရှိဘဲ
သက်ဆိုင်ရာ ဘဏ္ဍာနှစ်တွင်လည်းကောင်း၊ နှစ်အလိုက်လည်းကောင်း
လုပ်ငန်းဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ ကိန်းဂဏန်းများကို အကြိမ်ကြိမ်ပြင်ဆင်
သတ်မှတ်လျက် ရှိပါကြောင်း၊ စီမံကိန်း စိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေး
ဦးစီးဌာန၏ စိစစ်ချက်နှင့် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ပါရှိသော
စီမံကိန်းများ ဖြစ်ရန် အရေးကြီးပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများ၏
အကျိုးရလဒ် အမှန်တကယ် ရရှိမည့် စီမံကိန်းများဖြစ်ရန် လိုအပ်ပါကြောင်း””
ပါဝင် ဆွေးနွေးခဲ့သည်။
ယင်းသို့ ဆွေးနွေးမှုများနှင့် ပတ်သက်၍
အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန
ဒုဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက စီမံကိန်း စိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံစာ
ဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းများ အတိုင်း လုပ်ဆောင်နေကြောင်း ပြန်လည်
ရှင်းလင်းခဲ့သည်။
MH-0025
မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald
No comments:
Post a Comment