Wednesday, October 1, 2014

အစိုးရနှင့် ဒီကေဘီအေကြားတိုက်ပွဲများနှင့်ပတ်သက်၍ NCCTတွေ့ဆုံညှိနှိုင်းရန် စဉ်းစားနေ

အစိုးရတပ်မတော်နှင့် ဒီမိုကရေစီအကျိုးပြုကရင်အမျိုး သားတပ်မတော်(DKBA)အကြား လက်ရှိကရင်ပြည်နယ်တွင်ဖြစ် ပွားနေသော ပဋိပက္ခနှင့်ပတ် သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်တွေ့ဆုံ ညှိနှိုင်းကြရန် စဉ်းစားနေကြောင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT)အဖွဲ့ဝင်ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းကပြောသည်။


‘‘အခု NCA(တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေးသဘောတူစာ ချုပ်) ထိုးနိုင်ဖို့ လုပ်နေချိန်မှာဖြစ် တာ ဘယ်ကောင်းမလဲ။ အဲဒီအ တွက် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေ တွေ့ဆုံမလားစဉ်း စားနေကြပါပြီ။ ဒီနေရာမှာNCCT အနေနဲ့ကတော့ NCAကို ညှိနှိုင်းရ မှာပဲဖြစ်တဲ့အတွက် တပ်ပေါင်းစု အနေနဲ့ တွေ့ကြရင် ပိုသင့်တော် မလားစဉ်းစားနေတယ်’’ဟု ချင်း အမျိုးသားတပ်ဦး(CNF)၏ နိုင်ငံ ရေးဦးဆောင်သူလည်းဖြစ်သည့် ဒေါက်တာဆလိုင်းလျန်မှုန်းဆာ ခေါင်းကပြောသည်။
ထိုသို့တွေ့ဆုံရန်အတွက် လိုအပ်သည်ပြောကြားစရာများ၊ ဆောင်ရွက်စရာများကို ပြင်ဆင် နေဆဲဖြစ်သည်ဟုဆို၏။ ဒီကေဘီအေသည် အန်င်စီစီတီအဖွဲ့ဝင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ သို့သော် တပ်ပေါင်းစုတစ်ခုဖြစ်သည့်ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)အဖွဲ့ဝင်တော့မဟုတ်ပေ။ ယခုကဲ့သို့ တွေ့ဆုံပွဲအတွက် UNFCအဖွဲ့ဝင်ဖြစ်ခြင်းမဖြစ်ခြင်း သည် အရေးမကြီးဘဲ တိုင်းရင်း သားဖြစ်သည်ဆိုသည့်အချက်က သာအရေးကြီးကြောင်းဆိုသည်။
၂၀၁၃ခုနှစ်က ဖွဲ့စည်းခဲ့ သည့် NCCTတွင် ALP,ANC,AA, CNF,DKBA,KNPP,KNU/KNLA-PC,LDU,MNDAA,NMSP,PNLO,PSLF(TNLA),SS PP/SSA,WNO,KIO စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များပါဝင်သည်။
လတ်တလောဖြစ်ပွားနေ သော ကရင်ပြည်နယ်အတွင်း ပဋိပက္ခများအတွက် ကရင်လက်နက် ကိုင်အဖွဲ့များသွေးစည်းညီညွတ် ရေးကော်မတီကလည်းတွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်ရန်စီစဉ်နေ သည်ဟုပြောကြားထားသည်။ ယင်းကော်မတီမှာ ကရင်အမျိုး သားအစည်းအရုံး(KNU)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ(KPC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မ တော်(DKBA)၊ နယ်ခြားစောင့် တပ်အဖြစ်အသွင်ပြောင်းထား သောအဖွဲ့များပူးပေါင်းဖွဲ့စည်း ထားသည့်ကော်မတီဖြစ်သည်။
၂၀၁၁ခုနှစ် နိုဝင်ဘာလက အစိုးရနှင့်အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားခဲ့သည့် DKBAသည် ယခုလအတွင်းအစိုး ရတပ်များနှင့်ဆက်ဆံရေးတင်း မာမှုဖြစ်ပွားလာခဲ့သည်။စက်တင် ဘာ ၂၆ရက်မှစတင်ကာ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်  နှစ်ဖက်စစ်တပ်ကြားတိုက်ပွဲများ လေးရက်ဆက်တိုက်ဖြစ်ပွားနေခဲ့ သည်။
ယင်းမတိုင်မီ ရက်ပိုင်းအ တွင်းကလည်း KNU/KNLA-PC နှင့်အစိုးရတပ်မတော်ကြားတွင် အပြန်အလှန်သတိပေးစာပေးပို့မှု များဖြစ်ပေါ်ခဲ့သည်။

Credit - 7DAY DAILY

No comments:

Post a Comment