ပညာရေးဝန်ကြီးဌာနက စတုတ္ထ တန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲများကို မေးခွန်းအတတ်ပညာ ပါရဂူဘွဲ့ရများ ပါဝင်သော သီးသန့်ပညာရှင် အဖွဲ့ကသာ မေးခွန်းထုတ်မည် ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
စက်တင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ကျင်းပသော ပညာရေး ဆွေးနွေးပွဲတွင် အဆိုပါ စနစ်အတိုင်း အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
စတုတ္ထတန်း အဆင့်တွင် ခရိုင်စစ်နှင့် အဋ္ဌမတန်း အဆင့်တွင် တိုင်းစစ်အဖြစ် ပြောင်းလဲရန် သဘောတူညီချက် ရရှိခဲ့ပြီးနောက် ယင်းကဲ့သို့ မေးခွန်းပညာရှင်များ အဖွဲ့ကို ဆက်လက်ဖွဲ့စည်းရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ စာမေးပွဲစနစ် အကောင်အထည် ဖော်မည့်နှစ်ကိုမူ မသိရှိသေးကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။
“အလုပ်အဖွဲ့ (Working Group) ကိုလည်း ရက်ပိုင်းအတွင်း ဘယ်သူတွေ ပါသင့်တယ်ဆိုတာ ပညာရှင်တွေ ပြန်မေးပြီးတော့ ကျစ်ကျစ်လျစ်လျစ် ဖွဲ့ပေးလိုက်မယ်။ မေးခွန်းတွေ အဆင့်အတန်း ဘယ်လို ရှိသင့်တယ်ဆိုတာ ဒီပညာရှင်အဖွဲ့က မေးခွန်း ထုတ်တတ်အောင်၊ ဆရာ၊ ဆရာမတွေကို သင်ပေးမယ် ဆိုတာလည်း တစ်ပိုင်းပေါ့” ဟု ဦးဇော်ဌေးက ပြောဆိုသည်။ အဆိုပါ ပညာရှင်အဖွဲ့ ဖွဲ့စည်းပုံစနစ်နှင့် ပတ်သက်၍ အသေးစိတ် မထွက်ရှိသေးကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာနှင့် စာမေးပွဲစနစ် မပြောင်းလဲမီ ရှေ့ပြေးစီမံချက် မြို့နယ်များတွင် ကနဦး အကောင်အထည်ဖော်ပြီး ရရှိလာသော ရလဒ်အတိုင်း ဆက်လုပ်ရန် သင့်မသင့် ဆုံးဖြတ်သင့်ကြောင်း မြန်မာ့ပညာရေး လေ့လာ စောင့်ကြည့်နေသူတစ်ဦးက မှတ်ချက်ပေးသည်။ “တစ်နိုင်ငံလုံး အတိုင်းအတာနဲ့တော့ မြေစမ်းခရမ်းပျိုးလိုမျိုးေ
ယင်းကဲ့သို့ စာမေးပွဲစနစ် ပြောင်းလဲမှုတွင် ကျောင်းသား၊ ကျောင်းသူများ လိုက်ပါနိုင်စေရန် အဆိုပါ ပညာရှင်အဖွဲ့နှင့် တိုင်ပင်ကာ ကြိုတင် စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပညာရေး ဝန်ကြီးဌာနက ၂၀၁၄-၂၀၁၅ ပညာသင်နှစ် စပိုင်းကတည်းက စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစနစ်များကို ပြောင်းလဲမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း လက်ရှိအချိန်ထိ ဝန်ကြီးဌာနက ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မထုတ်ပြန်နိုင်သေးကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
Credit - The Voice Weekly

No comments:
Post a Comment