Saturday, October 4, 2014

စုပေါင်းတော်လှန်ပါ

– တောမှီရဟန်း
အရင်းရှင်နောက်လိုက်ရတဲ့ ဒီမိုကရေစီနိုင်ငံရေးစနစ်တိုင်းဟာ ငြိမ်းချမ်းရေးနဲ့ အချင်းချင်း ညီညွတ်ရေးကို အကြောင်းပြရမှာပါပဲ။ ကြီးစိုးခြယ်လှယ်တဲ့ အမူအကျင့်တွေ ကျင့်သုံးနေကြရ မှာပါပဲ။ ကျင့်ဝတ် စည်းကမ်း ဖောက်ပြန်ရင် ဖိအားတွေ အမျိုးစုံပေးကြမှာပါပဲ။ နာခံမှုမရှိရင် သြဇာအာဏာ မသိမသာ သုံးကြလေမှာပါပဲ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
● စကားချီး
အရေအတွက် ရှုမြင်ခြင်းနဲ့ အရည်အသွေးရှုမြင်ခြင်း နှစ်မျိုးကို ဘယ်အရာက အခြေခံကျသလဲဆိုတာ သိဖို့လို တယ်။
(တောင်ကလေးဆရာတော်)

● နိဒါန်း
ရုပ်ဝတ္ထုတိုးတက်တာတွေကို လူတိုင်း လိုလိုကျေနပ်ကြပေမယ့် ရုပ်ဝတ္ထုရဲ့ဖောက် ပြန်မှုကို မမြင်၊ မတွေး မိကြ ဘဲ ရှေ့ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေကြတာဟာ အရေအတွက်လား၊ အရည်အချင်းလား ဆိုတာ သိထားဖို့ လိုပါတယ်။
● ပေါက်ရောက်မှုများပြားလာ
အရှင်တို့တိုင်း ပြည်ပက ဖွံ့ဖြိုးတိုး တက်ခြင်းနဲ့ကြည့်ရင် (ပမာဏ) အရေအ တွက်အားဖြင့် များပြားလာပါတယ်။ ဖွံ့ဖြိုးလာတဲ့ အရေ အတွက်တွေ အားလုံးကို တစ်ခုချင်းစီလိုက်လံပြီးကြည့်ရင် အရည် အသွေးနဲ့ ဖွံ့ဖြိုးလာတာ မဟုတ်ဘဲ အရေ အတွက်နဲ့ ဖွံ့ဖြိုးလာတာတွေပဲ တွေ့ရ တယ်။ အရေအတွက်နဲ့အတူ ဆိုးကျိုးဆက်တွေပါ ပါလာတဲ့ ကိစ္စကတော့ အရည်အသွေး မတိုးမှုပါပဲ။ အရည်အသွေးမတိုး တက်တဲ့အရေ အတွက်ဟာ အနာဂတ် ဆိုးကျိုးများပါတယ်။ မြန်မာပြည်ဟာ ကျေနပ် အားရစရာ ဖူလုံပြည့်စုံတဲ့ အရည် အသွေး တွေမရှိဘဲ အရေအတွက်နဲ့ ပမာဏအမျိုး မျိုးတိုးလာတာကို တွေ့ရတယ်။ ကျန်းမာ ရေး၊ လူမှုရေး၊ နိုင်ငံရေး စတဲ့ အမျိုးမျိုး ရေတွက်လို့ မကုန်တဲ့ အရေအတွက်တွေ အလွန်များပြားလာနေပါပြီ။ ဒီလိုများပြားလာရင် ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ တွေကြောင့် မကောင်းဆိုးဝါးပေါက်ရောက်မှုတွေ များ ပြားလာ မှာ သေ ချာတယ်။…
● မပြတ်နိုင်
အရှင်တို့တိုင်းပြည်ရဲ့ အောင်မြင်မှုကို ပြန်ကြည့်ပါ။ သေးသေးနုပ်နုပ်အောင်မြင် လာခဲ့တာမဟုတ်သလို ပြင်းပြင်း ထန်ထန် ကြိုးစားအားထုတ်နေကြ ရပြီးမှ အောင်မြင် လာတာပါ။ အဲဒီလိုအရည်အသွေးနဲ့ကြိုး စားအား ထုတ်ပြီး အောင်မြင်လာတာကို အောင်မြင်တယ်လို့ မပြောဘဲ (မမြင်ဘဲ) အပြင်ဘက်ကနေပြီး ချီးမွမ်း၊ ကဲ့ရဲ့ကြတဲ့ လူ တစ်စုရဲ့ စကားကိုကြားမိကြရင် ကြိုး စားကြတဲ့သူတွေက စိတ်ဓာတ်ခွန်အားတွေ ကျမိတတ်ပါတယ်။ ဒါက ဓမ္မတာသဘောပါ။ တကယ်တော့ ကြိုးစားတဲ့သူဟာ လူသားဖြစ်ခြင်းကို စိတ်မှာစွဲမြဲဖို့လိုပါတယ်။ ဖွံ့ဖြိုး တိုး တက်ရေးဆိုတာ အခြေခံလိုအပ် ချက်လေးရပ် (စား၊ ၀တ်၊ နေ၊ ဆေးဝါး) ပြည့်စုံဖို့ လိုအပ်တယ်။ ဒီအခြေခံလို အပ်ချက်လေးဟာ မပြည့်စုံရင် အရှင်တို့ရဲ့ အောင်မြင်လာတဲ့ အရည်အသွေးဟာ တောက်ပြောင်လာမှာ မဟုတ် ပါ။ လူတိုင်းမှာ အသက်ရှင်မှုအတွက် အလုပ်လုပ်ခြင်း လို့ပြောရင် ဘာကြောင့်ဒီအလုပ်ကို လုပ် ကြရသလဲဆို တာသိဖို့တော့ လိုပါလိမ့်မယ်။ လူ့ဘ၀အသက်ရှင်နေမှုနဲ့ လူနေမှု ဘ၀အရည်အသွေးဟာ အခြေခံလိုအပ် ချက် ထဲက ဖြည့်ဆည်းမှုမပေးနိုင်ရင် အရည်အသွေးဆိုင်ရာ ဖွံ့ဖြိုးမှုရလဒ်ပြနိုင် မှာမဟုတ်ပါ။ ဒါကြောင့် ဘယ်သူ ဘာပြောပြော မိမိရဲ့အရည်အသွေးကို အရေးစိုက် ဖို့ပဲလိုပါတယ်။
● မသေရင်ပြီးရော
ခေတ်ကာလက ရုပ်လွန်ဝါဒီတွေ များပြားလာတာကြောင့် လူ့ဘ၀အရည် အသွေးကို ဉာဏ်မမီကြတာ တွေများ လာတယ်။ လူ့ဘ၀အရည်အသွေး ဆိုတာ ကောင်းတဲ့စရိုက်၊ ကောင်းတဲ့အမူအကျင့်၊ ကိုယ်ကျိုးစွန့်လွှတ် အနစ် နာခံမှု၊ စိတ်ပိုင်း ဆိုင်ရာတိုးတက်မှု၊ ဆုတ်ယုတ်မှုတွေပါပဲ။ ကမ္ဘာပေါ်မှာ လူဦးရေဟာ အဆများစွာ များပြားလာ လို့ အရေအတွက် (ပမာဏ) များပြားလာနေတာဟာ နေ့စဉ်နေ့တိုင်းပါ ပဲ။ အလျင်အမြန်နဲ့ များပြားလာ တာ ကြောင့် ငွေကြးနဲ့ ရုပ်ဝတ္ထုတိုးပွားမှုအတွက်နဲ့ပဲ အရေအတွက်တိုးပွားလာတယ်။ ဖွံ့ဖြိုး တိုးတက်မှုနဲ့ ပတ်သက် ရင်
၁။ စီးပွားရေးသမားတွေက = ထုတ်ကုန်နဲ့ အမြတ်အစွန်း တိုးတက်မှုနဲ့ တွက်တယ်။ ခြယ်လှယ်နိုင်အောင် ထွက်တယ်။
၂။ နိုင်ငံရေးသမားတွေက = အာဏာသြဇာခိုင်မာအောင် တွက်တယ်။ ကောက်ကျစ်မှုတွေတွက်တယ်။ ဒါ ကြောင့် တိုင်းပြည်တစ်ခု(တစ်နိုင်ငံ)မှာ စီးပွားရေးသမားနဲ့ နိုင်ငံရေး သမား၂ဦး ပေါင်းမိရင် ဖွံ့ဖြိုးရေးကို အရေ အတွက်နဲ့တိုင်းတာပြီး မကောင်းတာအကုန် လုပ်တော့တာပဲ။ ““ဘယ်သူသေသေ ငတေမသေရင်ပြီးရော”” ဆိုတဲ့ စကားပုံထဲကလိုပါပဲ။
● လူသားဟာ ကုန်ကြမ်းလား
ဒီနေ့ ကမ္ဘာအရပ်ရပ်ကို လှည့်ကြည့်ပါ။ စီးပွားရေးသမားနဲ့ နိုင်ငံရေးသမားတွေ ရဲ့လက်ချက်နဲ့ချဲ့ ထွင်ကားလာ ကြတဲ့ လူမှုစီးပွားရေးတွေဟာ လက်လီရော၊ လက် ကားပါ အကုန်မြှင့်တင်နေကြပြီမဟုတ်လား။ ထုတ်လုပ်ကုန် တန်ဖိုးမြင့်မားဖို့၊ ကုန်သွယ် မှုနှုန်းတိုးတက်ဖို့၊ ထုတ်လုပ်ရေးအဆောက် အအုံတိုးချဲ့ဖို့ အားထုတ်ကြိုး ပမ်းနေရ တာ တွေဟာ အမြတ်ရဖို့နဲ့ အာဏာတည်မြဲဖို့ ချည်းပါပဲ။ အဲဒီအထဲမှာ (သူတို့ရဲ့တိုးတက် ရေးတွက်ဆထား တဲ့ပုံစံက) လူတွေကိုတော့ အဓိကစားသုံးသူနဲ့ လုပ်အားထုတ်လုပ်သူ အဖြစ်နဲ့ပဲထားနေတော့ လူတွေဟာ ကုန်ကြမ်း အရင်းအမြစ်လောက်ပဲ တန်ဖိုးရှိတော့တယ်။ မတရားဖိနှိပ်ချုပ်ချယ်မှု အာဏာအောက်မှာပဲ အသက်ရှင်နေရတယ်။ ခေါင်းပုံဖြတ်၊ အမြတ်ထုတ်ခြင်း ခံနေရတယ်။ နေထိုင်မှု ဘ၀ပတ်ဝန်းကျင်ပါ ပျက်စီး ဆုတ်ယုတ် သွားကြရတယ်။
● သိထားဖို့လို
ဒီဥပမာလေးနဲ့ စဉ်းစားကြည့်ပါ။ ဥပမာ ပြင်ပ(ပြည်ပ)ကနေ ပြည်တွင်းထဲ မှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ စက်ရုံ တစ်ရုံကိုပဲ ကြည့်နေပါ။ အစစအရာရာ သူတို့ ရဲ့အရင်းအနှီးနဲ့တည်လာပြီးရင် လုပ်အားခ ပေါပေါနဲ့ ပြည်တွင်းက အလုပ်သမားတွေ ကို ခိုင်းစေတာ မလုပ်ဘဲရှိပါ့မလား။ သူတို့ စီးပွားရေးကြောင့် တိုင်းပြည်မှာရှိတဲ့ အရင်းအမြစ် တွေ အမျိုးမျိုး ပျက်စီးခဲ့ရတယ်။ အထူးသဖြင့် ကိုယ်ပိုင်ယဉ်ကျေးမှု ရိုးရာဓလေ့ပါ ပျက်စီးဆုံးရှုံးကြရ တယ်။ ဒီလို ဖွံ့ဖြိုးရေးမျိုးဟာ အသံကောင်း ဟစ်နေကြပေမယ့် မိမိတို့ပြည်သူပြည်သားတွေက သိထားဖို့တော့လို ပါတယ်။
● မေးခွန်းပါ
အရှင်က အဲဒီလိုဝေဖန်ပြောဆိုလို့ တကယ့် စီးပွားရေးအမြော်အမြင်ရှိတဲ့ သူ တွေက အရှင်ကို ဘာတစ်ခုမှ ပြန် ငြင်း ဆန်မှာ မဟုတ်ပါ။ မတရားလွန်ရာရောက်တယ် လို့ ပြောမှာ မဟုတ်ပါ။ ဘာကြောင့်လဲဆို ရင် လူမှုရေးနဲ့ နိုင်ငံရေး သိပ္ပံပညာရပ်ကို သင်ယူလေ့လာရင် သိနိုင်လို့ပါပဲ။ ယနေ့ မြန်မာအစိုးရကို ဒီမေးခွန်းတွေကိုမေးချင် ပါတယ်။
(၁) နိုင်ငံတော်အမျိုးသားထုတ်ကုန် (GNP) နဲ့
(၂) ပြည်တွင်းထုတ်ကုန် (GNP) နှစ်မျိုးဟာ ဘယ်ပမာဏကိုကြည့်ပြီးတိုင်း တာတွက်ချက်နေသလဲဆိုတဲ့ မေး ခွန်းပါ။ ဒီမေးခွန်းကိုနားလည်မှ အကြီးအကဲ သမ္မတလုပ်ပါ။ လူနည်းစုကောင်းစားချိန် မှာလူများစု ဆင်းရဲ မွဲတေ နေကြရတဲ့ အဖြစ် ကို မမြင်ချင်လို့မေးတာပါ။ ပုဂ်္ဂိုလ်ရေး မဟုတ်ပါ။ ပညာရေးပါ။
● ပြောကိုပြောပြရမယ်
အရင်းရှင်စနစ်အယူအဆဟာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ရမယ်။ လူများ စုကို လုပ်သားထုဖြစ်အောင် နှိမ်ထားရမယ်။ ကုန်စည်စရိတ်တွေ လျှော့ပေးရမယ် ဆိုပြီးတော့ ဆိုထားတာ ရှိ တယ်။ ဒီနေ့မြန်မာ အစိုးရ တွက်ချက်ပုံလည်း ဒီ့ပုံဒီနည်းတွေ ပါပဲ။ ဒီ့ထက်ပိုမတတ်ပါဘူး။ ဒီထက်ပို လုပ်နိုင် အောင် လူနည်းစုတွေမှာ ငွေများများ ရှိဖို့လိုတယ်ဆိုတဲ့ အချက်နဲ့လုပ်နေ တာ တွေကို တွေ့ရတော့ အရှင်တို့က ပါးစပ် ပိတ်ပြီး ငြိမ်ရတဲ့သူလိုမျိုးဖြစ်နေတယ်။ တကယ်တော့ လူတွေကို လောဘစိတ် ကြီးထွားလာအောင် လှုံ့ဆော်ပေးတဲ့အလုပ် အားလုံးဟာ အကျိုးယုတ်ပါတယ်။ အမြတ်မဟုတ်ပါဘူး။ လူတွေကို သွေးဆောင်မြှူ ဆွယ်လို့ သွေးသားဆန္ဒ၊ စိတ်စေ့ဆော်မှုတွေ ပျက်စီးမှုဖြစ်ရင် မက်လုံးပြတဲ့ ဒီစနစ်ဟာ တိုင်းပြည်ကို ဖျက်ဆီး တာပါပဲ။ တိုင်းပြည်ကို ဖျက်ဆီးတဲ့ စီးပွားရေးစနစ်နဲ့ ပြည်သူ ကိုဖျက်ဆီးရင် အရှင်တို့ကကျေနပ်တင်း တိမ်နိုင် မယ်လိုတော့ မထင်မိပါနဲ့။ လူထုတွေကိုတော့ ပြောကိုပြောပြရမှာပါပဲ။
● သိထားဖို့လို
အရှင်တို့ တိုင်းပြည်ကို ဘယ်အစိုးရ က တက်တက် လူတွေကိုလိုချင်တပ်မက် တဲ့စိတ်၊ ဆာလောင်မှု တွေဖြစ် စေတဲ့ မက်လုံးပေးတဲ့ ရုပ်ဝတ္ထုအတွေးတွေပေးရင် အဲဒီအစိုးရကို တာဝန်အရ သတိပေးရမှာပဲ။ အရှင်တို့ တိုင်း ပြည်ဟာ ကျေးလက်ဒေသဓလေ့တွေမှာ အားရကျေနပ်စရာတွေ အများရှိကြတယ်။ နည်းနည်းရ နည်းနည်း မျှသုံးကြတဲ့ ဝေမျှပေးကမ်းကူညီမှု စိတ် ဟာ လူ့အစွမ်းအစပါပဲ။ ဒီလူ့ယဉ်ကျေးမှု မျိုးဟာမြန်မာပြည်မှာ ပဲရှိပါ တယ်။ ဒီဓလေ့ဟာ ကမ္ဘာက ပိုစိတ်ဝင်စားတယ်။ ဒါကြောင့် အရင်းရှင်နယ်ချဲ့စနစ်ကို ဘိုးဘွားတွေက တော် လှန်ဖျက်ဆီးခဲ့တာပဲ။ ဒီသမိုင်းကို အရှင်တို့မေ့ပစ်လို့မရပါ။ အရှင်တို့ရဲ့ လူနေမှုဘ၀ကို အထင်အမြင်သေး ပါ စေ။ ခေတ်နောက်ကျတယ် လို့ ပြောပါစေ။ ယဉ်ကျေးမှု၊ ဓလေ့၊ ထုံးတမ်း၊ အစဉ် အလာတရားကို ဖျက်ဆီးမယ့် စီးပွား ရေးနဲ့ နိုင်ငံရေးဆိုရင်တော့ လက်မခံနိုင်ပါ။ မထောက်ခံနိုင်ဘူးဆိုတာကိုတော့ လက်ရှိ အစိုးရက သိထားဖို့တော့ လိုမယ်။
● အမူအကျင့်ကောင်းရမယ်
အရှင်တို့ဟာ ငြိမ်းချမ်းမှုနဲ့ရောင့်ရဲ တင်းတိမ်ခြင်းကို မြတ်နိုးရမယ်။ သူတစ် ပါးကို ရိုးရိုးသားသား ရိုရိုသေသေ ကူညီကုသိုလ်ပြုတဲ့ စိတ်ဟာ မဖြစ်နိုင်ကောင်း တဲ့စိတ်လို့မမြင်သင့်ပါ။ ရိုသေတတ်၊ ကိုင်း ရှိုင်းတတ်တဲ့ အကျင့် တရားဟာ (ဓလေ့ဟာ၊ အလေ့အထဟာ) အရှင်တို့ မြန်မာတွေမှာ မသင်ဘဲရှိခဲ့တဲ့ စိတ်ရင်း(စိတ်ဓာတ်)တွေပါ။ ဒီစိတ်ဓာတ်ဟာ အရင်းရှင်စနစ်သမားတွေက လက်ခံကြင်နာမှာ မဟုတ်ပါ။ အပေါ်ယံအရေးမပါတဲ့ စီးပွားရေး သမားတွေရဲ့ လှည့်ကွက်၊လက်ချက်တွေကြောင့် အလေး အနက်ရိုသေကိုင်းရှိုင်းတဲ့ လူ့ယဉ်ကျေးမှု တရားတွေ ပျက်စီးပျောက်ဆုံးခဲ့ရတယ်။ ဒါ နဲ့အတူ အရေးမပါတဲ့တရားသေနိုင်ငံရေး မူဝါဒအစွဲကြောင့်လည်း မှန်ကန် သင့်မြတ်တဲ့ လူ့ယဉ်ကျေးမှုကောင်းတွေ ပျက်စီးဆုံး ရှုံးခဲ့ရတယ်။ ဒီသဘောတရားကို အရှင်တို့ မြန်မာတွေ သိဖို့ လိုပါတယ်။ ဘ၀တစ်သက် တာမှာ မမှန်ကန်တဲ့၊ စီးပွားရှာတဲ့အမူအကျင့် တရားကြောင့် လူသားအသိတရား အရင်း အမြစ်တွေ မပျက်စီးဖို့ စီးပွားရေး၊ နိုင်ငံရေး အမူအကျင့်ကောင်းဖို့ လိုပါတယ်။
● ပျက်စီးဆုံးရှုံး
စီးပွားရေး၊ နိုင်ငံရေးအမူအကျင့်ဆို တာ တော်လှန်ရေးမဟုတ်ပါ။ ဖွံ့ဖြိုးရေးနဲ့ ဆိုင်ပါတယ်။ ဖွံ့ဖြိုးရေးဆိုတာ လည်း လူသားတွေရဲ့ ပင်ရင်းအမူအကျင့် တရားတွေ မပျက်အောင် ဖွံ့ဖြိုးရေးကိုလုပ်တတ်ရမယ်။ မလိုအပ်တဲ့ ပစ္စည်းတွေ မထုတ်လုပ်ဖို့၊ လိုအပ်တာထက်ပိုမထုတ်လုပ်ဖို့ စီးပွားရေးမှာ သိထားရ မယ်။ နိုင်ငံရေးမှာတော့ မိမိ ရဲ့နိုင်ငံရေးမူဝါဒကို လူသားတွေအတွက် ကျင့်ဝတ်သိက္ခာထိန်းသိမ်းဖို့နဲ့ မိုက်မဲတွေ ဝေတဲ့ နိုင်ငံရေးမူဝါဒမဖြစ်ဖို့ အရေးကြီးပါ တယ်။ ဖွံ့ဖြိုးမှုနောက်ကျတဲ့တိုင်းပြည်ကို ကြည့်ပါ။ စီးပွားရေးသမားတွေက လူတွေရဲ့တိုက်ရိုက် အကျိုးဖြစ်ထွန်းမှု ဖွံ့ဖြိုးရေးတွေကို မလုပ်ပေးကြဘဲ (ငွေကြေးရှင်တွေက)လူတွေ ပျော်ပါးစရာနေရာတွေကို ဖန် တီးကြပြီး စီးပွားရှာကြတယ်။ ဖွံ့ဖြိုးရေးအားကောင်းတဲ့ တိုင်းပြည်တွေ က ဈေးကွက်ကို ချုပ်ကိုင်ထားကြတယ်။ လူထု ကောင်းစားရေးကို မရှေးရှုဘဲ အကျိုး အမြတ်တွေကို ရှေးရှုတဲ့ အရင်းရှင်စနစ်ဟာ မြန်မာပြည်မှာ ပိုမိုကဲ လာရင်တော့ အရှင်တို့ရဲ့ ရိုးစင်းတဲ့မြန်မာ့ယဉ်ကျေးမှုတွေ ပျက်စီးဆုံးရှုံးတော့မှာပါပဲ။
● အရင်းရှင်ခေတ်နိုင်ငံရေး
အရှင်တို့ မြန်မာပြည်ဟာ မိသားစုတိုင်း ကုန်ပစ္စည်းအသစ်ကို ပိုပြီးပိုင်ဆိုင်ရဖို့ အားထုတ်ကြိုးစားနေကြပြီ လား ဆိုတာကို လေ့လာပါ။ လူဟာ လောဘစိတ်မင်းမူနေရင် ရုပ်ဝတ္ထုအခြေခံတဲ့ ရုပ်ဝါဒလမ်းစဉ်ကို နှစ် သက်နေမိ မှာပါပဲ။ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင် ကျေနပ်မှု၊ ဂုဏ်အရှိန်အ၀ါကြီးထွားမှုကို အလေးထားတဲ့ အသိုင်းအ၀ိုင်း တစ်ခု ဟာ အရင်းရှင်စနစ်ကို လိုလားကြတဲ့သူတွေပါ ပဲ။ ဒီနေ့အရှင်တို့ရဲ့ တိုင်းပြည်အာဏာကို ထိန်းသိမ်း ထားတဲ့ ပုဂ်္ဂိုလ်တွေကို ကြည့်ပါ။ အရင်းရှင်ဝါဒစနစ်ကို လိုလားနှစ်သက်ကြ တဲ့သူတွေပါ။ ဖွံ့ဖြိုးတိုးတက်ရေးတွေကို လည်း အရင်းရှင်ဒီမိုကရေစီနိုင်ငံရေးဝါဒ စနစ်အတိုင်း ရေးဆွဲချမှတ်ထားကြတာကို တွေ့ရတယ်။ ဒီလိုနိုင်ငံရေး ၀ါဒစနစ်နဲ့ တိုင်းပြည်အတွက်သွားရင် အရင်းစုအုပ်စု ထဲကိုရောက်သွားမှာပဲ။ အရင်းရှင်နောက် လိုက်သူဖြစ်သွား မှာပါပဲ။ အရင်းရှင်နောက် မလိုက်ဘဲ ရပ်ဆိုင်းနေလို့ မရတော့ပါ။ အရင်းရှင်နောက်လိုက်ရတဲ့ ဒီမိုကရေစီ နိုင်ငံ ရေးစနစ် တိုင်း ဟာ ငြိမ်းချမ်းရေးနဲ့ အချင်းချင်း ညီညွတ်ရေးကို အကြောင်းပြရ မှာပါပဲ။ ကြီးစိုးခြယ်လှယ်တဲ့ အမူ အကျင့် တွေကျင့်သုံးနေကြရမှာပါပဲ။ ကျင့်ဝတ် စည်းကမ်းဖောက်ပြန်ရင် ဖိအားတွေအမျိုး စုံပေးကြမှာပါပဲ။ နာခံ မှုမရှိရင် သြဇာအာဏာ မသိမသာသုံးကြလေမှာပါပဲ။
● အားရဂုဏ်ယူစရာမရှိ
အရင်းရှင်ဒီမိုကရေစီနိုင်ငံရေးဝါဒ စနစ်နဲ့ လက်ခံကျင့်သုံးတဲ့အရှင်တို့ တိုင်း ပြည်ဟာ ခက်ခဲနက်နဲတဲ့ နိုင်ငံရေး အယူ အဆကောင်းတွေ ဦးဆောင်သူတွေက နားလည်ကြမှာမဟုတ်ပါ။ အကျိုးမဲ့၊ အချည်းနှီး၊ အယူသီးတဲ့ နစ် မွန်းရင်းနစ် မွန်းနေတဲ့ နိုင်ငံရေးစနစ်ကိုပဲ အရေးကြီး တဲ့ နိုင်ငံရေးစနစ်ပဲဆိုပြီး တည်ဆောက်မိ ကြမှာပါပဲ။ မြန်မာ့နိုင်ငံရေးဟာ အယူသီး တဲ့ အခမ်းအနားစည်ကားရေးအဆင့်ပဲ ရှိ ပါတယ်။ အလေ့အထ မကောင်းပါဘူး။ ယိုင်နဲ့နဲ့ ကုလားထိုင်ရ ရာထူးနဲ့ပဲ သိက်္ခာ တည်ဖို့ ကြိုးစားနေကြတယ်။ တကယ် တော့ နိုင်ငံရေးစနစ်တစ်ခုဟာ လူမှုရေး ပြုပြင်ပြောင်းလဲမှု၊ မြေယာပြန်လည်ထူ ထောင်ဖော်ထုတ်မှု၊ အလုပ်အကိုင် အခွင့် အလမ်း၊ လူမှုဆက် ဆံရေး၊ လူသားဂုဏ် သိက္ခာကိစ္စရပ်တွေ မလုပ်ကိုင်ဘဲ နေလို့မရပါ။ ရပ်တည်ပေးခြင်း၊ ဆွေးနွေးပေးခြင်းတွေ လုပ်ပေးရမယ်။ လူထုတွေဟာ စိတ်ဓာတ်ခွန်အားမရရင် (မရှိရင်) နိုင်ငံတော် တည်ဆောက်ရေးမှာ ခွန်အားပြည့် ၀မှာ မဟုတ်ပါ။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီအရင်းရှင်စီးပွားရေးမှန်ရင် ရုပ်ဝတ္ထုသာ အဓိက၊ ရုပ်ဝါဒ သာထားကြပြီး ကျင့်သုံးကြ တာတွေကို တွေ့ရတယ်။ အဲ ဒီလို လူကျင့်ဝတ်နဲ့မညီတဲ့ ဦးဆောင်ကြိုးပမ်း တဲ့ နိုင်ငံရေးအားလုံးဟာ ပျော့ကွက်တွေ အားနည်း ချက်တွေ များပြီးအားရ ဂုဏ်ယူစရာရှိမှာ မဟုတ်ပါ။
● စံနမူနာကောင်း
အားရဂုဏ်ယူစရာကောင်းတဲ့ နိုင်ငံရေးဟာ အရေအတွက်ကို ဦးတည်မထား ပါ။ အရည်အသွေးကိုသာ ဦးတည် ထားပါတယ်။ ကိန်းဂဏန်း အရေအတွက်နဲ့ တိုင်းတာတဲ့ ဖွံ့ဖြိုးရေး၊ ရုပ်ဝတ္ထုပမာဏနဲ့ ခေတ်မီခြင်း အခြေပြု တဲ့ နိုင်ငံရေးတွေဟာ ယနေ့ဘယ်လို မှားနေကြပြီလဲဆိုတာ ဥရောပနိုင်ငံများ နိုင်ငံရေးလေ့လာချက် သမားတွေက အတော်လေး မြင်တွေ့ကြရပြီလေ။ အရှင်တို့အာရှဒေသ နိုင်ငံတွေမှာလည်း စက်မှုတော် လှန်ရေး အောင်မြင်ဖို့ ကြိုးစားအားထုတ်နေကြလို့ လိုက်လေလေ ဝေးနေသလိုပါပဲ။ ရတော့မယ့်အကျိုး အမြတ်တွေ ကို မိမိတို့ ဒေသ အကျိုးကောင်းတွေ မဝေမစားရဘဲ အကျိုးတူပူးပေါင်း လာရောက်လုပ်ကိုင်ကြတဲ့သူတွေရဲ့ လက်ထဲမှာပဲ ရောက်သွားရတဲ့ စီးပွားအမြတ်တွေဟာ လုပ်ကြတဲ့သူတွေနားလည် လာကြပြီ။ ဒီလိုကမ္ဘာကြီး ရဲ့စက်ဝိုင်း သံသရာဟာ ချမ်းသာသူတွေ ဆေးသမားမဖြစ်ဖို့၊ ရာဇ၀တ် သမားမဖြစ်ဖို့ ဖွံ့ဖြိုးရေး စံနမူကောင်းတွေ လုပ်ကြဖို့ လိုပါတယ်။
● အနိဋ္ဌာရုံပြဿနာ
ယနေ့စက်ဝိုင်းကမ္ဘာထဲက လွတ်လပ်တဲ့ တိုင်းပြည်၊ အေးချမ်းတဲ့ တိုင်းပြည်တွေ တွေ့ကြပါရဲ့လား။ တစ်ချိန်က လွတ်လပ်တဲ့ တိုင်းပြည်အဖြစ် ကြေညာထုတ်ပြထားတဲ့ တိုင်းပြည်တွေဟာ အခုဆိုရင် သူ့ရဲ့ ပြည်တွင်းရေး ပြဿ နာတွေ၊ အခက်အခဲတွေ မမျှတမှုတွေ၊ ဆင်းရဲမှုတွေ တွေ့နေကြရပြီလေ။ အတွင်းက မလောက်မငတော့ အပြင်ဘက်ကိုထွက်ပြီး အုပ်စုဖွဲ့ပြီးတော့ လိုက်လံအမြတ်ထုတ် တဲ့ နိုင်ငံရေး ဖြေရှင်းရေးတွေ လုပ်နေတာကို တွေ့ရ တယ်။ ဒီအဖြစ်ဟာ စံနမူကောင်းတဲ့ တန်ဖိုးခြင်း မဟုတ်ပါဘူး။ ကမ္ဘာကြီးဟာ အရေအတွက်များပြားလို့ အရာအားလုံး ရပ်တန့်သွားခဲ့ရင် ဖရိုဖရဲပြိုကွဲမယ့် အနိဋ္ဌာရုံရဲ့ ပြဿနာကို ကြည့်ရဲကြမှာမဟုတ်ပါဘူး ဆိုတာကို သိထားဖို့လိုပါတယ်။
● ဝေဖန်စဉ်းစားကြပါ
ဒါကြောင့် ယနေ့ကမ္ဘာဟာ ဆင်းရဲသူနဲ့ချမ်းသာသူ၊ စီးပွားရေးနဲ့နိုင်ငံရေးမြှင့် တင်အားထုတ် ကြိုးပမ်းနေကြလို့ အယူ အဆကွဲလွဲမှုတွေ တိုးလာကြတယ်။ လူနေ မှုဘ၀ကို မြှင့်တင်ပေးနိုင်မယ့် သဘာဝ တရားနဲ့ သက်သာစေ နိုင်တဲ့ အယူအဆတွေလည်း တွေးခေါ်လာကြတယ်။ ဒီမို ကရေစီမရှိ ဖွံ့ဖြိုးမှုမရှိလို့ မတွေးဘဲ စစ် မှန်တဲ့ ချမ်း သာမှု၊ စစ်မှန်တဲ့ပျော်ရွှင်မှုကို ပေးနိုင်တဲ့ စီးပွားရေး၊ နိုင်ငံရေးဖြစ်အောင် ကြိုးစားအားထုတ်နေကြတာကို တွေ့ရ တယ်။ အရှင်တို့တိုင်းပြည်ဟာ ချမ်းသာသူတွေက ပိုချမ်းသာလာနေကြလို့ ဆင်းရဲတဲ့ လူထုတွေက ပိုဆင်းရဲ နေကြရတာဟာ အခြေခံက ဘာတွေလဲ(ဘာဖြစ်နေလဲ)ဆို တာစဉ်းစားကြည့်ကြပါ။ အရှင်တို့ တိုင်း ပြည်ဟာ အာဏာရှင်အုပ်ချုပ်မှု စနစ်ပျောက်ပြီလား။ တိုင်းပြည်ဖွံ့ဖြိုးမှု မူဝါဒပြောင်းလဲ နေပြီလား။ ဘယ်လိုဦး တည်နေ ကြပြီလဲ။ အရင်းရှင်စီးပွားရေးသမားတွေရဲ့ စီမံချက်အတိုင်း လက်ရှိအစိုးရက လုပ်ဆောင်နေ တာလားဆိုတာ ဝေဖန်စဉ်းစားကြပါ။
● နိဂုံး
အရှင်တို့တစ်တွေဟာ စီးပွားရေး၊ နိုင်ငံရေးတွေ အောင်မြင်ဖို့လိုပါတယ်။ ဒီအတွေးအခေါ် ဒီအကြောင်းအရာ တွေ ဘကို တွေးလို့ (ပြောလို့၊ ဆိုလို့၊ ဝေဖန်လို့၊ ဆန့်ကျင်လို့) အရှင်တို့တွေကို သူပုန်လို့ပဲ မြင်မြင်၊ ကွန်မြူနစ် လို့ပဲမြင်မြင်၊ အကြမ်း ဖက်သမားလို့ပဲမြင်မြင် တိုင်းပြည်အတွက် သစ်္စာဖောက်ဖျက်ဆီးတဲ့သူ တစ်ယောက် ပါလို့တော့ မြင်ကြမှာ မဟုတ်ပါ။ လူမှန်ရင် အမှန်တရားကို ထုတ်ဖော်ကြရမှာပါပဲ။ အမှန်မပြောရပါလို့ ဘယ် တရားက ညွှန် ကြားနေပါသလဲ။ အရှင်တို့ရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူပြီး ကောက်ကျစ်လှည့် ဖြားမှု ပျော် ၀င်စိမ့်ဝင်နေတဲ့ မတရားဝါးမျို ပစ်မယ့်စီးပွားရေး၊ နိုင်ငံရေးတွေကို ဖျက် ဆီးပစ်မယ့် အရှင်တို့ရဲ့ လူမျိုး အပေါ် အဆိပ် ဓာတ်အမြဲမပြတ်အမြတ်ထုတ်မယ့် အရင်း ရှင်စီးပွားရေးကို မြန်မာပြည်မှာ မထွန်း ကားဖို့ ဆန့်ကျင်ကြရ မယ်။
စုပေါင်းတော်လှန်ကြပါစို့ . ..ရဲ့။

မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald

No comments:

Post a Comment