Friday, October 3, 2014

ကသာမြို့ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေသူ(၃)ဦးထံမှ ဘိန်းဖြူ သိန်း၁၃၀ကျော်ဖိုး ဖမ်းဆီးရမိ

၁၊၁၀၊၁၄ရက်နေ့ (ရဲတပ်ဖွဲ့ ရွှေရတုနေ့) ည၁၁နာရီ အချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ပေါ်တွင် ဘိန်းဖြူ(၁၃၀)ဂရမ်ဖမ်းဆီးရမိခဲ့ပြီး ယခုဖမ်းဆီးရမိမှုသည် ကသာမြို့ပေါ်တွင်
အများဆုံးဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရှိရပါသည်၊ဖြစ်စဉ်မှာ ကသာမြို့ အမှတ်(၂)ရပ်ကွက် စမ်းရေအေးတည်းခိုခန်းတွင် ဘိန်းဖြူသုံးစွဲ ရောင်းချသူများတည်းခိုနေကြောင်း သတင်းအရ
တိုင်းမှုခင်းအကူ ဌာနစုမှ ရဲအုပ်မျိုးခိုင်၊မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ရဲအုပ်အောင်ကြည်မြင့်နှင့်
ဒုတပ်ကြပ်သိန်းထိုက်ဦး၊ ကသာခရိုင် မှုခင်းတပ်ဖွဲ့(CID)မှ ရဲအုပ်မျိုးခိုင်၊ မူးယစ်တပ်စု(၆) ကသာ မှ
ရဲတပ်ကြပ်ကြီး အောင်ဇော်လတ်နှင့် ဒုတပ်ကြပ်စိုးနောင်၊ ရေကင်းမှူး ဒုရဲအုပ်သန်းထိုက်စိုးတို့သည် သက်သေဦးကိုကိုလတ် ဦးတင်ဝင်းတို့နှင့်အတူ သတင်းအရ ထိုတည်းခိုးခန်းရှိ အခန်းနံပါတ်(၅)သို့ ရှောင်တခင်ဝင်ရောက်ရှာဖွေရာ
ထိုအခန်း(၅)တွင်တည်းခိုနေသူ မင်းကို(၃၂နှစ်)ကျောက်ကြီးရွာ ရွှေကူမြို့နယ်နှင့် မောင်စိုး(၃၄နှစ်)နန့်မွန်ရွာ မိုးညှင်းမြို့နယ် တို့၏ မွေ့ယာအောက်မှ ဖြူဝါရောင် ဘိန်းဖြူမှုန့်(ယူဆရသော)
ဝ.၂ဂရမ်ခန့်ပါသော ပင်နယ်ဆလင်တစ်ပုလင်းနှင့် တစ်ဖက်မွေ့ယာအောက်မှ ဘိန်းဖြူရောင်းရငွေဟု ယူဆရသော ငွေစက္ကူ ၂၆၆၀၀ကျပ်တို့အား တွေ့ရှိခဲ့ပြီး ထိုအခန်းအမှတ်(၅)တွင်
အတူရောက်ရှိနေသော (အခန်းအမှတ်၁တွင် တည်းခိုသူ)အာဇာနည်(၁၈နှစ်) (မိုင်းခေါင်ရွာ မံစီမြို့နယ် ဗန်းမော်ခရိုင် )၏ ခန္ဓာကိုယ် အားရှာဖွေစစ်ဆေးရာ ချိုင်းကြားအတွင်း ညပ်ဝှက်ထားသော ဆပ်ပြာခွက်ထဲမှ အလေးချိန်(၁၃)ဂရမ်ပါ
ဖြူဝါရောင် ဘိန်းဖြူမှုန့်(ယူဆရသော)အမှုန့် တစ်ထုတ် ကို ဖမ်းဆီးရမိခဲ့ပါသည်၊ ထို့နောက် အာဇာနည်၏ အခန်းဖြစ်သော အခန်း(၁)အား ဆက်လက်ရှာဖွေခဲ့ရာ polo တံဆိပ်ပါ အိတ်အနက်အတွင်းမှ တစ်ခွက်လျှင် အလေးချိန်(၁၃)ဂရမ်ပါ
ဖြူဝါရောင် ဘိန်းဖြူမှုန့်(ယူဆရသော)အမှုန့် ပါ ဆပ်ပြာခွက်(၉)ခွက်တို့ကို တွေ့ရှိခဲ့ပြီး ဖမ်းဆီးနိုင်ခဲ့ပါသည်၊ ထို့အပြင် တရားခံများထံမှ မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် အသုံးပြုခဲ့သော ပါဂျရိုကားတစ်စီး၊ ဆိုင်ကယ်တစ်စီး နှင့်
၀၉၄၇၂၂၇၉၁၄နံပါတ် လက်ကိုင်ဖုန်းတစ်လုံး တို့ကို ဖမ်းဆီးရမိခဲ့ပါသည်၊ ဖမ်းဆီရမိခဲ့သောဘိန်းဖြူစုစုပေါင်းမှာ (၁၃၀)ဂရမ်ဖြစ်၍ ကာလတန်ဘိုး သိန်း(၁၃၀)ကျော်တန်ကြောင်းလည်း သိရှိရပါသည်၊ ထိုဖြစ်စဉ်အပေါ်
ကသာရဲစခန်းမှ မူးယစ်(ပ)၂၀ဖြင့် အမှုဖွင့်ခဲ့ပြီး မူးယစ်စေတတ်သည့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၉(က)/၂၀(က)/ ၂၁ တို့ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။

Credit - ဟာဂျူလီ-ကသာ (Facebook)

 

 

 

 

 

 

 
 

No comments:

Post a Comment