Friday, May 15, 2015

MH370 လေယာဉ်ရှာဖွေရေးတွင် ရှေးဟောင်း သင်္ဘောပျက် အပိုင်းအစ တွေ့ရှိ

(ဂျကာတာ)။ ။ ဒေါ်လာ သန်း ၉၀ တန် ရှာဖွေရေး လုပ်ငန်းဖြစ်သည့် ကာလရှည်ပျောက်ဆုံးနေသည့် MH370 လေယာဉ်ပျောက်ဆုံးမှု ရှာဖွေမှုတွင် အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် အံ့ဖွယ်အပျက်အစီးအပိုင်းများကို ထောက်လှမ်းတွေ့ရှိရာ ရှေးဟောင်းလှေ သင်္ဘောတစ်စင်း အပျက်အစီးအပိုင်းအစများ ဖြစ်နိုင်သည်ဟု ခန့်မှန်းထားသည်။

MH370

သမုဒ္ဒရာကြမ်းပြင်အောက်မှာ လူလုပ်ပစ္စည်းများတွေ့ရှိကြောင်း၊ သင်္ဘောတစ်စီးမှ ကျောက်ဆူးမျိုးကိုလည်း တွေ့ရှိကြောင်း သြစတြေးလျ သယ်ယူပို့ဆောင်ရေး လုံခြုံရေးဗျူရိုမှ ရှာဖွေရေးအဖွဲ့က ပြောသည်။

ပျောက်ဆုံး လေယာဉ်ရှာဖွေမှုမှာ ယခုအချိန်ထိ မတွေ့ရှိသေးသဖြင့် ရှာဖွေရေးအဖွဲ့ကလည်း စိတ်ဓာတ်ကျဆင်းနေကြပြီဖြစ်ကြောင်း ရှာဖွေရေး ဥက္ကဌ ဖြစ်သူ ပီတာဖိုးလေးက ပြောသည်။

ယခုတွေ့ရှိသည့် လူလုပ်အပိုင်းအစများမှာ ပင်လယ်ကြမ်းပြင်အောက် နှစ်မိုင်အကျော်တွင် တွေ့ရှိခြင်းဖြစ်သည်။ အပျက်အစီးအများစုမှာ သေးငယ်သည့် အပိုင်းအစများသာဖြစ်ပြီး ကျောက်ဆူးပုံစံမျိုးတွေ့ရသည့် သဏ္ဍန်မှာ အကြီးဆုံးအပိုင်းအစဖြစ်သည်။

REF : FOX NEWS

Credit - Mizzima News

No comments:

Post a Comment