(ဂျကာတာ)။ ။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ လှေဖြင့်
ဝင်ရောက်လာသည့် ရာပေါင်းများစွာသော ဒုက္ခသည်များကို အင်ဒိုနီးရှားနိုင်ငံက ၎င်းရေပိုင်နက်ပြင်သို့ ပြန်လည်ဆွဲပို့ကြောင်း ရေတပ်ပြောရေးဆိုခွင့်ရှိသူ
တစ်ဦးက မေ ၁၂ ရက်က ပြောသည်။

ပင်လယ်တွင်း ငါးဖမ်းသမားများက ကယ်ဆယ်လာခဲ့သည့် ယင်းဒုက္ခသည်များသည် အက်ရှ်ပြည်နယ် ကမ်းခြေသို့ ရောက်ရှိပြီး
နောက်တစ်ရက်တွင် ပင်လယ်တွင်းသို့ ပြန်လည်ပို့ဆောင်ခံရခြင်း ဖြစ်သည်။
"အင်ဒိုနီးရှားပိုင်နက် အပြင်ကို ပို့လိုက်တာပါ။ သူတို့တွေကို မလေးရှား ဒါမှမဟုတ် သြစတြေးလျဆီသွားဖို့လည်း တွန်းအားပေးစရာ မလိုပါဘူး။
ဒါက ကျွန်တော်တို့ရဲ့ အရေးကိစ္စ မဟုတ်ဘူး။ ကျွန်တော်တို့အရေးကတော့ အင်ဒိုနီးရှားကို အဝင်မခံဖို့ပဲ။ ဘာကြောင့်ဆို သူတို့ကို အင်ဒိုနီးရှားမှာ အခြေတကျနေထိုင်ခွင့် မပေးနိုင်လို့ပါ” ဟု ရေတပ်ပြောခွင့်ရ မာနာဟန်စီမိုရန်ကီက အေအက်ဖ်ပီ သတင်းသို့ ပြောခဲ့သည်။
REF : AFP
Credit - Mizzima News
No comments:
Post a Comment