"အမှုတွဲမှာ ၆ယောက်ရှိတယ် ခွဲစစ်မှရမယ်။ နန္ဒစစ်အောင်ကတော့ သာယာဝတီထောင်မှာ ခုကျွန်တော် တို့နှစ်ယောက်နဲ့ ကိုနန္ဒစစ်အောင်နဲ့ကို စစ်ရမယ်၊ ကျန် သုံးယောက်ကို ရဲကလုပ်ထုံးလုပ်နည်းနဲ့ တရာခံပြေးအဖြစ် သတ်မှတ်လိုက်ပြီး သူတို့ကိုမိရင် အစကပြန်စစ်ရမယ်။ ရဲစခန်းကနေ ဝရမ်းလုပ်ထားတာကို ပြန်အပ် ရမယ်"ဟု ကိုဝင်းကျော့မှူးကပြောသည်။
ယင်းအမှုတွဲတွင် တရားခံပြေး သုံးယောက်ရှိနေသည့် အတွက် အမှုစစ်ဆေးလို့မရသေး၍ မေ ၂၇ရက်သို့ ပြန်လည် ချိန်းဆိုလိုက်သည်ဟုအမှုကို လိုက်ပါဆောင်ရွက်သူတရားလွှတ်တော်ရှေ့နေ ဒေါ်သဇင်အေးက မဇ္ဈိမကိုပြောသည်။
"တရားသူကြီးပြောသွားတာက ဥပဒေအတိုင်းပဲ ဖမ်းဝရမ်ကို ပြန်ဝင်လာရင် နန္ဒစစ်အောင်က သာယာဝတီမှဖြစ်နေ တယ်သူရှိမှ လည်းစစ်လို့ရမယ်၊ ကျန်တဲ့ သုံးယောက်ကို တရားခံပြေးအဖြစ် သတ်မှတ်လိုက်ပြီးရင်လည်း ကိုနန္ဒစစ်အောင်ကို သာယာဝတီထောင်က ဘယ်လို့ခေါ်ထုတ်မလဲဆိုတာ ရှိသေးတယ်။ နန္ဒစစ်အောင် ကိုခေါ်နိုင်မှ သာ ဒီအမှုက ဆက်စစ်လို့ရမယ်" ဟု ၎င်းကပြောသည်။
မတ်လ ၁၀ရက်က လှည်းတန်းမှ ပြည်လမ်းတလျောက်ဆန္ဒပြရာတွင် ပါဝင်သည့် ဗကသကျောင်းသား များဖြစ်သည့် ကိုကျော်ကိုကို၊ ကိုဝင်းကျော့မှူး၊ ကိုနန္ဒစစ်အောင်၊ ကိုဂျိမ်းစ်၊ ကိုရှိန်းရာဇာထွန်းနှင့် မပိုပိုတို့ခြောက်ဦး ကိုနိုင်ငံတော် အကြည်အညို ပျက်စေမှုပုဒ်မ ၅၀၅ (ခ) အပါအဝင် လူစုလူဝေးဆိုင်ရာ ပုဒ်မများဖြစ်သည့် ၁၄၃၊ ၁၄၅၊ ၁၄၇ စသည့် ပုဒ်မလေးခုဖြင့် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက တရားလိုပြုကာ တရားစွဲဆိုထားသည်။
ကိုဝင်းကျော့မှူးကို အခင်းဖြစ်ပွားသည့်နေ့က ဖမ်းမိခဲ့ခြင်းဖြစ်ပြီး၊ မပိုပိုကို ဧပြီ ၈ ရက်က ဖမ်းဆီးခဲ့ကာ ကိုနန္ဒစစ်အောင်ကိုလည်း ဖမ်းဆီးခဲ့ပြီးဖြစ်သည်။
Credit - Mizzima News
![]() |
ငါးကြိမ်မြောက် ရုံးထုတ်လာသည့် ဗကသကျောင်းသူ မပိုပိုကို ကမာရွတ် တရားရုံးရှေ့တွင် မေ၁၃ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-ခင်မြတ်မြတ်ဝေ) |
No comments:
Post a Comment