အန်ဒါမန် ပင်လယ်အတွင်း တစ်ဝဲဝဲလည်ကာ သောင်တင်နေသည့် မြန်မာမှ
ရွှေ့ပြောင်းရိုဟင်ဂျာဆိုသူများ ရာပေါင်းများစွာသည် စားစရာနှင့် သောက်ရေ
မရှိတော့သဖြင့် စိတ်ဓာတ်များကျဆင်းကာ ကိုယ့်ကျင်ငယ်ရည်
ကိုယ်ပြန်သောက်နေရသည့် အခြေအနေရှိနေသည်။

မွတ်စလင်ရိုဟင်ဂျာဆိုသူများ ၃၅၀ နီးပါးတင်ဆောင်လာသည့် ငါးဖမ်းလှေကို ထိုင်းနိုင်ငံက ဝင်ရောက်ခွင့်မပေးခြင်းဖြစ်သည်။
လှေမှ အမှုထမ်းများက ၎င်းတို့ကို ပစ်ထားခဲ့ကြောင်း၊ အင်ဂျင်ကလည်း ချို့ယွင်းနေပြီဖြစ်ကြောင်း၊ လှေပေါ်ရှိ လူ ၁၀ ဦးလည်း သေဆုံးခဲ့ရပြီး ပင်လယ်တွင်းသို့ ပင် မျှောလိုက်ရကြောင်း ယင်းလှေပေါ်ရှိသူများက ဘီဘီစီသို့ ပြောသည်။
အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့သည် ယင်းသို့ ရွှေ့ပြောင်းဝင်ရောက်သည့် လှေများကို လက်မခံဘဲ မောင်းထုတ်လျက်ရှိသည်။
ထိုင်းနှင့် မလေးရှားကမ်းလွန်တွင် ယင်းသို့ လှေများဖြင့် သောင်တင်နေသူ ရွှေ့ပြောင်းဝင်ရောက်သူပေါင်း ထောင်ချီရှိနေနိုင်သည်။
Ref: BBC
Credit - Mizzima News
No comments:
Post a Comment