Tuesday, May 12, 2015

ဘင်္ဂလီနှင့် မြန်မာမှ ဒုက္ခသည် ထောင်ပေါင်းများစွာကို ဝင်ခွင့်မပေးသဖြင့် ထိုင်းရေပြင်တွင် သောင်တင်နေ

(ဘန်ကောက်)။ ။ ဘင်္ဂလီနှင့် မြန်မာဖက်မှ ထောင်ပေါင်းများစွာသော ဒုက္ခသည်များသည် ထိုင်းနိုင်ငံတွင်းသို့ ဝင်ခွင့်မရဘဲရှိရာ ပင်လယ်ရေပြင်တွင် သောင်တင်လျက်ရှိကြောင်း နိုင်ငံတကာနိုင်ငံဖြတ်ကျော်ရွှေ့ ပြောင်းသူများအေဂျင်စီအရသိရသည်။

Indonesia-Rohingya-1

ထိုင်းနိုင်ငံက မကြာသေးမီက များစွာသော လူမှောင်ခို ဝင်ရောက်သူများကို ဖြိုခွင်းနှိမ်နင်းခဲ့ပြီး လက်ရှိတွင် ထိုင်းမြေကို ခြေချခွင့်ပေးဖို့ရန် မလိုမလားဖြစ်နေကြောင်း ရွေ့ပြောင်းသူများဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM က ဘီဘီစီသို့ပြောသည်။

ပင်လယ်တွင်း လှေများဖြင့် တစ်ဝဲလည်လည်ဖြစ်နေသူ ဒုက္ခသည်များမှာ ၈၀၀၀ ကျော်မျှ ရှိမည်ဖြစ်ကြောင်း IOM က ပြောသည်။

ပြီးခဲ့သည့် နှစ်ရက်က ဒုက္ခသည် ၂၀၀၀ ကျော်သည် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ပင်လယ်တွင်း ကယ်ဆယ်ခံရခြင်း၊ ကမ်းခြေသို့ ရေကူးဝင်ရောက်ခြင်းသို့ဖြင့် ဝင်ရောက်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖိနှိမ်ခံရသည်ဟုဆိုကာ ဘင်္ဂလီနှင့် ရိုဟင်ဂျာဆိုသူများက လူမှောင်ခိုများဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ကြသည်။ မလေးရှားနိုင်ငံနှင့် ဒီပြင်နိုင်ငံများသို့ ဦးတည်သွားမည့် ၎င်းတို့ခရီးစဉ်အတွက် အခကြေးငွေ ပေးအပ်နိုင်ခြင်း မရှိခြင်း ထိုင်းတွင် လူမှောင်ခိုသမားများက ၎င်းတို့ကို ချုပ်နှောင်ဖမ်းဆီးထားကြသည်။
     
တွေ့ရှိပြီးနောက်တွင် ထိုင်းရဲများက လူမှောင်ခိုများကို နှိမ်နင်းလျက်ရှိခြင်းကြောင်း လူမှောင်ခိုလှေများ ပင်လယ်တွင်းမှာပင် သောင်တင်လျက်ရှိနေခြင်းဖြစ်သည်။

REF : BBC


Credit - Mizzima News

No comments:

Post a Comment