Tuesday, May 12, 2015

နီပေါတွင် ပြင်းအား ၇ ဒသမ ၄ အဆင့်ရှိ အားပြင်း ငလျင် ထပ်လှုပ်ပြန်

(ခတ္တမန္တူ)။ ။ နီပေါနိုင်ငံပြီးခဲ့သည့် သီတင်းပတ်များက အားပြင်းငလျင်လှုပ်ခဲ့၍ သေဆုံးသူ ၈၀၀၀ ကျော်ပြီး နိုင်ငံ၏ နေရာနယ်မြေများစွာတွင် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေချိန် ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၄ အဆင့်ရှိ အားပြင်းငလျင် နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ထပ်မံလှုပ်ကြောင်း အမေရိကန် ဘူမိတိုင်းတာရေးက ပြောသည်။
Nepal-3

ဧဝရတ်တောင် တက်စခန်းအနီး နမ်ချီဘာဇားမှ အနောက်ဖက် ၆၈ ကီလိုမီတာတွင် မြေအောက်အနက် ၁၉ ကီလိုမီတာ၌ လှုပ်ခဲ့ခြင်းဖြစ်သည်။

ငလျင်လှုပ်သဖြင့် ခတ္တမန္တူတွင် လူများက အဆောက်အအုံများတွင်းက ပြေးထွက်ခဲ့ကြသည်။

အဆောက်အအုံများ ပျက်စီးမှု သတင်း ချက်ချင်းမသိရသေးကြောင်း၊ သို့သော် ဆိုင်ရှင်များက ဈေးဆိုင်များကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနကဖော်ပြသည်။

"တော်တော်ကြီးတဲ့ ငလျင်လှုပ်သွားတာပါ” ဟု ခတ္တမန္တူရှိ လက်ကိုင်အိတ်အရောင်းဆိုင်ရှင် ပရာကတ်ရှ်ရှီပါကာက ပြောသည်။

ငလျင်လှိုင်းက အိန္ဒိယမြောက်ပိုင်းတွင်ပါ လှုပ်သွားခဲ့ပြီး အဆောက်အအုံများ တစ်မိနစ်ကျော်မှ တုန်ခါကာ လူများလည်း လမ်းများပေါ်သို့ ထွက်ပြေးကာ အုတ်အော်သောင်းနင်းဖြစ်ခဲ့သည်။

အစောပိုင်းက ယင်းငလျင်ကို ပြင်းအား ၇ ဒသမ ၁ ရှိသည်ဟု တိုင်းတာခဲ့သော်လည်း နောက်ပိုင်းတွင် အားပိုပြင်းကြောင်း တိုင်းထွာခဲ့သည်။

နီပေါတွင် ဧပြီ ၂၅ ရက်က ပြင်းအား ၇ ဒသမ ၈ အားပြင်းငလျင်လှုပ်ပြီး လူပေါင်း အနည်းဆုံး ၈၀၄၆ သေဆုံးခဲ့ကာ ဒဏ်ရာထိခိုက်သူပေါင်း ၁၇၈၀ ကျော် ရှိခဲ့သည်။

Credit - Mizzima News

No comments:

Post a Comment