![]() |
ပုံစာ- မြန်မာနိုင်ငံရှိ ကုန်စည်ပို့ဆောင်ရေးကဏ္ဍ အပါအဝင် ဖွံ့ဖြိုးရေးကဏ္ဍများအတွက် ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာ တစ်ဘီလီယံ ထောက်ပံ့မည်။(ဓာတ်ပုံ-ဟိန်းထက်) |
ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကန်ဒေါ်လာ တစ်ဘီလီယံကို ၂၀၁၆ ခုနှစ် မတိုင်ခင် ပံ့ပိုးပေးသွားမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်( ADB)မှ ဒု-ဥက္ကဋ္ဌ စတီဗင်ကရော့ဖ်က ကတိပြု ပြောဆိုလိုက်သည်။
မေလ ၁၅ ရက်က ဆူးလေရှန်ဂရီလာဟိုတယ်၌ ပြုလုပ်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပံပိုးမှု သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ပံပိုးငွေ တစ်ဘီလီယံကို ၂၀၁၆ မတိုင်ခင်မှာ ပေးအပ်သွားမှာပါ၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာအတွက် လိုအပ်နေတဲ့ အခြေခံအဆောက်အအုံပိုင်းအတွက် ရည်ရွယ်ပေးအပ်တာပါ”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံရှိ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးနှင့် ဆက်သွယ်ချိက်ဆက်ရေး၊ လျှပ်စစ်ဓါတ်အားထုတ် လုပ်ဖြန့်ဖြူး၊ ဆက်သွယ်ရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများနှင့် ဘဏ္ဍာရေး၊ကုန်သွယ်ရေးစသည့် နယ်ပယ် တို့တွင်အသုံးချရန် ယင်းအကူအညီအားပေးအပ်ခြင်းဟုလည်း ၎င်းက ထပ်မံပြောဆိုသည်။
အဆိုပါချေးငွေကို အစိုးရနှင့်ပက်သက်မှုမရှိသည့် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြုပ်နှံမှုအတွက် အဓိက ရည်ရွယ်ထားခြင်းဖြစ်သည်။
ADB ၏ ပံပိုးမှုမှာ ပြုပြင်ပြောင်းလဲမှုများပြုလုပ်နေသည့် မြန်မာနိုင်ငံအတွက် များစွာ အထောက်အကူပြုနိုင်ရန် မျှော်လင့်ထားပြီး မြန်မာနိုင်ငံ၏ တိုးတက်မှုအလိုက် နည်းပညာနှင့် တစ်ခြားသော အကူအညီများအား အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်သည်။
ဘဏ္ဍာရေးဒု-၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက“ မြန်မာနိုင်ငံတိုးတက်ဖို့က အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းလုပ်ဆောင်မှုတွေများနေချိန်မှာ ADB က ပုဂ္ဂလိကကဏ္ဍမြင့်တင်ရေး အကူအညီပေးအပ်မှုဟာ နိုင်ငံတိုးတက်ရေးမှာ အများကြီးအထောက်အကူပြုမှာပါ” ဟု မှတ်ချက်ပြုသည်။
နိုင်ငံရေးအခြေအနေများကြောင့် တစ်ခြားသော ဒေသတွင်း အာဆီယံနိုင်ငံများထက် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေခြင်းကြောင့် မြန်မာနိုင်ငံအတွက် လိုအပ်သော အကူအညီများပေးအပ်ရန် ADB မှ ဦးစားပေး စဉ်းစားထားသည်ဟု ADB ဘဏ် ဒု-ဥက္ကဋ္ဌစတီဗင်ကရော့ဖ်က အဆိုပါပွဲတွင် ပြောဆိုခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment