~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာမျိုးချစ်များရဲ့ မြန်မာနိုင်ငံလွတ်မြောက်ရေးတိုက်ပွဲဟာ (၁၉၀၆မှ ၁၉၄၈)ခုနှစ်အထိ ကာလအားဖြင့် (၄၂) နှစ်ကြာခဲ့တယ်လို့ ဆိုရပါမယ်။ မြန်မာ့လွတ်မြောက်ရေးအစ ၀ိုင်အမ်ဘီအေကလို့ ဆိုရပါ မယ်။ မြန်မာ မျိုးချစ်များဟာ အကြောင်းပေါင်းစုံနဲ့ ဆုံးရှုံးခဲ့ရတဲ့ မြန်မာအမျိုးသားအချုပ်အခြာ အာဏာပိုင်ဘ၀ပြန်ရဖို့
လွတ်မြောက်ရေး လူထုအရေးတော်ပုံကြီး (၅)ခုဆင်နွှဲခဲ့ပါတယ်။ (၁) ၀ံသာနုအရေးတော်ပုံကြီး (၁၉၀၆၊ ၁၉၂၃)၊ ၀ံသာနုအရေး တော်ပုံကြီး ပုံကြီး အတွင်းမှာ၁၉၂၀ရန်ကုန်တက္ကသိုလ် ပထမ ကျောင်းသား သပိတ် ပေါ်ထွက်ပေါင်း စည်း ပေးခဲ့တယ်။ အမျိုးသားပညာရေးနဲ့ အမျိုးသား ကျောင်းထူထောင်မှုကြီး ဖြစ်ပေါ်ခဲ့ တယ်။ ဒီလှုပ်ရှားမှုကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးစီးခဲ့တယ်။ မြန်မာ့ခေတ်သစ် နိုင်ငံရေးအစ ၀ိုင်အမ်ဘီအေကလို့ မှတ်တမ်း တင်ရမှာပါ။ ၀ိုင်၊ အမ်၊ ဘီ၊ အေ (Y.M.B.A) လှုပ်ရှားမှုရဲ့ ကြွေးကြော်သံဖြစ်တဲ့ အမျိုးဘာသာသာ သနာကို စောင့်ေ ရှာက် ကြဆိုတဲ့ ကြွေးကြော်သံဟာ ပျော့ပျောင်းပြီးကျယ်ပြန့်တဲ့ အမျိုးသားကြွေးကြော် သံဖြစ်တယ်။…
တစ်မျိုးသားလုံး စည်းရုံးကြဖို့ တောင်းဆိုထားတဲ့ နယ်ချဲ့ဆန့်ကျင်ရေး တပ်လှန့်သံဖြစ်တယ်။ ၁၉၂၀မှာ ၀ံသာနု အရေးတော်ပုံ ကြီးနဲ့ ၁၉၂၀ ရန်ကုန်တက္ကသိုလ် အက်ဥပဒေဖျက်သိမ်းရေး ပထမကျောင်းသား သပိတ် ကြီး ပေါင်းစည်းပြီး ဂျီစီ ဘီအေအဖွဲ့ချုပ်ကြီးကို ထူထောင်ခဲ့တယ်။ ဒါဟာ ပထမမြန်မာ့အမျိုးသား ညီညွတ်ရေး တပ် ပေါင်းစုကြီး ဖြစ်ပါတယ်။ ကျောင်းသားခေါင်းဆောင် (၂၆)ဦးပါ ယူနီပါစီတီ သပိတ်မှောက်ကောင်စီဟာ ခေတ် သစ်မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံး ပေါ်ထွက်လာတဲ့ကျောင်းသားသမဂ္ဂအဖြစ် မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ၁၉၂၀၊ ဒီ ဇင်ဘာ (၁)ရက်နေ့မှ (၅)ရက်နေ့အတွင်း ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို တညီတညွတ်တည်း သပိတ် မှောက်တဲ့ ကျောင်းသားသမဂ္ဂကြီး ပေါ်ထွက်လာခဲ့တယ်။ ဒီသမဂ္ဂကြီးဟာ ခေတ်သစ် မြန်မာနိုင်ငံ သမိုင်းမှာ အစောဆုံး၊ ပထမဆုံးစုဖွဲ့ ပေါ်ထွက်လာတဲ့ ခေတ်သစ်နိုင်ငံရေး ဖွဲ့အစည်း ဖြစ်ပါတယ်။ ရဲဘော်(၃) ကျိပ်ဆိုတာ ၁၉၃၆ ဒုတိယကျောင်းသားသပိတ်၊ ၁၉၃၈ တတိယကျောင်းသားသပိတ်နဲ့ ဗမာ တစ်နိုင်လုံးကို စည်းရုံးလုံ့ဆော်ခဲ့တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးဖြစ်ပြီး ၁၉၄၀ကျမှ ရဲဘော်(၃)ကျိပ် ပေါ်ထွက်လာခဲ့တာပါ။ ရဲဘော်(၃) ကျိပ် ခေါင်းဆောင်တွေ ဆိုတာ (အဲဒီ စဉ်ကကျောင်း သားခေါင်းဆောင်တွေပါ။
ဝံသာနုအရေးတော်ပုံကြီးအတွင်းမှာ ထူးခြားတဲ့ နိုင်ငံရေးဖြစ်ရပ်ကြီး (၂)မျိုးဖြစ် ပေါ်ခဲ့ပါတယ်။ ပထမဖြစ်ရပ် က တော့ ဒီအရေးတော်ပုံကြီးကို စည်းရုံးခေါင်းဆောင်ခဲ့ ကြတဲ့သူတွေဟာ ခေတ်ပညာတတ်မြေရှင် အရင်းရှင် သားသမီးဖြစ်ကြပါတယ်။ တစ်ပြိုင်နက်တည်းမှာ အင်္ဂလိပ်နယ်ချဲ့သမားများက ၀ံသာနု အရေးတော်ပုံကြီးကို ဒိုင်အာခီ အုပ်ချုပ်ရေး(၁၉၂၃)နဲ့ ထိုးနှက်ဖြိုခွင်းလာတဲ့အခါ တူသာသင်း၊ လူရာမသွင်းလို့ စာချိုးရှုပ်ချခံရတဲ့ တူသာသင်းအစုဝင် ၂၁ဦး ဂိုဏ်းသားများဟာလည်း မြေရှင်အရင်းရှင် သားသမီးများဖြစ်ကြတယ် ဆိုတာကို လည်း သတိပြုရမှာဖြစ်ပါတယ်။ ဂျီစီအေနဲ့ သံဃသမဂ်္ဂီအဖွဲ့ချုပ်တို့ ၄စု ဂိုဏ်းကွဲပြားတာဟာလည်း ဒီပညာ တတ်လူမှုအစုကြောင့်ပါပဲ။
ဝံသာနုအရေးတော်ပုံကြီးအတွင်းက ဒုတိယအရေးကြီးဖြစ်ရပ်က ပထမကမ္ဘာစစ်ကြီး (၁၉၁၄-၁၉၁၈)အတွင်းမှာ မာ့က်စ်ဝါဒ မြန်မာနိုင်ငံအတွင်း ရောက်ရှိလာခဲ့ပါတယ်။ မာ့က်စ်ဝါဒဟာ ပထမကမ္ဘာကြီး အတွင်း မြန်မာနိုင်ငံ ကို ပြန်ရောက်လာကြတဲ့ အင်္ဂလိပ်စာတတ်မြန်မာပညာတတ်များ က ယူဆောင်လာခဲ့ကြတယ် ဆိုပါတယ်။ ၁၉၃၆ တို့ဗမာအစည်းအရုံး မြင်းခြံညီလာခံမှာ သခင်လေးမောင်က မာ့က်စ်ဝါဒကို မြန်မာ့နိုင်ငံရေး လက်တွေ့နဲ့ ပေါင်း စပ်ပေးရမယ်လို့ ပြောခဲ့တယ်ဆိုပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ မာ့က်စ်ဝါဒကို ကျယ်ကျယ်ပြန့်ပြန့် ပေါင်းစပ်ပေးခဲ့ တာကတော့ နဂါးနီစာအုပ် အသင်း(၁၉၃၆၊ သြဂုတ် ၆/၇) ပါပဲ။ ဒီစာအုပ်အသင်းကို ထူထောင်ခဲ့ကြသူတွေဟာ သခင်နု၊ သခင်ချစ်၊ သခင်ထွန်းရွှေ၊ သခင်စိုး၊ သခင်သန်းထွန်းတို့ ဦးစီးထူထောင်ခဲ့ကြတာပါ။ မာ့က်စ်ဝါဒ ကျမ်း ရင်းများ၊ တော်လှန်ရေး အတ္ထုပ္ပတ်္တိများ၊ ခေါင်းဆောင်များရဲ့ အတ္ထုပ္ပတ်္တိများ အပါအ၀င် စာအုပ် ၆၆အုပ်ထုတ်ဝေ ခဲ့ပါတယ်။ ဒီအထဲကအများစုဟာ မာ့က်စ်ဝါဒီကြီးများ၊ လက်ဝဲနိုင်ငံရေးသမားကြီး များဖြစ်သွားခဲ့ကြပါ တယ်။ အဲဒီစဉ်က မာ့က်စ်ဝါဒဆိုတာဟာ နယ်ချဲ့ဆန့်ကျင်ရေးပါပဲ။
ဒီအထဲက သခင်နုက ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ မြန်မာ့ပထမ၀န်ကြီးချုပ်ပါ။ သခင်သန်းထွန်းက ဗကပဥက္ကဋ္ဌနဲ့ G.S ဖြစ်လာပါတယ်။ သခင်စိုးက အလံနီပါတီခေါင်းဆောင်နဲ့ G.S ပါ။ ရာဂဏန်းလောက်ရှိတဲ့ မာ့က်စ်ဝါဒီများ ဟာ ခုအခါမရှိသလောက် ဖြစ်သွားပါပြီ။ ဥပဒေတွင်း မာ့က်စ်ဝါဒီများအဖြစ် သခင်သိန်းဖေ၊ သခင်ချစ်မောင် (၀ိဓူရ) တို့ကို လူသိများပါတယ်။ The Legal Marxist များဆိုတာ (အခုအခါ) အရုပ်ရေးပြရမှာပါ။ ဒီပုဂိ္ဂုလ်ကြီး များရဲ့ ထူးခြားချက်က အာဏာရနိုင်ငံရေး အင်အားစုများနဲ့ ပေါင်းလုပ်ချင်ကြတာပါ။ ဗမာပြည်နိုင်ငံရေး လက် တွေ့မှာ သူပုန်မထရဲရင် မာ့က်စ်ဝါဒီ မဖြစ်နိုင်ပါဘူး။ ၀ိဓူရတို့၊ ဦးသိန်းဖေမြင့်တို့လို Legal Marxist များသာ ဖြစ်ပါလိမ့်မယ်။
၁၉၂၀ ပထမ ကျောင်းသားသပိတ်ကြီးကစခဲ့၊ သန္ဓေတည်ခဲ့တဲ့ မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသား သမဂ္ဂကြီးများ၊ ကျောင်းသားခေါင်းဆောင်များဟာ မြန်မာ့လွတ်လပ်ရေးခေတ်ဦး လှုပ်ရှားမှုများ ဖြစ်တဲ့ ၀ံသာနု အရေးတော်ပုံ၊ ၁၉၃၆တို့ ဗမာအစည်းအရုံးကြီးက ရှေ့ဆောင်ခဲ့တဲ့ သခင်လှုပ်ရှားမှုနဲ့ ၁၃၀၀ပြည့် အရေးတော် ပုံကြီး၊ ရဲဘော် ၃ကျိပ်နဲ့၊ ဖဆပလ အဖွဲ့ချုပ်ကြီးကခေါင်းဆောင်တဲ့ (BIA, BDA က ခေါင်းဆောင်တာ မဟုတ် ဘူး) ““ဂျပန်တော်လှန်ရေး””စစ်ပြီး ခေတ်လွတ်လပ်ရေးတိုက်ပွဲ – ၁၉၄၆၊ စက်တင်ဘာ ၂၆၊ အထွေထွေ သပိတ် ကြီး တစ်နှစ်အတွင်း လွတ်လပ်ရေးတိုက်ပွဲစတဲ့ လူထုတိုက်ပွဲကြီးများမှာ ကျောင်းသား သမဂ္ဂများ၊ ကျောင်းသား လှုပ်ရှားမှုများ၊ ကျောင်းသားခေါင်းဆောင်များဟာ (ပွဲတိုင်းမှာ) လှံရိုးနဲ့တူတဲ့ လူအုပ်ကြီးနဲ့အတူ လှံသွားနဲ့တူတဲ့ ရှေ့ဦး ချီတပ်ဖွဲ့အဖြစ် လှုပ်ရှားပါဝင်ခဲ့ကြတယ်။ ၁၉၃၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ All Burma Student’s Union နေရာမှာ (All Burma Federation of Students’ Union) ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ ချုပ် (ABFSU) ပထမညီလာခံကို ၁၅- ၈-၁၉၅၁ခုနှစ်မှာ ကျင်းပခဲ့ကြပါတယ်။ အဲဒီညီလာခံမှာ ဗကသများ အဖွဲ့ ချုပ် ဒုတိယဖွဲ့စည်းပုံကို ပြင်ဆင်ရေး ဆွဲခဲ့ကြပါတယ်။
ဒီကနေ့ အသုံးပြုနေကြတဲ့ ခွပ်ဒေါင်းအလံ အမျိုးမျိုး အနက် အထူးသဖြင့် ခွပ်ဒေါင်းပုံဟာ ဒီချုပ်အလံမှာပါတဲ့ ခွပ်ဒေါင်းပုံဟာ အမှန်ဆုံးပါပဲ။ ဒီနေရာမှာ အချက်တစ်ချက်ကို ဖော်ပြချင်ပါတယ်။ ခွပ်ဒေါင်း Symbol ဟာ အာဏာသင်္ကေတ လုံးဝမဟုတ်ဘူး။ ခွပ်ဒေါင်းဟာ ကျောင်း သား၊ ကျောင်းသား သမဂ္ဂ၊ ကျောင်းသား လှုပ်ရှားမှု သမိုင်းရဲ့ သင်္ကေတဖြစ်ပါတယ်။ ဆေးပေါ့လိပ်စီးကရက် အမှတ်တံဆိပ်တောင် ယူသုံးလို့မရပါဘူး။ စီးပွားရေးနဲ့ ပတ်သက်တဲ့ ကုန်အမှတ် တံဆိပ်တောင် အတုလုပ်ခွင့်မရှိပါ။ ခွပ်ဒေါင်းဆိုတာဟာ အနှစ် ၈၀ရှိပါပြီ။ ဘယ်သူ မှဘာမှမလုပ်ခဲ့ကြပါ။ ဒီချုပ် မှတ်ပုံတင်တဲ့အခါ ကျောင်းသားခေါင်းဆောင် အဖြစ် ညီလာခံများ၊ ရွေးကောက်ပွဲ များနဲ့ သမဂ္ဂခေါင်းဆောင်ဖြစ် လာတဲ့ ဒေါက်တာမောင်မောင်ကျော် (ကွယ်လွန်) (၁၉၄၉ တကသဥက္ကဋ္ဌ)၊ ဦးအုန်း မောင်(ဘဏ်) (၁၉၅၃)၊ ဦးတင်အေး (၁)(တကသဥက္ကဋ္ဌ၊ ၁၉၅၃) ဦးတင်အေး(၂) (၁၉၅၂-၅၃ တကသ G.S) ဦးလှရွှေ (ဗကသများအဖွဲ့ချုပ် ၆၀-၆၁ အတွင်းရေးမှူးအဖွဲ့ဝင်၊ (The Students’ United Front – SUF) ကျောင်းသားညီညွတ်ရေးတပ်ဦး ၆၀-၆၂ G.S (အထွေထွေအတွင်းရေးမှူး) သူတို့ ကျောင်းသားလှုပ်ရှားမှု သမိုင်းပြုစုရာမှာပါလို့ ထောင် ၁၄နှစ်ချထားခဲ့ပါတယ်။ NLD အလံထဲက ခွပ်ဒေါင်းပြဿနာကို ကျွန်တော်တို့ ဘာမှ ဆောင်ရွက်ခွင့် မရခဲ့ကြပါ။
ဒီရက်များထဲမှာပဲ တချို့ကျောင်းသား ခေါင်းဆောင်ဆိုသူများဟာ အခုသုံးနေတဲ့ ခွပ်ဒေါင်းအလံကို မသုံးချင်ဘူး၊ တခြားအလံ၊ ခွပ်ဒေါင်းမဟုတ်တဲ့ တခြားအလံကို သုံးချင်ပါတယ် ရမလားတဲ့။ အေးလေဒါတော့ မင်းတို့ဆန္ဒပေါ့။ သမိုင်းတွေ၊ အုတ်ကျင်းတွေ မစဉ်းစားတော့ဘူးဆိုရင်တော့လည်း ဘာပြောစရာ ရှိမလဲကွာ။ ခွပ်တဲ့ကောင်တွေ ထောင်ကျနေတာကြောက်ပြီး မခွပ်ချင်တော့ဘူးဆိုရင်လည်း (ဠင်းတ)လဒတို့၊ ကြက်တူရွေးတို့၊ ကျီးကန်း တို့ရှိ သေးတာပဲ။ NLD ကိုယ်စားလှယ်က ပညာရေးဥပဒေထဲမှာ သမဂ္ဂစာလုံးဖြုတ်ပေး ဖို့ ပြောနေ တာတွေ့ရတော့ အများကြီး အံ့သြသွားတယ်။ ဒီချုပ်ကလည်း အလံထဲက ဒေါင်းများဖြုတ်ဦးမလား မသိပါ ဘူး။ အောက်စ်ဖို့ တက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂရှိလား၊ မရှိလားတော့ မသိဘူးခင်ဗျာ့။ ဗမာစကားပုံ တစ်ခုတော့ ရှိတယ်။ ရှိတဲ့ စကားပုံကတော့ ရှေ့ဆောင် နွားလား ဖြောင့်ဖြောင့် သွားက နောက်နွား စဉ်လိုက် ဖြောင့်ဖြောင့်လိုက်၏လို့ လူကြီး သူမများက ရှေ့ကလူအရေးကြီးပုံကို ဆုံးမခဲ့တာကို ကြားဖူးပါတယ်။
ဒီစာရေးသူဟာ ၁၉၅၃ ကနေ ၁၉၆၄ ခုနှစ်အထိ မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှုအတွင်း ပါဝင်ခဲ့သူဖြစ်ပါ တယ်။ ကျွန်တော်တို့ခေတ်မှာ အလယ်တန်းလောက်ကစပြီး မြို့နယ်ကျောင်းသားသမဂ္ဂက သမဂ္ဂရဲ့အတန်း ကိုယ်စားလှယ်လောက်မှ မလုပ်ခဲ့ဖူးဘူးဆိုရင်တော့ အဲဒီကျောင်းသားရဲ ဘော်ဟာ မြို့နယ်ကျောင်းသားသမဂ္ဂရဲ့ အမှုဆောင် ရိုးရိုးတောင်ဖြစ်ဖို့ မလွယ်ပါဘူး။ မြို့နယ်ကျောင်းသားသမဂ္ဂအမှုဆောင် အဖွဲ့မှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်း ရေးမှူး ၂ ဦး၊ ဘဏ္ဍာရေးမှူး ၂ ဦး၊ စည်းရုံးရေးမှူး ၂ ဦး၊ ပြန်ကြားရေးမှူး ၂ ဦး၊ သမဂ္ဂစာကြည့် တိုက် မှူး ၂ ဦး၊ အတန်း ကိုယ်စားလှယ် ၇၊၈၊၉၊၁၀အတန်းများမှ တစ်ဦးစီ၊ ဒီအမှု ဆောင်များကို တစ်နှစ် တစ်ကြိမ် ကျင်းပတဲ့ မြို့နယ်ကျောင်းသားထုအစည်းအဝေးက ရွေးကောက်တင် မြှောက်ရပါမယ်။ မြို့နယ် EC ကိုယ်စား လှယ်အမှုဆောင်များနဲ့ ခရိုင် ညီလာခံကျင်းပရပါမယ်။ ဗကသများအဖွဲ့ချုပ် ညီလာခံကြီးကို ၄နှစ်တစ်ကြိမ် ကျင်းပရပါတယ်။ ကွန်ဖရင့်များကို အရေးပေါ်နဲ့ ၂နှစ်တစ်ကြိမ် ကျင်းပကြရပါတယ်။ တိုင်းရေးပြည်ရေးနဲ့ ပတ် သက်တဲ့ အရေးကြီး ပြဿနာများရှိရင် ဗဟိုအဆင့်ကွန်ဖရင့်များ ခေါ်ယူဆွေးနွေးညှိနှိုင်းကြရပါမယ်။ ဒါဟာ မြို့နယ်အဆင့်မှ ဗကသများအဖွဲ့ချုပ် ညီလာခံကြီးအထိ ကျောင်းသား အဖွဲ့အစည်းများ ဘယ်လိုလှုပ်ရှားကြရ တယ်ဆိုတဲ့ ပုံကြမ်းပါ။
၁၉၂၀မှာ စတင်တဲ့ မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှု သမိုင်းဟာ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ ကြတဲ့ ၀ံသာနုအရေးတော်ပုံ၊ ဆရာစံတောင်သူ လယ်သမား အရေးတော်ပုံကြီး၊ တို့ဗမာအစည်းအရုံး ကြီးနဲ့ သခင်လှုပ်ရှားမှု ၁၃၀၀ ပြည့်အရေးတော်ပုံကြီး၊ ဂျပန်တော်လှန်ရေး၊ စစ်ပြီးခေတ် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲ စတဲ့ သမိုင်းပင်မ ရေစီးကြောင်းကြီးအတွင်းမှာ ကျောင်းသားလှုပ်ရှားမှုကြီးဟာ သမိုင်းခေတ်ကြီးများအလိုက် ပါဝင်ခဲ့တဲ့ ပင်မရေစီး (Main Stream) တစ်ခုဖြစ်တယ်။ ဒီ (Main Stream) အတွင်းမှာ တိုက်ပွဲနဲ့အတူပါခဲ့တဲ့ ဖြစ်ထွန်းလာခဲ့တဲ့ ပထမနိုင်ငံရေး မျိုးဆက်အတွင်းမှာ ကျောင်းသားခေါင်းဆောင်များဟာ အရေးပါတဲ့ နိုင်ငံရေး မျိုးဆက်အစုကြီး တစ်စုအဖြစ် စုဖွဲ့ပါဝင်ခဲ့ကြတယ်။
ကိုအောင်ဆန်း၊ ကိုနု၊ ကိုဗဆွေ၊ ကိုဗဟိန်း၊ ကိုလှရွှေ (အာဏာရှင်)၊ ကိုလှမောင် (ရဲဘော်သုံးကျိပ် ၀င်ဗိုလ် ဇေယျ)၊ တို့ဗမာ အစည်းအရုံးကြီး အတွင်းမှာလည်း သခင်သန်းထွန်း၊ သခင်စိုး၊ သခင်ချစ်၊ သခင်ဗဟိန်းစတဲ့ ပထမမြန်မာ့ နိုင်ငံရေးမျိုးဆက်ထဲမှာ ပါဝင်စုဖွဲ့ခဲ့ကြပါတယ်။ မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲကြီးအတွက် တချို့က ဗမာပြည်ကွန်မြူနစ်ပါတီကို ဖွဲ့စည်းကြပြီး လွတ်လပ်ရေးတိုက်ပွဲနဲ့ မာ့က်စ်ဝါဒကို ပေါင်းစပ်ပေးခဲ့ကြတယ်။ တချို့ က ပြည်သူ့အရေးတော်ပုံ ပါတီကိုစုဖွဲ့ခဲ့ကြပါတယ်။ ကိုအောင်ဆန်း၊ ကိုလှမောင်၊ ဗိုလ်ဇေယျ၊ ဗိုလ်ရန်နိုင်၊ ဗိုလ် မှူးဖိုးကွန်း စတဲ့သူများက ရဲဘော်သုံးကျိပ်မစ်ရှင်ကို အကောင်အထည် ဖော်ခဲ့ကြတယ်။ ဗကပ၊ ပြည်သူ့ အရေး တော်ပုံပါတီ(သခင်မြ)၊ ရဲဘော် ၃ကျိပ် (BIA, BDA) ဗမာ့တပ်မတော်တို့ ပူးပေါင်းပြီး ဖဆပလ အဖွဲ့ချုပ်ကို ဖွဲ့စည်းပြီး ဂျပန်တော်လှန်ရေး ဆင်နွှဲခဲ့ကြရတာ ဖြစ်ပါတယ်။
၄၆ခုနှစ်၊ စက်တင်ဘာ သပိတ်ကြီးအတွင်းမှာ အလုပ်သမားသမဂ္ဂ (ABTUC) ၊ တောင်သူလယ်သမား သမဂ္ဂ (ABPC)များ၊ အမျိုးသမီးသမဂ္ဂများ (ABWC) များ၊ လူငယ်သမဂ္ဂများ သပိတ်ကြီးထဲ ပါခဲ့ကြတယ်။ လူထု လူတန်းစားတိုက်ပွဲများကြောင့် အင်္ဂလိပ်နယ်ချဲ့အစိုးရ ဟာ နုအက်တလီ၊ မြခရွန့်ဘီ၊ လက်ျာ-ဖရီးမင်း၊ ကန်္ဒီ-သီဟိုဠ် စာချုပ်၊ ပင်လုံစာချုပ်စတဲ့ လွတ်လပ်ရေး စာချုပ်များချုပ်ဆိုပြီး လွတ်လပ်ရေးချုပ်ဆိုခဲ့ရတယ်။ ၁၉၄၇၊ ဇူလိုင်လ ၁၉ရက်မှာ ဖဆလပကြားဖြတ်အစိုးရ လုပ်ကြံခံခဲ့ရတယ်။ ဒီရာဇ၀တ်မှုကြီးအတွင်းမှာ အက်တလီ အစိုးရပတ်သက်မှုရှိခဲ့တယ်လို့ ဗိုလ်ချုပ်ကျော်ဇောက သူ့အင်တာဗျူးတစ်ခုမှာ ပြောခဲ့တယ်။ ၄၇ခုနှစ်၊ ဇွန်လ ၆ရက်နေ့ ဆိုရန်တိုဗီလာ(အခုစာပေဗိမာန်) National Planning အစည်းအဝေးအပြီး သတင်းစာများနဲ့တွေ့ တဲ့ပွဲမှာ ဖဆပလနဲ့ သခင်သန်း ထွန်းကွန်မြူနစ် ညီညွတ်နိုင်တယ်။ သခင်စိုး အလံနီနဲ့တော့ မဖြစ်ဖူးလို့ ဗိုလ်ချုပ် အောင်ဆန်းက ပြောခဲ့တယ် ဆိုပါတယ်။ ဒါကို အက်တလီနယ်ချဲ့ ဂိုဏ်းကလည်း ကိုအောင်ဆန်းနဲ့ ဗကပ ညီညွတ်မှာကို ဖဆပလလက်ျာ ဂိုဏ်းကလည်း မကြိုက်ပါဖူး။ ဒါကြောင့်လည်း ဇူလိုင်(၁၉) ဖြစ်ရပ်ဖြစ်လာ ခဲ့တာ ပါပဲ။ ဒါကြောင့်လည်း ၄၈၊ မတ်လ ပြည်တွင်းစစ် ဖြစ်ခဲ့ရတာပါပဲ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၉၄၇ခုနှစ်၊ ဇွန်လ ၆ရက်နေ့ ဆိုရန်တိုဗီလာမိန့်ခွန်းဟာ ဗိုလ်အောင်ဆန်းမိန့်ခွန်း ပေါင်း ချုပ်ထဲမှာ မရှိတော့ဘူး။ ဗကပကို ၁၁ ၊၁၀၊ ၄၆ ထဲမှာ ဖဆပလက ထုတ်ပစ်တာဟာ ဗိုလ်အောင်ဆန်း တစ်ယောက်ထဲရဲ့ အဆုံးအဖြတ်ပဲလို့ပြောတဲ့ မှတ်တမ်းများရှိပါတယ်။
ကိုအောင်ဆန်းဟာ ဗကပကို သူ့သဘောတစ်ခုတည်းနဲ့ ထုတ်ပစ်တာလို့ ဆိုကြပါတယ်။ ဒါကြောင့် ဗကပကို ဘယ်သူက ဘာပဲလုပ်ချင်လုပ်ချင် ကိုအောင်ဆန်းကို လက်ညှိုးထိုးပြလိုက်ရုံပါပဲ။ ကိုအောင်ဆန်းက No ဆိုရင် လည်း No ပေါ့။ သခင်နုက ၄၈နိုင်ငံရေးအကွေ့ဖြစ်တဲ့ ဗကပဆန့်ကျင်ရေးကို သခင်အောင်ဆန်းရဲ့ နမူနာနဲ့ လုပ်ခဲ့တာလို့ အားလုံးကပြောကြပါတယ်။ သခင်နုက သူဟာပြည်တွင်းစစ်မီး မွှေးခဲ့သူလို့ မှတ်တမ်းတင်ခံ ရမှာကြောက်တယ်လို့ ဟိုနားသည်နားမှာ ပြောခဲ့ပါတယ်။ ပြည်တွင်းစစ်နဲ့ စစ်အာဏာရှင်စနစ်ဒုက္ခ ၆၇နှစ် လုံး လုံးခံရတာမှာ သခင်နု၊ သခင်တင်၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေနဲ့ ဗိုလ်နေ၀င်း ကြိုးကိုင်တဲ့ ဗိုလ်အောင်ကြီး၊ ဗိုလ် အောင်ရွှေ၊ ဗိုလ်မောင်မောင်၊ ဗိုလ်တင်ဖေတို့ဟာပြည်တွင်းစစ်နဲ့ စစ်အာဏာရှင်စနစ်နဲ့ ဒုက္ခကပေးခဲ့တဲ့ သမိုင်း တရားခံများဖြစ်တယ်။ ဒီတပ်ကို ဗိုလ်အောင်ဆန်းတပ်လို့ ကျားကျားမီးယပ်လုပ်နေသူ ဘယ်သူမဆို သမိုင်း လက်တွေ့နဲ့ ကင်းကွာနေသူ အစစ် ဖြစ်နေမှာပါပဲ။
စစ်တပ်ဟာ ဗမာပြည်ရဲ့ အိမ်ဦးနတ်၊ ဗမာပြည်ရဲ့ကျေးဇူးရှင်၊ တိုင်းပြည်မှာအ ရေးကြုံတိုင်းတပ်မတော်က ဘွား ခနဲ ပေါ်လာပြီး အမျိုးသားကယ်တင်ရှင်လုပ်ခဲ့ရ တာချည်းပါပဲတဲ့။ ၁၉၅၁ခုနှစ်က ဖဆပလ အစိုးရကို ကာကွယ် တာလား။ တိုင်းပြည်ကို ကာကွယ်တာလား။ ၁၉၅၈/၅၉မှာ စစ် တပ်ကတစ်နှစ် အာဏာလွှဲပြောင်းရ ယူခဲ့တာ ဟာ အာဏာသိမ်းဖို့ပြင်ဆင်တာလား။ ဖဆပလအကွဲမှာ အာဏာသိမ်းဖို့ ဇာတ်တိုက်တာလား။ ၆၂ မတ်လ အာ ဏာသိမ်းပွဲဟာ တိုင်းပြည်ကိုကာကွယ်ဖို့လား။ မဆလ စစ်အုပ်စုရဲ့အပြီးသတ် အာဏာသိမ်းပွဲလား။ ပြိုကွဲနေ တဲ့ ဖဆပလအစိုးရအာဏာကို ကာကွယ်တာလား။ စစ်တပ်ကအပြီး အပိုင်အာဏာသိမ်းဖို့ ကြံစည်တာလား။ ၈၈ (ရှစ် ၄လုံး) မှာ အာဏာလွှဲပြောင်းတာဟာ တိုင်းပြည်ကိုကာကွယ်တာလား။ မဆလ စစ်အာဏာ နေရာမှာ န၀တစစ် အာဏာကို အစားထိုးတာဟာ ဗိုလ်နေ၀င်းနေရာမှာ ဗိုလ်ချုပ်ကြီးစောမောင်ကို နေရာလွှဲတာဟာ တိုင်းပြည်ကိုကာ ကွယ်တာလား။ စစ်အာဏာရှင် (လူ)ချိန်းတာလား။
န၀တ နေရာမှာနအဖကို အစားထိုး တာဟာ တိုင်းပြည်ကိုကာကွယ်တာလား။ စစ်အာဏာရှင် စနစ်ရေရှည် တည်တံ့ရေးလား။ ၂၀၀၈ဖွဲ့ စည်းပုံအသစ်ကို ပြဋ္ဌာန်းလာတာဟာ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလား။ စစ်အာ ဏာရှင်စနစ် ထာဝရတည်တံ့ရေးလား။ ဒီမိုကရေစီအုတ်မြစ်ချရေးလား။ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲဟာ လစ်ဘရယ်ဒီမိုကရေစီ ဖြန့်ကြက်ရေးလား။ ကြံ့ဖွံ့စစ်မအာဏာရှင် စနစ်ရဲ့ အာဏာတည်တံ့ရေးလား။ ပစ္စက္ခ မြန်မာ့နိုင်ငံရေးဟာ ဒီမိုကရေစီစနစ်အုတ် မြစ်ချရေးလား။ ၂၀၀၈ဖွဲ့စည်းပုံနဲ့ စစ်အာဏာရှင် စနစ် ရေရှည်တည် တံ့ရေးလား။ ဒီမိုကရေစီစနစ် ဆန့်ထုတ်ရေး။ တစ်မျိုး သားလုံးအပစ်ရပ်ရေး လက်မှတ် ထိုးဖြစ်ကြ မှာလား။ တကယ့်ငြိမ်းချမ်းရေးလား။
ငြိမ်းချမ်းရေးအတွက် တကယ် လက်မှတ်ထိုးကြမှာလား။ တကယ်အပစ်ရပ်မှာလား။ အပစ်ရပ်ရေး ဒိုင်ယာ လော့ဂ်က တကယ်အပစ်ရပ်ရေးလား။ Peace Dialogue လား။ လက်နက်အပ်၊ တပ်ဖျက်၊ ဥပဒေတွင်း ၀င်ရုံ (သက်သက်လား)။ တကယ့်ညီညွတ်ရေး၊ အပစ်ရပ်ရေးလုပ်မှာလား။ ဂိုဏ်းခွဲရေးလား။ အမျိုးသားစည်းလုံးရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူရေးလား ရှေ့တစ် မျက်နှာ၊ နောက်တစ်မျက်နှာနဲ့ ဂိုဏ်းခွဲရေး၊ ဖဲ့ ထုတ်သိမ်း သွင်းရေးလား။ တကယ်အပစ်ရပ်ကြမှာလား။ ရေရှည်ဆွဲတိုက်ပြီး ချည့်နဲ့အောင်လုပ်၊ ပေးကျွေး ထားပြီးဂိုဏ်း ကွဲ အောင်လုပ်မယ်။ သူဌေးဝါဒ၊ ငတေမာပြီး ရောဝါဒကျင့်သုံးပြီး အလိုကြီးလွန်းသူကို ဥစ္စာပေး၊ ရပ်တည်မှု ကြံ့ခိုင် သူကို အာဏာဥစ္စနဲ့ချော့၊ ဖဲ့ထုတ်၊ အမျိုးသားတန်းတူရေး၊ အာဏာခွဲဝေရေးနဲ့ဆွဲထား။
လွတ်လပ်ရေးရလာတော့ မြန်မာ့မျိုး ချစ်နိုင်ငံရေးသမား (၃)မျိုး ပေါ်ထွက်လာခဲ့ပါတယ်။ ပထမတစ်မျိုးကတော့ လွတ်လပ်ရေး အာဏာနဲ့အတူ ပေါ်ထွက်လာတဲ့ လစ်ဘရယ်ဒီမိုကရက်တစ်များဖြစ်တယ်။ အများစုက အာဏာ ရဖဆပလအစိုးရနဲ့ တစည်းတပေါင်း တည်း ဖြစ်လာကြပါတယ်။ လစ်ဘရယ်ဒီမိုကရက်တစ်များ ဆိုတာဟာ အရင်းရှင်လူတန်းစားများပါပဲ။ ၆၂ စစ်အာဏာသိမ်းမှုမှာ ဗိုလ်နေ၀င်းဟာ အာဏာနဲ့အရင်း အနှီးအားလုံးကို သိမ်းယူခဲ့တယ်။ စစ်ဗျူရိုကရက် အရင်းရှင်စနစ်နဲ့ အရင်းရှင်လူတန်းစားကို မွေးမြူထွန်းကား ကြီးပွားစေခဲ့တယ်။
လစ်ဘရယ်အရင်းရှင်အစုများ (ဒီချုပ်နဲ့ လူမျိုးစုများနဲ့ စုဖွဲ့ထားတဲ့ ဒီလူမှုအစုဟာ) အခုမှနေရာပြန်ရဖို့ အား ထုတ်ကြရမှာပါ။ ၂၀၁၅ရွေးကောက်ပွဲဟာ ကြံ့ဖွံ့၊ ဒီချုပ်နဲ့ လူမျိုးပေါင်းစုံနဲ့ စုဖွဲ့ထားတဲ့ လူမျိုးစုံလစ် ဘရယ်ဘူဇွာ ဒီမိုကရက်အစု။ ဒီအစုကြီး ၃စုအကြား အာဏာခွဲဝေကြရမှာဖြစ်ပါတယ်။ ဒီအရင်းရှင်အစုကြီး ၃စုဟာ သူ့ ဖြစ်နိုင် ခြေနဲ့သူရှိကြပါတယ်။ ကြံ့ဖွံ့အစိုးရက ၂၀၁၅ရွေးကောက်ပွဲကို ဘယ်လိုအဖြေ ထုတ်ပေးမလဲဆိုတာက အဆုံး အဖြတ်ဖြစ်မှာပါ။ ရင်ဖိပြီး စောင့်ကြည့်ရမှာပါပဲ။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment