~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယခုနှစ်ဧပြီ ၁၆ ရက်နေ့က မြန်မာနိုင်ငံမြောက်ပိုင်း ဗန်းမော်မြို့ အနောက်ဘက် ၆၇ မိုင်အကွာ အင်းတော်မြို့ အနီးကိုဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၂ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မြန်မာ့ မြေင လျင် ကော်မတီ ၏ ထုတ်ပြန်ချက်အရ သိရသည်။ မြေငလျင် လှုပ်ခတ်သည့်နေရာသည် မန္တလေးမြို့၏မြောက်ဘက် ၁၆၆မိုင်အကွာ၊ မြစ်ကြီးနားမြို့
အနောက် တောင်ဘက် ၁၀၃မိုင်အကွာ အင်းတော်မြို့အနီးကို ဗဟိုပြုလျက် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အင်အားအသင့် အတင့် သာရှိသောကြောင့် ငလျင်လှုပ်ခတ်ရာ ဒေသအနီးတွင် ပျက်စီးဆုံး ရှုံးမှုဖြစ်ပေါ်ခဲ့ခြင်း မရှိကြောင်း သိရသည်။
အဆိုပါ မြေငလျင် လှုပ်ခတ်မှုနှင့်ပတ်သက်၍ အင်အား အသင့်အတင့်သာရှိပြီး စိုးရိမ်စရာ မရှိကြောင်းနှင့် စစ်ကိုင်းပြတ်ရွေ့နှင့် ဆက်စပ်သည့် ပြတ်ရွေ့တစ်ခုကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဟုခန့်မှန်းကြောင်း မြန်မာနိုင်ငံ မြေင လျင်ကော်မ တီကပြောကြား သည်။…
ဗန်းမော် ဒေသအနီးတွင်ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ ၈ရက်နေ့ကလည်း အင်အား ရစ်ခ်ျတာစကေး ၄ ဒသမ ၈ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အပျက်အစီး အဆုံးအရှုံး မရှိခဲ့ကြောင်း သိရှိခဲ့ရသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ မေလအတွင်းက အဆိုပါ ဒေသအနီးရှိ တရုတ်-မြန်မာနယ် စပ် မြစ်ကြီးနားမြို့ ၏အရှေ့ တောင်ဘက် ၃၈ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၅ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ် ခတ်ခဲ့ပြီး မြန်မာနိုင်ငံဘက်တွင် အပျက်အစီးများ ဖြစ်ပေါ်ခဲ့သလို တရုတ်နိုင်ငံဘက်ခြမ်းတွင်လည်း ပျက်စီး ဆုံးရှုံးမှုများရှိခဲ့သည်။
ဧပြီလ ၂၀ ရက်နေ့က အင်အားပြင်းထန်သည့် ငလျင်တစ်ခု တရုတ်(တိုင်ပေ) ကျွန်းနှင့် ဂျပန်နိုင်ငံ တောင် ဘက်ဖျားရှိ ကျွန်းများတွင် လှုပ်ခတ်သွားကြောင်း တာဝန်ရှိသူများက ပြောကြသည်။ ဂျပန်နိုင်ငံ အိုကီနာဝါ ကျွန်းတွင် ဆူနာမီသတိပေးချက်များ ထွက်ပေါ်လာကြောင်း သိရသည်။ အဆိုပါ မြေငလျင်သည် အင်အား ၆ ဒသမ ၆ရှိပြီး တရုတ်(တိုင်ပေ) ရှိစူအို၏ အရှေ့တောင်ဘက် ၇၂ ကီလိုမီတာကို ဗဟိုပြု၍ ကီလိုမီတာ ၃၀ အနက်တွင် လှုပ်ခတ်သွားခြင်းဖြစ်သည်ဟု အမေရိကန်ငလျင် တိုင်းတာရေးဌာနက ကြေညာသည်။
ငလျင် လှုပ်ခဲ့ပြီးနောက် တရုတ်(တိုင်ပေ)နှင့် ဂျပန်နိုင်ငံတွင် အသေအပျောက်စာရင်းများ မသိရှိရသေးဟု သိရ သည်။ သို့သော် တရုတ်(တိုင်ပေ)၏ မြို့တော်တိုင်ပေရှိ အဆောက်အအုံများ လှုပ်ခါခဲ့ကြောင်း သိရသည်။ တိုင်ပေတွင် ၂၀၁၁ ခုနှစ်က ပြင်းအား ၉ ဒသမ ၀ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ရာကြီးမားသည့် ဆူနာမီ လှိုင်းများ ရိုက်ခတ်ပြီး လူ ၁၈၀၀၀ကျော် သေဆုံးခဲ့သည်။
ဂျပန်နိုင်ငံ မြောက်ပိုင်းကမ်းရိုးတန်း ဒေသ၌ဖြစ်ပွားခဲ့သော ကမ္ဘာ့မြေလွှာလှုပ်ရှား မှုများနှင့်မြေပြိုမှု တစ်ရပ် ကြောင့် ဟော့ကိုင်း ဒိုးကျွန်းအရှေ့ဘက် ကမ်းရိုးတန်းဒေသရှိ အလျားပေ ၅၀၀၀ နှင့် အနံပေ ၁၃၀ ရှိသည့် ပင်လယ်ကြမ်းပြင် တစ်စိတ်တစ်ဒေသ ရေ မျက်နှာပြင်ပေါ် ကြွတက်လာခဲ့ပြီး ကုန်းမြေသစ်တစ်ခုဖြစ်လာကြောင်း ဧပြီလ ၂၈ရက်နေ့ သတင်းများ၌ ဖော်ပြထားသည်။
ဟော့ကိုင်းဒိုးကျွန်း အရှေ့ဘက် ကမ်းရိုးတန်းရာ ယူဆူမြို့အနီး ပေါ် ထွက်လာသော ကုန်းမြေသစ်ကို ပင်လယ် ကျောက်ပွင့် ကောက် ယူသူ ဒေသခံအမျိုးသမီးတစ်ဦးက ဧပြီလ ၂၄ ရက်နေ့တွင် တွေ့ရှိခဲ့ခြင်းဖြစ် သည်။ ဟော့ကိုင်းဒိုးကျွန်း ကမ်းရိုးတန်း၌ ပင်လယ်ရေအောက် ကြမ်းပြင်ရေပေါ် ကြွတက်လာမှုကြောင့် ၂၀၁၁ ခုနှစ် မြေငလျင်ကဲ့သို့ အင်အားပြင်းထန်လှသော မြေငလျင်မျိုး ထပ်မံလှုပ်ခတ်မည့် အရေးဒေသခံများ စိုးရိမ်နေကြ သည်။
အဆိုပါ ပင်လယ်ကြမ်းပြင်ဒေသသည် ရေခဲနှင့်ဆီးနှင်းများ အရည်ပျော်မှုနှင့်အတူ ပေါ်ပေါက်ခဲ့ရသည့် မြေပြိုမှု တစ်ရပ်ကြောင့် ရေမျက်နှာပြင်ပေါ်သို့ ကြွတက်လာခြင်းဖြစ်နိုင်ကြောင်း ဘူမိဗေဒပညာရှင်များက သုံးသပ်ကြ သည်။
မြေအောက်မြေလွှာများ လှုပ်ရှားမှုနှင့် မြေပြိုကျမှုများကြောင့် အဆိုပါပင်လယ် ကြမ်းပြင်ဒေသသည် ပင်လယ် ရေမျက်နှာ ပြင်ထက်မှ အထက်ပေ ၃၀အထိ ကြွတက်လာခဲ့ရပြီး ကုန်းမြေတစ်ခုလုံးနီးပါး မှာ ရေအောက် သဘာ ၀ပေါက်ပင်များ၊ ပင်လယ် ကျောက်ပွင့်များ ဖုံးလွှမ်းထားဆဲ အခြေအနေမှာ တင်ရှိနေသည်။
ဧပြီလ၂၀ ရက်နေ့ကလှုပ်သော ငလျင်သည် ထိုင်ဝမ်ရှိ ဟွာလျွန်းအရှေ့ဘက် ၇၁ ကီလိုမီတာ အကွာ၌ ဂရင်း နစ်စံတော်ချိန် ၀၁း၄၃ နာရီတွင် လှုပ်ခတ်ခဲ့ပြီး အင်အား ၆ ဒသမ ၈ ရစ်ခ်ျတာစကေး အဆင့်ရှိသည်ဟု ဂျပန် တာဝန်ရှိသူများက ကနဦး ထုတ်ပြန်ခဲ့သည်။ အမေရိကန် ဘူမိဗေဒ လေ့လာရေးအဖွဲ့ကမူ ငလျင်ပြင်းအားသည် ၆ ဒသမ ၆ အဆင့် ရှိသည်ဟုဆိုသည်။
အင်အားပြင်းထန်သော ငလျင်များ ပုံမှန်ကြုံတွေ့ရလေ့ရှိပြီး ဆူနာမီသတိပေး ချက်များအမြဲလိုလို ထုတ်ပြန် ရသည့် ဂျပန်နိုင်ငံတွင် ၂၀၁၁ ခုနှစ်က အင်အားပြင်း ငလျင်လှုပ်ခတ်ပြီး ဆူနာမီဖြစ်ပေါ်မှုကြောင့် လူ ၁၈၀၀၀ ကျော် သေ ဆုံးခဲ့ရသည်။
ဧပြီလ ၂၅ရက်နေ့က နီပေါနိုင်ငံတွင် အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၈ ရှိ သည့် ငလျင်ကြီးလှုပ်ခတ်ခဲ့သည်။ နီပေါ နိုင်ငံသမိုင်းတွင် နှစ်ပေါင်း ၈၀ အတွင်း အပြင်းထန်ဆုံး ငလျင်ဖြစ်သည့်အတွက် ယင်း ငလျင် ဘေးဒဏ် ကြောင့် ငလျင်လှုပ်ပြီး ၇ ရက်အကြာတွင် သေဆုံးသူ ၆၆၀၀ ကျော်ရှိလာပြီး ဒဏ်ရာရသူဦးရေ ၁၄၀၂၁ ဦးရှိပြီ ဖြစ်သည်။
နီပေါနိုင်ငံတွင် သေဆုံးသူများအပြင် တရုတ်၊ တိဗက်၊ အိန်္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင်လည်း သေဆုံး သူဦးရေ ၁၀၀ ခန့်ရှိသည်။ ထို့ပြင် ဥရောပနိုင်ငံများမှ လူ ၁၀၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်သည် ဟုဆိုသည်။ ဆင်းရဲမွဲတေသော နီပေါနိုင်ငံတွင် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် ဒေါ်လာ ၅ ဘီလီယံကျော် ကုန်ကျနိုင်ကြောင်း စီးပွားရေးပညာရှင်များက ခန့်မှန်းကြသည်။ ယင်းပမာဏသည် နီပေါနိုင်ငံ GDP ၏ ၂၀ ရာခိုင်နှုန်းနှင့် ညီမျှသည်။ နီပေါငလျင်ကြောင့် နီပေါပြည်သူ ၈သန်းနှင့်အတူ နီပေါကလေးငယ် တစ်သန်းနီးပါး ဒုက္ခရောက်နေကြရသည်။ ၇ ဒသမ ၈ ရစ်ခ်ျတာစကေးရှိ ငလျင်လှုပ်ခတ်ပြီး နောက်ပိုင်း နောက်ဆက်တွဲ (After Shocks) ငလျင်များ အင်အားအဆင့် အမျိုးမျိုးဖြင့် ထပ်မံလှုပ်ခတ်ခဲ့ရာလှုပ် ခတ်မှုအကြိမ်ရေ ၁၀၀ နီးပါးရှိ ကြောင်းသိရှိ ရသည်။
နီပေါငလျင်အကြောင်း လက်လှမ်းမီ သမျှ လေ့လာသိရှိရသမျှကို သင်ခန်းစာရ စေသောငှာပြန်လည် တင်ပြရ မည်ဆိုလျှင်-
လွန်ခဲ့သည့်နှစ်ပေါင်း ၂၅သန်းကျော်က အိန်္ဒိယကုန်းမြေသည် အာရှကုန်းမကြီးဆီသို့ အရှိန်ဖြင့်တိုးဝင်လာသော ကမ္ဘာမြေအောက် ကျောက်လွှာကြီး တစ်ခုပေါ်ရှိ ကျွန်းကြီးတစ်ကျွန်း ဖြစ်ခဲ့ဖူးသည်ဟု ဆိုပါသည်။ အဆိုပါ မြေလွှာထုကြီး နှစ်ခုသည် ယနေ့ အထိလည်း တစ်နှစ်လျှင် ၁ ဒသမ၅လက် မနှင့်၂လက်မ အရှိန်နှုန်းဖြင့် တစ်ခု နှင့် တစ်ခုတိုးဝင် တွန်းတိုက်နေကြဆဲဖြစ်သည်။
ကျွမ်းကျင်သူများက လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ကြိုတင်သတိပေးခဲ့သည့် အတိုင်း ဟိမ၀န္တာတောင်တန်း ဒေသ နီပေါနိုင်ငံကိုဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၈အဆင့်ရှိ အင်အားပြင်း ငလျင် တစ်ရပ် လှုပ်ခတ်ခဲ့သည်။
လွန်ခဲ့သည့် နှစ် ၈၀ ကျော်ကာလ က ၁၉၃၄ ခုနှစ်တွင် နီပေါနိုင်ငံအရှေ့ပိုင်း ဧ၀ရက်တောင်နှင့် ၆ မိုင်ခန့်ကွာ ဝေးသော ဒေသ၌ အင်အားရစ်ခ်ျတာစကေး ၈ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခဲ့ဖူးရာ လူပေါင်း ၁၀၀၀၀ ကျော် သေဆုံးခဲ့ရသည်။ ၁၉၃၄ခုနှစ် ငလျင်ကဲ့သို့ အင်အားပြင်းသည့် မြေငလျင်မျိုး ထပ်မံလှုပ်ခတ်ခဲ့ပါက နီပေါ နိုင်ငံအတွက် အသေအပျောက် ၄၀၀၀၀ အထိရှိလာနိုင်ကြောင်း ဂျီအိုဟာဇက်ဒ်အဖွဲ့က ၁၉၉၀ ပြည့်နှစ်ကပင် ခန့်မှန်းခဲ့သည်။ ၂၅ ဧပြီလက ဟိမ၀န္တာဒေသ နီပေါနိုင်ငံ တွင်လှုပ်ခတ်ခဲ့သည့် မြေငလျင်သည် အပြင်းဆုံး မြေ ငလျင်များထဲတွင် ပါဝင်သည်။ ယင်းအပြင် ငလျင်ဗဟိုချက် မြေအောက်အနက်မှာ ၁၁ကီလိုမီတာမျှသာရှိရာ ဘူမိဗေဒ သဘောအမြင်အရ မြေတိမ်ငလျင်ဖြစ်သည်။ ငလျင်တို့၏သဘောသဘာဝ အတိုင်း ငလျင်ဗဟိုချက် နက်လေလေ အဖျက်စွမ်းအား နည်းပါးလေဖြစ်ပြီး ငလျင် ဗဟိုချက်တိမ်လေလေ အဖျက်စွမ်းအား ကြီးလေဖြစ် သည်။
● အင်အားပြင်းထန်သော မြန်မာ့ငလျင်အချို့
၁၅၆၄ ခုနှစ်က ရန်ကုန်တွင် ငလျင်လှုပ်ခဲ့သည်ဟု ပါမောက္ခဗီအာပန်းက ရန်ကုန်သမိုင်းစာအုပ်တွင် ဖော်ပြခဲ့ သည်။
● ရခိုင်မြောက်ပိုင်းငလျင်
၂-၄-၁၇၆၂တွင် လှုပ်ခဲ့သည့်ငလျင်မှာ အင်အားရစ်ခ်ျတာစကေး ၉ဖြစ်သည်။ ယင်းငလျင်ကြောင့် ဘင်္ဂလား ပင်လယ်အော်နှင့် ရခိုင်ရိုးမဒေသတစ်ခုလုံး တုန်ခါသွားသည်။ ရခိုင်ကမ်းခြေ၏ အစိတ်အပိုင်းအချို့ ရေထဲ နစ်မြုပ်သွားပြီး အချို့နေရာတွင် မြေပြင်မြင့်တက်လာသည်။
● အင်းဝအမရပူရငလျင် (၂၃-၃-၁၈၃၉)
ရစ်ခ်ျတာစကေး ၉ မှ ၁၀ အတွင်းဖြစ်သည်။ ကြောက်မက်ဖွယ်တော်လဲသံနှင့် အတူ စက္ကန့် ၃၀ ကြာမျှလှုပ်သွား သည်။ အမရပူရ တစ်မြို့လုံးပျက်စီးသွားသည်။ လူ ၃၀၀ ကျော်သေဆုံးသည်။ မင်းကွန်း ခေါင်းလောင်းကြီး ပြုတ် ကျခဲ့သည်။ အင်းဝ နှင့်စစ်ကိုင်းမြို့များတွင် အဆောက်အအုံနှင့် စေတီပုထိုးများ ပျက်စီးခဲ့သည်။ ဧရာဝတီ မြစ် ပင် ခေတ္တပြောင်းပြန်စီးသွားသည်။
● ပြည်-သရက်မြေငလျင် (၂၄-၈-၁၈၅၈)
၈ နှင့် ၉ အကြား ရစ်ခ်ျတာစကေးရှိသည်။ ပြည်နှင့်သရက်ရှိ စေတီအမြောက်အမြား ပျက်စီးခဲ့သည်။ ရခိုင် ကမ်း ခြေရှိ ကျွန်းငယ်တစ်ကျွန်း ရေမြုပ်သွားသည်။ ဧရာဝတီမြစ် ခေတ္တပြောင်းပြန်စီးခဲ့ ရပြီးမြစ် အောက် ကြမ်းပြင်မှ မြစ်ရေပြင်အထက်ကြွ တက်လာခဲ့သည်။
● မေမြို့ငလျင် (၂၃-၅-၁၉၁၂)
အင်အားပမာဏ ရစ်ခ်ျတာစကေး ၈ ခန့်ရှိသည်။ ငလျင်ဇာတိရပ်မှာ မေမြို့အနီး လတ်္တီတွဒ် ၂၁ ဒီဂရီမြောက်နှင့် လောင်ဂျီ တွဒ် ၇၉ ဒီဂရီ အရှေ့တွင်ဖြစ်သော် လည်း တောင်ပိုင်းနှင့် မြောက်ပိုင်း ရှမ်းပြည်တစ်ခု လုံးအပြင် မန္တလေး၊ မိုးကုတ်၊ ရွှေဘို၊ စစ်ကိုင်း၊ မိတ်္ထီလာ၊ မကွေး၊ ရမည်းသင်း၊ တောင်ငူ၊ ပဲခူးနှင့် ထိုင်းနိုင်ငံမြောက် ပိုင်းပါ တုန်ခါသွားသည်။
● ရန်ကုန်ငလျင်
မှတ်တမ်းများအရ ဗီ ၁၄၃၆ခုနှစ်တွင် ရန်ကုန်၌ ငလျင်လှုပ်ခဲ့ကြောင်း သိရှိရသည်။ ထိုငလျင်ကြောင့် ရွှေတိ ဂုံ စေတီ ခေါင်းလောင်းထိ အထက်ပိုင်းအားလုံး ပြိုကျခဲ့သည်။ ပါမောက္ခဗီအာပန်း အလိုအရ ၁၅၆၄၊ ၁၆၂၀၊ ၁၆၄၄၊ ၁၆၅၂၊ ၁၆၆၂၊ ၁၆၆၄ ခုနှစ်နှင့် ၁၆၇၉ ခုနှစ်တွင် အကြိမ်ကြိမ်လှုပ်ခဲ့သည်။ နောက်နှစ် ပေါင်း ၁၀၀ နီးပါး အကြာ ၁၇၆၈၊ ၁၈၃၉၊ ၁၈၅၈၊ ၁၈၆၄ များတွင် အင်အားအတန် အသင့်ရှိသည့် ငလျင်များလှုပ်ခဲ့သည်။ ဆက် လက်ပြီး ၁၈၈၀၊ ၁၈၈၁၊ ၁၈၈၄ နှစ်များတွင် အင်အားအနည်းငယ်ရှိသော ငလျင်များလှုပ်သည်။
ငလျင်မှတ်တမ်းများအရ ၁၈၈၅-၈၆၊ ၁၈၈၈၊ ၁၈၈၉ တို့တွင် လှုပ်ခဲ့ပြန်သည်။ ၁၈၉၄ ခုနှစ်တွင် ရန်ကုန်၌ အင်အား အသင့်အတင့် ပြင်းထန်သည့်ငလျင် ၅ကြိမ် လှုပ်ခဲ့ပြီး အင်အားသေးငယ်သည့် ငလျင် ၅ ကြိမ်လှုပ် ခဲ့သည်။
၁၉၁၉၊ ၁၉၂၇၊ ၁၉၂၉တွင်လည်း ရန်ကုန်တွင် အင်အားအတော်အသင့်ရှိသည့် ငလျင်ကြီးလှုပ်ခဲ့သည်။ ၁၉၃၀ တွင် အပြင်းထန်ဆုံး ငလျင်လှုပ်သည်။ ၁၉၅၁၊ ၁၉၅၃၊ ၁၉၅၄၊ ၁၉၅၆၊ ၁၉၅၇၊ ၁၉၆၀၊ ၁၉၆၁၊ ၁၉၆၃၊ ၁၉၆၄ စသည့်နှစ်များတွင်လည်း ငလျင်လှုပ်ခဲ့သည်။ အင်အားနည်းသဖြင့် လူများသိပ်မသိကြ။
အင်အားပြင်းထန်သည့် ၁၉၇၀ ပြည့်ငလျင်မလှုပ်မီ ၁၉၆၉ ခုနှစ်ဖေဖော်ဝါရီ လ ၉ ရက်နေ့တွင် အင်အား အသင့် အတင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခဲ့သေးသည်။
● ရန်ကုန်ငလျင်လှုပ်ရခြင်း အကြောင်းရင်း
ရန်ကုန်နှင့် ပတ်ဝန်းကျင်ဒေသသည် မြန်မာနိုင်ငံဗဟိုချိုင့်ဝှမ်းငလျင် ရပ်ဝန်းအတွင်းတွင် ပါဝင်သည်။ ဗဟိုချိုင့် ၀ှမ်းဒေသသည် သက်နှောင်းကပ်ကျောက်များနှင့် တည်ဆောက်ပြီး မြေလွှာတည်ငြိမ်မှု မရှိချေ။ အိန်္ဒိယ ဘူမိ ဗေဒဌာနနှင့် ဘူမိဗေဒပညာရှင်များက ဤဒေသသည် ရှမ်းကုန်းပြင်မြင့်နှင့် အနောက်ရိုး မပြတ် ရွေ့ကြောင်းကြီး နှစ်ခုကြားတွင် ကျရောက်နေသဖြင့် တဖြည်းဖြည်းနိမ့်ကျ လျက်ရှိသည်ဟုဆိုသည်။ အလယ်ပိုင်း ဒေသ၀င်ရိုး တစ်လျှောက်တွင် မြေဆွဲအား အနုတ်လက္ခဏာစည်းပျက်မှု (Negative anomaly of gravity) ရှိသဖြင့် ဤ ဒေသနိမ့်ကျနေသည်မှာ ထင်ရှားသည်။ ယင်းနိမ့်ကျမှုကြောင့် ဘေးနှစ်ဖက်ရှိ ပြတ်ရွေ့တန်း ၀န်းကျင် တစ်လျှောက်တွင် ငလျင်လှုပ်သည်ဟု ဆိုသည်။
ပညာရှင် ဂေါစခေါ့၏ ယူဆချက်အရ ရန်ကုန်ငလျင်သည် ပဲခူးရိုးမနှင့်သာ တိုက်ရိုက် ဆက်စပ်မှုရှိနိုင်သည်ဟု ဆိုသည်။ ပဲခူးရိုးမသည် လွန်ခဲ့သည့်နှစ် ၁၅ သန်း အချိန်လောက်မှစ၍ တွန့်ခေါက်မြင့် တက်လာသဖြင့် အောက် ခံကျောက်များ တည်ငြိမ်မှု မရှိနိုင်။ လေ့လာတွေ့ရှိချက်အရ ရန်ကုန်၏ အရှေ့မြောက်ဘက် တွင် ပြတ်ေ ရွ့ ကြောင်း နှစ်ခု ရှိသည်။ ပြတ်ရွေ့ကြောင်း တစ်ခုသည် ပဲခူးရိုးမ အရှေ့ဘက် ဆင်ခြေ လျှောမှ တောင်ဘက် မုတ္တမကွေ့ထဲသို့ ထိုးဆင်းသွားသည်။
အခြားတစ်ခုမှာ ပဲခူးရိုးမ၏ အနောက်ဘက် ဆင်ခြေလျှောပိုင်း တွင်ရှိ သည်။ ယင်းဒုတိယ ပြတ်ရွေ့ သည် တောင်ဘက်သို့ ဆက်လက်ဆင်းလာသည့် အထောက်အထားများ မတွေ့ရချေ။ ရန်ကုန် အရှေ့မြောက်ဘက် ၅မိုင်အကွာ နုန်းမြေထဲတွင် ပျောက်သွားသဖြင့် နုန်းမြေအောက်တွင် တောင်ဘက်သို့ဆက်လက်၍ ဆင်းလာနိုင် ဖွယ်ရှိသည်။ တောင်ဘက်သို့ ဆက်လက်ဆင်းလာရာတွင် ရန်ကုန်အနီးသို့ ရန်ကုန်အောက်မှ လည်း ဖြတ် သွား နိုင်သည်။ ရန်ကုန်အနောက်ဘက် ၂၄မိုင် အကွာတွင်လည်း တောင်နှင့်မြောက်တန်း နေသည့်ပြတ်ရွေ့ကြောင်း တစ်ခုရှိသည်။ ယင်းပြတ်ရွေ့သည် တောင်ဘက်ပင်လယ်အတွင်းသို့ ဆက်လက်သွားပြီး အတော်အသင့် တည်ငြိမ်မှုရှိသည် ဟုယူဆကြသည်။ ထို့ကြောင့် ရန်ကုန်ငလျင်၏ အဓိက အကြောင်းရင်းတရားခံမှာ ရန်ကုန် အရှေ့မြောက်ဘက်ရှိ ပဲခူးရိုးမ အနောက်ဘက်တောင်ခြေမှ ဆင်းလာသည့် ပြတ်ရွေ့သာဖြစ်သည်ဟု ယူဆ နိုင်စရာအကြောင်းရှိသည်။
ကိုးကား။ ။ ၁။ မြန်မာ့ငလျင် (ဦးမင်းထွေးနောင်-ပညာရေး)
၂။ နေ့စဉ်ထုတ် သတင်းစာများ
၃။ Earthquakes in Asia
၎။ Natural Disasters in Burma.
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald



No comments:
Post a Comment