ရန်ကုန် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံတွင် လူသတ်မှုဖြင့် ဖမ်းဆီးခံထားရသူ ဝင်းဇော်ထွန်း၏ ဖခင် ဦးထွန်းထွန်းထိုက်သည် မေလ ၁၄ ရက်နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့သည်ဟု ၎င်း၏ မိသားစုဝင်များက ပြောသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် ကာပီချောင်းကျေးရွာတွင် ဦးနှောက်ကင်ဆာရာဂါနှင့် သေဆုံးခဲ့ခြင်းဖြစ်သည် ဟု ၎င်း၏ ဇနီး ဖြစ်သူက မဇ္ဈိမကို ပြောသည်။
"သူ့သား ပြန်လွတ်မှာပါ အားမငယ်နဲ့ ဆိုပြီး ကျွန်မကိုပြောသေးတယ်။ မနက်ကျတော့ ဆုံးသွားတယ်"ဟု ဇနီးဖြစ်သူ ဒေါ်မေသိန်း က ပြောသည်။
ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရတ်ဌာနခရိုင် လိပ်ကျွန်း(ကော့တောင်းကျွန်း) တွင် ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံရသူ မြန်မာနိုင်ငံသား နှစ်ဦးအနက် ကိုဝင်းဇော်ထွန်း၏ ဖခင်ဖြစ်သည်။
၎င်းသည် သားဖြစ်သူ ကိုဝင်းဇော်ထွန်းနှင့် တွေ့ဆုံရန် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက်တွင် ရောဂါခံစားခဲ့ရခြင်းဖြစ်ပြီး ရခိုင်လူမှု အဖွဲ့အစည်းများ၏ အကူအညီဖြင့် ဆေးကုသမှုခံယူခဲ့သည်။
ထို့နောက်တွင် ရန်ကုန်မှ တဆင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ပြီးသည်။ ဦးထွန်းထွန်းထိုက်ကို မေလ ၁၅ ရက်နေ့တွင် သဂြိုလ်မည်ဟု ၎င်း၏ မိသားစုက ဆိုသည်။
Credit - Mizzima News
No comments:
Post a Comment