Wednesday, May 13, 2015

စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦသာအေး သိချင်သော အဖြေတစ်ပုဒ်(ဖွင့်ဟ ဝန်ခံချက်)

7.5.2014
တမလန်းသစ်များ တရားမဝင် သယ်ဆောင်လာသော 8F/6039 အပြာရောင်၁၂ဘီးယာဉ်အား (13.6.2014) ည(၁၁:၃၀) အချိန်ခန့်တွင် ချင်းတွင်းတံတားအဆင်း တမာပင်ဂိတ်တွင် ရဲမှူးဝင်းမြင့်(SB)မှ ဖမ်းဆီးပြီး တောအုပ်ကြီး ဦးသန်းလင်းထံ လွဲအပ်ရာ ဖမ်းမိတမလန်းကားအား နန္ဒဝန်ရပ်ကွက် သစ်တောပျိုးခြံတွင် ထားရှိပြီး တောအုပ်ကြီး ဦးသန်းလင်း နှင့် တောအုပ်ချမ်းသာမြင့် (ယခု ချင်းပြည်နယ်)တို့မှ ဖမ်းဆီးရမိ တမလန်းတုံးများကို မုံရွာမြို့ စက်မှုဇုန်ရပ်နေ သစ်ကုန်သည် နိင်ထွန်းထံမှ တမလန်းသစ် အညံ့များနှင့် လဲလှယ်ထားပြီး ဖမ်းမိထားသောကားအား လိုင်စင်မဲ့ ဖြစ်စေရန် သစ်ကုန်သည် အေးကိုဆိုသူမှ တောအုပ်နောင်နောင် ထံသို့ ငွေကျပ်သိန်း(၃၀)ပေးပြီး ကားဖရိန်ကို ဖေါက်စေပါသည်။တမလန်းသစ်များ တရားမဝင် သယ်ဆောင်လာသော အမှုအား (29.7.2014)နေ့တွင် မုံရွာမြို့ အမှတ်(၁) ရဲစခန်းတွင် ပ(၂၉၀/၁၄) ပုဒ်မ၆(၁)ဖြင့် အမှုဖွင့်ပြီး ၎င်းအမှုအား အလုံစခန်းမှူး ရဲအုပ်ကျော်ဆွေ စစ်ဆေးသောအခါ ကားအားဖရိန် ဖေါက်ထားသော်လဲ အမှတ်အသား (၄)နေရာပါရှိသည့်အတွက် ကညနမှ ယာဉ်ပိုင်ရှင် ထုတ်ပေးတာကို မျက်ကွယ်ပြုပြီး
ယာဉ်ပိုင်ရှင်အမှန်ကို သိလျှက်နှင့် ပေါ်ပေါက်အောင် စုံစမ်းခြင်း မရှိပါပဲ အမှုကို ဆက်လက် စစ်ဆေးနေပါသည်။၎င်းကားပိုင်ရှင်မှာကလေးဝမြို့ အမှတ်(၃) ရပ်ကွက်နေ ကျနော် မောင်ဇော်မျိုးထွန်း ပိုင်ဆိုင်သော ကားဖြစ်ပါသည်။၎င်းကားအား အလုံမှ ကျနော့်သူငယ်ချင်းဇော်ကြီး(မကွေး)ထံထားပြီး မန္တလေးသွားစဉ် (စစစ)စုံမှူး အေးမင်းဦး နှင့် ဇော်မျိုးထက်(ယခု နေပြည်တော်)တို့မှ ကားအား ငှားယူသွားပြီး ယာကြီးမှ ကိုဖိုးချွဲထံမှ တမလန်းသစ်များ အကြွေးဝယ်ယူပြီး မန္တလေးမြို့သို့ သယ်ဆောင်လာစဉ် ချင်းတွင်းတံတား အရှေ့ဖက်တွင် (SB)မှ ရဲဘော်တစ်ဦးမှ ကားအားတားတဲ့အခါ ငါတို့(စစစ)ကားကွ ဘာဖြစ်ချင်လဲဆိုပြီး ဟိန်းဟောက်၍ ၎င်း(SB)ရဲဘော်မှ (SB)ရဲမှူးဝင်းမြင့် ထံ သတင်းပို့သောကြောင့် တမာပင်ဂိတ်တွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်ပါသည်။တရားမဝင် တမလန်းသစ်များ တင်ဆောင်လာသော ကားအား ယာဉ်မောင်း ရှမ်းကြီး(အလုံ)မှ မောင်းနှင်းလာခြင်း ဖြစ်ပါသည်။ကားအဖမ်းခံရပြီနောက် (စစစ)စုံမှူး အေးမင်းဦး နှင့် ဇော်မျိုးထက်(ယခု နေပြည်တော်)တို့မှ ဘာမှမပူပါနဲ့ ကားကိုလဲ လိုင်စင်မဲ့ဖြစ်အောင် လုပ်ထားပါတယ် ခင်ဗျားကားကိုလဲ လျှော်ပေးပါမည်ဟု ပြောဆိုခဲ့ပါသည်။(9.28.2014)နေ့တွင် ကလေးဝမြို့ လူငယ်ကွန်ယက် အဖွဲ့မှ ကျနော့်အိမ်ဝန်းအတွင်းရှိ တမလန်းသစ်များအား ဝင်ရောက်ဖမ်းဆီးခဲ့ကြပါတယ်…အဲဒီအချိန်မှာ ကျနော်ဟာ မန္တလေးမြို့ ရောက်နေချိန်ဖြစ်ပါတယ်…ဖမ်းဆီးမိသော တမလန်သစ်များဟာ မုံရွာမြို့ စက်မှုဇုန်ရပ်နေ သစ်ကုန်သည် ထောက်တင့် နှင့် သစ်ကုန်သည် မျိုးမင်း တို့ ပိုင်ဆိုင်သော သစ်များဖြစ်ပြီး ကျနော်မရှိခိုက် အိမ်မှာဝင်ထားတုန်း အဖမ်းခံရခြင်း ဖြစ်ပါတယ်…ယခုအခါ သက်သေများလဲ ရရှိထားပါပြီ…၎င်းအမှုဖြစ်ပွားသောအခါ ကျနော်ပိုင်ဆိုင်သော သစ်မဟုတ်၍ အဖမ်းမခံပဲ ရှောင်းတိမ်းနေစဉ် (စစစ)စုံမှူး အေးမင်းဦး နှင့် ဇော်မျိုးထက်(ယခု နေပြည်တော်)တို့မှ မင်းလည်း ဝရမ်းပြေး ဖြစ်နေပြီ မင့်ကားလဲ မလျှော်တော့ဖူး ဘာလုပ်ချင်သလဲဟု လူမဆန်စွာ ပြောကြားလာသောကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး သိချင်နေသော အဖြေတစ်ခုအား ကျနော်ဝရမ်းပြေး(တရားခံပြေး)မောင်ဇော်မျိုးထွန်း မှ မီဒီယာကတစ်ဆင့် ဖွင့်ဟ ထုတ်ဖေါ်လိုက်ပါသည်။ပိုင်ရှင်မဲ့ ဖမ်းမိထားသော တမလန်းကားအမှုအား တိုင်းဒေသ ဝန်ကြီးချုပ် ဦးသာအေးမှ အဖြစ်မှန်အား အမှန်ဖြစ်အောင် ဆောင်ရွက်ပေးပါက ကျနော်ကိုယ်တိုင် ရဲစခန်းသို့ လာရောက်အဖမ်းခံပါမည်။

ဇော်မျိုးထွန်း(ဝရမ်းပြေး)
အဖ ဦးသန်းလွင်
၅/ဆလဝ(နိင်)၀၂၇၅၀၁
အမှတ်(၃)ရပ်ကွက်
ကလေးဝမြို့

အထက်ပါ သတင်းအချက်အလက်များ နှင့်ပတ်သက်၍ ကျနော်ဇော်မျိုးထွန်း ကိုင်ဆောင်သော ဖုန်း ၀၉*၇၉၄၀၀၆၄၉၄ သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိင်ပါသည်။

ပုံ(၁)8F/6039 အပြာရောင်(၁၂)ဘီးကား
ပုံ(၂/၃/၄)6668F/6039အား ဖရိန်ဖေါက်နေစဉ်
ပုံ(၅)တမလန်းသစ်များ လဲလှယ်ရန် တင်ဆောင်လာသေားကား
ပုံ(၆)တမလန်းသစ်များ လဲလှယ်ရန် တင်ဆောင်လာသောကားအား စောင့်ရှောက်လာသော ရှေ့ပြေးကား

Credit - 
Salingyi Hero

11169961_705020866274740_1102342608655896458_n.jpg 

11053341_705021232941370_3951052670305379453_n.jpg 

11127766_705021386274688_5818129249017103335_n.jpg 

10956466_705021692941324_1772618215950052789_n.jpg 

11246473_705021786274648_5485180849712742947_n.jpg 

No comments:

Post a Comment