Sunday, May 10, 2015

လတ်တလော နာမည်ကြီးနေတဲ့ မြန်မာနိုင်ငံ နှင့် ဆူမတြာကျွန်းအကြား ဘာရင်ကျွန်း မီးတောင်

လတ်တလော နာမည်ကြီးနေတဲ့ မြန်မာနိုင်ငံ နှင့် ဆူမတြာကျွန်းအကြား ဘာရင်ကျွန်း မီးတောင်နဲ့
ပတ်သက်ပြီး မဇ္ဈိမစာဖတ်ပရိတ်သတ်များ လေ့လာနိုင်ရန် မိုးလေဝသ ပညာရှင် ဦးထွန်းလွင်၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားချက်အချို့ကို ကူးယူဖော်ပြပေးလိုက်သည်။

အပြည့်အစုံမှာ

Barren Island အကြောင်း တမေးထဲ မေးနေကြသူများအတွက်
လောလောဆယ် Current status: minor activity or eruption warning
၉-၅-၂၀၁၅
နံနက်(၉း၀၂)နာရီ။

Barren Island Volcano
ဘာရင်ကျွန်းဟာ ကပ္ပလီကျွန်းစုအတွင်းရှိ အိန္ဒိယနိုင်ငံကပိုင်ဆိုင်သော ကျွန်းဖြစ်ပါတယ်။ ကပ္ပလီကျွန်းစုတွင်ပါဝင်သော Port Blair မြို့ရဲ့ အရှေ့မြောက်ဖက် ၁၃၅ ကီလိုမီတာအကွာမှာတည်ရှိပါတယ်။ ဆူမတြာကျွန်းနဲ့မြန်မာနိုင်ငံအကြားတည်ရှိနေသော မီးတောင်အစွယ်တန်း (Volanic arc) တွင် တစ်ခုတည်းသော မီးတောင်ရှင်တစ်ခုဖြစ်ပါတယ်။ မြေအောက်အနက် ၂၂၅၀ မီတာအနက်မှ အထက်မြေပေါ်အမြင့် ၃၅၄ မီတာအထိ ထိုးထွက်နေသော မီးတောင်ရှင်ဖြစ်ပါတယ်။

နောက်ကြောင်းရာဇ၀င်
ဘာရင်ကျွန်းဟာ အကျယ် ၃ ကီလိုမီတာခန့်သာကျယ်ဝန်းပြီး လူသူနေထိုင်မှုလည်းမရှိတဲ့ ကျွန်းဖြစ်ပါတယ်။ အဆိုပါကျွန်းပေါ်မှာ တည်ရှိနေတဲ့ Caldera မီးတောင်ဟာ ထိပ်ဝအကျယ် ၂ ကီလိုမီတာရှိပြီး မီးတောင်ရဲ့ အ၀မျက်နှာစာဟာ အနောက်ဖက်ပင်လယ်ပြင်ဖက်ကို ပွင့်နေပါတယ်။ အဲဒီမှာ တွေ့ရတဲ့ အေးခဲနေတဲ့ ဓါတ်သတ္ထုတွေရောနှောပါဝင်နေတဲ့ ချော်ရည်အစိုင်အခဲတွေဟာ ရာဇ၀င်သမိုင်းအရ ဒီမီးတောင်ဟာ Pleisticene ခေတ်အနှောင်းပိုင်းကာလက ကြီးမားတဲ့ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တုန်းက Pyroclastic ယိုဆင်းမှုများကြောင့် ကျန်ရစ်တဲ့ပစ္စည်းများကြောင့်ဖြစ်ပေါ်လာခဲ့တယ်လို့ ယူဆပါတယ်။ Pyroclastic တောင်ကုန်းအသစ်များကို လေ့လာခြင်းအားဖြင့် Caldera မီးတောင်ဟာ သမိုင်းစဉ်အရဖြစ်ပေါ်ခဲ့သော မီးတောင်ပေါက်ကွဲမှုအဆင့်ဆင့်အလိုက် မြေသားဖွဲ့စည်းပုံများပြောင်းလဲခဲ့ကြောင်းလေ့လာတွေ့ရှိရပါတယ်။ ၁၉ ရာစုနှစ်အတွင်းက ဖြစ်ပေါ်ခဲ့တဲ့ ကြီးမားတဲ့ မီးတောင်ပေါက်ကွဲမှု အပြင် အနီးကပ်ဆုံးကာလအဖြစ် ၁၉၉၁ ခုနှစ်နဲ့ ၁၉၉၅ ခုနှစ်များအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ မီးတောင်ပေါက်ကွဲမှုများကြောင့် မီးတောင်ပေါက်ကွဲရာမှ ယိုစိမ့်စီးဆင်းလာသောချော်ရည်နဲ့ သတ္ထုပစ္စည်းမျိုးစုံကို ကျွန်းရဲ့အနောက်ဖက်မျက်နှာစာရှိ ပင်လယ်ကမ်းစပ်အထိ ရောက်ရှိနေခဲ့တာကိုလေ့လာတွေ့ရှိခဲ့ရပါတယ်။
Barren ကျွန်း မီးတောင်ပေါက်ကွဲမှုများကို
1787, 1789, 1795, 1803-04, 1852(?), 1991, 1994-95, 2005-2006, 2015 နှစ်များမှာ ဖြစ်ပေါ်ခဲ့တာကိုတွေ့ရပါတယ်။

Last update: 27 Apr 2015
Typical eruption style: Explosive
Barren Island volcano eruptions: 1787, 1789, 1795, 1803-04, 1852(?), 1991, 1994-95, 2005-2006, 2015
Last earthquakes nearby:
No recent earthquakes
Time Mag. / Depth Distance Location

Barren Island volcano
Stratovolcano 354 m (1,161 ft.)
Indian Ocean, 12.28°N / 93.86°E
Current status: minor activity or eruption warning

မြန်မာနိုင်ငံမြေငလျင်အသင်းက မီးတောင်ပေါက်ကွဲခဲ့ပါက ကမ်းရိုးတန်းနေပြည်သူများအနေဖြင့် ဆူနာမီကိုသတိထားသင့်ကြောင်း (၈-၅-၂၀၁၅)ရက်နေ့တွင် သတိပေးထားပါတယ်။
မီးတောင်ပေါက်ကွဲမှုအလားအလာကို မီးတောင်ပညာရှင်တွေက မီးတောင်ကပန်းထွက်လာတဲ့ချော်ရည်နဲ့မီးခိုးပြာတွေထဲမျာ ရောနှောပါဝင်လာတဲ့ ဓါတ်သတ္ထုတွေကို ဆန်းစစ်ကြည့်တဲ့အခါ မီးတောင်ရဲ့အတွင်းပိုင်း အနက်ဘယ်လောက်ကလာသလည်းဆိုတာကိုကြည့်ပြီး မီးတောင်ပေါက်ကွဲမှုရဲ့အခြေအနေ၊အင်အားတွေကို မျန်းဆကြရပါတယ်။

ဒေါက်တာထွန်းလွင်

Credit - Mizzima - News in Burmese

 

No comments:

Post a Comment