ရန်ကုန်။ ။ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလီများရွှေ့ပြောင်းသွားလာမှုကို လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန (လ.၀.က) ကသာ ကိုင်တွယ်ဖြေရှင်းလျှက်ရှိပြီး လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့များနှင့် သက်ဆိုင်ခြင်းမရှိဟု ရခိုင်ပြည်နယ် လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့တာဝန်ခံ ဒုရဲမှူးကျော်ညွှန့် ကပြောသည်။
ရခိုင်လူကုန်ကူးမှု အခြေအနေ လက်ရှိတွင် ရခိုင်တိုင်းရင်းသားများအားလူကုန်ကူးမှု များသာ လူကုန်ကူမှု တားဆီးနှိမ်နှင်းရေး အဖွဲ့က ကိုင်တွယ်နေခြင်းဖြစ်ပြီး ယခုနှစ် တွင်း ရခိုင်တိုင်းရင်းသား များအား လူကုန်ကူးမှု အမှု ခြောက်မှုကို ဖမ်းဆီးခဲ့သည် ဟု ဆိုသည်။
"ဘင်္ဂလီ တွေထွက်တာကျတော့ ဂိတ်တွေက ဖမ်းမိရင် လ.၀.က ကိုအပ်တယ်။ အဲဒီဘက်က ဆက်ဖြေရှင်း တယ် "ဟု ဒုရဲမှူးကျော်ညွှန့်သူကဆိုသည်။
ယခုနှစ်တွင် ရခိုင်လူကုန်ကူးမှု ခြောက်မှုကို ဖမ်းဆီးတရားစွဲဆိုထားသည် ဟုလည်း ၄င်းက ဆိုသည်။ အမှုခြောက်မှု တွင် လူကုန်ကူးခံရသူ တစ်ရာကျော် ပါဝင် သည်။
"ဒေသတွင်းက ရခိုင်လူကုန်ကူးသူတဲ့က ရခိုင်ကို ပို့တယ် ၊ဘင်္ဂလီ က ဘင်္ဂလီ အချင်းချင်းပို့တယ် "ဟု ဒုရဲမှူးကျော်ညွှန့်က ဆိုသည်။
လက်ရှိတွင် တရုတ်နိုင်ငံ သို့ လူငါးဆယ်ကျော်ရောက်ရှိနေပြီး ထိုအလုပ်သမားများ၏ မိဘများက လာရောက် တိုင်ကြားချက်အရ စုံစမ်းလျှက်ရှိသည် ဟု ဆို သည်။
ဘင်္ဂလီ မှောင်ခိုသွားလာမှုအခြေအနေ ရခိုင်ပြည်နယ် စစ်တွေ ၊မြင်းပြား၊ဘူးသီးတောင်၊မောင်တော ဒေသများမှ ဘင်္ဂလီလူမျိုးစုများသည် ပြည်ပနိုင်ငံများတွင် အလုပ်အကိုင် လုပ်ကိုင်နိုင်ရေးအတွက် ဒေသတွင်းရှိ ဘင်္ဂလီလူကုန်ကူးသူများက ပြည်ပနိုင်ငံများသို့ ခေါ်ဆောင်လျှက်ရှိသည် ဟု မောင်တောဒေသခံများက ဆိုသည်။
မောင်တော ဒေသခံ ဦးလှသိန်းက"ရခိုင်က မှတ်ပုံတွေ ဘာတွေရှိတော့ပြည်မဘက်ကနေ နယ်စပ်ကို သွားတယ်၊ ဘင်္ဂလီဘက်ကကျတော့ ရေကြောင်းကနေ သွားတယ် မိရင်လည်းမိ ၊ရောက်ရင်လည်းရောက် ၊သေချင်လည်းသေ ပေါ့ဗျာ "ဟု ပြောသည်။
ယခုနှစ်အတွင်း မောင်တောမြို့ နယ်အတွင်းမှ ထွက်ခွာသွားသူ သုံးရာကျော် ရှိပြီဖြစ်သည် ဟုလည်း သူကဆိုသည်။ ၂၀၁၅ ဇန်န၀ါရီလ မှ မေလ အထိ ဘင်္ဂလီ များပြည်ပနိုင်ငံများသို့ မှောင်ခိုသွားလာမှု ၂၂ မှု နှင့် ပြည်တွင်း မှောင်ခိုသွားလာမှု ၁၁ မှုကိုဖမ်းဆီးမိခဲ့သည် ဟု ပြည်နယ် လ.၀.က မှူးဦးခင်စိုးက မဇ္ဈိမ ကိုပြောသည်။
မလေးရှား၊ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် ပင်လယ်ပြင်အတွင်း မျောပါနေသူ ဒုက္ခသည်များနှင့် ပတ်သက်၍ ဦးခင်စိုးက"ဒါက ရခိုင်ဘက်ကထွက်သွားတယ်လို့ အတတ် မပြောနိုင်ဘူးဗျ၊ ကျွန်တော်တို့ဘက်ကလည်း ရေကြောင်းတပ်ဖွဲ့တွေဘာတွေနဲ့ စောင့်ကြပ်ထားတာရှိတယ်လေ မိရင်လည်းဖမ်းတယ် ၊တချို့က မြန်မာ ကနေ ဘင်္ဂလားဒေ့ရှ်ကို သွားတယ်၊ဘင်္ဂလားဒေ့ရှ် ကမှ ပြန်ထွက်တယ် ဒါမျိုးလည်းရှိတယ်"ဟု ဦးခင်စိုးကပြောသည်။
ရခိုင်ပြည်နယ်တွင် လူမျိုးရေး ပဋိပက္ခအခြေအနေများ၊ပြည်နယ် ဖွံ့ဖြိုးမှု အလုပ်အကိုင်ရှားပါးမှုများကြောင့်ဒေသတွင်းမှ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်မှုများမြင့် မားလာသည်။
ပြည်တွင်းရွေ့ပြောင်း သွားလာခွင့် ပိတ်ပင်ခံထားရသူများအနေဖြင့် ရေကြောင်း ခရီးများဖြင့် အိမ်နီးချင်း နိုင်ငံများ သို့ ခိုးထွက်နေမှုများရှိခဲ့သည်။
လက်ရှိတွင် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများက ခိုးထွက်လာသည် ဟု ယူဆရသည့် ရာနှင့်ချီသော ဒုက္ခသည်များကို မလေးရှား၊ထိုင်း အင်ဒိုနီးရှားနိုင်ငံများမှ လက်ခံခြင်းမရှိဘဲ ပင်လယ်ပြင်တွင် မျောပါလျှက်ရှိသည်။
ထိုင်းနိုင်ငံရေပိုက်နက်တွင်လည်း ထောင်နှင့်ချီသော ဘင်္ဂလီဒုက္ခသည် များ သောင်တင်နေသည် ဟု ပြည်ပသတင်းများတွင်ဖော်ပြထားသည်။
Credit - Mizzima News
No comments:
Post a Comment