‘‘တစ်ချိန်တည်း တစ်ပြိုင် တည်း နှစ်နေရာ၊ သုံးနေရာကို လက်နက်ကြီးပစ်ကူဖြင့် ခြေလျင် တပ်များ ထိုးစစ်ဆင်တိုက်ခိုက် သည့် သာဓကကို ကြည့်ခြင်းအား ဖြင့် လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပေသည်’’ဟု တာဖာ ဆောင်အရေးနှင့် ပတ်သက်၍ ရှမ်းပြည်နယ်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်၏ ထုတ်ပြန် ရှင်းလင်းချက်တွင် အထက်ပါအ တိုင်း ဖော်ပြပါရှိသည်။
အဆိုပါ တိုက်ပွဲကြောင့် တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ယုံကြည်မှုများကို တစ်စုံတစ်ရာ ထိခိုက်စေပါသည်ဟုလည်း ရှင်း လင်းချက်တွင် ဖော်ပြပါရှိသည်။
မြန်မာ့တပ်မတော်နှင့် (SSPP/SSA) တို့ကြား တင်းမာမှု ဖြစ်နေသော တာဖာဆောင်ဒေသ တွင် မည်သူမျှ မနေကြရန် နိုင်ငံ တော်သမ္မတက သြဂုတ်လကုန် တွင် ညွှန်ကြားထားခဲ့သည်။
ထို့နောက်ပိုင်း အဆိုပါနေရာတွင် ရှိနေသော နှစ်ဖက်တပ် များ ဆုတ်ခွာခြင်း မရှိကြဘဲ အောက်တိုဘာ ၂ ရက်တွင် တိုက် ပွဲများ စတင်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားသည့်နေ့ ညတွင် (SSPP/SSA) အဖွဲ့မှ အရေးပေါ် အစည်းအဝေးကျင်းပ ခဲ့ပြီး တာဖာဆောင်မှ (SSPP/SSA) တပ်များ ဆုတ်ခွာရန် ဆုံး ဖြတ်ခဲ့ကြပြီး ထို့နေ့ညမှစ၍ ဆုတ် ခွာပေးခဲ့ပြီး အောက်တိုဘာ ၆ ရက်မှစ၍ တိုက်ပွဲများ မဖြစ်တော့ ကြေင်း သတင်းရရှိသည်။
သို့သော် အောက်တိုဘာ ၁၁ ရက် နံနက်တွင် မြန်မာ တပ်မတော်နှင့် (SSPP/SSA) တို့ တာဖာဆောင်နှင့် ကျေးသီးကြား၌ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
‘‘လှုပ်ရှားလာလို့ဖြစ်တာ တောထဲဝင်လာလို့ဖြစ်တာ လမ်း မကြီးပေါ်မှာဆို မဖြစ်ဘူး’’ ဟု (SSPP/SSA) မှ ဗိုလ်မှူးကြီးတစ် ဦးက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် အခြေစိုက်သည့် (SSPP/SSA) အဖွဲ့သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင်ဖြစ်ပြီး အစိုးရနှင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၈ရက်၌ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားခဲ့သည်။
Credit - 7DAY DAILY

ရှမ်းပြည်နယ်တွင် လက်နက်ကြီးသယ်ဆောင်လာသော တပ်မတော်ယာဉ်တစ်စီးကိုတွေ့ရစဉ်
No comments:
Post a Comment