ရန်ကုန်၊အောက်တိုဘာ၁၃
မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် ကျင်းပသည့် အာရှယူ၁၉ လူငယ် ဘောလုံးပြိုင်ပွဲအုပ်စု(က) နောက်ဆုံးပွဲစဉ်တွင်အီရန်အသင်းကိုနှစ်ဂိုးပြတ်ရှုံးခဲ့သော်လည်းမြန်မာအသင်းသည် အုပ်စုဒုတိယနေရာဖြင့် ရှုံးထွက် အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်ခြင်းထိုင်းနှင့် ယီမင်အသင်းတို့ကိုရှုံးနိမ့်ခဲ့ခြင်းတို့ကြောင့် အီရန်အသင်းသည် သက္ခာဆည်အနိုင်ပွဲတစ်ပွဲရရှိရန် ကြိုးစား ကစား ခဲ့သောကြောင့် မြန်မာအသင်း ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပြီးနှစ်ဂိုးပြတ် ရှုံးခဲ့ ရခြင်းဖြစ်သည်။အီရန်အသင်းအတွက် အနိုင်ဂိုးကိုပွဲကစားချိန် ၅၄
မိနစ်နှင့် ၈၂ မိနစ်တို့တွင် သွင်းယူခဲ့သည်။
အုပ်စု(က) အဖွင့်ပွဲတွင် အီရန်အသင်းကိုနှစ်ဂိုးတစ်ဂိုး၊ ယီမင်အသင်းကို သုံးဂိုးနှစ်ဂိုးတို့ဖြင့် အနိုင်ရခဲ့ပြီးမြန်မာအသင်းကိုသုံးဂိုးပြတ်ရှုံးခဲ့သည့် ထိုင်းအသင်းသည် ရမှတ်ခြောက်မှတ်ဖြင့် အုပ်စုပထမနေရာ ရခဲ့ပြီး ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
အုပ်စုဒုတိယနေရာရခဲ့သည့် မြန်မာအသင်းသည် အောက်တိုဘာလ ၁၄ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် အုပ်စု(ခ)မှ ပထမရသည့် အသင်းနှင့်
အောက်တိုဘာလ ၁၇ရက်နေ့တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ယင်းအုပ်စုတွင် နှစ်ပွဲကစားပြီးချိန်၌ ဥဇဘက်ကစ္စတန်အသင်းသည် ရမှတ် လေးမှတ်၊သြစတြေးလျအသင်းကရမှတ်လေးမှတ်၊ ယူအေအီး အသင်းက ရမှတ်နှစ်မှတ်၊ အင်ဒိုနီးရှားအသင်းကရမှတ်မရှိသေးပေ။အုပ်စုနောက်ဆုံးပွဲစဉ် တွင် ယူအေအီးအသင်းကအင်ဒိုနီးရှား၊ ဥဇဘက်ကစ္စတန် အသင်းက သြစတြေးလျ အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ် သည်။
အုပ်စု(က)တွင် ပါဝင်သည့် အာရှအင်အားကြီးအီရန်အသင်းမှာမူထိုင်းအသင်းကိုနှစ်ဂိုးတစ်ဂိုး၊ ယီမင်အသင်းကိုတစ်ဂိုးဂိုးမရှိဖြင့် ရှုံးခဲ့ပြီးမြန်မာအသင်းကိုနှစ်ဂိုးပြတ်အနိုင်ရခဲ့သော်လည်းအုပ်စုအဆင့်ဖြင်သာကျေနပ်ခဲ့ရသည်။
အီရန်အသင်းကဲ့သို့ပင် အာရှဘောလုံးအင်းအားကြီးနိုင်ငံလည်းဖြစ် လက်ရှိချန်ပီယံလည်းဖြစ်သည့်
အုပ်စု(ဂ) မှ တောင်ကိုရီးယားအသင်းသည် သုံးပွဲကစားတစ်ပွဲနိုင် တစ်ပွဲသရေ၊
တစ်ပွဲရှုံးရလဒ်ကြောင့် တစ်ပွဲသရေနှစ်ပွဲရှုံးခဲ့ သည့်
ဗီယက်နမ်အသင်းနှင့်အတူအုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသည်။
ယင်းအုပ်စုတွင် ဂျပန်အသင်းကရမှတ် ခြောက်မှတ်ဖြင့် အုပ်စုပထမ၊ တရုတ်အသင်းကရမှတ်ငါးမှတ်ဖြင့် အုပ်စုဒုတိယရခဲ့ပြီးရှုံးထွက်အဆင့်ကိုတက် လှမ်းနိုင်ခဲ့သည်။
အုပ်စု(ဃ)တွင်မူအီရတ်အသင်းနှင့်
ကာတာအသင်းတို့က ရမှတ်လေးမှတ် စီ၊ မြောက်ကိုရီးယားအသင်းနှင့် အိုမန်
အသင်းတို့မှာရမှတ် တစ်မှတ်စီ ရရှိထားသည်။ ယင်းအုပ်စု၏
နောက်ဆုံးပွဲစဉ်များကိုဝဏ္ဏသိဒ္ဓိကွင်း၌ ကျင်းပမည်ဖြစ်ရာအီရတ်နှင့် မြောက်ကိုရီးယား၊ ကာတာနှင့် အိမန်အသင်းတို့ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
Credit - The Voice Weekly
ဓာတ်ပုံ- မိုးကျော်လွင်
No comments:
Post a Comment