Monday, October 13, 2014

ရတနာပုံတယ်လီပို့ အများပိုင်ကုမ္ပဏီမှ အစုရှယ်ယာများ အများပြည်သူ ဝယ်ယူနိုင်ရန် မကြာမီရောင်းချသွားရန် စီစဉ်လျက်ရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၂-

ပြည်တွင်း အော်ပရေတာတစ်ခုအဖြစ် ဆောင်ရွက်မည့် ရတနာပုံတယ်လီပို့ အများပိုင်ကုမ္ပဏီမှ အစုရှယ်ယာ များ အများပြည်သူဝယ်ယူနိုင်ရန် မကြာမီရောင်းချသွားရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ရတနာပုံတယ်လီပို့ ကုမ္ပဏီအား အများနှင့်သက်ဆိုင် သည့် ကုမ္ပဏီအဖြစ် ပြင်ဆင်ဖွဲ့စည်း ထားပြီး အစုရှယ်ယာများကို တစ်ဦး (သို့)ကုမ္ပဏီအဖွဲ့အစည်းတစ်ခုလျှင် အမြင့်ဆုံးပမာဏတန်ဖိုးတစ်ခုသတ် မှတ်၍ ဝယ်ယူခွင့်ပြုသွားမည်ဖြစ် ကြောင်း သိရသည်။
ရတနာပုံတယ်လီပို့ အများပိုင် ကုမ္ပဏီလီမိတက်မှ ပြောရေးဆိုခွင့်ရှိ သူတစ်ဦးက ''အစုရှယ်ယာတွေကို ထုတ်ရောင်းဖို့အတွက် စီစဉ်နေပါပြီ။ အချိန်ကာလကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။ ရှယ်ယာတစ်စု တန်ဖိုးကို အရင်နှုန်းထား တစ်ခုတော့ သတ်မှတ်ထားဖူးတယ်။ အဲဒီနှုန်း
ထားအတိုင်း ရောင်းပေးနိုင်မလား တော့ အားလုံးညှိနှိုင်းနေဆဲပဲရှိသေး တယ်''ဟု ပြောသည်။
ယခင်က ယင်းကုမ္ပဏီမှ အစု ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်း နှုန်းဖြင့် ရောင်းချနိုင်ရန်စီစဉ်ထားသည် ဟု စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြော ကြားခဲ့ဖူးသည်။ ယခုအခါ ဝယ်ယူနိုင် မည့် အစုရှယ်ယာတစ်စုတန်ဖိုး သတ် မှတ်ပြီးပါက ထုတ်ပြန်ကြေညာပေး သွားရန် အစီအစဉ်ရှိသည်ဟု သိရ သည်။
ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိ တက်အနေဖြင့် အများနှင့်သက်ဆိုင် သည့်ကုမ္ပဏီ အဖြစ်ပြင်ဆင်ဖွဲ့စည်း ကာ တယ်လီကွန်း အော်ပရေတာ လုပ်ငန်းကို လုပ်ကိုင်သွားမည်ဖြစ်ပြီး ယင်းအော်ပရေတာမှ မိုဘိုင်းလုပ်ငန်း အပြင် ကြိုးဖုန်း၊ အင်တာနက် Service Provider ၊ မာလ်တီမီဒီယာ၊ ဂြိုဟ်တုဆက်သွယ်ရေးလုပ်ငန်း၊ သု တေသနနှင့် လူ့စွမ်းအားအရင်းအမြစ် အစရှိသည့်လုပ်ငန်းများကို လုပ်ကိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
ရတနာပုံတယ်လီပို့ ကုမ္ပဏီလီ မိတက်အား ရှယ်ယာအနေဖြင့် အစိုး ရပိုင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၅၁ ရာခိုင်နှုန်း၊ ပုဂ္ဂလိကကုမ္ပဏီများမှ ၄၉ ရာခိုင်နှုန်း အသီးသီးပါဝင်ထား ကြောင်း သိရသည်။
လက်ရှိတွင် ရတနာပုံတယ်လီ ပို့ကုမ္ပဏီမှ ဒေတာလုပ်ငန်းနှင့် Internet Service Provider လုပ်ငန်း တို့ကို ဝန်ဆောင်မှုပေးနေသည့် လုပ် ငန်းဖြစ်သည်။
PPT
‪#‎Democracytoday‬
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

No comments:

Post a Comment