Sunday, October 12, 2014

မြန်မာလုပ်သားနှစ်ဦး၏ မိဘများ ရန်ကုန်မြို့သို့ ရောက်ရှိ

ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

ထိုင်းနိုင်ငံတွင် ဗြိတိန်စုံတွဲအသတ်ခံရမှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာလုပ်သားနှစ်ဦး၏ မိဘများသည် ထိုင်းနိုင်ငံသို့ သွားရောက်၍ ၎င်းတို့၏ သားများနှင့် တွေ့ဆုံရန်အတွက် ယနေ့ နေ့လယ်က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။


ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

  မြန်မာလုပ်သားနှစ်ဦး၏ မိဘများသည် ထိုင်းနိုင်ငံသို့ မသွားရောက်မီ ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာလုပ်သားနှစ်ဦး၏ မိဘများကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ငှားရမ်းထားသော ထိုင်းရှေ့နေနှစ်ဦးက ခေါ်ဆောင်ရန် အကြံပြုသောကြောင့် ခေါ်ဆောင်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Credit - 7DAY DAILY

No comments:

Post a Comment